← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

"‌ရောက်လာပြီပဲ ထိုင်ကြလေ" ချင်းယွီလကုန်လုံးကိုထိုင်ချလိုက်ပြီးတော့ ထန်ရှင်ကို မေးလိုက်သည်။

"ကုမ္ပဏီ‌နေရာ ရွေးပြီးပြီလား။"

"ဟုတ်ကဲ့ ရွေးပြီးပါပြီ။ ဟွာဂျန်းပလာဇာရဲ့ အဆောက်အဦးဘီက ထိပ်ဆုံးထပ်မှာပါ။ နေရာက ကောင်းပေမယ့် မငှားရသေးပါဘူး။ အဲ့တာကြောင့် မစ္စတာဂျန်နဲ့ ဆွေးနွေးမလို့ ဘောစ့်ခဏလောက် လိုက်ကြည့်ပါဦးမလား။"

"မလိုဘူး မင်းစစ်ကြည့်ပြီးမှပဲ သွားကြည့်တာပေါ့ ယာယီရုံးခန်းပဲလေ နောက်ကြ ပိုကြီးတဲ့နေရာကို ရွေ့မှာပဲကို"

"မစ္စတာချင်း ဘယ်ကုမ္ပဏီအသစ်နဲ့ ပတ်သက်ပြီး ပြောနေတာလဲဟင် ကျွန်မနားထောင်ရင်း ပိုပိုပြီး ရှုပ်လာပြီ" ထန်ရွမ် မနေနိုင်ပဲ ဝင်ပြောလိုက်သည်။

"ဘော့စ်က အမရွမ်ကို မပြောရသေးဘူးနဲ့ တူတယ် အခုအမက ဂျန်ယွမ်ဟိုတယ်ရဲ့ အထွေထွေ မန်နေဂျာဖြစ်လာပြီ ဆိုတော့သေချာ သိအောင် လုပ်ရတော့မှာပေါ့" ထန်ရှင် ဟန်ရွမ်ကို ပြုံးပြလိုက်သည်။

အဲ့နောက် ထန်ရှင်က ချင်းယွီရင်းနှီးမြှပ်နှံမှု ကုမ္ပဏီဖွင့်ချင်ကြောင်းနဲ့ ဟွာဂျန်းပလာဇာကိုလည်း ချင်းယွီပိုင်ကြောင်း ရှင်းပြခဲ့သည်။

အစကတော့ ဟန်ရွမ် အများကြီး တွေးမထားပေမယ့် ဟွာဂျန်းပလာဇာက ချင်းယွီပိုင်တယ်ဆိုတာလည်း ကြားရော

သူလန့်သွားမိသည်။

"မစ္စတာချင်းက ဂျန်ယွမ်ဟိုတယ်ကို သိန်း၁၀၀နီးပါးသုံးပြီး ဝယ်ရုံတင်မကဘူး။ သန်း၄၀နီးပါးတန်တဲ့ ပလာဇာကိုပါ ပိုင်နေတယ်။ တကယ်မကြွားဝါတတ်တာပဲ"

"အမရွမ် ဟိုတယ်ကို မစ္စတာချင်း ဝယ်တယ်ဆိုတာ ဘာ‌သဘောလဲ"

"ဟုတ်တယ်လေ မစ္စတာချင်းက တကယ့်ကို ချမ်းသာပြီးတော့ အာဏာရှိတယ် မစ္စတာရှီရဲ့ ရှယ်ယာတွေကို သန်း၃၀ပေးပြီး ဝယ်ရုံတင် မကဘူး။ ယွမ်ဇန်ဂန်ရဲ့ ရှယ်ယာတွေကိုပါ ၄၈သန်း ပေးပြီးတော့ ဝယ်ထားတာ။ အဲ့တုန်းက နင်ဒီမှာရှိမနေတာ နှမြောဖို့ကောင်းတယ်။နင်သာရှိနေရင် ပိုပြီးတော့မိုက်မှာ"

"ဟာ အမရွမ်ကလည်း ကျွန်မကို မနောက်ပါနဲ့။ ဒါပေမယ့် တကယ် ဘောစ့် ဒီလောက် ပိုက်ဆံအများကြီး အကုန်ခံလိမ့်မယ်လို့ ထင်မထားဘူး "

"ဟိတ် ဘာတွေပြောနေတာလဲ "ချင်းယွီ သူတို့၂ယောက် ပြောနေတာတွေ ကြားပြီး ရှက်လာသည်။

"ဥက္ကဌအသစ် ထိုင်နေတာ မတွေ့ဖူးလား ဝန်ထမ်းတွေက ဒီလိုလွတ်လွတ်လပ်လပ် ပြောရဲတယ်ပေါ့..."

သူသိပ်ပြီးတော့အာဏာမရှိလို့များလား...?

ဒါမှမဟုတ် ရုပ်မချောလို့ပဲလား???

ချင်းယွီ၂ယောက်သား ဟာသလုပ်ပြီး ကြည့်နေတာ မြင်တော့ ထန်ရှင်ကို ကုမ္ပဏီအသစ်ကို စီစဉ်ခိုင်းလိုက်၏။

"ကုမ္ပဏီနာမည်က ချန်ယုရင်းနှီးမြှပ်နှံရေး...။

နောက်ကြရင် ဂျန်ယွမ်ဟိုတယ်နဲ့ ဟွာဂျန်းပလာဇာလည်း အဲ့မှာရင်းနှီးမြှပ်နှံမယ်။ ဟန်ရွမ်ကတော့ ဒီဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ။ ဟိုတယ်ရဲ့လုပ်ငန်းမှန်သမျှကို စီစဉ်ဖို့တာဝန်ရှိတယ်။ အခြေခံလစာနဲ့ ဘောနပ်က အရင်အထွေထွေ မန်နေဂျာ ရသလိုပဲ ရမယ်။ ကောင်းကောင်းလုပ်ရင် ထပ်ပြီးရာထူးတိုးပေးမယ်"

ဟန်ရွမ် မြန်မြန်လေး ကျေးဇူးတင်လိုက်သည်။

"‌ကျေးဇူးပါ မစ္စတာချင်း"

"ထန်ရှင်းကတော့ ငါရဲ့ အတွင်းရေးမှူးလည်း ဟုတ်တယ်။ ချန်ယု ရင်းနှီး မြှပ်နှံရေးရဲ့ အထွေထွေမန်နေဂျာလည်းဟုတ်တယ်။ ဟန်ရွမ် ဟိုတယ်နဲ့ ဟွာဂျန်းပလာဇာရဲ့ အကြံပေးဆိုလည်း ဟုတ်တယ်။ ဒီကုမ္ပဏီ ထောင်ပြီးရင် ချန်ယုရင်းနှီးမြှပ်နှံရေး အတွက် ရှယ်ယာရှင်တွေ ခေါ်မယ်။ အဲ့ထဲကနေလည်း ရှယ်ယာတွေ ဆုချပေးဦးမယ်။ ထန်ရှင်ရဲ့လစာက သိန်း၃၀၀ကနေ ၁၀၀၀ထိကို မြှင့်လိုက်မယ်။ အရင်ပေးထားတဲ့ ထဲကသိန်း၁၀၀၀‌ ယူလိုက်လို့ ရတယ်။"

လစာကို စနစ်ပေးထားတဲ့ ပိုက်ဆံထဲက သုံးလို့ရနေတော့ သူရက်ရက်ရောရောပဲ‌ ပေးလိုက်သည်။

"ကျေးဇူးပါ ဘောစ့်" ထန်ရှင် မြန်မြန်ကျေးဇူးတင်စကား ပြောလိုက်သည်။

လစာသိန်း၁၀၀၀နဲ့ ရာထူးတွေ အများကြီး!!!သူအခုသေဆိုရင်တောင် သေလို့ရပြီ။ စာကလေး ဘဝကနေ ဇာမဏီငှက်ဘဝ ပြောင်းသွားတာပဲ။

ချင်းယွီထပ်ပြီးတော့ ပြောလိုက်၏။

"နှစ်ယောက်လုံးနဲ့ ဟိုတယ်မှာ တွေ့ဖို့အတွက်ကို ဟန်ရွမ် စီစဉ်ပေးလိမ့်မယ်။ ပြီးရင် လက်မှတ်ထိုးပြီး ကုမ္ပဏီကို အကြောင်းကြားလိုက်...ထပ်ပြီး ဘာပြောချင်‌ သေးလဲ"

"မစ္စတာချင်းကို ဘောစ့်အစား ဥက္ကဌလို့ ခေါ်လို့ရလား"

ဟန်ရွမ် အဓိကျတဲ့ မေးခွန်းတစ်ခုကို မေးလိုက်ပြီး ပြုံးလိုက်၏။

"အာ...ဘော့စ်လို့ပဲ ခေါ်ပါ"

"ဟုတ်ကဲ့ပါ ဘောစ့်" ဟန်ရွမ်ဆက်ပြီး ပြောလာသည်။

"အခုဟိုတယ်ရဲ့ ဘောစ့်ရော အထွေထွေမန်နေဂျာရော ပြောင်းသွားပြီ။ အရင်ဥက္ကဌပဲ ဒီအကြောင်းကို သိသေးတယ်။ ကျန်တဲ့ စီမံရေးတွေကလည်း တိတ်တိတ်လေး လုပ်နေတုန်းဆိုတော့ ခဏလောက်နေရင် အစည်းအဝေး ခေါ်ပြီး သူဌေးပြောင်းသွားပြီ ဖြစ်ကြောင်းကို အသိပေးလိုက်ပါမယ်။ ဘယ်လိုသဘော ရလဲရှင့်"

"ငါတော့ မသွားဘူး ထန်ရှင်ကိုပဲ ငါ့အစား လွှတ်လိုက်မယ်။ ထန်ရှင်က ငါ့အတွင်းရေးမှူး အဲ့တော့ တစ်ခုခုလိုရင် သူ့ဆီတိုက်ရိုက် သွားလို့ရတယ်"

ချင်းယွီ သူ့ပိုင်ဆိုင်မှုတွေကို စီမံရင်း အားကုန်မခံချင်ဘူး။ ကုမ္ပဏီအသစ်ဖို့လည်း ထန်ရှင်ကပဲ ပြောရေးဆိုခွင့် ရှိတဲ့လူ။ သူဒီလိုတွေလုပ်နေတာ သူ့လုပ်ငန်းတွေ ချဲ့ထွင်ဖို့ အားကောင်းဖို့ ဘာညာမဟုတ်ဘူး။ ဒီတိုင်းအားကုန်မခံချင်ရုံ။

အရေးကြီးတာက သူ့အတွက် ရင်းနှီးမြှပ်နှံရတာလည်း ပိုလွယ်ပြီးတော့ စနစ်ကပေးတဲ့ ‌မစ်ရှင်တွေကိုလည်း ‌ငွေသုံးရလွယ်အောင်လို့ပဲ။ အဆင့်မြင့်ပြီးသွားရင် ကုမ္ပဏီရှယ်ယာတွေ ရောင်းအားတွေကိုလည်း ထန်ရှင်လက်ထဲပဲ လွှဲထားမှာ။

ပိုက်ဆံသုံးဖို့ပဲ သိတဲ့ ပိုင်ရှင်လို လုပ်ရတာ ကောင်းတယ်မလား။

"ဟုတ်ကဲ့ပါဘောစ့် အဲ့တာဆို အရင်သွားကြရအောင်" ဟန်ရွမ် ထန်ရှင်ကို ကြည့်လိုက်သည်။ အဲ့နောက် မိန်းကလေး နှစ်ယောက်လုံး ထွက်သွားကြသည်။

ခဏလောက်ကြာတော့ ထန်ရှင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူပြီးတော့ ပြန်လာသည်။ ပြီးတော့ ချင်းယွီကို လက်မှတ် ထိုးခိုင်းလိုက်သည်။

ချင်းယွီစနစ်ထဲက ‌လေးထောင့်ကွက်လေးကို ကြည့်လိုက်တော့ ဟန်ရွမ် ဟိုတယ်ကို ပိုင်ဆိုင်အောင်လုပ်ခြင်း မအောင်မြင်လို့ပဲ ပြနေ‌သေး၏။

အချိန်ကို ကြည့်လိုက်တော့ ၁၂နာရီထိုးနေပြီ။ ညနေစောင်းတဲ့ထိ စောင့်ရမှာများလား။ အင်းလေ လောစရာတော့ မရှိပါဘူး။ ချင်းယွီလက်မှတ် ထိုးပြီးတော့ ဖုန်းထုတ်လိုက်သည်။ ပြီးတော့ ဝေဝေ အပ်ပလီကေးရှင်းထဲကို ဝင်လိုက်သည်။ သူမဖတ်ရသေးတဲ့စာ သုံးစောင်ရောက်နေသည်။

ပထမတစ်ခုက ဂျန်ရှန်းမနက် ၂နာရီလောက်က ပို့ထားတာ။ ပိုက်ဆံတွေကို အကောင့်ထဲ ထည့်လိုက်ပြီ ဆိုတာပြောတာ။

ဒုတိယတစ်ခုက ခုန်ရှောင်ရီ...

ပို့ထားတာ သိပ်မကြာသေးဘူး။ သူ့အတွက် အိမ်အကူ ရှာတွေ့ပြီ‌ ပြောထားတာ။ မန်နေဂျာဇူ ကူရှာပေးတယ်လို့‌ ပြောထားသေးသည်။ ဘယ်အချိန် အိမ်ကိုလွှတ်လိုက်ရမလဲ လို့လည်း မေးထားသေးသည်။

ချင်းယွီစာပြန်လိုက်သည်။

" အခုအပြင်မှာမို့ ငါပြန်ရောက်ရင် လွှတ်လိုက်လို့ ရတယ် ငါပြန်ပြောမယ်"

တတိယတစ်ခုကတော့ ရီယန် ပို့ထားတာ။ သူကြည့်လိုက်တော့ ရီယန်က သူရေချိုးနေလို့ ချင်းယွီဆီက စာကို မတွေ့လိုက်ကြောင်း တောင်းပန်ထားတာ။ သူသီချင်းဆိုတာ နားထောင်ချင်လား။ ဆယ်ဖီလ်ပုံ ပို့ပေးရမလား လို့လည်း မေးထားသေးသည်။ ခဏနေတော့ ဓာတ်ပုံတွေ ရောက်နေတာ တွေ့လိုက်သည်။

ချင်းယွီဟိုဟိုဒီဒီ လျှောက်ကြည့်ပြီး လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ ပုံတွေကိုလည်း တွေ့ရော သောက်ထားတဲ့ လက်ဖက်ရည်တွေအကုန် ပြန်ထွေးထုတ် လိုက်ရသည်။

ပုံက နတ်သူငယ် ဒီဇိုင်းနဲ့ ကိုယ်ကြပ် ဝတ်စုံလေးနဲ့...။ ချင်းယွီ ဒီလိုပုံတွေ အများကြီး တွေ့ဖူးပေမယ့် သူ့အတန်းဖော်ဟောင်းက ဒီလိုဝတ်ပြထားတာ မြင်တော့ တစ်မျိုးတော့ တစ်မျိုးပဲ။ တစ်ဖက်လူက သူဘယ်သူမှန်းလဲ မသိဘူး။ နောက်ပြီး သူ့အတန်းဖော်က အဲ့လောက်လည်း မလှပဲနဲ့ လူကြိုက်များနေသေးသည်။

သူ့ဆီပြန်သွား ချင်လား။ ချင်းယွီအဲ့လို တွေးလိုက်ပေမယ့် စာတော့ မပြန်မိဘူး။ လောလောဆယ် စနစ်ရဲ့မစ်ရှင်ပြီးတာပဲ အရင်စောင့်ရမယ်။ ချင်းယွီပုံတွေကို တစ်ပုံချင်း သူ့ဖုန်းထဲ သိမ်းလိုက်ပြီး အပ်ပလီကေးရှင်းထဲကနေ ထွက်လိုက်သည်။

All Chapters