အခန်း (၅၄)
Vol. 4 Ch. 54
"ဒီလိုဆိုရင် အကြံအသစ်ကို ခဏလောက် ဘေးဖယ်ထားလိုက်ပါလား။ ထောက်ပံ့ကြေးတွေ ပြန်ပေးပြီးမှ ဆောက်လုပ်ရေးတွေ စရင်လည်း သိပ်နောက်မကျသေးပါဘူး"
ချန်ဇီယွန်ကြောင်တောင်တောင်နဲ့ ပြောလိုက်သည်။
"မစ္စတာချန် ရင်းနှီးမြှပ်နှံမှုတွေကြောင့် နယ်မြေအသစ်တွေ တိုးတက်နိုင်တာကို မစ္စတာချန်မသိလို့ပါ။ နောက်ပြီး ဒီပရောဂျက် ထျန်ဟူလုပ်ငန်းအတွက် အဓိက ပရောဂျက်လေ။ ကုမ္ပဏီတစ်ခုလုံး ဒီအတွက်ပြင်နေတာ ၇လလောက်ရှိပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အခုက ဆောက်လုပ်ရေး စရမယ့်အချိန်။ ဆောက်လုပ်ရေး ခဏရပ်လိုက်ရင်တောင်မှ လူထောင်ချီ ရင်းနှီးမြှပ်နှံဖို့ စောင့်နေရမှာ။ အဲ့တော့ ပရောဂျက်က ကြာလေလေ ကုမ္ပဏီအရှုံးများ လေလေပဲ"
ချန်ဇီယွန်ဆိုတာကလည်း ကုမ္ပဏီကြီးရဲ့ မန်နေဂျာဆိုတော့ ဒီလိုသဘော သဘာဝတွေကို နားလည်နေပါသည်။
သူခေါင်းညိတ်လိုက်ပြီး "အဲ့တာဆို နယ်မြေအသစ် စဖို့က ဘယ်လောက်လောက် လိုနေတာလဲ မသိဘူး။"
အဲ့တာနဲ့ လီဒါစူက "အရင်ကတော့ သန်း၂၂၀လောက် သုံးထားတာ။ ပြီးတော့အခု တည်းခိုခန်း ၄၀လောက် ဆောက်ဖို့လည်း ပြင်နေသေးတယ်။ အဆောက်အဦး ဘေးပတ်ပတ်လည်မှာလည်း ကျောင်းတွေလည်း ရှိနေသေးတယ်။ အဲ့တော့ ပြောရရင် သန်း၂၃၀လောက်လိုနေမှာ။ လက်ရှိလိုတာ ပြောရရင်တော့ သန်း၁၆၀လောက် လိုသေးတယ် ပြောရမှာပေါ့။ စောစော ရင်းနှီးမြှပ်နှံပေးရင် တိုးတက်တာလည်း မြန်မှာပါ။ နောက်လပိုင်းလောက်မှာ လုပ်ငန်းတိုးချဲ့မှာဆိုတော့ ပထမအသုတ်မှာ ရင်းနှီးမြှပ်နှံထားတဲ့ သူတွေကိုလည်း ပြန်ပေးနိုင်မယ်။ လုပ်ငန်းလည်း ဆက်ပြီးတော့ လည်ပတ်နိုင်မယ်"
" အဲ့ေတာ့ အခုရှိနေတာတွေက နယ်မြေအသစ် ချဲ့ထွင်ဖို့ အတွက်ပဲေပါ့။ကွာခြားချက် သိပ်မရှိတော့တာနဲ့ ထောက်ပံတာတွေလည်း သိပ်မလိုတော့တဲ့ သဘောလား"
"မြေအပါအဝင် အစကတည်းက သန်း၉၀သုံးထားတယ်။ ထျန်ဟူ လုပ်ငန်းမှာ သန်း၅၀ ရင်းနှီးမြှပ်နှံထားတယ်။ အဲ့တော့သန်း၄၀ အကြေးတင်နေေသးတယ်။ မစ္စတာချန်နဲ့ မစ္စတာဂျန်သာ ကူပေးမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ ရှယ်ယာအတွက်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်သလို လုပ်လို့ရပါတယ်"
အဲ့ဒါနဲ့ ချန်ဇီယွန် ထပ်ပြီးမေးလိုက်သည်။
"ဝူဗန်နယ်မြေမှာ ရောင်းစရာ အများကြီးပဲလေ။ တော်တော်များများကလည်း ဆောက်လက်စတွေ။ အဲ့နေရာမှာ တည်းခိုခန်းတွေပါ ထပ်ဆောက်ရင် နောက်ကြ ဈေးကမတည်မငြိမ်နဲ့ ဈေးကျသွားမှာ မဟုတ်ဘူးလား" သူမေးပြီးတော့ ရှီဂျင်ဟွာကို မသိမသာလေး ကြည့်လိုက်သည်။
ရှီဂျင်ဟွာ ခေါင်းငုံ့ပြီး လက်ဖက်ရည် သောက်ရင်းနဲ့ "အဲ့ကိစ္စကတော့ ပူစရာ မလိုပါဘူး။ ဂျင်ယွမ် ကုမ္ပဏီအသစ်က ဒီလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံမယ်လို့ သတင်းတွေ ထွက်နေတယ်။ ပြီးတော့အဲ့မှာသာ အိမ်ရာတွေ ဆောက်လိုက်ရင် လူဦးရေလည်း ပိုများလာမှာဆိုတော့ ရောင်းဈေးက သေချာပေါက်ကျမှာ မဟုတ်ပါဘူး"
ချန်ဇီယွန်မေးလိုက်သည်။
"သခင်လေးရှီက ထျန်ဟူလုပ်ငန်းကို အရမ်း တန်ဖိုးထားတာမလား။ အဲ့တော့ ဘယ်လောက်လောက် ရင်းနှီးမြှပ်နှံဖို့ တွေးထားလဲ"
"အင်း ဟုတ်တယ် ဒီပရောဂျက်ကို တအားတန်ဖိုးထားတယ်။ ပြီးတော့ဒါရိုက်တာလီဆီက ပရောဂျက်ကလည်း ရင်းနှီးပေးဖို့ လိုနေသေးတယ် ကြားထားတာမို့ ဂျီယွမ်ဟိုတယ်က ရှယ်ယာတွေကို ရောင်းပြီးတော့ ဒီမှာရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားတာ။ တခြားလုပ်ငန်းတွေကလည်း ရင်းနှီးမြှပ်နှံဖို့ မလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထျန်ဟူလုပ်ငန်းက ပထမအသုတ်က အမြတ်တွေလည်း မရသေးဘူးဆိုတော့ သန်း၂၀လောက်တော့ ထပ်ပြီး ရင်းနှီးမြှပ်နှံရမှာပေါ့"
"သန်း ၂၀လား" ချန်ဇီယွမ်နည်းနည်းတော့ အံ့ဩသွားသည်။ ရှီဂျင်ဟွာ အဲ့လောက်ထုတ်လိမ့်မယ်လို့ သူမထင်ထားဘူး။ နည်းနည်းလောက် သူတွေးလိုက်ပြီး "ကျွန်တော်ကတော့ သိန်းဂဏန်းလောက်ပဲ တတ်နိုင်တယ်။ကျန်တာကတော့ မစ္စတာလီကိုပဲ အပ်လိုက်ရတော့မှာပဲ"
လီဒါစူနည်းနည်းတော့ စိတ်ပျက်မိသွား၏။ ရှီဂျင်ဟွာသန်း၂၀မြှပ်နှံဖို့က အရင်ကတည်းက ပြောပြီးသားကြီးကို။ ချန်ဇီယန်ကလည်း သိန်းဂဏန်းလောက်ပဲ ပေးနိုင်မယ်ဆိုတော့ သူမျှော်လင့်ထားတာနဲ့ အကွာကြီး။ အဲ့လောက်လေးကတော့ လာပြီးမထည့်တာကမှ ပိုကောင်းဦးမယ်။
အဲ့အချိန်မှာပဲ အခန်းထဲကို အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက် ဝင်လာခဲ့သည်။ သူတို့ကတော့ လီဂျန်ချောင်နဲ့ ဂူရှန်ရှီ.....
"အဖေ... မဂ်လာပါ ဦးလေး" နှစ်ယောက်လုံး လီဒါစူကိုနှုတ်ဆက်လိုက်၏။
"ရောက်လာပြီပဲ" သူ့သားနဲ့သူ့ချွေးမရောက်လာတာမြင်တော့ ထနှုတ်ဆက်လိုက်ပြီး အကုန်လုံးနဲ့ မိတ်ဆက်ပေးလိုက်သည်။
"အကုန်လုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကကျွန်တော့်သာ လီဂျန်ချောင်နဲ့ သူ့ကောင်မလေး ဂူရှန်ရှီပါ။ ဒါကတော့ ဟွာရှန်းဆေးထုတ်လုပ်ရေးက သခင်လေးနဲ့ ထျန်ဟူလုပ်ငန်းရဲ့ ပါတနာ မစ္စတာ ရှီဂျင်ဟွာ။ သူကိုတော့ နှစ်ယောက်လုံး သိမယ်လို့ ထင်ပါတယ်။ ဟွာရှန်း ဆေးထုတ်လုပ်ရေးရဲ့ အထွေထွေမန်နေဂျာ ချန်ဇီယန်နဲ့ ယွမ်မိသားစုရဲ့ သခင်လေးဂျန်ရှန်းပဲ"
လီဂျန်ချောင်နဲ့ ဂူရှန်ရှီ နှစ်ယောက်လုံး လီဒါစူမိတ်ဆက်ပေးပြီးတာနဲ့ ၂ယောက်လုံး ခေါင်းညွှတ်ပြီး နှုတ်ဆက်လိုက်သည်။ "မစ္စတာရှီကို တွေ့ဖူးပါတယ်။ မဂ်လာပါ မစ္စတာချန်။ မဂ်လာပါ သခင်လေးဂျန်..."
ရှီဂျင်ဟွာနဲ့ တခြား၂ယောက်ထိုင်နေရင်း လီဒါစူ မိတ်ဆက်ပေးတာလည်းကြားရော ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။ တစ်ဖက်မှာတော့ ဂိမ်းဆော့နေတဲ့ ဂျန်ရှန်းက သူတို့စကားဝိုင်းထဲ ဝင်မပါဘူး။ အခု၂ယောက်လုံးက သူ့ကို မိတ်ဆက်လာတော့ သူလီဂျန်ချောင်နဲ့ စကားမပြောစဖူး ပြောလိုက်ပေမယ့် လီဂျန်ချောင်က ထျန်ဟူလုပ်ငန်းရဲ့ မန်နေဂျာ ဖြစ်သွားတာလည်း သိလိုက်ရရော သူစကားပြောချင်စိတ် မရှိဖြစ်သွားသည်။
လီဂျန်ချောင်နဲ့ ဂူရှန်ရှီတို့ ၂ယောက်လုံးကတော့ ဒီကိစ္စအတွက် မကျေမနပ်မဖြစ်မိပါဘူး။ သူတို့၂ယောက်လုံး ယဉ်ယဉ်ကျေးကျေးပဲ။
လီဒါစူက ထျန်ဟူလုပ်ငန်းမှာ သန်းချီပြီးတော့ ရင်းနှီးမြှပ်နှံထားတာ။ လီဂျန်ချောင်ကလည်း နမ်ဂျန်းမြို့ထဲရောက်တာကြာနေပြီ။ ဒါပေမယ့် လူချမ်းသာတွေကြား ဝင်ဆံ့ဖို့ကတော့ နည်းနည်းကြားနေသည်။ အဓိက အကြောင်းအရင်းကတော့ လူချမ်းသာမိသားစု တော်တော်များများ လုပ်ငန်းစဖို့ ရင်းနှီးမြှပ်နှံသူတွေအပေါ်ပဲ အားကိုးတာ။ သူတို့က အဲ့လိုရင်းနှီးမြှပ်နှံတာတွေ မရှိတော့ အမြဲငြင်းခံရသည်။ ဒါပေမယ့် အရေးအကြီးဆုံးက လမ်းပြမရှိတာပဲ။
သူမစ္စတာရှီအကြောင်းကို ဟိုးအရင်ကတည်းက ကြားဖူးပြီးသား။ သူက သူဌေးမျိုးဆက်ရဲ့ ခေါင်းဆောင်လို့တောင် ပြောရတဲ့အနေအထားမျိုးမှာ ရှိနေတာ။ ဒီလူနဲ့သာ ရင်းနှီးထားရင် လီဂျန်ချောင်ရဲ့အဆင့်ကလည်း တက်သွားမှာ။နောက်ပြီး အတန်းဖော်ဟောင်းတွေနဲ့လည်း အနေအထားချင်း လုံးဝကွာသွားမှာ။
"ဂျန်ချောင် မင်းလည်း ထျန်ဟူလုပ်ငန်းရဲ့ မန်နေဂျာဖြစ်သွားပြီဆိုတော့ ထျန်ဟူ ဒုတိယလုပ်ငန်းရဲ့ အစီအစဉ်တွေကို ပြောပြပေးမယ်"
"ဟုတ်ကဲ့ပါအဖေ" လီဂျန်ချောင်လည်ချောင်းရှင်းပြီး ပြောလိုက်သည်။
အဲ့အချိန်မှာပဲ အခန်းတံခါးပွင့်လာသည်။ ဝင်လာတဲ့သူကတော့ ဒီအခန်းရောက်ဖို့ ပတ်ရှာနေရရှာတဲ့ ချင်းယွီ။
ချင်းယွီ တံခါးဖွင့်ပြီးတော့ သူတို့ထိုင်နေတဲ့ဆီကို လာလိုက်သည်။ ပြီးတော့ တံခါးကို စိုက်ကြည့်နေတဲ့ ဂူရှန်ရှီကို တွေ့လိုက်သည်။
ဒီလူ၂ယောက်က သူနဲ့တစ်ခန်းတည်း ဖြစ်နေတာလား။အဲ့လိုသာဆို အခန်းရှာဖို့ အဲ့လောက်ကြာနေမှာ မဟုတ်ဘူး....
ချင်းယွီ တွေးလိုက်သည်။
ဂူရှန်ရှီက လီဂျန်ရှောင်စကားပြောနေတာကို နားထောင်နေရင်းနဲ့ တံခါးကနေ ဝင်လာတဲ့ ချင်းယွီကို စိုက်ကြည့်နေသည်။ ခဏလောက် ကြောင်သွားပြီးမှ သတိပြန်ဝင်လာသည်။
တိုက်ဆိုင်နိုင်လိုက်တာ.....
ဒါပေမယ့် ချင်းယွီသာ ဒီကိုလာမှာသိရင် စားစရာလေးတွေ သယ်လာခိုင်းမှာပေါ့။
လီဂျန်ရှောင် စကားလည်း ပြောပြီးရော ဂူရှန်ရှီ ချင်းယွီဝင်လာတာကို လက်တို့ပြီး ပြလိုက်သည်။ လီဂျန်ရှောင်လည်း ဂူရှန်ရှီလက်တို့တာကိုကြည့်ပြီး ချင်းယွီ ဝင်လာတာကို မြင်တော့ ဝိတ်တာလာလုပ်ပေးတယ်ပဲ ထင်လိုက်သည်။
ပြုံးပြုံးလေးနဲ့ပဲ လူတိုင်းကို "ကဲ အားလုံးပဲ ဝိတ်တာ ရောက်လာပြီ။စားဖို့ မှာလို့ရပြီနဲ့တူတယ်"
လီဂျန်ရှောင်ပြောတာကို ကြားတော့ လီဒါစူ မျက်နှာပျက်ပြီး ရှီဂျင်ဟွာကို မေးခွန်းထုတ်သလို ကြည့်လိုက်မိသည်။