← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ယွမ်ဇန်ဂန် ချင်းယွီကြောင့် သူ့ကိုယ်သူဘာမှ မသိတော့ဘူး။ ရှီဂျင်ဟွာ ရောင်းလိုက်တဲ့ ရှယ်ယာကို တိတ်တိတ်လေး တွက်ကြည့်လိုက်သည်။

သူ့လက်ထဲမှာ ရှိတဲ့ရှယ်ယာက သန်း၅၀လောက်ရှိမယ်။ အဲ့တော့သဘောက ချင်းယွီက ဒီတစ်နေ့တည်းနဲ့ သန်း၈၀နီးပါးသုံးလိုက်တယ်ဆိုတဲ့ သဘောပဲ။ မိသားစုကြီးတွေရဲ့ ဆက်ခံသူတွေတောင်မှ ဒီလောက်ပိုက်ဆံအများကြီး သုံးခွင့်မရှိဘူး။

ယွမ်ဇန်ဂန် အသာလေး ပြုံးလိုက်ပြီးတော့ "ဟုတ်ပြီ ဒီလို‌ဆိုရင်တော့ ကတိပေးထားတဲ့ အတိုင်း ဂျန်ယွမ် ဟိုတယ်က ရှယ်ယာတွေကိုလွှဲပေးလိုက်မယ်"

ယွမ်ဇန်ဂန် ဒီလိုတွေ ဖြစ်သွားတာကို တိတ်တိတ်လေး ကျေနပ်မိသည်။ စတော့တွေကိုလည်း ဒီဈေးနဲ့ရောင်းနိုင်မယ်။ တခြားလုပ်ငန်းတွေကလည်း ငွေတွေအများကြီးဝင်မယ်ဆိုတော့ ယွမ်မိသားစုရဲ့ လုပ်ငန်းတွေကိုလည်း ချဲ့ထွင်လို့ရမယ်။ သူသာဒီနေ့ ရှီဂျင်ဟွာရဲ့ရှယ်ယာတွေရမယ်ဆိုရင် လွယ်လွယ်လေးနဲ့‌ ရောင်းမိမှာ။

ဒီထဲမှာတော့ ဟန်ရွမ်ကအပျော်ဆုံးပဲ။ ချင်းယွီတကယ် ဂျန်ယွမ်ဟိုတယ်က ရှယ်ယာတွေကို ဝယ်နိုင်လိုက်ပြီး‌ေတာ့ သူလည်း အထွေအထွေမန်နေဂျာဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလူတွေထဲမှာတော့ မာရီကွမ်က အရှက်ဆုံးပဲ။ အကုန်လုံး သူထင်မထားလောက်တဲ့ အထိဖြစ်လာသည်။

မစ္စတာချင်းက တကယ့်ကို ဟိုတယ်တစ်ခုကိုဝယ်ပစ်လိုက်ရတဲ့အထိ ရက်စက်လှချည်လား! သူ့ကို အထွေထွေမန်နေဂျာ အနေနဲ့ အလုပ်ဖြုတ်လိုက်ပြီ ဆိုရင် သူရာထူးကလည်း ၁ရက် ၂ရက်အတွင်း ပျောက်သွားမှာ။

မာရီကွမ်ဆိုတဲ့ငါက ဒီလိုအဖြစ်မခံနိုင်ဘူး။ ဒါတွေတွေးမိတော့ သူ့တစ်ကိုယ်လုံး လေးလံလာပြီး ပစ်လဲမိတော့မလိုပဲ။ သူထင်ထားတာတွေ ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းနေမိသည်။ အထွေထွေမန်နေဂျာ အနေနဲ့တင်မကဘူး။ နန်ဂျန်းတစ်မြို့လုံးမှာတောင် မနေနိုင်တော့မှာ စိုးမိသည်။

ငွေကြေးမန်နေဂျာ စာချုပ်ယူလာပြီးတော့ သက်ဆိုင်တဲ့ သူ၂ယောက်စာချုပ်မှာ လက်မှတ်ထိုးလိုက်သည်။ ယွမ်ဇန်ဂန်ကလည်း သူ့ရဲ့ဘဏ်အကောင့်နံပါတ်ကို ထုတ်ပေးလာသည်။

ယွမ်ဇန်ဂန်က ချင်းယွီကို တစ်ခါတည်း အကုန်မပေးဖို့ပြောသည်။ အရင်ဆုံး ၄၀‌ေလာက်အရင် စရံ ချထားလို့ရသည်။ နောက်မှငွေကြေးမန်နေဂျာတွေနဲ့ ကျန်တာကိုလွှဲပေးဖို့ ပြောသည်။

ဒါပေမယ့် ချင်းယွီက ပြုံးလိုက်ပြီး သူအကြံပေးတာကို လက်မခံဘူး။

"ဒါရိုက်တာယွမ်ရယ် ဘာလို့အလုပ်ရှုပ်ခံနေမှာလဲ ကျွန်တော်ခင်ဗျားကို ယုံပါတယ်။၄၈သန်းဆိုတာ အဲ့လောက်များလို့လား"

ချင်းယွီအဲ့လိုပြောပြီး ဖုန်းထုတ်ကာ ပိုက်ဆံလွှဲချင်ယောင်ဆောင် လိုက်သည်။

၄၈သန်းကမများဘူးတဲ့လား???

အဲ့စကားကြောင့် ယွမ်ဇန်ဂန်တော်တော် နာကျင်မိသည်။

( စနစ်ရေ ယွမ်ဇန်ဂန်‌ရဲ့ အကောင့်ထဲကို၄၈သန်း လွှဲပေးပါ )

ချင်းယွီအတွေးနဲ့ စနစ်ကိုခိုင်းလိုက်သည်။

(ဒင်! ငွေလွှဲပြောင်းမှု အောင်မြင်ပါသည်)

ချင်းယွီစနစ်က လေးထောင့်ကွက်လေးကို ကြည့်လိုက်သည်။

သူ့လက်ကျန်‌ငွေထဲကနေ ၄၈သန်း နှုတ်သွားပြီး ၆၂ကျန်သေးတာတွေ့လိုက်သည်။

သူယွမ်ဇန်ဂန်ကိုပြုံးပြီးတော့

" ဒါရိုက်တာယွမ်ရေ ကျွန်တော် ခင်ဗျားအကောင့်ထဲကို၄၈သန်း လွှဲပြီးပါပြီ စစ်ကြည့်ပေးပါဦး"

ဟင် မြန်လိုက်တာ! ယွမ်ဇန်ဂန် အံ့ဩသွားပြီးနောက် ဖုန်းထုတ်လိုက်သည်။ ဒီပိုက်ဆံတွေက သူ့မိသားစုပိုင် ပိုက်ဆံမို့ ကုမ္ပဏီအကောင့်ထဲကို ရောက်သွားမှာ။ အဲ့တာကြောင့် သူဖုန်းခေါ်ပြီး ချင်းယွီ လိမ်နေတာ ဟုတ်မဟုတ် စစ်ကြည့်လိုက်၏။

တကယ်ကြီး လွှဲလိုက်တာဟ!!!

သန်း၅၀နီးပါးကို ပါစင်နယ်အကောင့် ကနေ တစ်ခါတည်း လွှဲလိုက်တာပေါ့။ ပါစင်နယ်အကောင့်ကနေ ဆိုရင် တစ်သန်းလောက်တောင် မနည်းလွှဲနေရတာ။ ဒီလိုသန်းပေါင်းများစွာ လွှဲဖို့ဆိုရင် ကုမ္ပဏီတွေ ရုံးတွေသွားမှ ရမှာ။ပြီးကြ လုံခြုံမှုလည်း အားနည်း၏။ ဒုတိယတစ်ခုကြ လူအနည်းစုပဲ အသုံးပြုလို့ရတဲ့ ပါစင်နယ် အကောင့်ဆိုတာ ရှိတာ။ယွမ်ဇန်ဂန် ချင်းယွီအပေါ် ပိုပြီးတော့လေးစားလာမိသည်။

စစချင်းတွေ့တုန်း ကထက်ကို ပိုပြီးရှိန်လာသည်။ ချင်းယွီဘယ်သူ ဘယ်ညာဆိုတာ အသာထားလိုက်ဦး။ သူကတကယ့်ကို ကြွယ်ဝတဲ့ ဘုရားသခင်လိုပဲ။

"မစ္စတာချင်းအခု ဂျန်ယွမ်ဟိုတယ်ကို ပိုင်သွားပြီဆိုတော့ ကျွန်တော်အခု ဟိုတယ်ရဲ့ ဥက္ကဌနေရာကနေ ဆင်းရတော့မှာပေါ့"

"တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်းဟောင်းတွေ လို့ပဲ သဘောထား ရအောင်ပါ"

"ဒါဆို ကျွန်တော် ခင်ဗျားကို ညီလေးချင်းလို့ပဲ ခေါ်မယ် ခင်ဗျားကလည်း ကျွန်တော့်ကို အစ်ကိုမဟုတ်လည်း ကိုကြီးလို့ခေါ်ပေါ့" ယွမ်ဇန်ဂန် စိတ်နှစ်ပြီးပြုံးပြလိုက်သည်။

"အစ်ကိုယွမ်ကလည်း နှိမ့်ချနေပြန်ပါပြီ ဒါဆိုရင်တော့ အစ်ကိုပြောသလိုပဲ လုပ်ရမှာပေါ့" ချင်းယွီလည်း ရယ်လိုက်သည်။

"ဟားဟား ညီလေးချင်းကတော့ တကယ့်ကို တက်ကြွနေတော့တာပဲ အချိန်ရရင် ယွမ်မိသားစုဆီကို လာလည်ပါဦး အဲ့တာမှ အိမ်ရှင်အနေနဲ့ ဧည့်ဝတ်ကျေလို့ ရမှာပေါ့"

"ဒါပေါ့ လာလည်ရမှာပေါ့" နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြသည်။

သူ့လက်ထဲမှာ ကြယ်၇ပွင့် ဟိုတယ်ကိုရထားတာလေ။ ဒါပေါ့ဘယ်မပျော်ပဲ နေမလဲ။ ငွေကြေးမန်နေဂျာ အမယွမ် ကတော့ပြန်ထွက်သွားသည်။ သက်ဆိုင်တဲ့ အချက်အလက်တွေ ယူပြီး ချင်းယွီကို ရှယ်ယာလွှဲပေးဖို့ ကူပေးသည်။

အခု ၁၁နာရီဆိုတော့ အချိန်ရပါသေးတယ်လေ။ ခနနေပြီးမှာပါ...

မာရီကွမ်ကတော့ တိတ်တိတ်လေးပဲ ရပ်နေ၏။ ချင်းယွီရှေ့မှာ လှုပ်တောင် မလှုပ်ရဲဘူး။သူတစ်ခုခု အမှားထပ်လုပ်မိရင် တစ်ခါတည်း မြေမြှပ်ခံရမှာ။

သူ့ညီမ မာဝမ်ရှီကိုပဲ အပြစ်တင်ရတော့မှာပေါ့။ သူ့ကြောင့်သာ မဟုတ်ရင် သူချင်းယွီကို သွားစမိမှာမဟုတ်ဘူး။ ပြီးတော့ ဂျန်ယွမ်ဟိုတယ်ကနေလည်း အလုပ်ဖြုတ်ခံရမှာ မဟုတ်ဘူး။ အရင်အချိန်တွေတုန်းက ဘယ်လောက်ပဲ သတိထားခဲ့ထားခဲ့ ခုဝောာ့လည်း နှင်ထုတ်ခံရတော့မှာပါပဲ။

ယွမ်ဇန်ဂန် မာရီကွမ်ကို ကြည့်လိုက်ပြီးတော့

"မာရီကွမ် မင်းအခုဒီမှာ အထွေထွေမန်နေဂျာ မဟုတ်ဝောာ့ပေမယ့် အရင်ကဟိုတယ်ကို ကြည့်ပေးခဲ့တာဆိုတော့ ငါ့နောက်လိုက်ခဲ့ပေါ့။ မင်းကြည့်ပေးလို့ရမယ့် ကုမ္ပဏီတစ်ခုရှိတယ်။ အဲ့မှာလုပ်ရတာက ဒီမှာလုပ်ရသလိုတော့ မဟုတ်ဘူး။ လစာကလည်း ဒီကဌာနမန်နေဂျာ လောက်ပဲရှိမှာ အဆင်ပြေလား.. မင်းအဆင်မပြေဘူးဆိုလည်း သဘောပါ မင်းကိုဖိအား မပေးပါဘူး"

ဒီလိုပြောတာကြားတော့ မာရီကွမ်ပြုံးပြီး

" ကျေးဇူးပါ ကျွန်တော် လိုက်ခဲ့ပါမယ်"

ယွမ်ဇန်ဂန် ချင်းယွီကို ပြုံးပြလိုက်ပြီးတော့ "ညီလေးချင်း မာရီကွမ်ကို ခေါ်သွားတာ စိတ်မရှိပါနဲ့နော်"

"အဟား ရပါတယ် အစ်ကိုယွမ်ပြောတာကို ကျွန်တော်သဘောပေါက်ပါတယ် ဒါပေမယ့် မာရီကွမ်နဲ့ ဟန်ရွမ် အရင်ဆုံးအလုပ်တွေကို လွှဲပြောင်းပေးရမယ် ပြီးကြနှစ်ကုန်ဘောနပ်ယူပြီးရင် ထွက်လို့ရပါပြီ "

"ကျေးဇူးပါ မစ္စတာချင်း" ပြီးနောက် မာရီကွမ်နဲ့ ဟန်ရွမ် အတူထွက်သွားကြ၏။

ချင်းယွီနဲ့ ယွမ်ဇန်ဂန်ကတော့ ဆက်ပြီး စကားပြောနေကြသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မာရီကွမ်ပြန်ရောက်လာသည်။ ယွမ်ဇန်ဂန်နှုတ်ဆက်ပြီး ထွက်မသွားခင်မှာပဲ မာရီကွမ်ဖုန်းနံပါတ်ကိုယူထားလိုက်သည်။

ချင်းယွီတိတ်တိတ်လေး ထိုင်ကြည့်နေလိုက်ပြီး တွေးမိသွားသည်။ သူစနစ်ထဲတောင် စစ်မကြည့်ရသေးဘူးပဲ။

ရလဒ်ကတော့ စိတ်ပျက်စရာပဲ။တာဝန်ကလည်း မပြီးမြောက်သေးဘူး‌ ဆိုပြီး ပေါ်နေသည်။

‌

တွေးကြည့်မှပဲ သူတာဝန်က ဟိုတယ်ကို သူ့နာမည်နဲ့ဖြစ်အောင် လုပ်ရမှာ။ ရှယ်ယာအကုန် ဝယ်ရမှာမှ မဟုတ်ဘဲ။ချင်းယွီ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး လက်ဖက်ရည် ထိုင်သောက်နေလိုက်သည်။ အဲ့အချိန်မှာပဲ ရုံးခန်း တံခါးပွင့်လာပြီး အလှလေး၂ယောက်ဝင်လာ၏။

"မစ္စတာချင်း ကျွန်မတို့ ပြန်ရောက်ပါပြီ"

ဝင်လာတဲ့ သူ၂ယောက်ကဝောာ့ ဟန်ရွမ်နဲ့ ထန်ရှင်....

All Chapters