အခန်း (၅၃)
Vol. 4 Ch. 53
ဒေါင်လင်အကောင့်ထဲကို ဝင်ပြီး လျှောက်ကြည့်မလို့ လုပ်နေတုန်း ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ဂျန်ရှန်းဖြစ်နေသည်။
"အစ်ကိုချင်း အလုပ်တွေ ပြီးသွားပြီလား။ ကိုကြီးဟွာနဲ့ ကျွန်တော် တတိယထပ်က အခန်းနံပါတ်[--]မှာ... အစ်ကိုချင်း ပြီးရင် ဆင်းခဲ့လေ။ ကျွန်တော် စောင့်နေမယ်"
"ဟုတ်ပြီလေ ဆင်းခဲ့မယ်"
ဂျန်ရှန်းပြောတာ ကြားပြီး ချင်းယွီနည်းနည်း ဗိုက်ဆာလာသည်။ ဖုန်းချပြီးတော့ အပြင်ထွက် လာခဲ့သည်။ ပြီးတော့ တတိယထပ်ကို သွားဖို့ ဓာတ်လှေကားထဲကို ဝင်လိုက်သည်။ ချင်းယွီ တတိယထပ်မှာ အခန်းရှာနေတုန်း သူ့နောက်ကနေ တစ်ယောက်ယောက်က သူ့နာမည်ကို ခေါ်လာသည်။
"အဲ့တစ်ယောက်က ချင်းယွီမလား။ အရင်တစ်ခေါက် အထက်တန်း ကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှာ တွေ့တဲ့ တစ်ယောက်လေ"
"တကယ်ကြီးလား...? မင်းသာ မပြောရင် ငါအဲ့တစ်ယောက်နာမည် မှတ်မိမှာတောင် မဟုတ်ဘူး "
ချင်းယွီ စကားပြောသံတွေ ကြားတော့ နောက်ကို လှည့်ကြည့်လိုက်မိ၏။ သူလှည့်ကြည့်လိုက်တော့ သူထင်ထားသလိုပါပဲ။
ငါ့အတန်းဖော်ဟောင်း လီဂျန်ချောင် ဂူရှန်ရှီ။
တိုက်ဆိုင်လိုက်တာ....
"ချင်းယွီ မတွေ့ရတာ ကြာပြီနော်။ မင်းလည်း ညစာလာစားတာလား"
ချင်းယွီပြန်ဖြေတာကိုတောင် မစောင့်ဘဲ တစ်ခုခုကို တွေးလိုက်တဲ့ ပုံနဲ့ဆက်ပြောလာသည်။
"အော် ငါတို့ ကျောင်းက သူငယ်ချင်းဟောင်း တစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်နေတယ် ပြောတာ ခုမှမှတ်မိတယ်။ တွေးကြည့်မှ ဒီဟိုတယ်က ကြယ်၇ပွင့်ဟိုတယ်လေ။ ဒီမှာလုပ်ရတာလည်း လစာမနည်း လောက်ပါဘူး"
" ရှန်ရှီမင်းကလည်း အပိုတွေ ပြောပြန်ပြီ။ အဆင့်မြင့် ဟိုတယ်မှာလုပ်တယ် ဆိုတိုင်း လစာများမယ် ထင်နေလား" လီဂျန်ချောင် ရုပ်တည်ကြီးနဲ့ပြောချလိုက်သည်။
"ဟုတ်သားပဲ" ဂူရှန်ရှီလည်း မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရသည်။
"ချင်းယွီ မင်းစီလုနဲ့ လမ်းခွဲလိုက်ပြီဆိုတာ ငါတို့အကုန်လုံး သိတယ်။ မင်းအဆင်မပြေတာ ရှိရင်လည်း ငါတို့နဲ့ သူငယ်ချင်းပြန်လုပ်လို့ရပါတယ်။ အကူအညီလိုရင်လည်းပြောပေါ့။ ကပ်စေးမနည်းပါဘူး"
"အဲ့တာဆိုလည်း ကျေးဇူးပါကွာ။ အကူအညီကတော့ မလိုပါဘူး။ အခုအဆင်ပြေ နေပါပြီ "
ချင်းယွီ ဒီ၂ယောက်ကို သိပ်ပြီး သဘောမကျဘူး။ သူကျောင်းတက်တုန်းကဆိုရင် လီဂျန်ချောင်ကို အရည်အချင်းရှိတဲ့ စကော်လာ ကျောင်းသားလို့ ဆရာမတွေက သတ်မှတ်ထားတာ။ ကျောင်းသူလေးတွေရဲ့ မျက်လုံးထဲမှာလည်း သူက အတော်ဆုံးပဲ။ ကျောင်းသားတွေကတော့ သူ့ကိုမနာလိုကြတာပေါ့။
စာမှာဆိုရင်လည်း အတော်ဆုံး။ အရည်အချင်းလည်း ရှိသည်။ အတန်းခေါင်းဆောင် တင်မဟုတ်ဘဲ တစ်ကျောင်းလုံးရဲ့ ကျောင်းသားခေါင်းဆောင် အဖြစ်သတ်မှတ်ထားတာ။ ပိုပြီးတော့ စိတ်ညစ်ဖို့ ကောင်းတာက သူ့အဖေက ရှချန်းရဲ့နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်။ ဆောက်လုပ်ရေး လုပ်ငန်းကနေ ငွေအများကြီး ဝင်တဲ့လူ။ ရုပ်ရှိရေလျှံ သူဌေးသားလေး။ ဘယ်မိန်းကလေးကမှ မကြိုက်ဘဲ မနေနိုင်တဲ့လူမျိုးပေါ့။
အထူးသဖြင့် စီလုကဆို လီဂျန်ရှောင်ကို အထက်တန်း ပထမနှစ်ကတည်းက သဘောကျတာ အထက်တန်းပြီးတဲ့ထိပဲ။ လီဂျန်ရှောင်က အကုန်တော်နေတာမလို့။ ချင်းယွီ သဘောမကျတာ။
ဂူရှန်ရှီ မိသားစု နောက်ခံကလည်း မိုက်ပါတယ်။ သူကစီလုထက်တောင် ပိုလှသေး...။ တစ်ကျောင်းလုံးရဲ့ အလှဆုံးေကာင်မေလးတောင် ဖြစ်လာသေးတာပဲ။ ကျောင်းတွေမှာ အဲ့လိုရွေးတဲ့ပွဲတွေ ရှိတယ်ေလ။ အချောဆုံးကောင်လေးနဲ့ အလှဆုံးကောင်မလေးကို ကျောင်းသားတိုင်းက အားကျကြသည်။ ကျောင်းပြီးသွားတော့ လီဂျန်ချောင်နဲ့ ဂူရှန်ရှီ တက္ကသိုလ် တူတူ တက်ကြသည်။ အဲ့နောက် ဘာတွေဖြစ်လဲ ဆိုတာတော့ ချင်းယွီ မသိတော့ဘူး။
မနှစ်က ကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ နှစ်ယောက်သား တူတူပြန်ပေါ်လာတော့ အကုန်လုံး စိတ်ဝင်စားသွားကြသည်။ လီဂျန်ရှောင်အဖေ ထောင်ထားတဲ့ နန်ဂျန်းမြို့ထဲက ကုန်တိုက်က သန်း[---] တောင် တန်တယ်လို့ ကြားထားသည်။ နောက်ပြီး လီမိသားစုကလည်း ရှချန်းမြို့ထဲက အချမ်းသာဆုံး မိသားစုတွေထဲက တစ်ခု။ လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ လီဂျန်ရှောင်က နတ်သားလေးတစ်ပါးလိုပဲ။
စီလု သူတို့တွဲနေတယ်ဆိုတဲ့ ကောလဟာလကို ကြားတုန်းက ပိုတောင်အံ့ဩမိသွားေသး၏။ အဲ့တာကြောင့် သူဖွင့်ပြောတာကို သူမက ချက်ချင်းလက်ခံ လိုက်တာ။
"ရှန်ရှီ ငါတို့ အတန်းဖော်ဟောင်း ချင်းယွီကို မနှောင့်ယှက်ဘဲ နေကြရအောင်။ ငါတို့လည်း သန်းချီတန်တဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးရဦးမယ်လေ"
"အာ...အင်း။ ချင်းယွီ အဲ့တာဆို ငါတို့ အရင်သွားနှင့်တော့မယ်နော်"
ပြီးတော့ ၂ယောက်လုံး ချင်းယွီကို လက်ဆွဲ နှုတ်ဆက်ပြီးတော့ ထွက်သွားကြသည်။ ဂူရှန်ရှီက အနောက်မှာ ရပ်နေသေးတဲ့ ချင်းယွီကိုတစ်ချက် ကြည့်လိုက်ပြီးတော့ လီဂျန်ရှောင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။
မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။ အတန်းဖော်ချင်း တူပေမယ့် သူတို့ဘဝ၂ခုက မိုးနဲ့မြေလိုပဲ။ လီဂျန်ရှောင်က ဘယ်နေရာနေနေ လူတိုင်းသိတဲ့လူမျိုး။ ဒါပေမယ့် ချင်းယွီကကြ စီလုကြောင့်သာ မဟုတ်ရင် သူ့ကို အတန်းဖော်ဟောင်းမှန်း မှတ်မိမှာတောင် မဟုတ်ဘူး။ သုံးထပ်က အခန်းနံပါတ်**က သိပ်မကျယ်လွန်း မကျဉ်းလွန်းပဲနဲ့ အလယ်အလတ်လောက် ကျယ်ဝန်းတဲ့ အဆင့်မြင့်အခန်းကြီး။ အခန်းထဲမှာလည်း လူ၁၀ယောက်လောက် ထိုင်လို့ရတဲ့ စားပွဲကြီးရှိသည်။ နံရံပေါ်မှာ အလှဆင်ထားတာတွေကလည်း အင်ပါယာကြီး တစ်ခုလိုပဲ။
လူ၄ယောက်အဲ့စားပွဲမှာ ထိုင်နေသည်။ တစ်ယောက်က ဗိုက်ပူပူ ခေါင်းပြောင်ပြောင် သက်လတ်ပိုင်းလောက်ရှိသည်။ ထျန်ဟူ ကုမ္ပဏီရဲ့ ဥက္ကဌ လီဂျန်ရှောင်ရဲ့ အဖေ လီဒါစူ။
ကျန်တဲ့သုံးယောက်ကိုတော့ ချင်းယွီသိပြီးသား။
ရှေ့ဆုံးမှာ ထိုင်နေတာ ရှီဂျင်ဟွာ။
နောက်တစ်ယောက် ချန်ဇီဟန်။
နောက်ဆုံးမှာ ထိုင်နေတာကတော့ ဂျန်ရှန်း။ လေးယောက်လုံး ထိုင်ပြီး လက်ဖက်ရည်သောက်နေကြလေသည်။
"မစ္စတာရှီ ခင်ဗျားမိတ်ဆွေ လာနေပြီဆို။ ဘယ်မိသားစုကလည်း မသိတော့ ခဏနေရင် မိတ်ဆက်ပေးပါဦး" လီဒါစူ လက်ဖက်ရည်သောက်ရင်း ပြုံးပြုံးလေး ပြောလာ၏။
အဲ့တာနဲ့လည်း ရှီဂျင်ဟွာကနေ " အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း သူ့ကို ဒီနေ့မှ တွေ့ဖူးတာ။ တခြားကဆိုပေမယ့် နောက်ခံကတော့ သာမန်မဟုတ်ဘူးဗျ။ စောင့်ကြည့်လိုက်ပါီဦး။ ကျုပ်သူငယ်ချင်းကို ဂရုမစိုက်တဲ့ပုံတော့ မနေနဲ့ပေါ့" ပြောလိုက်သည်။
"မစ္စတာရှီ ဘာတွေပြော နေတာလဲဗျာ။ ခင်ဗျားသူငယ်ချင်း ဆိုမှတော့ ကျုပ်ဧည့်သည်ပဲပေါ့။ ဘယ်လိုလို့ ဂရုမစိုက်ဘဲ နေရမှာလည်းဗျ" လီဒါစူပြန်ပြောလိုက်သည်။
ရှီဂျင်ဟွာ ချန်ဇီဟန်ကိုကြည့်ပြီးတော့ လီဒါစူကို ပြောလိုက်သည်။
"ကျွန်တော်တို့က လုပ်ငန်းတူတူ လုပ်ဖူးတဲ့ ပါတနာတွေပဲလေ။ အဲ့တော့ဒီနေ့ ဘာလို့ ထမင်းဖိတ်ကျွေးလည်း သိပါတယ်။"
မစ္စတာချန်ကလည်း ခင်ဗျားကို ဖိတ်ထားတယ်။ ကျွန်တော်တို့လည်း ရောက်နေပြီဆိုတော့ ခင်ဗျား ဘာပြောဦးမှာလဲ။ အမှန်တိုင်းပြောရရင် စီးပွားရေးမှာ ဟိုဝေ့ဒီဝေ့ လုပ်နေစရာမလိုပါဘူး..."
"ဟုတ်ပါတယ်" မစ္စတာရှီက ပွင့်ပွင့်လင်းလင်းပဲ လုပ်တတ်တာကို။ ဒီက ကျွန်တော်ကပဲ အမြင်ကျဉ်းသွားတာပါ" လီဒါစူမြန်မြန် တောင်းပန်လိုက်ပြီးတော့ ချန်ဇီယန်ကို ပြုံးပြလိုက်သည်။
"မစ္စတာချန်တို့ ၂ယောက်ကို ဒီနေ့ဖိတ်လိုက်တာက ထျန်ဟူမြို့လယ်က လုပ်ငန်း၂ခု အတွက် စိတ်ဝင်စားမလား ဆိုတာသိချင်လို့ပါ"
ချန်ဇီယန် လက်ဖက်ရည်ခွက်ကို ယူပြီးတော့ တစ်ငုံ သောက်လိုက်သည်။ ပြီးတော့ ပြုံးပြုံးလေးနဲ့ပဲ
"မစ္စတာလီကတော့ နောက်နေပါပြီ။ ထျန်ဟူ မြို့လယ်က လုပ်ငန်းတွေက တကယ့်အကြီးစားကြီးတွေလေ။ ပထမတစ်ခေါက် ထပ်တောင်မှ ပေါက်ဈေးက တစ်ဝက်လောက် များသေးတာကို။ အနည်းဆုံးရင်းနှီးမြှပ်နှံဖို့ သန်း၁၅၀လောက် ရှိမှရမှာကို။ ကျွန်တော်လို သာမန်အလုပ်သမားလေးက ဘယ်လိုလို့ ဒီလိုပရောဂျက်ကြီးတွေမှာ ပါနိုင်မှာလဲ။ ခင်ဗျားက လုပ်ငန်းရှင်ကြီးဆိုတော့ ဒီငွေပမာဏလောက်ကို ဘယ်စာဖွဲ့ပါ့မလဲ"
လီဒါစူ သက်ပြင်းချလိုက်ပြီးတော့ " မစ္စတာချန် အရင်ထျန်ဟူ ပရောဂျက်တုန်းက စုထားတဲ့ ငွေတွေအကုန်လုံးနီးပါး သုံးထားရတာ မစ္စတာချန် မသိသေးဘူးနဲ့တူတယ်။ ပြီးတော့ ဘဏ်ကနေလည်း ငွေချေးထားရသေးတာ။ အဲ့တော့ မစ္စတာချန် သန်း၂၀လောက် ရင်းနှီးပေးရင် ရပါတယ်။ နက်ဖြန်အရောင်းစမယ် ဆိုပေမယ့် ငွေပြန်ရဖို့က သိပ်မမြန်ဘူး။ ပြီးတော့ ကြိုရောင်းထားဖို့ကလည်း အဲ့လောက် ကျေနပ်စရာ ပမာဏမဟုတ်တော့ ယူနစ်၁၅၀လောက်ပဲ ရောင်းထွက်သေးတယ်။ အဲ့တာကြောင့် ငါ့ညီကိုတို့ကို ဖိတ်လိုက်တာပါ။ ဝူဗန်နယ်မြေ အသစ်ကလည်း မနှစ်က သူများယူသွားပြီဆိုတော့ အကြွေးတွေလည်း နည်းနည်းကျန်နေတယ်။ အဲ့တာကြောင့် လုပ်ငန်းသစ် စဖို့ ရင်းနှီးမြှပ်နှံပေးမယ့်လူ လိုနေတာ။ ဘဏ်ကလည်း စစလုပ်ချင်းဆိုတော့ ငွေထုတ်မချေးပေးသေးဘူး။ နေရာမကျတာတွေကလည်း ရှိနေသေးတော့။
အဲ့တာကြောင့် ဒီနေ့အစ်ကိုကြီးတို့ကိုပဲ အားနာနာနဲ့ အကူအညီတောင်းရတော့မယ်..."