အခန်း (၄၉)
Vol. 4 Ch. 49
ချင်းယွီ ဂျင်ဟွာ့ကိုကြည့်ပြီး
'' လက်မှတ်ရေးစရာမလိုပါဘူး ကိုကြီးဟွာကိုယုံပါတယ် ဘဏ်အကောင့်ပဲပြောပေးပါ ''
''အဲ့လိုဆိုတော့လည်း ဘဏ်ကဒ်ပေးပါမယ်''
ဂျင်ဟွာသူ့ဘလက်ကဒ်ကိုထုတ်ပြီး ပေးလိုက်သည်
'' လောင်ရှာဘဏ်က ကတ်ပါဒီထဲလွှဲလို့ရတယ် ''
ချင်းယွီ ကဒ်ရောဖုန်းရောထုတ်ပြီး
'' စနစ်ရေ ဒီဘလက်ကဒ်ထဲကိုသန်း၃၀လွှဲပေးလိုက် ''
[အောင်မြင်စွာငွေလွဲ ပြီးပါပြီ]
ချင်းယွီကဒ်ပြန်ပေးပြီး
'' သန်း၃၀လွဲ ပြီးပါပြီ ''
'' ရပါပြီ ''
ဂျင်ဟွာကြောင်သွားသည်
သူကိုယ်တိုင်လည်းကတ်ထဲငွေထည့်ဖူးပါတယ် ဒီလောက်ပိုက််ဆံအများကြီးဆို ခဏခဏ ပမာဏခွဲပြီးထည့်ရမှာ ကွန်ပျူတာနဲ့ထည့်လိုက််တာထင်တယ်...
သူ့ရှေ့ကသူကလည်းဖုန်းလေးနဲ့တင်သန်း၃၀တန်းလွှဲပစ်တာ
ဘာကြီးလဲ
ဂျင်ဟွာပိုပိုပြီးလှည့်စားခံရသလိုခံစားနေရတဲ့အချိန် ဖုန်းသံမြည်လာသည်
ဖွင့်ကြည့်လိုက်တော့ လောင်ရှာဟိုတယ်က သန်း၃၀ ငွေဝင်ကြောင်းပြတဲ့စာ။
ခဏခဏသေချာအောင်ဖတ်ပြီးရယ်လိုက်သည်
'' ညီလေးချင်းကမြန်လိုက်တာ အခုလေးတင်အကောင့်ထဲ သန်း၃၀ရောက်လာပြီ အခုအကုန်ထိုင်ပြီးရှယ်ယာလွှဲမယ့်အကြောင်းဆွေးနွေးလို့ရပြီ ''
ချင်းယွီ ဂျင်ဟွာ့အကောင့်ထဲသန်း၃၀ ပို့ပြီးပြီဆိုတာကိုသိတာနဲ့ အပျော်ဆုံးကတော့ ဟန်ရွမ်ပေါ့
သူလောင်းလိုက်တာမှန်သွားတာပဲ
အကြောက်လွန်အစိုးရိမ်လွန်နေရာကနေ စိတ်လှုပ်ရှားလွန် အပျော်လွန်ဖြစ်သွားပြီ
ရှယ်ယာ၂၀ ရာခိုင်နှုန်းရဲ့ဈေးကိုသိပြီးပြီဆိုတော့ ဂျန်ယွမ်ဟိုတယ်တစ်ခုလုံးဆို သန်း၁၀၀တောင်ရှိမှာမဟုတ်ဘူး
ယွမ်ဇန်ဂန် ကတော့ဘာမှထပ်ပိုမပေးဘူး သူဝင်နှောင့်ယှက်မှာကြောက်နေတာ
သူ့ကိုယ်သူလည်းဟိုတယ်ရဲ့အဓိကရှယ်ယာရှင်လို့ပြောရခက်သွားပြီ
ပြီးတော့ ဘဏ်ကရှယ်ယာတွေကလည်းအခုချင်းယွီလက်ထဲမှာ အဲ့တော့စိတ်ပူနေစရာကိုမလိုတော့ဘူး
ယွန်ဇန်ဂန်ကကြောက်ဖို့ကောင်းပေမဲ့ ချင်းယွီက ပိုကြောက်ဖို့ကောင်းသည်
လောင်ရှာဘဏ်က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ကိုတိတ်တိတ်လေးယူနိုင်တဲ့အပြင် ရှီဂျင်ဟွာဆီကရှယ်ယာကိုလည်းသန်း၃၀နဲ့ဝယ်လိုက်သည်
ဒီလိုလူမျိုးက လူတိုင်းထက်သာသည်
'' ဥက္ကဌယွမ်လည်း မစ္စတာချင်း သန်း၃၀ပေးပြီးတာမြင်ပြီးပြီဆိုတော့ဘယ်လောက်ထပ်တတ်နိုင်လဲမသိဘူး ''
'' သိရဲ့သားနဲ့ဘာလို့မေးနေတာလဲ ညီလေးရှီ ကျုပ်ဘက်ကတော့သန်း၃၀ရဖို့ဆိုတာမဖြစ်နိုင်ဘူး တတ်နိုင်ရင်တောင် ကျုပ်ကိုယ်ပိုင်ရှယ်ယာတွေထုတ်ရောင်းရမှာ ''
ပြီးတော့ ယွမ်ဇန်ဂန် ချင်းယွီိကိုတော်တော်အံ့သြမိသွားသည်
သူ့ကိုယ်ပိုင်အကောင့်ထဲကနေတောင်သန်း၃၀ချက်ချင်းပေးနိုင်သည်
'' ဥက္ကဌယွမ်ဒီလောက်မတတ်နိုင်ဘူးဆိုတော့ ကိုကြီးဟွာနဲ့ကျုပ်စာချုပ်ချုပ်လိုက်တော့မယ်နော် ''
ယွန်ဇန်ဂန်မျက်နှာကမသေမချာဖြစ်နေ၏
သူအစည်းအဝေးခေါ်ပြီးသူ့ရှယ်ယာတွေကိုကာကွယ်ချင်ပေမဲ့
ယွမ်မိသားစုအခြေအနေကသိပ်မတည်ငြိမ်တော့ ချင်းယွီကိုသူသွားမစရဲဘူး
'' ကောင်လေး မင်းဒီလောက်အများကြီးတတ်နိုင်တာ ယုံပါတယ် ဂျန်ယွမ်ဟိုတယ်က ရှယ်ယာတွေတတ်နိုင်သလောက်များများလိုချင်တာမလား ဘာလို့မပေးနိုင်ရမှာလဲ ''
'' ဒါဖြင့်ဒါရိုက်တာယွမ်လက်ခံပေးလို့ကျေးဇူးတင်ပါတယ် ''
'' ကိုကြီးဟွာ စာချုပ်မှာလက်မှတ်ထိုးရအောင်''
'' ဟုတ်ပြီ ''
အဲ့အတွက် မစ္စဝမ် ငွေကြေးမန်နေဂျာ စာချုပ်ပြင်ဖို့အောက်ထပ်ကိုဆင်းသွားရသည်
ခဏနေတော့စာချုပ်သုံးခုလုံးလည်းလက်မှတ်ထိုးပြီးသွား၏
ဂျင်ဟွာမတ်တပ်ရပ်ပြီးပြုံးပြုံးနဲ့
'' သူငယ်ချင်း တစ်ယောက်နဲ့ တွေ့စရာရှိလို့ ဆက်မပြောတော့ဘူးနော် ညီလေးချင်းရှယ်ယာအပြောင်းအလဲ မပြီးသေးပေမဲ့ ညီလေးကဒီကရှယ်ယာရှင်ပါပဲ ခဏခဏတွေ့ကြရအောင် ''
'' ကိုကြီးဟွာလမ်းပြပေးလို့ ကျေးဇူးပါ လုပ်စရာရှိတယ် ဆိုတော့နောက်မှပဲဆက်ပြောကြတာပေါ့ ''
'' သွားပြီနော် ဥက္ကဌ ယွမ် ''
'' မပို့တော့ဘူးနော် ''
'' ကိုကြီးဟွာ ဖြည်းဖြည်း ''
ဂျင်ဟွာ ထပြီးဂျန်ရှန်းကိုထပ်ကြည့်လိုက်သည်
ဂျန်ရှန်းနားလည်သွားပြီး ရုံးထဲကနေဂျင်ဟွာနဲ့တူတူထွက်လာလိုက်သည်
ဂျင်ဟွာနဲ့ဂျန်ရှန်းထွက်သွားတာတွေ့တော့ ယွန်ဇန်ဂန် ချင်းယွီကိုပြုံးပြီး
'' မစ္စတာချင်း ၂၀ ရာခိုင်နှုန်း ဝယ်ပြီးပြီဆိုပေမဲ့ ကျုပ်ကလည်းဟိုတယ်မှာ လုပ်ပိုင်ခွင့်ရှိသေးတယ်
တကယ်ကြီးအဲ့လောက်ပေးပြီးဝယ်ရတာတန်လို့လား ''
'' တန်လားမတန်လားကျုပ်သေချာသိပါတယ် အဲဒါဆို ဒါရိုက်တာယွမ်ကို မနှောင့်ယှက်တော့ပါဘူး ''
'' မစ္စတာချင်းကဟိုတယ်ရဲ့ရှယ်ယာရှင်အသစ်ဖြစ်သွားပြီဆိုတော့ ရှယ်ယာရှင်အစည်းအဝေးလုပ်ကြရအောင် ''
ယွန်ဇန်ဂန်ဘေးပတ်လည်လူတွေကိုလိုက်ကြည့်ပြီး ဟန်ရွမ့်ကိုတွေ့တဲ့အချိန်မှရွဲ့ပြီး
'' ဟိုတယ်ရဲ့ရှယ်ယာရှင်အနေနဲ့ ဟန်ရွမ့်ကို ဂျန်ယွမ်ဟိုတယ် ရဲ့အခန်းမန်ေနဂျာခန့်လိုက်မယ် မစ္စတာချင်းသဘောတူရဲ့လား ''
သူ့စကားကိုကြားတာနဲ့ယွမ်ဇန်ဂန်အာဏာသုံးပြီးရှယ်ယာရှင်အသစ်ကိုခြောက်နေတယ်ဆိုတာလူတိုင်းသိလိုက်သည်
ဟန်ရွမ် ချင်းယွီဖက်ကဆိုတာလည်းသိကြသည် ဟန်ရွမ့်ကိုနှိမ်တာက ချင်းယွီကို ပါးရိုက်လိုက်သလိုပဲ
ချင်းယွီပြုံးပြီး '' ဒါရိုက်တာ ယွမ်ပြောတာကို ကန့်ကွက်ရင် ''
'' ကန့်ကွက်လို့မရဘူး ''
'' ဒါက ရှယ်ယာရှင်တွေရဲ့ဆုံးဖြတ်ချက်နဲ့တူတူပဲ
ရှယ်ယာမဲပေးခွင့်သုံးခုရှိတယ် တစ်ခုက ကျုပ်ပိုင်တာ အဲ့တော့ မစ္စတာချင်းလက်ခံလို့ပဲရမယ် ''
မာရီကွမ်လည်း ရွဲ့ပြီး
'' ဒါရိုက်တာယွမ် ဒါရိုက်တာ ကုမ္ပဏီက ကမ်းလှမ်းချက်ကိုသတိပေးပြီး မန်နေဂျာဟန့်ကို နေရာကနေဖယ်လိုက်ပါမယ် ''
သူနဲ့ချင်းယွီနဲ့အဆင့်မတူဘူးဆိုတာသူသိသည် အဲ့တော့ ယွမ်ဇန်ဂန် ချင်းယွီကိုရှင်းချင်ရင်သူ့အတွက်အကောင်းဆုံးပဲ
သူကပိုတောင်ပျော်သေးတယ်
ချင်းယွီဒီကရှယ်ယာရှင်ဆိုပေမဲ့ ဘယ်သူမှသူ့စကားနားမထောင်ဘူး
နောက်ကျရင်လည်း စက္ကူကျားသာသာပဲ ဖြစ်လာမှာ
အဲ့တော့ဘာကိစ္စကြောက်နေရမှာလဲ
ချင်းယွီနှစ်ယောက်လုံးကိုစိတ်ဝင်တစားကြည့်ပြီး
'' ဒါရိုက်တာ ယွမ် ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ဟန်ရွမ်ကို မန်နေဂျာရာထူးကဖြုတ်တဲ့ကိစ္စသဘောတူပါတယ် ''
သူပြောလိုက််တာနဲ့ကြည့်နေတဲ့သူတွေအကုန် ကြောင်သွားကြသည်
'' မစ္စတာချင်း ''
ဟန်ရွမ်လည်းမကြိုက်ပေမဲ့ချင်းယွီပြောတာကြားတော့လုံးဝမျက်နှာထားပြောင်းသွားတယ်
သူတစ်ခုခုပြောချင်ပေမဲ့ချင်းယွီ လက်မြောက်ပြီးတားလိုက်သည်
'' မစ္စတာချင်းက ကြင်နာတတ်ပြီးသတ္တိရှိတာပဲ ''
ယွမ်ဇန်ဂန်ဒီလိုအချိန်မျိုးကိုအကြာကြီးမျှော်လင့်ထားတဲ့ပုံပဲ
'' မစ္စတာချင်းဖက်က အကုန်တပြေးညီလုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့ ''
မာရီကွမ်လည်းရယ်ပြီးချင်းယွီကိုရွဲ့တယ်
'' ဟန်ရွမ်က မန်နေဂျာရာထူးနဲ့မတန်ပါဘူး ဒါပေမဲ့အထွေထွေမန်နေဂျာတော့ဖြစ်နိုင်တယ် ဒါရိုက်တာယွမ်ကသူဘာလိုချင်လဲသူမသိဘူးပဲ ''
ချင်းယွီအဲ့နှစ်ယောက်ကို လျစ်လျူရှုပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်
လှောင်နေတဲ့မာရီကွမ်လည်းကြောင်သွားသည်
ဟန်ရွန်ကအထွေထွေမန်နေဂျာတဲ့လား သူကဘာကိစ္စအစားထိုးခံရမှာလဲ
သူအထွေထွေမန်နေဂျာရာထူးက အဖြုတ်ခံရမှာပေါ့?