← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

"သခင်လေးချင်းလည်း ရှချန်းမှာ ကျောင်းတက်ခဲ့တာပေါ့။ အဲ့လိုသာဆို မြို့ချင်းတူတာပဲ" လီဒါစူ ရယ်လိုက်သည်။

"ဘောစ့်လီပြောတာ မှန်ပါတယ်။ ကျွန်တော့်‌ မွေးရပ်မြေက ရှင်းရီချောင် ရှချန်းပါ"

"ဟုတ်တာပဲ သခင်လေးချင်းနဲ့ ဂျန်ချောင်နဲ့က ကျောင်းတူတယ်ဆိုတော့ ရှချန်းကပဲပေ့ါ။ နောက်ကြ အခွင့်အရေးရရင် အိမ်ကို လာလည်ပါဦးနော်။ သခင်လေးချင်းကို အကောင်းဆုံး ဧည့်ခံပေးမှာပါ"

"ဘော့စ်လီက ဒီလိုပြောမှတော့ ကျွန်တော်လည်း ဒုက္ခပေးရတော့မှာပေါ့" ချင်းယွီလည်း ရယ်လိုက်သည်။

စကားပြောရင်းနဲ့ ဟိုဟိုဒီဒီ ဆွေးနွေးကြ‌ပြီးတော့ အရက်လည်း တူတူ သောက်ကြသည်။ စားစရာတွေလည်း တူတူစားကြသည်။ ချင်းယွီကတောဘက်ကလည်း ဆိုတာကြားရော လီဒါစူရဲ့ ချင်းယွီအပေါ် ဆက်ဆံတဲ့ပုံစံက မသိမသာလေး ပြောင်းသွားသည်။ ပထမတုန်းကလို တရိုတသေတော့ မဟုတ်တော့ဘူး။ ရှီဂျင်ဟွာကတော့ ပုံမှန်ပဲ။ ဒါပေမယ့် ချန်ဇီယန်ကတော့ ချင်းယွီအပေါ်ကို အမြဲ လေးလေးစားစားနဲ့ပဲ ဆက်ဆံတယ်။

ဝိုင်ကလည်း သောက်လို့ကောင်းပြီး စားစရာတွေကလည်း ပေးရတဲ့ဈေးနဲ့ တန်သည်။ အကုန်လုံး တစ်ခွက်စီလောက် သောက်ပြီးတော့ ဂျန်ရှန်းလည်း မနေနိုင်တော့ပဲ မေးလိုက်သည်။

"အစ်ကိုချင်း ဂျန်ယွမ် ဟိုတယ်ကို ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ကိုကြီးဟွာရဲ့ ရှယ်ယာတွေလည်း ဝယ်ပြီးသွားပြီလေ။ တခြားသူတွေရဲ့ ရှယ်ယာတွေပါ ဝယ်ထားသေးလား"

"ညီလေးချင်း ဂျန်ရှန်းပြောသလိုသာဆို ဂျန်ယွမ် ဟိုတယ်ရဲ့ တခြားရှယ်ယာတွေပါ ဝယ်ချင်‌ေနသေးတာလား"ရှီဂျင်ဟွာလည်း အံ့ဩပြီးမေးလိုက်၏။

လီဒါစူလည်း နည်းနည်း အံအားသင့် သွားပြီး ရှီချင်ဟွာကို မေးလိုက်သည်။

" သခင်လေးချင်းဆီကို ရှယ်ယာတွေ လွှဲပေးလိုက်ပြီလို့ ပြောလိုက်တာလားဗျ"

"ဟုတ်တာပေါ့ ကျွန်တော့်ရှယ်ယာတွေကို သခင်လေးချင်းက သန်း၃၀နဲ့ ဝယ်သွားတာလေ"

သန်း၃၀!!! လီဒါစူ ပိုပြီးအံ့အား သင့်သွားသည်။

"သခင်လေးရှီ လာနောက်မနေပါနဲ့။ ‌မနေ့တုန်းက သန်း၂၀လို့ ပြောထားတာ မလား"

"ဥက္ကဌယွမ်နဲ့ ဆွေးနွေးထားတာ ကတော့ အဲ့ဈေး ဟုတ်တယ်။ သခင်လေးချင်း ရောက်လာပြီးတော့ သန်း၃၀နဲ့ လုသွားတယ်လို့ပဲ ပြောရမှာပေါ့‌ဗျာ ဟားဟား။"

"အော် နားလည်ပါပြီ" လီဒါစူ ချင်းယွီကို ပြန်ကြည့်လိုက်သည်။

"ညီလေးချင်း ကျွန်တော်မေးတာ မဖြေရသေးဘူးနော်။ ဂျန်ရှန်းပြောတာ တကယ်ပဲလား။ တကယ်ကြီး ဂျန်ရှန်းဟိုတယ် တစ်ခုလုံးကို ဝယ်ချင်နေတာလား"

ရှီဂျင်ဟွာ ထပ်မေးလိုက်သည်။

"ဂျန်ရှန်းပြောတာ မမှားပါဘူး။ အစကတည်းက ဂျန်ယွမ်ဟိုတယ် တစ်ခုလုံးကို ဝယ်ဖို့စီစဉ်ထားတာ။ အခုအောင်မြင်သွားပြီဆိုတော့ ကိုကြီးဟွာကိုပဲ ကျေးဇူးတင်ရမယ်ပြောရမှာပေါ့ဗျာ..."

"အဲ့တာဆို စုစုပေါင်း ဘယ်လောက်သုံးခဲ့ရတာလဲ" ရှီဂျင်ဟွာ ချင်းယွီစကားပြောနေတာကို ဖြတ်ပြီး‌မေးလိုက်၏။

"ကိုကြီးဟွာ ရှယ်ယာကို ဝယ်သလောက် ဈေးနဲ့ပါပဲ။ သန်း၁၂၀လောက်ပေါ့" ရှီဂျင်ဟွာ ယုံတောင် မယုံနိုင်ဘူး။

အဲ့ချိန်မှာ ချင်းယွီဖုန်း မြည်လာသည်။ ဖုန်းကိုင်လိုက်တော့ ဂျန်ယွမ်ဟိုတယ်က အမဝမ်ခေါ်တာ ဖြစ်နေသည်။ ရှယ်ယာ အလွှဲအပြောင်းလည်း ပြီးသွားပြီ။ ဂျန်ယွမ်ဟိုတယ်ကလည်း ချင်းယွီနာမည်အောက်မှာ ဖြစ်သွားပြီး ယွမ်ဇန်ဂန်ကိုလည်း ရှယ်ယာလွှဲပြောင်းခတွေရယ် အခွန်တွေရယ်ပေးဖို့လည်း ပြောပြီးပြီလို့ ပြောလာတယ်။ ယွမ်ဇန်ဂန်ဘက်က ဟိုတယ်ရှယ်ယာသုံးပြီး ၈သိန်းပေးတယ် လို့ ပြောသည်။

ဒါတွေကို ကြားလိုက်ရတော့ ယွမ်ဇန်ဂန်ဘက်က ချင်းယွီဘက်ကို တမင်လုပ်ပေးနေတာကို သိလိုက်သည်။

အဲ့သိန်းဂဏန်းလောက်ကို သူဂရုမစိုက်ပါဘူး...

သူ့ကသာ ငွေတွေကို ဘယ်လိုသုံးရမလဲ မသိပေမယ့် တခြားလူတွေကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ မကောင်းတာတွေ လုပ်နေကြတာပဲ...

ဒီလိုတွေ ဖြစ်လာပြီးတော့ အဆင့်၅ကို အဆင့်မြှင့်ဖို့ သူတော်တော် စိတ်လှုပ်ရှားလာသည်။ ဖုန်းချလိုက်တော့ သူမဖတ်ရသေးတဲ့ စာတစ်စောင်ကို တွေ့လိုက်သည်။ မက်ဆေ့ဂ်ျထဲမှာ ရေးထားတာက ဂျန်ယွမ်ဟိုတယ်က သူ့နာမည်အောက်မှာ ဖြစ်သွားပြီဆိုတာ ရေးထားတာ။

ချင်းယွီ ရှီဂျင်ဟွာကို "အခုလေးတင် ဂျန်ယွမ်ဟိုတယ်ရဲ့ ငွေကြေးမန်နေဂျာက ဟိုတယ်က ကျွန်တော့်နာမည်နဲ့ ဖြစ်သွားပြီလို့ ပြောတယ်"

ချင်းယွီအဲ့လိုပြောတာ ကြားတာနဲ့ လူတိုင်းတစ်ခုတော့ သိသွားတယ်...။

အဲ့တာကတော့ သူတို့အခုထိုင်နေတဲ့ ‌ဟိုတယ်က ချင်းယွီအပိုင် ဆိုတာပဲ။

ဂျန်ရှန်းနဲ့ ချန်ဇီယန်ကတော့ ဒါကိုသိတာ ကြာပြီ။ ကျန်တဲ့သူတွေကတော့ ခုမှသိတာပေါ့။ ဘာမှတော့ ကွာမသွားပါဘူး။ အဲ့ထဲမှာ အဆိုးဆုံးကတော့ လီဂျန်ချောင်နဲ့ ဂူရှန်ရှီပေါ့ သူတို့ကချင်းယွီ ဘယ်သူလဲဆိုတာ ခုမှသိတာ။ အံ့ဩပြီးတော့ ခုထိလက်မခံနိုင်သေးဘူး။ သူတို့အတန်းဖော်ဟောင်းက သူ့အသိမိတ်ဆွေတွေကြောင့်မို့ အခုလိုသာနေတယ်လို့ပဲ ထင်တယ်။ ထင်မထားတာက သူ့တကယ်ကြီး ဟိုတယ်ဝယ်ဖို့ သန်း၁၂၀သုံးခဲ့တယ် ဆိုတာကိုပဲ။ အဲ့ပိုက်ဆံက သူတို့လီမိသားစုရဲ့ ပိုင်ဆိုင်မှုထက်တောင် ပိုများနေသေးသည်။ သူ့အဖေက တစ်ဖက်လူလောက် မသာဘူးဆိုပေမယ့် လီဂျန်‌ေချာင်ကတော့ ချင်းယီနဲ့ပဲ လိုက်ပြိုင်ချင်နေမိသည်။

လီဂျန်‌ေချာင် အသာလေး ပြုံးလိုက်သည်။ သူဘယ်သူ ဘယ်ဝါလဲဆိုတာ လက်လွှတ်ပြီးတော့ ချင်းယွီနဲ့ ပြန်အဆင်ပြေအောင် နေဖို့ပဲ ဆုံးဖြတ်မိသည်။ အဲ့တာမှနောက်ကြရင် သူ့ကို အသုံးချပြီးတော့ လူချမ်းသာတွေရဲ့ အသိုင်းအဝိုင်းထဲ ဝင်လို့ရရင် ရမှာပေါ့။

ဂူရှန်ရှီကတော့ နောင်တရ နေတော့၏။

သူတို့အတန်းထဲမှာ ဘာလို့ဖုံးကွယ်ထားတဲ့ လူချမ်းသာမျိုးဆက်လေးက ရှိနေတာကို မသိခဲ့ရတာလဲ။

သူရယ်နေကြအတိုင်း ရယ်လိုက်သည်။ အဲ့အချိန်မှာ သူချင်းယွီနဲ့ စီလုနဲ့‌ လမ်းခွဲထားတာကို တွေးလိုက်မိသည်။

စီလုက တကယ်ကံမကောင်းတာပဲ...

လီဂျန်‌ေချာင်နဲ့လည်း မတွဲလိုက်နိုင်ဘူး...

လီဂျန်‌ေချာင်ထက် ပိုသာတဲ့ လူကိုလည်း ဆုံးရှုံးလိုက်ရတယ်...

စီလုကိုယ်တိုင်က ချင်းယွီက ဆင်းရဲလွန်းလို့ ထားခဲ့ပြီး နောက်တစ်ယောက်နောက် ကောက်ကောက်ပါအောင် လိုက်သွားတယ် ပြောခဲ့တာ။စီလုသာ ဒါတွေသိရင် တိုက်ပေါ်ကတောင် ခုန်ချမလားပဲ။ သူသာစီလုနေရာမှာဆို တိုက်ပေါ်က မခုန်ချရင်တောင် ရူးသွားလောက်မှာ။ သူချင်းယွီကို ကြည့်လိုက်တော့ ချင်းယွီဆီက ထွက်နေတဲ့ အလင်းရောင်တွေကြောင့် သူ့ဘေးက လီဂျန်ချောင်တောင် မှေးမိန်သွားသလိုပဲ။

"ညီလေးချင်းက တကယ်ကို မယုံနိုင်လောက်စရာပဲ။ ညီလေးချင်းကြောင့် လူချမ်းသာတွေက ဒီလိုမျိုးပါလားဆိုပြီး ကိုယ့်ကိုယ်ကိုတောင် ဆင်းရဲတယ်လို့ ထင်မိသွားတယ်။သန်း၃၀ကိုတောင် အသာလေး သုံးလိုက်တာ။ အစောတုန်းက အထင်သေးမိသလိုတောင် ဖြစ်သွားတယ်"

အဲ့အချိန်မှ ဂျန်ရှန်းက "ကိုကြီးဟွာ ပြောတာမှန်တယ်။ ကျွန်တော်တို့ကတော့ အစ်ကိုချင်းနဲ့ယှဉ်ရင် အလကား ကြွားနေမိသလို ဖြစ်သွားတာပဲ။ အခုကစပြီးတော့ အစ်ကိုချင်းနဲ့ပဲ နေတော့မယ်"

"ငါ့ကို နောက်မနေစမ်းပါနဲ့။ သန်း၁၀၀ဆိုတာ ဖြုန်းလိုက်တာမှ မဟုတ်တာ။ ဟိုတယ်မှာ ရင်းနှီးမြှပ်နှံရမယ့် နေရာကို သုံးလိုက်ရတာလေ။ သေချာတွေးကြည့်ရင် မခက်ပါဘူး"

"သခင်လေးချင်းက အရမ်းနှိမ့်ချတတ် တာပဲ။ ဟိုတယ်ဝယ်ဖို့တောင် ဒီလောက်ငွေပမာဏကို သုံးနိုင်တာပဲ။ ကျွန်တော် ရှက်မိပါတယ်။ ကျွန်တော် တစ်ခွက်လောက်ငဲ့ပေးပါရစေ" လီဂျန်ချောင် ထပြီး ပြောလာသည်။

ချင်းယွီခွက်ထဲကို အတင်းထည့်ပေးလာ‌ေတာ့ ချင်းယွီလည်း မတတ်သာပဲ သောက်လိုက်ရသည်။

"သခင်လေးချင်း မြေကွက်တွေ ဘာတွေ ရင်းနှီးမြှပ်နှံရတာ စိတ်ဝင်စားလား မသိဘူး။ ကျွန်တော့်လက်ထဲမှာ အရမ်းအဆင့်မြင့်တဲ့ ပရောဂျက်တစ်ခု ရှိနေလို့ပါ။ သခင်လေးချင်းသာ ရင်းနှီးမြှပ်နှံချင်ရင် အမြတ်အစွန်း အများကြီး ရလာမယ့် ဟာမျိုးပါ" လီဒါစူကတော့ ပြုံးပြီးတော့ သူ့စိတ်ထဲမှာ ရှိနေတဲ့အကြံတွေကို ပြောလိုက်သည်"

ချင်းယွီဝိုင်ခွက်ကို ချလိုက်သည်။ ရှီဂျင်ဟွာလည်း စိတ်ဝင်စားသွားပြီး ချင်းယွီ ပြန်ဖြေမှာကို စောင့်နေလိုက်သည်။

All Chapters