← Chapters

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း (၅၅)

Vol. 4 Ch. 55

ရှီဂျင်ဟွာလည်း မျက်နှာပျက်သွားသည်။ အဲ့အချိန်မှာပဲ ဂျန်ရှန်းဝင်ပြောလိုက်သည်။

"အစ်ကိုချင်း ရောက်မလာ သေးတော့ရော ဘာဖြစ်လဲ။ စောသေးတာပဲကို။ ဘာတွေလော နေတာလဲ။ ခုမှရောက်လာလည်း နောက်မကျသေးပါဘူး "

လီဂျန်ရှောင် ဒီလိုပြောတာလည်း ကြားရော နည်းနည်း လန့်သွားမိသည်။

မလာသေးတဲ့သူ နောက်တစ်ယောက် ရှိနေသေးတာပဲ...

"တောင်းပန်ပါတယ် သခင်လေးဂျန်။ ကျွန်တော့်အမှားပါ။ ဝိတ်တာကို ပြန်လွှတ်လိုက်ပါမယ်။ မလာသေးတဲ့ လူရှိသေးတာ မသိလိုက်လို့ပါ"

စကားပြောပြီးတော့ သူချင်းယွီကို ကြည့်လိုက်သည်။ သူဆက်ပြောတော့မယ့် အချိန်မှာပဲ ချင်းယွီဆီကစကားသံ ထွက်လာတော့သည်။

‌"တောင်းပန်ပါတယ် ဂျန်ရှန်းနဲ့ အစ်ကိုဟွာ။ အကြာကြီး စောင့်ခိုင်းလိုက်ရပြီနဲ့တူတယ်"

"အစ်ကိုချင်းရောက်ပြီပဲ" ဂျန်ရှန်းပြုံးပြီးတော့ ချင်းယွီဆီ လျှောက်သွားလိုက်သည်။

"ကျွန်တော်လည်း ပျင်းပျင်းနဲ့ ကိုကြီးလာတာ စောင့်နေတာ။ လာလေ ထိုင်ပါဦး"

ရှီဂျင်ဟွာလည်း မတ်တပ်ရပ်ပြီး ချင်းယွီနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူချင်းယွီကို ပြုံးပြီးတော့ "ညီလေးချင်း လာလေ ထိုင်။ဒီဘက်က အသိတွေနဲ့ မိတ်ဆက်ပေးမယ်"

"ကိုကြီးဟွာကတော့လည်း နှိမ့်ချနေပြန်ပါပြီ။ ရပါတယ် ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ဂျန်ရှန်းဘေးမှာပဲ ထိုင်လိုက်ပါမယ်"

ဘေးမှာရှိနေတဲ့ လီဂျန်ချောင်နဲ့ ဂူရှန်ရှီ၂ယောက်လုံး ကြောင်သွားသည်။

ချင်းယွီက ဝိတ်တာမဟုတ်ဘူးလား...?

သခင်လေးဂျန်နဲ့ မစ္စတာရှီ ၂ယောက်လုံး ချင်းယွီကို သိတယ်ပေါ့။ သူတို့စောင့်နေတဲ့ လူက ချင်းယွီတဲ့လား...

အဲ့လိုတွေးပြီး ၂ယောက်လုံး ပြာယာခတ်နေကြ၏။

ချန်ဇီယန်လည်း မတ်တပ်ရပ်ပြီး ချင်းယွီကို တစ်အံ့တဩကြည့်ပြီး နှုတ်ဆက်နေတာ တွေ့ရသည်။ သူလည်း ဂျန်ရှန်းထက်တောင် ပိုပြီး ချင်းယွီကို ဖော်ရွေနေတာ တွေ့ရသည်။

"မစ္စတာချင်း တိုက်ဆိုင်လိုက်တာ။ ခင်ဗျားရော အကုန်လုံးနဲ့ သိနေတာလား"

ဘာ!!!မစ္စတာချင်းတဲ့လား.....

ဒီစကားတွေ ထွက်လာတာနဲ့ အကုန်လုံး တိတ်ဆိတ်သွားသည်။ သခင်လေးချင်းဆိုတဲ့ စကားကြောင့်တော့ မဟုတ်ဘူး။ မစ္စတာချင်းဆိုတဲ့ စကားကြောင့် ဖြစ်သွားတာ။ ချန်ဇီယန်ပုံစံကြည့်ရတာ။ချင်းယွီက တော်တော်အရေးပါတဲ့လူလိုပဲ။

ဂျန်ရှန်းလည်း မျက်လုံးပြူးသွားပြီးတော့ "အစ်ကိုချင်း ကျွန်တော့်ကို မပြောပြရသေးတဲ့ ကိစ္စတွေရှိနေသေးတာလား။ မစ္စတာချန်နဲ့သိရုံတင် မဟုတ်ဘဲ လေးလေးစားစားနဲ့တောင် မစ္စတာလို့ ခေါ်နေသေးတယ်"

ချင်းယွီ ဂျန်ရှန်း‌ ပြောနေတာတွေကို လျစ်လျူရှုပြီးတော့ ချန်ဇီယန်ကို ပြုံးပြလိုက်၏။

"ဟာ ဥက္ကဌချန်ကလည်း မစ္စတာချင်းလို့ မခေါ်ပါနဲ့။ တစ်ခါပဲတွေ့ဖူးထားတာကို နာမည်ပဲခေါ်ပါဗျာ"

ချန်ဇီယန်လည်း ပြန်ပြုံးပြပြီးတော့

"အဲ့လိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလို့ သတ်မှတ်လို့ ရပြီပဲ။ ဒါဆိုရင် ကျွန်တော် ခင်ဗျားကို ညီလေးလို့ ခေါ်မယ်လေ။ ခင်ဗျား ကျွန်တော့်ကို ကိုကြီးလို့ခေါ်လေ။ ဘယ်လိုလဲ"

"မစ္စတာချန်က ဒီလိုပြောမှတော့လည်း ကျွန်တော် ကိုကြီးချန်လို့ပဲ ခေါ်ပါတော့မယ်"

လီဒါစူ ခုနကတည်းကကို မထိုင်ရဲပဲ ဆက်တိုက် မတ်တပ်ရပ်နေသည်။ သူ့မျက်နှာပေါ်မှာ သိချင်စိတ်တွေ၊ အံ့ဩမှုတွေနဲ့ ပြည့်နှက်နေသည်။

အဲ့အချိန်မှာ ချန်ဇီယန်က ပြုံးပြီးတော့ လေးစားသမှုနဲ့ "ဒါကတော့ ထျန်ဟူ လုပ်ငန်းစုရဲ့ ဥက္ကဌလီဒါစူပါ။ ဒီဘက်ကတော့ မစ္စတာချင်းယွီပါ" ချန်ဇီယန် ဘေးကိုလှည့်ပြီးတော့ မိတ်ဆက်ပေးလိုက်သည်။

"မဂ်လာပါ မစ္စတာချင်း။"

"ဘော့စ်လီဖြစ်နေတာပဲ။ ဒီနေ့တော့ ဘော့စ်လီကို နှောင့်ယှက်ဖို့ လာခဲ့မိပြီ။"

"မစ္စတာချင်းရာ ဘာပဲဖြစ်ဖြစ် ဒီကိုလာတာ ကျွန်တော့်ကိုမျက်နှာသာပေးဖို့ပဲမလား"

"ဘော့စ်လီ ကျွန်တော့်ကို မစ္စတာချင်းလို့ မခေါ်ပါနဲ့။ ဒီတိုင်း နာမည်ပဲတပ်ခေါ်ပါ"

"ဟုတ်ကဲ့ပါ သခင်လေးချင်း"

လီဂျန်ချောင် ရုပ်တည်ကြီးနဲ့ ကြည့်နေမိသည်။

ဒါတွေ အားလုံးက သူ့အတွက် တကယ်မဖြစ်နိုင်ဘူး...။

သူအမြဲအထင်သေးခဲ့တဲ့ အတန်းဖော်ဟောင်းကို ချီးမွမ်းနေတာတဲ့လား...။

ချင်းယွီက ရှချန်းမြို့က ဘာနောက်ခံမှမရှိတဲ့ ဆင်းရဲသား...။

သူ့‌အဖေက တစ်မြို့လုံးကသိတဲ့ စီးပွားရေးသမား...။

နှစ်ယောက်သား အဆင့်ကလုံးဝကွာခြားနေတာကို ချင်းယွီက အခုသူဌေးဖြစ်လာတယ်တဲ့လား...။

သူဒီကိစ္စတွေကို လက်မခံနိုင်ဘူး။ သူ့ဘေးက ဂူရှောင်ရှီကို တွန်းလိုက်မိပြီး သူတောင်သတိမထားမိဘဲ မတ်တပ်ရပ်လိုက်မိသည်။ အခုသူတို့အဆင့်က ဘယ်လိုပဲ ကွာနေပါစေလေ။ သူ့ဘေးကလူအကုန် မတ်တပ်ရပ်နေတာကို သူဘယ်လိုလို့ ထိုင်နေနိုင်မလဲ။

သူများတွေ အကုန်ထိုင်ပြီးမှ ချင်းယွီ ဂျန်ရှန်းဘေးမှာထိုင်လိုက်သည်။

"မစ္စတာချင်း မိတ်ဆက်ပေးရဦးမယ်။ ဒီ၂ယောက်က ကျွန်တော့်သား လီဂျန်ချောင်နဲ့ ချွေးမလေး ဂူရှန်ရှီပါ"

လီဒါစူ မိတ်ဆက်‌‌ေပးပြီး ဝိတ်တာကို အစားအသောက်တွေ မှာပြီး မြန်မြန်လေး ထိုင်လိုက်သည်။ လီဂျန်ရှောင်နဲ့ ဘေးက တစ်ယောက်ကတော့ ဘာမှမလုပ်ရဲဘူး။

သူမြန်မြန်ထပြီးတော့" မစ္စတာချင်း မဂ်လာပါ" လို့နှုတ်ဆက်လိုက်သည်။

ချင်းယွီအသားလေး ခေါင်းညိတ်ပြလိုက်သည်။ ဒီ၂ယောက်က သူ့အတန်းဖော်ဟောင်းတွေ ဆိုတာကိုတော့ ထုတ်မပြောတော့ဘူး။

ဂူရှန်ရှီရဲ့ မျက်လုံးတွေက ရှုပ်ထွေးနေပြီး သူ့ရင်ထဲမှာလည်း ခံစားချက်တွေ ရောထွေးနေလေသည်။ သူအခု ချင်းယွီနဲ့ လီဂျန်ရှောင်ကို ယှဉ်နေမိသည်။ ၂ယောက်လုံးအခြေအနေက မိုးနဲ့မြေလိုပဲ။ သူ့ကိုယ်သူ ဘယ်လောက်တုံးလဲဆိုတာလည်း ခုမှသဘောပေါက်သွားသည်။ တစ်ချို့လူတွေက သူတို့ဘယ်သူလည်း ဆိုတာ ထုတ်မပြကြဘူး။ ဒါပေမယ့် သူတို့၂ယောက်ကတော့ တစ်ချိန်လုံး ငါကွဆိုပြီး ကြွေးကြော်မိနေခဲ့တာပဲ။

"လီဂျန်ချောင်။ ခင်ဗျား ကျွန်တော့်အစ်ကိုကြီးကို ဝိတ်တာဆိုပြီး ခေါ်လိုက်တယ်နော်။ ခင်ဗျားမျက်လုံးတွေ ဘယ်ရောက်နေတာလဲ" ဂျန်ရှန်း ခပ်ရိုင်းရိုင်းပဲ မေးလိုက်တော့သည်။

ဒီစကားကိုကြားတော့ လီဂျန်ချောင် ခဏလောက် ကြောင်သွားပြီးတော့ မျက်နှာပျက်သွားသည်။

"ဂျန်ရှောင် ရိုင်းလိုက်တာ။ မြန်မြန် မစ္စတာချင်းကို တောင်းပန်လိုက်စမ်း" လီဒါစူသူ့သားကို ဆူလိုက်သည်။

"သခင်လေးချင်း ကျွန်တော် မှားသွားပါတယ်။ တကယ်တောင်းပန်ပါတယ် " လီဂျန်ချောင် ဘာမှမတတ်နိုင်ဘဲ တောင်းပပန်လိုက်ရ‌ တော့သည်။

ကော်ရစ်တာမှာတွေ့တိုင်း သူ့ကိုယ်သူ အမြဲဂုဏ်ဖော်နေတဲ့ တစ်‌ယောက်။ သူလည်းအရင်တုန်းက ဘာမှမတတ်နိုင်ခဲ့တာမို့ ဂျန်ရှောင်ကို အမြဲတောင်းပန်ခဲ့ရတာ။ အခုတော့...

"တောင်းပန်စရာမလိုပါဘူး။ အတန်းဖော်ဟောင်း အချင်းချင်းပဲဟာကို။ ငါနယ်ဘက်ကဆိုတာ မင်းလည်းသိတာပဲ။ အဲ့တာကြောင့် ဝိတ်တာလို့ ထင်သွားတာ နားလည်ပေးလို့ရပါတယ်" ချင်းယွီ အေ‌းအေးဆေးဆေးနဲ့ပဲ သူ့အကြောင်းပါ ထည့်ပြောလိုက်သည်။

"အာ အတန်းဖော်ဟောင်းတွေပဲ။ အရင်က ဘယ်ကျောင်းတူတူတက်ခဲ့ကြတာလဲဗျ။ ဂျန်ရှောင်မှာ ချင်းယွီလိုအတန်းဖော်မျိုး ရှိနေမယ် ထင်တောင်မထင်ထားဘူး"

အဲ့အချိန်မှာ ဂူရှန်ရှီ ဝင်ပြီး‌ပြောလိုက်သည်။ "ဦးလေး သမီးပြောပါရစေ။ သခင်လေးချင်းရယ် သမီးရယ် ဂျန်ရှောင်ရယ်က ရှချန်းမြို့က အထက်တန်းကျောင်းတူတူ

တက်ခဲ့ကြတာပါ"

ဂူရှန်ရှီလည်းပြောပြီးရော ဘေးက၂ယောက်လည်း ထိုင်လိုက်ကြသည်။

All Chapters