← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

လော်ဘီမှာတုန်းက သူ့အထွေထွေမန်နေဂျာရာထူးပြုတ်တော့မယ်လို့ ချင်းယွီပြောခဲ့တာကိုသူသတိရသွား၏

သေချာပေါက်ချင်းယွီသူ့ကိုပစ်မှတ်ထားနေတာပဲ

ဒါပေမဲ့လည်းထပ်ပြီးရွဲ့လိုက်သည်

ဒါရိုက်တာ ယွမ်ခေါင်းမငြိမ့်သရွေ့သူကိုလာထိလည်း အလကားပဲ

မာရီကွမ် ချင်းယွီကိုကြည့်ပြီး

'' မစ္စတာချင်းက ဟန်ရွမ်ကိုအထွေထွေမန်နေဂျာဖြစ်စေချင်တာဆိုတော့ ကျုပ်ကို အစားထိုးစေချင်နေတာလား ''

'' ကောင်လေး ဟိုတယ်မှာရှယ်ယာပိုင်တယ်ဆိုတိုင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား ''

ချင်းယွီလစ်လျူရှုလိုက်ပြီးတော့ ယွမ်ဇန်ဂန်ကို

''ဒါရိုက်တာ ယွမ်ကျုပ်ပြောတာဘယ်လိုနေလဲ ''

ယွန်ဇန်ဂန် လည်း ပြုံးပြီး

'' မစ္စတာချင်းနောက်ခံကိုကျုပ်မသိသေးဘူး ဘာကိုမှီခိုနေလဲလည်းမသိဘူး ဒါပေမဲ့ ကျုပ်ငြင်းတယ်ဆိုတာတော့ပြောရမယ် ခင်ဗျားကရှယ်ယာပိုင်တယ်ဆိုပေမဲ့ အပိုင်းအစလေးတစ်ခုပဲ ပိုင်တာ

စီမံခန့်ခွဲရေး ထဲဝင်မနှောက်ယှက်ပါနဲ့ ''

'' အထွေထွေမန်နေဂျာ အစားထိုးဖို့သဘောမတူဘူးဆိုတော့ ရွေးစရာမရှိတော့ဘူးပေါ့ အဲဒါဆိုလည်းရှယ်ယာရှင်မီတင်ကိုသွားပြီးမဲ‌‌ေတာင်းရတော့မယ် ''

'' အဲ့လောက်လွယ်တယ်ထင်နေလား

ကျုပ်လက်ထဲမှာမဲပေးခွင့်နှစ်ခုရှိတယ်

ရှယ်ယာငါးခုရဲ့ ၇၀ ရာခိုင်နှုန်း မင်းမှာတစ်ခုပဲရှိတာ ရှယ်ယာနည်းနည်းလေးနဲ့ မလိုအပ်ဘူးလို့မထင်ဘူးလား ''

'' 20 % ပဲရှိတယ်လို့ဘယ်သူပြောလဲ ''

'' မစ္စတာချင်း ဘာကိုဆိုလိုတာလဲ ''

'' မစ္စတာချင်းက လောင်ရှာဘဏ်က 35%လည်းယူပြီးသွားပြီ ''

ဟွာရွမ်ဂုဏ်ယူနေတဲ့မျက်နှာထားနဲ့အကုန်လုံးကိုအော်ပြောလိုက်သည်

'' ဟန်ရွမ်မင်း...ချင်းယွီဘဏ်က ရှယ်ယာ 35% ရပြီးပြီဆိုတာ ဘာပြောချင်တာလဲ ''

'' ဒါရိုက်တာ ယွမ်ကျွန်မကိုသံသယဝင်နေစရာမလိုဘူး ကျွန်မပြောတာမယုံရင် မစ္စတာချင်းကို တိုက်ရိုက်မေးကြည့် ဒီလိုကိစ္စမျိုးကိုနောက်မနေဘူး ''

ယွမ်ဇန်ဂန် ချင်းယွီဖက်လှည့်ပြီး

'' တကယ်ကြီးလား ''

မာရီကွမ် လည်းပုံမှန်စိတ်ပြန်ဖြစ်သွားပြီး ခပ်လန့်လန့်နဲ့

'' ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ဘာလို့ဒီကိစ္စနဲ့ပတ်သတ်ပြီးဘာသတင်းမှမထွက်သေးတာလဲ ''

သူ့အထွေထွေမန်နေဂျာရာထူးဆုံးပြီးဆိုတာတကယ်ထင်သည်

တကယ်မဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိသည်

မာရီကွမ်ဒီဟိုတယ်မှာနေရာတစ်ခုရကတည်းကငွေအများကြီးရှာနိုင်ခဲ့တာ

အခုသူ့လစာက သိန်း၅၀၀ ဒါပေမဲ့ ဘောနပ်စ်က သိန်းတစ်ထောင်ကျော်ပြီးတော့ဥက္ကဌယွမ်က ဟိုတယ်ကိုလွှဲ‌ေပးထားတာဆိုတော့ သူတိတ်တိတ်လေးနဲ့ အမြတ်ရနေပြီးသား

ကြယ်၇ပွင့်ဟိုတယ်က အထွေထွေမန်နေဂျာ ဆိုတဲ့အဆင့်နဲ့လည်း စီးပွားရေး သမားတွေ ဆယ်လီတွေအများကြီးကိုတွေ့ရသည်

လူတွေဘယ်လောက်တောင်ဖားချင်နေလဲတောင်မသိဘူး

ချင်းယွီမှာတကယ်အာဏာရှိပြီးသူအလုပ်ဖြုတ်ခံလိုက်ရရင် သွားပြီပဲ

ကြည့်နေတဲ့အစ်မဝမ်လည်းလန့်သွားသည်

ဒီလောက်ထိဖြစ်လာမယ်လို့သူထင်မထားဘူး

သူလည်းရှယ်ယာရှင်တွေထဲကတစ်ယောက်ပဲ

ချင်းယွီသာတစ်ကယ်ကြီးရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်တယ်ဆိုရင် သူ့အလုပ်ကိုလိုက်ညှိရတော့မှာ

'' ဟန်ရွမ်ပြောတာမှန်တယ် ဟိုတယ်ရှယ်ယာ 60% ကိုကျုပ်ပိုင်တာ မယုံရင် လောင်ရှာဘဏ်ကိုမေးလိုက် ''

ယွမ်ဇန်ဂန် ခဏလောက်ကြောင်သွားတယ် နည်းနည်းလောက်တွေးပြီးတော့ ငွေကြေးမန်နေဂျာ ကိုကြည့်လိုက်သည်

အစ်မဝမ်နားလည်သွားပြီးဖုန်းထုတ်လိုက်သည်

ဖုန်းခေါ်တာခဏလေးနဲ့ပြီးသွား၏

'' ဒါရိုက်တာယွမ် ရှယ်ယာလွဲပြီးကြောင်းဟိုတယ်ဖက်က အတည်ပြုလိုက်ပါတယ် ''

'' ရှယ်ယာတွေကဟိုတယ်ဖက်ကပိုင်တာမဟုတ်ဘူးလား ဘယ်လိုလုပ်လွှဲရတာလဲ တရားမဝင်ဘူးလေ ''

မာရီကွမ်မျက်နှာဖြူဖက်ဖြူရော်ဖြစ်သွားတယ် သူမယုံနိုင်ဘူး

ယွမ်ဇန်ဂန် မာရီကွမ် ကိုဓားနဲ့ထိုးသလိုအကြည့်မျိုးနဲ့ ကြည့်နေတယ်

မာရီကွမ်လည်းအရမ်းကြောက်ပြီးဘာမှပြန်မပြောရဲဘူး

'' မစ္စတာချင်းကအရည်အချင်းရှိရုံတင်မကဘူး သူများတွေလိုက်မယှဥ်နိုင်တဲ့အရည်အချင်းရှိတာပဲ လူငယ်ခေါင်းဆောင်လို့ခေါ်လို့တောင်ရတယ် ''

'' ဒါရိုက်တာယွမ် ဟိုတယ်ကိစ္စကိုခင်ဗျားကိုလွှဲလိုက်တော့မယ်ဗျာ မနှောင့်ယှက်တော့ပါဘူး နှုတ်ဆက်ပါတယ် ''

စကားပြောပြီးချင်းယွီထွက်သွားလိုက်သည်

ဒီလိုတွေဖြစ်ကုန်တော့ ယွမ်ဇန်ဂန် စီစဥ်ထားသမျှအကုန်ပျက်ကုန်သည်

သူသတိလည်းလွတ်သွား၏

ဒီနေရာမှာထပ်မနေချင်တော့ဘူး

အနည်းဆုံးတော့ချင်းယွီဘယ်သူဘယ်ဝါ ဘယ်ကလဲဆိုတာစုံစမ်းရဦးမယ်

'' ဒါရိုက်တာယွမ်ခဏလောက်ထိုင်လို့ရသေးလား ဆွေးနွေးစရာရှိသေးတယ် ''

ယွမ်ဇန်ဂန် ထွက်သွားတော့မှာတွေ့တော့ချင်းယွီလှမ်းပြောလိုက်သည်

'' မစ္စတာချင်း ဘာများဖြစ်လို့လဲ ''

'' ရှယ်ယာ၆၀ ရာခိုင်နှုန်း ပိုင်ပေမဲ့ခင်ဗျားဆီက ကျန်သေးတဲ့ ၄၀ ရာခိုင်နှုန်း ကိုစိတ်ဝင်စားလို့လေ လွှဲ‌ေပးနိုင်မလားသိချင်လို့ပါ ''

'' ကျုပ်ရှယ်ယာကိုပါဝယ်ချင်နေတာပဲ ''

ယွမ်ဇန်ဂန် အရမ်းအံ့သြ သွားသည်

'' ဘယ်လောက်နဲ့ဝယ်ချင်တာလဲ ''

'' ကိုကြီးဟွာကိုပေးခဲ့သလောက်နဲ့လည်းဆိုင်တာပေါ့ ဘယ်လိုလဲ ''

ချင်းယွီတန်းဖြေလိုက်ပေမဲ့နည်းနည်းတော့စိတ်လှုပ်ရှားမိသည်

ယွမ်ဇန်ဂန် သဘောတူရင်ချက်ချင်းအဆင့်ငါးတက်သွားမှာ

သဘောမတူရင်တော့ဈေးညှိရမှာပေါ့

မျှော်လင့်ချက်တော့သိပ်မရှိပါဘူး ပြီးတော့ ဂျန်ယွမ်ဟိုတယ် က ဂျန်မိသားစုပိုင်တာလေ

ရှယ်ယာနည်းနည်းလေးကျန်တာတောင်ဝယ်ချင်နေတာနည်းနည်းမရိုးသားသလိုဖြစ်သွားလား။

ချင်းယွီရှက်တော့ရှက်သွားသည်။

ထင်မထားတာက ချင်းယွီပြောတာကြားတော့ ယွမ်ဇန်ဂန် အရမ်းစိတ်လှုပ်ရှားမိသွားသည်

'' တကယ်လား ''

'' ဒါပေါ့တကယ်ပါ ''

'' သန်း၃၀ သုံးထားတာတောင် ကျုပ်ရှယ်ယာဝယ်နိုင်သေးတယ်ပေါ့? အမှန်အတိုင်းပြောရရင် အရစ်ကျနဲ့လာကစားရင်တော့ ရှယ်ယာလွှဲ‌ေပးမှာမဟုတ်ဘူး ''

ဒီစကားရဲ့နောက်ထပ်အဓိပ္ပါယ်တစ်ခုက ပိုက်ဆံထုတ်နိုင်သရွေ့အဆင်ပြေတယ်ပေါ့။

ချင်းယွီ အရမ်းပျော်သွားပြီးတော့

'' အဲ့တော့ငွေရှိသရွေ့ရှယ်ယာလွှဲပေးဖို့သဘောတူတယ်ပေါ့ ''

'' ဟုတ်တယ် ''

'' အဲဒါဆိုလည်း ဘယ်လောက်လဲတွက်လိုက်ပါ ကြိုက်တဲ့အချိန်ပိုက်ဆံပို့ပေးလို့ရတယ် ''

နှစ်ယောက်သားရောင်းဈေးဝယ်ဈေးပြောနေကြတာနဲ့ တူနဲ့သံလိုပဲ။

All Chapters