← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

ဇန်ဇောင် မျက်နှာထားက ပြောင်းပြီးရင်း ပြောင်းသွားသည်။ သူချင်းယွီကို တောင်းပန်ဖို့ လုပ်ပေမယ့် သူလည်ချောင်းက တစ်ခုခု တစ်နေသလိုမျိုး ပြောမထွက်ဘူး။

"ဥက္ကဌချင်း ကျွန်တော်မှားသွားပါတယ်။ ဒီတစ်ခါပဲ ခွင့်လွှတ်ပေးလို့ မရဘူးလား။ နောက်ဒါမျိုး မဖြစ်စေရပါဘူး"

"ဆောတီးပဲ။ ငါကအခုကစပြီး မင်းရဲ့ သူဌေးမဟုတ်တော့ဘူး။" ချင်းယွီ‌ဆီက ထွက်လာတဲ့ အေးစက်စက် စကားသံက သူ့မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ရသလိုပဲ။

"ကျွန်တော့်ကို အခွင့်အရေး တစ်ခါလေးပဲ ပေးပါဗျာ။ ဒီဟိုတယ်အတွက် နှစ်နဲ့ချီပြီး အလုပ်ကြိုးစား ပေးခဲ့တာပါ။ ဘာအကျိုးအမြတ်မှ မမျှော်လင့်ပဲ ကြိုးစားပေးခဲ့တာပါ"

"‌တိတ်စမ်း ဇန်ဇောင်။ဥက္ကဌချင်း‌ ပြောတာ မကြားဘူးလား။ မင်းက ဘာဆက်ပြောချင်သေးတာလဲ။ မင်းအလုပ်ကြိုးစားတယ် ဆိုတာလည်း မင်းအတွက် မင်းပိုက်‌ဆံရှာဖို့ပဲလေ။ ငါဒီ‌ေလာက်ထိ ပြောနေစရာ မလိုဘူးထင်ပါတယ်" ယန်ပိုင်ရွဲ့လိုက်သည်။

"ကျွန်တော်....တော်..." ဇန်ဇောင် မကျေနပ်ချက်တွေက မျက်နှာပေါ်မှာ ပေါ်နေပေမယ့် ဘာမှဆက်ပြောစရာ မရှိဘူး။

မာဝမ်ရှီရဲ့ စာရွက်ဖြူကြီး တစ်ခုလိုပဲ။ဒါတွေက အိမ်မက်ဖြစ်မနေဘူးပဲ။ ခဏလေးအတွင်းမှာပဲ အရာအားလုံးက ရုတ်ချည်း ပြောင်းလဲသွားတော့၏။ သူ့အကိုကလည်း ဟိုတယ်ရဲ့ အထေ‌‌ွ‌ေထွ မန်နေဂျာ မဟုတ်တော့ဘူး။ မစ္စတာချင်းဆိုတဲ့လူကလည်း ရုတ်ချည်း ဟိုတယ်ရဲ့ ဥက္ကဌ ဖြစ်လာသည်။ ထန်ရှင်ဆိုတာကလည်း ဒါရိုက်တာ ရာထူးထိပါ တိုးသွားသည်။ ဒီရာထူးက သူ့အကိုထက်တောင် ပိုပြီး မြှင့်နေသေးသည်။ ဟာသပဲ။ ဖုန်းမြည်လာလို့ ဖွင့်ကြည့်လိုက်တော့ မာရီကွမ် ဖြစ်နေသည်။မျှော်လင့်ချက် အလင်းရောင်လေး မြင်လိုက်ရတော့ မြန်မြန်ပဲ ဖုန်းကိုင်လိုက်သည်။ ဖုန်းပြောတဲ့ အချိန်ကတော့ ခဏလေး‌ဆိုပေမယ့် မာဝမ်ရှီကတော့ လိပ်ပြာလွင့်သွားသလိုမျိုး အကြာကြီး ‌ရပ်နေမိသည်။

(နေပါဦး အမက ဘာတွေမျှော်လင့်🥲)

သူချင်းယွီကို ကြည့်လိုက်ပြီး တစ်ခုခု ပြောလိုက်ချင်ပေမယ့်လည်း နောက်‌ဆုံးတော့ ပါးစပ်ပိတ်ပြီး သည်းခံခဲ့ရတာပါပဲ။ လက်ကိုင်အိတ်ထဲက ကားသော့ကို လီဟန်ကို ပစ်ပေးလိုက်ပြီးတော့ ဘာမှမပြောပဲ လှည့်ထွက်လာလိုက်သည်။ မာဝမ်ရှီ ထွက်သွားတာလည်း တွေ့ရော ချင်းယွီ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ အရမ်းလည်း ပျော်နေမိ၏။

"ဥက္ကဌချင်း..." ယန်ပိုင် ဇန်ဇောင်ကိုကြည့်ပြီး ဟိုတယ်မှာ ကြုံနေရတဲ့ ပြသာနာကို ပြောပြဖို့ ပြင်လိုက်သည်။

"ထိန်းသိမ်းရေးဌာနက မန်နေဂျာနေရာနဲ့ လုံခြုံရေးဌာနက မန်နေဂျာနေရာ လွတ်နေပါတယ်။ နောက်ပြီး တခြားဌာနက မန်နေဂျာနေရာကလည်း လွတ်နေတာပါ။ ဒါကြောင့် တတ်နိုင်သမျှ မြန်မြန် ဒီနေရာလွတ် သုံးခုကို ဖြည့်ဖို့လိုပါတယ်။ မဟုတ်ရင် ဟိုတယ်မှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ထိန်းသိမ်းရေးဌာန မန်နေဂျာ နေရာပေါ့"

ဒါတွေကိုကြားတော့ ချင်းယွီ ခေါင်းမရှုပ်ချင်တာနဲ့ "ထိန်းသိမ်းရေးဌာန မန်နေဂျာနဲ့ HRနေရာကို ဟန်ရွမ်နဲ့ မစ္စတာယန်က ခွဲပြီး ဦးစီးလိုက်။ လုံခြုံရေးဌာနက ‌မန်နေဂျာ နေရာဖို့ကတော့...ထန်ရှင် မင်းထောက်ခံပေးချင်တဲ့ လူရှိလား"

"ဘော့စ် အဲ့လိုဆို ဇန်‌ေရှာင််ကို အဲ့နေရာ ထားလိုက်ရမလား။ သူဒီမှာလုပ်နေတာ ၈နှစ်လောက် ရှိပါပြီ။ အလုပ်လုပ်တာလည်း စေ့စပ်ပါတယ်။ ဘယ်လိုထင်လဲ ဘော့စ်"

ဒါတွေကို နားထောင်နေရတဲ့ ဇန်ဇောင်ကတော့ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။ သူကဒီနှစ်ဆိုရင် အသက်၄၀ပြည့်ပြီ။ လစာတိုးဖို့၊ ရာထူးတိုးဖို့ဆိုတာ စိတ်တောင် မကူးဖူးဘူး။ ဒီလိုတွေသာ ရာထူးတိုးခံရရင် သူ့တစ်ဘဝလုံး ကျေးဇူးတင်နေမိမှာ။

သူ့လို တစ်လကို ယွမ်၅ထောင်ပဲရတဲ့ ဝန်ထမ်းလေးက ဒီလိုရာထူးတိုးခံရမယ်လို့ ထင်တောင် မထင်ထားပါဘူး။

"ကျေးဇူးပါ ဥက္ကဌချင်း။ ကျေးဇူးပါ မစ္စထန်"

လုံခြုံရေး ဝန်ထမ်းကို ကြည့်ပြီး သူရော ဘယ်တော့မှ ဒီလိုကံကောင်းမှုမျိုးနဲ့ တိုးမှာလဲလို့ တွေးလိုက်မိပြီး မနာလိုတွေပါ ဖြစ်လာမိသည်။ ချင်းယွီ ဟိုတယ်ပိုင်ရှင် ဖြစ်လာတော့ ဇန်ဇောင်ကလွဲရင် အကျိုးအမြတ် အရဆုံးက ဟန်ရွမ်နဲ့ ထန်ရှင်ပဲ။ အခုသူအဲ့၂ယောက်ကို ကပ်ထားမှ ဖြစ်မယ်။ ဒီလိုတွေ ဖြစ်လာမှာသာ သိရင် ချင်းယွီကို စတွေ့ကတည်းက သေချာ အခွင့်အ‌ေရးယူထားမှာပေါ့။

ချင်းယွီကတော့ အခုနန်ယွမ်ရှင်းကို သွားပြီးတော့ သူ့ရဲ့ ညနက်လေပြေကားကို သွားယူမယ်။ ထန်ရှင်ကတော့ ကုမ္ပဏီအသစ်ကို မှတ်ပုံတင်ဖို့ လုပ်ရမယ်။

မနက်ကြီး တက္ကစီငှားဖို့ အကြာကြီး စောင့်လိုက်ရတော့ ကားမရှိရင် သွားရလာရခက်တာကို သူနားလည်လိုက်သည်။ ကားထဲက ထွက်လာချိန်မှာတော့ "ကောင်လေး မင်းလည်း တစ်ပတ်ရစ်ကား ဝယ်ချင်တာလား" သူ့နောက်ကနေ တစ်ယောက်ယောက် လှမ်းအော်တဲ့ အသံကိုကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ "လည်ပင်းမှာ တက်တူးတွေ အပြည့်ထိုးထားပြီးတော့ ထိပ်ပြောင်ပြောင် နဲ့လူကြီး၊ ဘေးမှာလည်း ကောင်မလေးတစ်ယောက် သူ့လက်မောင်းကို ချိတ်ထားလိုက်သေးသည်။

"ဟုတ်တယ်။ ဘာဖြစ်လို့လဲ "ချင်းယွီလည်း ရွဲ့ဖြေလိုက်သည်။

"နေရာမှားနေတာလား။ တစ်ပတ်ရစ်ကား လာဝယ်တာသိပေမယ့် ဒီကကားတွေက ဈေးမပေါဘူး။ ကားတစ်စီးကို **စာလောက် ရှိတယ်။ အဲ့တော့ ပိုက်ဆံသုံးရမှာ မနည်းဘူး ဆိုတာ မင်းကို သိစေချင်တာ။ ထောင်ဂဏန်းနဲ့ တန်တဲ့ ကားဝယ်ချင်ရင်တော့ ဒီမှာမရှိတာမို့ ဒီလာကြည့်လည်း အလကားပဲလို့"

ချင်းယွီနည်းနည်းတော့ အံ့ဩမိသွားသည်။ ဒီလူကသူ့ကို ဘာလို့ မဝယ်‌နိုင်လောက်ဘူး ထင်ရတာလဲ။ သူဝတ်ထားတာလည်း မနေ့ကမှဝယ်ထားတဲ့ ဘရမ်းတွေလေ။ ငါကတကယ့်ကို ရုပ်မထွက်ဘဲ သာမန်ဆန်နေတာလား။ ဒီလူ့ရဲ့ သတ်မှတ်စံနှုန်းတွေကပဲ မြင့်လွန်းနေတာလား။

နည်းနည်းလည်း ဒေါသထွက်သွားတော့ "ခင်ဗျားလည်း ကားလာဝယ်တာလား" ချင်းယွီပြန်မေးလိုက်သည်။

ထိပ်ပြောင်ကြီးက သူ့နောက်က ကားကို ခေါင်းစောင်းပြပြီး "ဒါငါ့ကားပဲ။ ဈေးက ၂သိန်းကျော်တယ်လေ။ ဒီကားနဲ့ပဲ ငါ့ကောင်မလေးကို တင်ခေါ်လာတာ။ အစကတည်းက ဒီကားက သူ့အတွက် ဝယ်ပေးထားတာပါပဲ။ တစ်ပတ်ရစ်ကားဆိုပေမယ့် ဘတ်ဂျက်တောင် မလောက်တော့မလိုဖြစ်သေးတယ်"

သူတို့စကားပြောပြီးတော့ ဘေးမှာရှိက ကောင်မလေးက "ကျေးဇူးပါ ဘိုင်ကောကော။ ဘိုင်ကောကောက တအားကြင်နာတတ်တာပဲ"

ကောင်မလေးက အဲ့လိုပြောတော့ ထိပ်ပြောင်နဲ့ လူကြီးက သူ‌နဖူးကို လက်နဲ့ပွတ်လိုက်ပြီး ရယ်ကျဲကျဲနဲ့ ချင်းယွီကို "ညီလေးရေ အလုပ်ကြိုးစားနော်။နောက်ကြမင်းလည်း စပေါ့ကားတစ်စီး ဝယ်နိုင်မှာပါ" အဲ့လိုပြောနေတုန်း အရောင်းဝန်ထမ်း အမျိုးသမီးဝန်ထမ်းက သူတို့ဘက်ကို လျှောက်လာတာ တွေ့လိုက်ရသည်။

"ကြည့်ပါလား။ အရောင်းဝန်ထမ်း အချောလေးကတောင် ငါ့ကိုလာတွေ့ပြီ။ သွားလိုက်ဦးမယ် ညီလေးရေ။ ပိုက်ဆံမရှိရင် တခြားကားသာ သွားရှာချေ" ပြောပြီးတော့ ‌ဘေးကကောင်မလေးကို လက်‌တွဲပြီး သူတို့ဆီလျှောက်လာနေတဲ့ အမျိုးသမီးဝန်ထမ်းဆီ သွားလိုက်သည်။

ချင်းယွီနည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ သူတို့ဆီ‌ လျှောက်လာတဲ့သူက အရင်တစ်ခေါက်က တွေ့လိုက်တဲ့ ရှီဝေလေ။ ထိပ်ပြောင်ကြီးက ရှီဝေသူ့ဆီလာနေတာကို အလှလေးက သူ့ကိုကြိုဆိုမယ်အထင်နဲ့ ရပ်စောင့်နေလိုက်သည်။

ဒါပေမယ့် အဲ့တစ်ယောက်က သူ့ကိုကျော်ပြီး "ကြိုဆိုပါတယ် သခင်လေးချင်း ကားလာယူတာမလားရှင့်"

ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်။ လိုက်ပြပေးပါဦး။ ဒါနဲ့အမယွမ်ရော မရှိဘူးလား"

"အမယွမ်က ရုံးခန်းထဲမှာ ဧည့်သည်၂ယောက်နဲ့ စကားပြောနေပါတယ်။"

"အဲ့တာဆို ကားစမ်းမောင်းကြည့်ဖို့ပဲ အရင်လုပ်ပေးပါ။"ချင်းယွီနဲ့ ရှီဝေ အတူလျှောက်သွားလိုက်သည်။

"အော် ငါ့ညီက ကားလည်း ဝယ်ပြီးပြီပဲ။ မစ္စယွမ်နဲ့လည်း သိတာပဲ။"

ချင်းယွီလည်း ထိပ်ပြောင်နဲ့ ဘဲကြီး‌အ‌ေပြာကို"ဟုတ်တယ်။ ဘာဖြစ်လို့လဲ" ဆိုပြီး ပြန်မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ မစ္စယွမ်နဲ့လည်း သိတာဆိုတော့ အကိုခုနက ပြောတာတွေကို စိတ်ထဲမထားပါနဲ့။ နည်းနည်းလွန်သွားတယ်"

ချင်းယွီလည်း သူ့အပြောကို အသာပဲ ပြုံးပြပြီး ရှီဝေနဲ့ အတူ ဆိုင်ထဲ ဝင်သွားလိုက်သည်။

ဘိုင်ဂွမ်နမ် ချွေးသုတ်လိုက်ပြီးတော့ "တော်သေးတယ်။ဟိုကောင့်ကို တအားသွားမစမိတာ"

"ဘိုင်ကောကော ဘာလို့အဲ့လောက်ကြီး ကြောက်သွားတာလဲ"

"မင်းဘာနားလည် လို့လဲ။ဟိုအရောင်းဝန်ထမ်းလေးက သခင်လေးချင်းလို့ ခေါ်လိုက်တာ မကြားဖူးလား။ မစ္စယွမ်နဲ့လည်းသိတယ် သေချာပေါက် သူဌေးအိမ်က သခင်လေးပဲပေါ့။ အလကား အထင်လွှဲလိုက်မိတာ ကျစ်..." သူပြောပြီးတော့ ဘေးကကောင်မလေးနဲ့ တူတူ ကားဆိုင်ထဲ ဝင်လာလိုက်သည်။

ချင်းယွီကတော့ ရှီဝေနောက်ကို‌လိုက်ပြီး လေးထပ်ကို တက်သွားလိုက်သည်။ ပြီးတော့ ညနက်လေပြေထားထားတဲ့ အခန်းလေးထဲကို ဝင်လိုက်သည်။

"သခင်လေးချင်းရဲ့ ကားက တအားဈေးကြီးတော့ အထိအခိုက်မရှိအောင်လို့ ဒီအထူးဧရိယာထဲမှာပဲ လုံလုံခြုံခြုံထားထားတာပါ" ရှီဝေက စတူဒီယို အခန်းကို ဖွင့်ရင်း ရှင်းပြလိုက်သည်။

ချင်းယွီကလည်း ကျေကျေနပ်နပ်နဲ့ပဲ "မင်းတို့တကယ် တွေးပေးတတ်တာပဲ"

မီးတွေဖွင့်လာတော့ သူ့အထူးစူပါကားကို အမှောင်ထဲကနေ သရဲတစ်ကောင်ထွက်လာသလိုပဲ ဝါးခနဲ ‌ထင်းနေအောင် မြင်လိုက်ရသည်။ အရင်တစ်ခေါက်နဲ့ မတူတာက ဆေးသုတ်ထားတော့ ပိုပြီး လင်းနေတာပဲ။ကားမျက်နှာပြင်ပေါ်ကို အမည်းတစ်ထပ် ထပ်ပြီး မမြင်ရအောင် ကာထားသလိုပဲ။ အရောင်ကလည်း တအားလှနေတယ်။ လိုင်စင်ကဒ်ကလည်း အရှေ့ရော၊အနောက်ရော ကပ်ပြီးပြီ။ လိုင်စင်ကဒ်ပြားထဲက နံပါတ်၉ကို ကြည့်ပြီး သူ့ကားက ဒီနံပါတ်နဲ့ပဲ လိုက်တယ်လို့ မဆီမ‌ဆိုင်တွေးလိုက်မိသည်။

All Chapters