အခန်း (၄၈)
Vol. 4 Ch. 48
ချင်းယွီဘာကိုမှဖုံးကွယ်မထားဘဲ ခေါင်းငြိမ့်လိုက်တယ်
'' ဟုတ်ပါတယ် ကိုကြီးဟွာက ရှယ်ယာလွှဲပေးမယ်ဆိုတော့ စိတ်ဝင်စားသွားလို့ ''
'' ဒုန်း ''
ယွမ်ဇန်ဂန်း စားပွဲကိုခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး စိတ်တိုတိုနဲ့ပြောလိုက်သည်
'' မစ္စတာချင်း ဂျန်ယွမ်ဟိုတယ်ဆိုတာ ယွမ်မိသားစုပိုင် အဲ့တော့ကျုပ်တို့အတွက် ဒါကိုပြန်ယူဖို့အရေးကြီးတယ် ပြီးတော့ ရှယ်ယာရှင်တွေကြားက ကိစ္စ ခင်ဗျားလို့အပြင်လူတစ်ယောက်က ဝင်ပါခွင့်မရှိဘူး
'' ဒါရိုက်တာယွမ် ဘာပြောလိုက်တာလဲ ရှယ်ယာတွေက ကိုကြီးဟွာရဲ့လက်ထဲမှာ အဲ့တော့ခင်ဗျားမပိုင်ဘူး သူ့ဘယ်သူ့ကိုရောင်းချင်ရောင်းချင်အဲဒါ သူ့ကိစ္စ ''
'' ဟ ဟ ''
ယွမ်ဇန်ဂန် ပြုံးပြီး '' မစ္စတာချင်း ဒါလေးတောင်နားမလည်ဘူး ရှယ်ယာရှင်ကြီးတစ်ယောက်အနေနဲ့ကျုပ်မှာလည်းလုပ်ပိုင်ခွင့်ရှိတယ်
ပြီးတော့ သခင်လေးရှီနဲ့ကျုပ်နဲ့ဆွေးနွေးပြီးသွားလို့ကျုပ်ဖက်က လက်မှတ်တောင်ထိုးပြီးနေပြီ ''
'' အဲ့တော့ မစ္စတာချင်းနောက်ကျသွားပါပြီ နောက်ဆုတ်လိုက်ပါတော့ ''
'' မစ္စတာချင်း သူတို့စာချုပ်ပဲ ပြင်ရသေးတယ် လက်မှတ်မထိုးရသေးဘူး ''
ဟန်ရွမ်အမြန်ဝင်ပြောလိုက်သည်
ချင်းယွီ ရှီဂျင်ဟွာ့ဘေးက စာချုပ်ကိုမြင်မှ စိတ်သက်သာသွား၏
သူဂျင်ဟွာ့ကိုပြုံးပြပြီး
'' ကျွန်တောင် ကိုကြီးဟွာထဲကရှယ်ယာတွေကိုစိတ်ဝင်စားကြောင်း ဂျန်ရှန်းလည်းပြောထားမှာပါဥက္ကဌယွမ်လုပ်ပိုင်ခွင့်အတိုင်းနှစ်ယောက်လုံးအပေါ် မူတည်ပါတယ်
ကျွန်တော်ပေးတဲ့ဈေးကို ဥက္ကဌယွမ်ဖက်က ပေးနိုင်ရင်တော့ ကျွန်တော့်ဖက်ကဘာမှပြောစရာမရှိတော့ပါဘူး ''
'' ချင်းယွီ မင်း လွန်မလာနဲ့ ငါ့ညီလေးနဲ့စာချုပ်ပြင်ပြီးသားလို့ပြောပြီးသား မင်းကိုဘယ်လိုလုပ်ရောင်းရမှာလဲ ''
'' ဒါရိုက်တာယွမ် ကျွန်တော်ဟိုတယ်လုံခြုံရေးကိုခေါ်ပြီး မစ္စတာချင်းကိုခေါ်သွားခိုင်းပြီးပါပြီ ဒီနေရာက သူ့လိုအပြင်လူတစ်ယောက်ဝင်ပါသင့်တဲ့နေရာမဟုတ်ဘူး ''
မာရီကွမ်ပြောလိုက်သည်
ချင်းယွီ ဂျင်ဟွာ့ရဲ့ရှယ်ယာတွေရသွားမှာသူလည်းကြောက်၏
သူတဖက်လူကိုသွားစော်ကားထားတာ
ရှင်းယွီသာရှယ်ယာရှင်ဖြစ်လာရင် သူ့ကိုပထမဆုံးပစ်မှတ်ထားမှာပဲ
ချင်းယွီရှယ်ယာဝယ်ချင်တာက သူ့ကိုအရှက်ခွဲဖို့များလားလို့တောင် မာရီကွမ်တွေးမိသည်
'' ကောင်းတာပေါ့ ''
ယွမ်ဇန်ဂန် မာရီကွမ့်ကိုကြည့်လိုက်ပြီးတော့ချင်းယွီကိုကြည့်ပြီး
'' အခုသွားမလား လုံခြုံရေးခေါ်လိုက်ရမလား ''
'' ငါ့ကိုကြီးချင်းကိုဘယ်ကောင်နှင်ထုတ်ရဲတာလဲ! ''
ဂျန်ရှန်းပြေးဝင်လာပြီး အော်လိုက်သည်
ရှီဂျင်ဟွာဟိုတယ်ကိုအစောကြီးရောက်လာမယ်လို့သူထင်မထားဘူး
တစ်ဖက်လူရဲ့ဖုန်းကလည်းပိတ်ထား၏
သူဟိုတယ်ကိုရောက်တော့ချင်းယွီကိုအရင်ဆုံးရှာချင်ပေမဲ့ ဝန်ထမ်းတစ်ယောက်က ဘော့စ်လာပြီလို့ပြောတော့ ပြေးတက်လာခဲ့တာ
'' ကိုကြီးဟွာ ကျွန်တော်နဲ့ ကိုကြီးချင်းဆီရှယ်ယာလွှဲပေးမယ်လို့သဘောတူထားတာမဟုတ်ဘူးလား ဘာလို့ ဥက္ကဌ ယွမ်ဖက်ရောက်သွားတာလဲ ''
သူပြောပြီးချင်းယွီကိုမျက်လုံးမှိတ်ပြလိုက်သည်
သဘောကသူ့ကိုကြည့်ခိုင်းတာ
ချင်းယွီလည်းတိတ်တိတ်လေးလက်မထောင်ပြလိုက်သည်
'' မင်း.... ''
ရှီဂျင်ဟွာ နဖူးပေါ်လက်တင်ပြီး တစ်ခုခုမေ့ချင်ယောင်ဆောင်လိုက််သည်
'' ကြည့်ပါဦး မေ့တတ်လိုက်တာ အခုမှ မှတ်မိတယ်
သူ့သူငယ်ချင်း ဆီကိုရှယ်ယာလွှဲပေးမယ်လို့ ဂျန်ရှန်းကိုပြောထားတာသိပ်မကြာသေးဘူး အရက်သောက်ထားတော့သေချာမမှတ်မိလိုက်တာထင်တယ် အကြာကြီးပြောနေပြီး ရှယ်ယာကိစ္စကိုမေ့နေတာ တကယ်ရှက်ဖို့ကောင်းလိုက်တာ ''
ရှီဂျင်ဟွာတော်တော်ရှက်သွားသည်
ရှီဂျင်ဟွာ ဒီလိုဖြစ်နေတာမြင်တော့ ယွန်ဇန်ဂန်လည်း မသက်မသာနဲ့
'' ညီလေးရှီဘာကိုပြောချင်တာလည်းနားမလည်တော့ဘူး ''
မာရီကွမ်ကတော့တိတ်တိတ်လေးတွေးလိုက်၏
ချင်းယွီနဲ့ဂျန်ရှန်းက ဟိုတစ်နေ့ကမှတွေ့တာ ဘယ်လိုလုပ်ဒီလိုစကားတွေထွက်လာတာလဲ သူကတော့မမေးရဲပါဘူး ဂျန်ရှန်းကိုလည်းသွားမစရဲသလို ဂျင်ဟွာကိုလည်းသွားမစရဲဘူး
ရှီဂျင်ဟွာ အကြာကြီးတွေးပြီးမှ
'' နှစ်ယောက်လုံး ရည်ရွယ်ချက်တူကြတဲ့ပုံပဲ နှစ်ယောက်လုံးကိုလည်းကတိပေးပြီးပြီဆိုတော့ ငွေပိုပေးနိုင်တဲ့သူကိုလွှဲပေးမယ်ဘယ်လိုလဲ ''
ယွန်ဇန်ဂန်နည်းနည်းတွန့်သွားပေမဲ့ခဏလောက်စဥ်းစားပြီးပြုံးလိုက်သည်
'' အဲ့လိုဆိုတော့လည်း မဖြစ်နိုင်တာတော့မဟုတ်ပါဘူး နှစ်ယောက်လုံးပြောတဲ့ဈေးက ညှိထားတဲ့ ဈေးထက်နည်းနေရင်မရဘူး ''
ချင်းယွီကိုကြည့်ပြီးသူတွန့်ဆုတ်နေမိသည်
ချင်းယွီအကြောင်းလည်းအသေးစိတ်သူမသိဘူး
ဂျန်ရှန်းပြောသလောက်ပဲသိရတာ
ချင်းယွီငွေအများကြီးမတတ်နိုင်ဘဲ ဈေးနိမ့်နေရင်သူ့အတွက်ရှုံးမှာ
'' ကိုကြီးဟွာသာသဘောတူရင် အရင်သဘောတူထားပြီးသားဈေးထက် (...) ရာခိုင်နှုန်း ပိုပေးမယ် ဘယ်လိုလဲဗျ ''
ချင်းယွီအေးအေးဆေးဆေးပဲ ပြောလိုက်သည်
'' အာ ညီလေးချင်းနောက်နေတာလား ကျုပ်လက်ထဲကရှယ်ယာတန်ဖိုးရောသိလို့လား ''
ချင်းယွီပြောတာကိုကြားတော့ဂျင်ဟွာလန့်သွားပေမဲ့ တွေးကြည့်တော့လည်းသူအပိုတွေစိုးရိမ်နေမိတဲ့ပုံပါပဲ
ယွန်ဇန်ဂန်လည်းရွဲ့လိုက်ပြီး
'' မစ္စတာချင်းရော ဘယ်သူမှမကောင်းတာမပြောနိုင်ဘူး ခင်ဗျားကိုယ်ခင်ဗျားအဲ့လောက်အများကြီးတက်နိုင်မယ်ထင်နေတာလား ''
ချင်းယွီပြုံးပြီး '' ခင်ဗျားမယုံရင် သက်သေပြရလွယ်ပါတယ်
ခင်ဗျားတို့သဘောတူထားတဲ့ဈေးကဘယ်လောက်လဲ ဒါရိုက်တာယွမ်ပြောတဲ့ဈေးက ကျုပ်ပေးတာထက်များနေရင် ကိုကြီးဟွာကျွန်တော့်ပိုက်ဆံပြန်လွှဲပေးလိုက် ဘယ်လိုလဲ ''
'' ရတာပေါ့ ''
ချင်းယွီပို့လိုက်တဲ့သန်း၃၀ကို ဂျင်ဟွာအံ့သြပြီးကြည့်နေမိသည် ဒါလောက်ပမာဏက မူရင်းဈေးကပိုများတယ် နည်းတဲ့ပမာဏလည်းမဟုတ်ဘူး ဂျင်ဟွာကိုယ်တိုင်လည်းဒီလောက်ငွေအများကြီးကိုချက်ချင်းမရနိုင်ဘူး အထူးသဖြင့်အခုလိုခက်ခဲနေတဲ့အချိန်မှာပေါ့
အစကတော့ချင်းယွီဒီလောက်တတ်နိုင်တယ်ဆိုတာ သူမယုံဘူး
အခုတော့တစ်ခါတည်းနဲ့သန်း၃၀တောင်ရလာပြီ လိမ်နေတာတော့မဖြစ်နိုင်ဘူး
သန်း၃၀ဆိုတာလည်းကြားတော့ဂျန်ရှန်းနည်းနည်းလန့်သွားတယ် ဒါပေမဲ့ ချင်းယွီရဲ့ဘလက်ကဒ်ကို မြင်ထားတော့ မအံ့သြပါဘူး
ချင်းယွီ ယုံကြည်ချက် ရှိရှိနဲ့
'' မနောက်ပါဘူးကိုကြီးဟွာ ဘဏ်အကောင့်ပေးပါ ကျွန်တော်ငွေလွှဲေပးလိုက်မယ် ''
'' ဘယ်လိုအကောင့်နေနေရလား ''
'' ဘယ်လိုအကောင့်နေနေရပါတယ် ''
'' အဲဲဒါဆို ချက်လက်မှတ်ဖြစ်ဖြစ် စာချုပ်မှာဖြစ်ဖြစ်လက်မှတ်ထိုးပေးလိုက်ရမလား ပြီးတော့မင်းလွှဲပေးမဲ့ငွေကအများကြီးလေ သက်သေမရှိဘဲ မင်းကိုပဲယုံလို့မရဘူးလေ ''
ဂျင်ဟွာရယ်လိုက်သည်
'' ဟုတ်တယ် ''
ချင်းယွီပြုံးပြီးဟိုလုပ်ဒီလုပ်သလိုနဲ့ စနစ်ဖွင့်လိုက်သည်
[လက်ခံသူဘာများခိုင်းစေလိုပါသလဲ]
'' ဒီဖက်အကောင့်ထဲကို ငွေလွှဲပြီးတစ်ဖက်က မယူရင် ပိုက်ဆံပြန်ရလား မေးမလို့ ''
[ရပါတယ် ဒါပေမဲ့ အဆင့်မြင့်ခြင်းအမှတ်တော့ကုန်ပါလိမ့်မယ်]
'' အဆင့်မြင့်တဲ့အမှတ်လား ''
ချင်းယွီ စနစ်ထဲမှာအဆင့်မြင့်တဲ့အမှတ်ဆိုပြီးပါတာ သတိရသွားတယ် ပြန်ယူလို့ရနေမှတော့တွေးမနေတော့ဘူး...