← Chapters

အခန်း (၅၉)

Vol. 4 Ch. 59

အခန်း (၅၉)

Vol. 4 Ch. 59

လီဟန်ပြောတာ ကြားတော့ ထန်ရှင် ဟိုတယ်ဝင်ပေါက်ကို ကြည့်လိုက်သည်။ သေချာတာပေါ့ မာဝမ်ရှီပဲ။

"မစ္စတာလီ အဲ့တာဆိုလည်း ကားသော့လေး ပြန်တောင်းပေးပါဦး။ အော် နောက်ပြီး သူ့ကို ကားထပ်မသုံးစေနဲ့တော့"

"ဟုတ်ကဲ့ပါ ဒါရိုက်တာထန်။ ကျွန်တော် ပြန်တောင်းလိုက်ပါ့မယ်" လီဟန် မြန်မြန်ပြောပြီးတော့ မာဝမ်ရှီဆီ သွားလိုက်သည်။ သူထန်ရှင်ရှေ့မှာ နှေးနှေးကွေးကွေး မလုပ်ရဲတော့ဘူး။ သူ့အရင်သူဌေး‌ဆီက ဒီလိုခိုင်းခံရရင်တောင် လုပ်ပေးမိမှာမဟုတ်ဘူး။ ဒါပေမယ့် တဖြေးဖြေးနဲ့ သိလာရတာက ထန်ရှင်စကားတွေက အာဏာရှိတယ်ဆိုတာ သိသွားတယ်။

လွန်ခဲ့တဲ့ ၂ရက်လောက်ထိ မာဝမ်ရှီရဲ့ စိတ်အခြေအနေက တိမ်ထူနေသလိုပဲ။ မနေ့ကလည်း သိန်း၁ထောင်ကျော် ရှုံးတယ်။ တော်တော် စိတ်အဆင်မပြေဘူး။ သူ့အစ်ကိုသာ ပိုက်ဆံချေးမပေးရင် သူဘယ်လိုလျော်ပေးရမလဲတောင် သိမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒီနေ့ကြတော့လည်း သူ့အစ်ကိုက အလုပ်ဖြုတ်ခံရတဲ့အပြင် သူအမုန်းဆုံးမိန်းမက ရာထူးတက်သွားတယ်တဲ့။ ပြီးတော့ ဒီရာထူး‌တွေကို ကြယ်၇ပွင့်ဟိုတယ်ရဲ့ ဥက္ကဌကိုယ်တိုင်က ပေးတာဆိုတော့ သိပ်တော့အဆင်မပြေဘူး။ သူ့အစ်ကိုလည်း အရင်မန်နေဂျာဟောင်း၊ သူကလည်း ဒီမှာနေနေတာဆိုတော့ ကသိကအောက် ဖြစ်တာပေါ့။ သိန်း၁ထောင်ရှုံးတာက ကိစ္စမရှိဘူး။

သူအဲ့လို‌ေတွ တွေးပြီး လော်ဘီထဲ ဝင်လာတော့ သူ့ကို ကောင်တာက ဝန်ထမ်းတွေက အပြင်လူတစ်‌ယောက်လို ကြည့်နေကြတယ်။ အဲ့အချိန်မှာ အသံတစ်သံထွက်လာသည်။

"မစ္စမာ မေးစရာရှိလို့ပါ"

"မစ္စတာလီ ဘာကိစ္စများ ရှိလို့လဲ"

လီဟန်သူ့ဆီလျှောက်လာတာ မြင်တော့ သူရပ်ပြီး မေးလိုက်သည်။

"မစ္စမာ ဒီလိုပါ။ ကျွန်တော်တို့ ဟိုတယ်ရဲ့ အထူးကားသော့ ခင်ဗျားဆီမှာ ရှိနေတာ ပြန်ပေးလို့ရမလားဗျ"

"ဟမ်...မစ္စတာဟန် အထင်လွှဲနေတဲ့ပုံပဲ။ ကျွန်မလည်း ဒီဟိုတယ်မှာ နေနေတာပါ။ အဲ့တော့ ကားငှားလို့ရတဲ့ အခွင့်အရေး ရှိပါတယ်"

"ဟုတ်ကဲ့ မစ္စလီ။ တည်းခိုတဲ့ ဝန်ဆောင်မှုထဲမှာ ကားငှားလို့ရတဲ့ ဝန်ဆောင်မှုမပါပါဘူး"

"ဟုတ်ပြီလေ။ရှင်က ဒီလိုတွေ ပြောလာမှတော့ ကျွန်မလည်း ရှင်တို့လုံခြုံရေးဌာနရဲ့ မန်နေဂျာဇန် ကိုယ်တိုင် ငှားပေးလိုက်တယ်ဆိုတာကို ပြောဖို့ အားနားမနေတော့ဘူး" မာဝမ်ရှီ ဒေါသထွက်ထွက်နဲ့ ‌အံကြိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ဗျ။ အဲ့တာ မန်နေဂျာဇန်ဘက်က စည်းကမ်းချိုးဖောက်တာပါ။ ကျွန်တော်ဘက်ကိုလည်း နားလည်ပေးပါ။ နှစ်ဦးနှစ်ဖက်လုံး ငြိမ်ငြိမ်သက်သက်နဲ့ အဆင်ပြေအောင် ကားသော့လေးပြန်ပေးလိုက်ပါ မစ္စမာ"

"မစ္စမာ၊မန်နေဂျာလီ ဒီမှာဘာလုပ် နေကြတာလဲ" ဇန်ဇောင်ဝင်လာတော့ ၂ယောက်လုံးကို တွေ့ပြီး မေးလိုက်သည်။ သူဒီမနက် အလုပ်ကိစ္စနဲ့ အပြင်သွားနေရတော့ အကြီးပိုင်းတွေ ဟိုတယ်မှာ မီတင်ထိုင်သွားတာလည်း မသိလိုက်ဘူး။ ဟိုတယ်ပိုင်ရှင် ပြောင်းသွားတာတွေ၊ မန်နေဂျာ ပြောင်းသွားတာတွေလည်း မသိလိုက်ဘူး။

"မန်နေဂျာဇန် အခုမှရောက်လာတာပဲ။ ဒီမှာ မန်နေဂျာလီက ကားသော့ လာတောင်းနေတာလေ။ အဲ့တော့ ပေးလိုက်ရမှာလား" ဇန်ဇောင် ဝင်လာ‌တာတွေ့တော့ မာဝမ်ရှီ ခပ်တင်းတင်းပဲ ပြောချလိုက်သည်။

"ဘာ!!! လီဟန် မင်းအပိုတွေ လာလုပ်နေတာပဲ။ မစ္စမာက မန်နေဂျာမာရဲ့ ညီမလေးဆိုတာ မသိဘူးလား။ သူလည်းမကြာခင် ဟိုတယ်ရဲ့ ဌာန တစ်ခုမှာမန်နေဂျာ ဖြစ်လာတော့မှာ။ ကိစ္စရှိလို့ ကားငှားတာလေ။ မင်းကဘာတွေ လာပြီး ပုံကြီးချဲ့နေတာလဲ"

သူလီဟန်ကို အပိုတွေ လာလုပ်နေတယ်ဆိုတဲ့ ပုံစံနဲ့ ကြည့်ပေးလိုက်သည်။

သူလည်း စကားပြောပြီးရော လူတစ်‌ယောက်က နောက်ကနေ "မန်နေဂျာဇန်...အဲ့တာ ရှင့်သဘောနဲ့ ရှင် သာမန်ဧည့်သည်‌ကို လုပ်ပေးလိုက်တဲ့ ကိစ္စလေ။ ကုမ္ပဏီကိုလည်း အသိမပေးဘဲ အထူးကားကို ငှားပေးလိုက်ပြီးတော့များ ဘယ်ကို အသံကောင်း လာဟစ်နေတာလဲ"

မာဝမ်ရှီလည်း ဒီအသံကြားတော့ နောက်လှည့်ကြည့်လိုက်သည်။

"ထန်ရှင်...အော် နင်ပဲ။"

အဲ့တော့သူရွဲ့လိုက်ပြီးတော့

"ဘာလဲ နင်ကားသော့ကိစ္စကို မကျေနပ်လို့ မန်နေဂျာလီကို တိုင်လိုက်တာ မဟုတ်လား။ ဟာသပဲ။ နင့်အဆင့်နင်လည်း ကြည့်ဦး။ ဒီလိုလုပ်လို့ အသုံးဝင်မယ်ထင်နေလား"

ဇန်ဇောင်လည်း စောနက ပြောတဲ့သူက ထန်ရှင်မှန်းလည်း သိရော "ထန်ရှင် မင်းက ဟိုတယ်ရဲ့ ဝန်ထမ်းတောင် မဟုတ်တော့ဘူးလေ။ ဒီကိစ္စက နင်ဝင်ပါစရာ လိုလို့လား"

"မန်နေဂျာဇန်က အတည်ကြီး လာပြောနေတာပဲ"

"အာ ဘော့စ်ယန်လည်း ရောက်နေတာပဲ"

ဇန်ဇောင်ဘော့စ်ယန် ရောက်နေတာ တွေ့လိုက်တော့ နည်းနည်းတော့ လန့်သွားမိ၏။ သူ့နောက်မှာ ချင်းယွီနဲ့ ဟန်ရွမ်လည်း ‌ရောက်နေတာ တွေ့လိုက်ရသည်။ သူတို့အကုန် သေချာပေါက် ထန်ရှင်ကို လာရှာနေတယ်ဆိုတာ သူသိလိုက်သည်။

"မန်နေဂျာဇန် ဒီတစ်ခါတော့ မင်းလွန်သွားပြီ။ မစ္စမာ‌ဆီက သော့ကို မြန်မြန်ပြန်တောင်းလိုက်" ယန်ပိုင် နည်းနည်းလေသံမာသွားသည်။

ဇန်ဇောင်သူ့ကို အပြစ်တင်နေတော့ အခြေအနေ မကောင်းဘူးဆိုတာ သိလိုက်သည်။နောက်ပြီး ထန်ရှင်နဲ့ မာဝမ်ရှီကြားက ကိစ္စတွေကို သူမသိတာလည်း ပါမယ်။ သူသာသိရင် စောနကလို ပြောမိမှာတော့ မဟုတ်ဘူး။

"မန်နေဂျာယန်...မစ္စမာက ဟိုတယ်မန်နေဂျာမာရဲ့ညီမလေးလေ။ နောက်ကြ ဟိုတယ်ရဲ့ ဌာနတစ်ခုခုမှာ မန်နေဂျာဖြစ်တော့မယ့် သူလေ။ ဥက္ကဌယွမ်ကလည်း သူ့ကိုမျှော်လင့်ထားတာလေ"

"မစ္စမာ ကားက ပျက်နေလို့ ‌ဟိုတယ်က ကားကို ခဏဌားပေးတာပါ။ခဏပဲဟာ အဲ့လောက်လည်း မဟုတ်ပါဘူး။ မစ္စတာမာသိရင်လည်း ဘာမှပြောမှာ မဟုတ်ပါဘူး" ဇန်ဇောင်ဒီလိုပြောတာကြားတော့ ယန်ပိုင်ဒေါသထွက်သွားသည်။

တစ်ဆက်တည်း ဟိုတယ်ပိုင်ရှင် ပြောင်းသွားတာလည်း ဇန်ဇောင် မသိသေးဘူးဆိုတာ သဘောပေါက်သွားတယ်။ သူသာသိနေရင် အဲ့လောက်ယုံကြည်ချက်ရှိနေမှာ မဟုတ်ဘူး။

သူဇန်ဇောင်ကို ကြည့်လိုက်သည်။ နောက်ပြီး မာဝမ်ရှီက အရင်‌အထွေထွေ မန်နေဂျာရဲ့ညီမဆိုတာ သိလိုက်ရတော့ သူဆက်မပြောတော့ဘူး။

ဘော့စ်အသစ်က သူရောက်လာတာနဲ့ အထွေထွေမန်နေဂျာကို အလုပ်ဖြုတ်ပစ်လိုက်ပြီး သူ့ညီမကိုလည်း သဘောမကျတာ လူတိုင်းသိသည်။ ဇန်ဇောင်က မစ္စမာကို ကာပေးနေတာမြင်တော့...

ဟူး ဒီကောင် သေချင်နေတာပဲ။

"ဇန်ဇောင်ဒီတစ်ခါတော့ မင်းဟိုတယ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖျက်လိုက်တာပဲ။ အခုဟန်ရွမ်က ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာဖြစ်သွားပြီ"

ဟိုတယ်ရဲ့ကိစ္စ‌ေတွမှာ သူဝင်ပါစရာမရှိပေမယ့် နည်းနည်းတော့ ဝင်ပြောလိုက်သည်။

ပြီးတော့ သူချင်းယွီကို တရိုတသေ ကြည့်လိုက်ပြီး "ဘော့စ် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ချင်လဲ"

ဘော့စ်တဲ့လား...? မာဝမ်ရှီနဲ့ ဇန်ဇောင် ဒီစကားကြားတော့ ကြောင်တောင်တောင် ဖြစ်သွား၏။ သူတို့၂ယောက်လုံး ချင်းယွီကိုလည်း ကြောင်ပြီး ကြည့်နေမိသည်။

ချင်းယွီကတော့ မျက်နှာသေကြီးနဲ့ပဲ "ဘာလုပ်ရမှာလဲ။ ဟိုတယ်မန်နေဂျာက စည်းကမ်း ချိုးဖောက်မှတော့ ဘာမှညှာတာပေးနေစရာ မလိုဘူးလေ။ ဒီတစ်ခါတော့ ထားလိုက်ပါ။ နောက်တစ်ခေါက်ဆိုရင်တော့ အလုပ်ဖြုတ်ခံရမှာပေါ့"

"ဟုတ်ကဲ့ပါ ဘော့စ်။"ဟန်ရွမ် သွက်သွက်ပဲ ဖြေလိုက်သည်။

"ဘာတွေ ပြောနေတာလဲ။ မစ္စတာချင်းက ဘယ်လိုလို့ ဟိုတယ်ပိုင်ရှင်ဖြစ်သွားတာလဲ" ဇန်ဇောင်လည်း သူကြားလိုက်ရတာကို ပြန်မေးလိုက်သည်။

"‌သူကဟိုတယ် ပိုင်ရှင်တဲ့လား" မာဝမ်ရှီ ဟာသတစ်ပုဒ် ကြားလိုက်ရသလို ဖြစ်သွားသည်။

"လာနောက်မနေနဲ့။ ဟိုတယ်ပိုင်ရှင်နဲ့ ခုမနက်တင် တွေ့လာခဲ့တာ။ ဘယ်လိုလို့ မစ္စတာချင်း ပိုင်တယ်ဖြစ်သွားရတာလဲ။ ဘာတွေ လာဟန်ဆောင်နေတာလဲ"

"မစ္စမာ မန်နေဂျာဇန် ကျွန်တော်ဖြေပေးပါ့မယ်" လီဟန် သူဝင်ပါရတော့မယ့် အချိန်လို့တွေးလိုက်သည်။

နှစ်ယောက်လုံး လီဟန်ပြောမှာကို စောင့်နေကြတော့ သူလည်း ပြုံးပြုံးလေးနဲ့ "မစ္စတာချင်းက ယွမ်ဇန်ဂန်ရဲ့ ရှယ်ယာတွေ အပါအဝင် ဂျန်ယွမ်ဟိုတယ်တစ်ခုလုံးရဲ့ ရှယ်ယာတွေကို ဝယ်လိုက်တာပါ။ မာရီကွမ်ကလည်း ဟိုတယ်ရဲ့ မန်နေဂျာမဟုတ်တော့ပါဘူး။ မန်နေဂျာအသစ်က ဘေးမှာရပ်နေတဲ့ မစ္စဟန်ရွမ်ပါ။ မစ္စထန်ရှင်က ဟိုတယ်ရဲ့ ဒါရိုက်‌တာ ဖြစ်သွားပါပြီ။ နားလည်ကြရဲ့လား မသိဘူး..."

"လီဟန် မင်းပြောတာ တကယ်ကြီးလား"

"သူပြောတာ အကုန်မှန်တယ်..."

ယန်ပိုင်လည်း ဝင်ပြောလိုက်‌‌သည်။

All Chapters