← Chapters

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇)

Vol. 4 Ch. 57

ချင်းယွီရင်းနှီးမြှပ်နှံရတာတွေ ဘာတွေကို စိတ်ဝင်စားပေမယ့် သူထန်ရှင်နဲ့ ကုမ္ပဏီသစ် ထောင်ဖို့ကလည်း ရှိနေသေးတာ။

လီဒါစူကတော့ လုပ်ငန်းအကြောင်းကို သေချာရှင်းပြ၏။ နောက်ကြရလာမည့် အမြတ်အစွန်းတွေနဲ့ ထျန်ဟူ လုပ်ငန်းက အကျိုးအမြတ်တွေကိုလည်း ရှင်းပြသည်။ စုစုပေါင်း လိုနေတဲ့ငွေပမာဏက သန်း၂၃၀။ ၁၆၀ ရင်းနှီးမြှပ်နှံပြီးသွားပြီ။ ပြီးတော့ ကျန်တဲ့ဟာကိုလည်း သူတို့မိသားစုက ရင်းနှီးမြှပ်နှံထားတော့ သန်း၄၀လောက်ပဲ လိုသည်။ ရှီဂျင်ဟွာကတော့ သန်း၂၀ ရင်းနှီးမြှပ်နှံချင်သည်။ ယွမ်ဇီဟန်ကတော့ ၅သိန်းရင်းနှီးမြှပ်နှံချင်နေသည်။အဲ့တော့ ချင်းယွီစိတ်ဝင်စားလို့ ရင်းနှီးမယ်ဆို ၁၅သန်းထည့်ရမယ်။

"ကိုကြီးဟွာကလည်း သန်း၂၀ရင်းနှီးမြှပ်နှံမှာလား။ ဒီပရောဂျက်ကို တော်တော် သဘောကျတဲ့ပုံပဲ"

"ဒီမြေကွက်က ဘော့စ်လီပြောသလိုပဲ။ ပရောဂျက်ကောင်း ဆိုတော့ ညီလေးချင်းလည်း ဝင်ပါပြီး ရင်းနှီးမြှပ်နှံသင့်တယ်နော့်"

ချင်းယွီခေါင်းညိတ်လိုက်သည်။ သူရှီဂျင်ဟွာ ပြောတာလည်း ယုံသည်။ ဒီငွေပမာဏက သူ့အတွက် နည်းနည်းလေးပါ။ ပြီးတော့ ကုမ္ပဏီကလည်း မ‌ေထာင် ရသေးတော့ ထန်ရှင်နဲ့ ဆွေးနွေးဖို့ကလည်း အချိန်မရဘူး။ သူကိုယ်တိုင် ဝင်ပါရအောင်လည်း ၁၅သန်းလောက်နဲ့ အချိန်မဖြုန်းချင်ဘူး။ သူခုမှတွေးမိတာ လီဒါစူက ၁၅သန်း လိုသေးတယ် ပြောပေမယ့် သူ့ကို ၁၅သန်းလုံး ထည့်ရမယ်လို့မှ မပြောတာ။ ထျန်ဟူလုပ်ငန်းက အရောင်းဖွင့်တော့မယ့် လုပ်ငန်းကြီး။ ရုတ်တရက်ကြီး ရင်းနှီးမြှပ်နှံဖို့ထက် ဘေးက တိုက်ခန်းတွေ ဝယ်တာက ပိုအဆင်ပြေမယ်။ ပြီးတော့ စနစ်က တာဝန်တွေလည်း လုပ်ရဦးမယ်။ သူဒီနေ့ ၃၅သန်းသုံးပြီးပြီ။နောက်ထပ် ၂၂သန်း သုံးရဦးမယ်။ နောက်ထပ်မစ်ရှင်ကလည်း လုပ်လို့ပြီးသွားပြီ။

"ဘောစ့်လီ လောလောဆယ်တော့ ရင်းနှီးမြှပ်နှံဖို့ကို စိတ်မဝင်စားသေးဘူး။ ဒီဘက်မှာလည်း လုပ်လက်စ လုပ်ငန်းလေးတွေ ရှိနေသေးလို့လေ။ တကယ်လို့ လုပ်ငန်းစဖို့ မလောသေးရင် နောက်မှ ပြောကြရအောင်"

အဲ့တော့လီဒါစူက မပြုံးတပြုံးလေးနဲ့

"သခင်လေးချင်းက သိပ်‌သဘော မပေါက်သေးဘူးပဲ။ ကျွန်တော့်အလျင်လိုနေလို့ ရင်းနှီးမြှပ်နှံဖို့ကို ပြောမိတာပါ။ လောလောဆယ် ဆောက်လုပ်ရေးက ရပ်ထားရလို့ ထျန်ဟူလုပ်ငန်းဘက်ကလည်း ဆုံးရှုံးထားရတာ သိန်း၁ထောင်ကျော်နေပြီလေ။ သခင်လေးချင်းက ဒီလိုပြောတော့လည်း ရပါတယ်။ ကျွန်တော်အတင်း မပြောပါဘူး။ နောက်ကြမှပဲ တူတူ အလုပ်လုပ်ကြတာပေါ့။ အခွင့်အရေး ရှိဦးမှာပါ"

"အခု ရင်းနှီးမြှပ်နှံဖို့က သန်း၁၆၀လိုသေးတယ်လို့ပြောတယ်နော်။ အရင်လုပ်ငန်းက သန်း၄ဝနဲ့နှုတ်ရင် သန်း၁၂၀လောက်ဖြစ်သွားမှာလား။ သန်း၁၂၀လောက် ရင်းနှီးရမယ်ဆိုရင်တော့ စိတ်ဝင်စားပါတယ်"

လီဒါစူ အံ့ဩသွားပြီး "မစ္စတာချင်း အခုပြောတာကို မှတ်ထားမယ်နော်။ နောက်ကြမှ ရင်းနှီးဖို့ လာပြောရင် စိတ်မဆိုးကြေးပေါ့ဗျာ ဟားဟား"

ချင်းယွီပြုံးလိုက်ပြီး "မပူပါနဲ့ ဘော့စ်လီ။တစ်ခါပြောဖူးရင် အမြဲတမ်းအတွက် အကြုံးဝင်ပါတယ်"

စကားဝိုင်းက လမ်းကြောင်းကလည်း ပြောင်းသွားတော့သည်။

"မစိုးရိမ်ပါနဲ့။ ဒီအချိန်အတွင်းမှာပဲ ထျန်ဟူ မြေဈေးတွေကလည်း တက်လာမှာပါ။ ကျွန်တော်လည်း တွေ့ပါတယ်။ ထျန်ဟူမြို့လယ်အတွက် အရောင်းတွေက မနက်ဖြန် ဖွင့်တော့မယ်မလား။ ကျွန်တော် အဆောက်အဦး၂ခုလောက် အပျော်သဘောလေး ဝယ်ချင်လို့လေ။ ကျွန်တော့်ကို လျော့ဈေးလေး ဘာလေးများပေးဦးမလားဗျ"

"အာ သခင်လေးချင်းက အိမ်ဝယ်ချင်တာပဲ။ လျော့ဈေးတွေ ဘာတွေ လုပ်မနေပါနဲ့။ တစ်ခါတည်း တိုက်ခန်း၂ခု တိုက်ရိုက်ပေးပါ့မယ်" လီဒါစူ ရက်ရက်ရောရောပဲ ပေးဖို့ပြင်လိုက်ချိန်မှာပဲ သူ့ဘေးက လီဂျန်‌ချောင် ဆီက အသံထွက်လာသည်။

"အဖေ သခင်လေးချင်းက အဆောက်အဦး ဝယ်ချင်တယ်ပြောတာလေ။တိုက်ခန်းမဟုတ်ဘူး"

"ဟင်...သခင်လေးချင်းက အဆောက်အဦး ဝယ်ချင်တာလား " လီဒါစူ ချင်းယွီပြောတာကို ပြန်အတည်ပြုဖို့ လုပ်လိုက်သည်။

"မစ္စတာလီ၊ မစ္စတာချင်းက အခုလေးတင် နန်ယွမ်ဗီလာမှာ သိန်း****လောက်ရှိတဲ့ အိမ်ယာတစ်ခု ဝယ်လာတာ။ ခင်ဗျား မြေထဲက နှာခေါင်းပေါက်လေး မြေလေးကို စိတ်ဝင်စားပါ့မလား" ချန်ဇီယန်လည်း မနေနိုင်ပဲ ဝင်ပြောလိုက်သည်။

လီဒါစူ ခေါင်းညိတ်လိုက်ပြီး " သခင်လေးချင်းက အဲ့မှာ ဗီလာဝယ်ခဲ့တာပဲ။ ဒါပေါ့ သခင်လေးချင်းက အဆောက်အဦး ဝယ်ချင်မှတော့ အဆင်ပြေအောင် စီစဉ်ပေးရမှာပေါ့။ သခင်လေးချင်းနဲ့ သင့်တော်မယ့် အကောင်းဆုံး နေရာကို ရွေးပေးပါ့မယ်။

ဂျန်ရှောင်...ထျန်ဟူမြို့လယ်မှာ ဘယ်နေရာက အကောင်းဆုံးလဲသိလား။ အဆောက်အဦး၁ခုလုံးလည်း ဘယ်သူမှဝယ်မထားတာမျိုး ဖြစ်နေရမယ်"

အဲ့တော့ လီဂျန်ချောင်က "အဖေ...အကောင်းဆုံးနေရာကတော့ အဆောက်အဦးနံပါတ်(၃)နဲ့ အဆောက်အဦးနံပါတ်(၅)ပါ"

လီဒါစူ ခေါင်းညိတ်လိုက်ပြီးတော့ "သခင်လေးချင်း အဲ့တာဆိုလည်း အဲ့ဒီအဆောက်အဦး ၂ခု သွားကြည့်ကြရအောင်လေ။ ဘယ်လိုထင်လဲ"

"ရပါတယ်။ သွားကြည့်ကြတာပေါ့"

"ဈေးကတော့ ဝူဗန်နယ်မြေထဲဆို‌ေပမယ့် အဲ့မြေက ဆောက်လုပ်ရေးတွေ စလုပ်နေဆဲ နေရာဆိုတော့ သိပ်မများပါဘူး။ ကွာတားမီတာ ၁၃၀လောက်ကို သိန်း၄၅၀လောက်ပဲရှိမှာပါ။ အဆောက်အဦးတစ်ခုလုံးဆိုရင်တော့ မူရင်းဈေးက ၆သန်းနဲ့ ၈၄သိန်းဆိုပေမယ့် သခင်လေးချင်းသာ ဆိုရင်တော့ ၅သန်းအတိနဲ့ပဲ ပေးလိုက်ပါ့မယ်"

"အဆောက်အဦးတစ်ခုလုံးမှ ၅သန်းတဲ့လား။ ဘော့စ်လီ အရှုံးပေါ်နေပါဦးမယ်" ချင်းယွီရယ်ပြီးတော့ ပြောလိုက်သည်။

"မပူပါနဲ့ သခင်လေးချင်း။ အမှန်အတိုင်းပြောရရင် အမြတ်နည်းနည်း ကျန်ပါတယ်"

"ကျွန်တော်ကတော့ ဘော့စ်လီကို အခွင့်အရေးမယူချင်ပါဘူး။ ၅သန်းခွဲနဲ့ ဈေးဖြတ်ပေးပါ။ အဆောက်အဦးကိုလည်း ၂ခုမဟုတ်ဘဲ ၄ခုယူပါ့မယ်။ အဲ့တာဆိုရင် ၂၂သန်း‌ပေါ့"

"သခင်လေးချင်း...သခင်လေးချင်းက အဆောက်အဦး ၄ခု ယူမယ်ပြောတာလား။ အဆောက်အဦးတစ်ခုလုံး ၄သန်းနဲ့ ယူမယ် ပြောတာလားဗျ" လီဒါစူ အံ့အားသင့်သွားလို့ ပြန်မေးလိုက်သည်။

"ဟုတ်ပါတယ်။ အဆောက်အဦး ၄ခု ယူမယ်ပြောလိုက်တာပါ"

"......."

ဒါပဲလေ။ ဒါမှအစ်ကိုချင်း ပီသတာ။ သူချင်းယွီ ဒီလိုတွေလုပ်တာ ၂ခါတွေ့ဖူးပြီးပြီဆိုတော့ သူ့ပုံစံကို နားလည်နေပြီ။

ချန်ဇီယန်လည်း ဒီလိုတွေကြုံဖူးပြီးသားမို့ သိပ်တော့အထူးအဆန်းမဖြစ်မိပါဘူး။ ရှီဂျင်ဟွာကတော့ နည်းနည်း အံ့ဩသွားသည်။

လီဂျန်ချောင်နဲ့ ဂူရှန်ရှီကတော့ အအံ့ဩဆုံးပဲ။ ဒီနေ့ချင်းယွီရဲ့ ထင်မထားတဲ့ပုံစံကြောင့် လန့်သွားကြသည်။ ပြီးတော့ ကြယ်၇ပွင့် ဟိုတယ်ကို ဝယ်ဖို့ သန်း၁၂၀လောက် သုံးတယ်ဆိုကတည်းက သူတို့နဲ့ ချင်းယွီကြားက ကွာခြားမှုကိုနားလည်သွားတယ်။ အခုချင်းယွီက ရင်းနှီးမြှပ်နှံမှုကို စိတ်မဝင်စားဘူးဆိုတော့ ချင်းယွီမှာ ပိုက်ဆံမရှိဘူး ထင်လိုက်မိတာ။ ဒါပေမယ့် သူက ၂၂သန်းသုံးပြီးတောင် အဆောက်အဦးဝယ်သွားလိုက်တာတဲ့။ သူတို့ဘာဆက်ပြောနိုင် ဦးမှာလဲ။ သူတို့က ငတုံးသာသာတွေပဲ။ ချင်းယွီက သူတို့မော့ပဲကြည့်နိုင်တဲ့ လူစားမျိုး။

အဲ့အချိန်မှာ လီဒါစူကရယ်ပြီးတော့ "သခင်လေးချင်းက ဒီလိုပြောလာတော့ ကျွန်တော်အံ့အား သင့်မိပါတယ်။ လီမိသားစုရဲ့ စီးပွားရေးကို ဂရိုစိုက်ရုံမဟုတ်ဘဲ ကျွန်တော်တို့အရေးပေါ်ငွေ လိုနေတာကိုပါ ဖြေရှင်းပေးလိုက်တာပဲ။ လာပါ ထပ်ပြီးငဲ့ပေးပါရစေ။"

"ကျွန်တော်လည်း ဒီစီးပွားရေးမှာ တစိတ်တပိုင်းအနေနဲ့ ပါရတာ ဝမ်းသာမိပါတယ်"

အဲ့နောက်မှာတော့ ရှီဂျင်ဟွာတို့လည်း ၁နာရီလောက် ကြာအောင် စကားပြောရင်း ထမင်းစားပြီးမှ လူစုခွဲလိုက်ကြသည်။

ဒီထဲမှာအပျော်ဆုံးက လီဒါစူပဲ။ သူလိုတဲ့ ငွေကိုလည်း ရလိုက်ပြီး ချင်းယွီလို သူဌေးမျိုးနဲ့လည်း သိကျွမ်းလိုက်ရသည်။ သူဝိတ်တာကို ငွေရှင်းပြီး ချင်းယွီနဲ့ ဖုန်းနံပါတ်ချင်းလဲလိုက်သည်။ လီဂျန်ချောင်ကလည်း ချင်းယွီကို သူ့လုပ်ငန်းကဒ်ပေးလိုက်ပြီး မနက်ဖြန် အရောင်းဌာနမှာ စောင့်နေပါ့မယ်လို့ ပြောလိုက်သည်။

ချင်းယွီလည်း ပြောစရာရှိတာ ပြောပြီးတော့ အခန်းထဲကနေ ထွက်သွားသည်။ ချင်းယွီထွက်သွားတော့မှ ဂျန်ရှန်းတို့လည်း အသီးသီး ပြန်ဖို့ပြင်လိုက်ကြတော့၏။

All Chapters