← Chapters

ဖြတ်တောက်ခံရသော လက်

Vol. 166 Ch. 2373

ဖြတ်တောက်ခံရသော လက်

Vol. 166 Ch. 2373

နတ်ဆိုးဘုရင်ခြောက်ပါးသည် သန်းပေါင်းများစွာသော နတ်ဆိုးတို့၏အရှင်သခင်အလား မိုးခြိမ်းသံများ လျှပ်စီးလက်သံများပေးကာ ကြီးစွာသော နတ်ဆိုးအရှိန်အဝါတို့အား ပေးသည်။ သူတို့ တစ်ဦးစီ၏နတ်ဆိုးအရှိန်အဝါမှာ မတူညီကြပေ။

ယူချင်းသည် နတ်ဆိုးများအလယ်တွင် လေးနက်စွာ ရပ်နေသည်။ သူ၏နတ်ဆိုးအရှိန်အဝါသည် ကြီးမားစွာ ပေါက်ကွဲထွက်လာသည်တွင် သူက ဗုဒ္ဓနတ်ဘုရားသားတော်အား လှမ်းကြည့်၏။

ထိုစဉ် ရွှေရောင်နတ်အလင်းသည် ကောင်းကင်ထက်၌ ပိုမိုတောက်ပလာခဲ့သည်။ နောက်ထပ် ကျယ်လောင်သံများ ထွက်ပေါ်လာခဲ့ကာ ဧရာမနတ်ဘုရားပုံရိပ်သည် လက်ကိုမြောက်လျှက် လှမ်းရိုက်လိုက်၏။ ချက်ချင်းပင် သန်းပေါင်းများစွာသော နတ်အလင်းများ ထွက်ပေါ်လာခဲ့ကာ မရေမတွက်နိုင်သော ဗုဒ္ဓချိပ်စည်းများ မိုးစက်များပမာ ကျဆင်းလာ၏။ ၎င်းတို့အထဲတွင်ကား လေဟာနယ်ကိုပင် ပြိုပျက်စေနိုင်သော အသန်မာဆုံးသော ချပ်စည်းလည်း ပါဝင်သည်။

နတ်ဆိုးခြောက်ပါးတို့၏လက်ထဲတွင် ပြိုင်စံရှားနတ်ဆိုးဓားများ စတင်ဖြစ်ပေါ်လာသည်။

စက္ကန့်ပိုင်းအတွင်း နတ်ဆိုးဓားတစ်လက် စတင်ရွေ့လျားသွား၏။ ရုပ်လောကသည် တုန်ခါသွားကာ ဓားသွားမှ အလင်းများသည် ကောင်းကင်ကို ဝင်းခနဲ လင်းလက်သွားစေသည်။

ထို့နောက် ဒုတိယခုတ်ချက် တစ်ချက် ဖြစ်ပေါ်လာပြန်သည်။ ပိုမိုအားကောင်းသော အရှိန်အဝါကြီးသော ဓားချက်သည် ပထမဓားချက်၏အားကိုယူ၍ ထပ်မံ တိုက်ခိုက်၏။

ထို့နောက်တွင် တတိယခုတ်ချက်… စတုတ္ထခုတ်ချက်…

“ကောင်းကင်မိစ္ဆာနတ်ဆိုးခုတ်ချက်ကိုးချက်…”

အနီးအနားမှ တန်ခိုးရှင်များအားလုံးမှာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ယူချင်းက ကောင်းကင်မိစ္ဆာခုတ်ချက်ကိုးချက်အား အသုံးပြုမည်ဟု မထင်ထားကြပေ။ ၎င်းသည် ကောင်းကင်မိစ္ဆာနတ်ဘုရားဆင့်ခေါ်ခြင်းပညာရပ်နှင့် တွဲသုံးပါက အလွန်အမင်းအားကောင်းကာ ယခင်က နတ်ဆိုးအင်ပါယာ၏ကြောက်စရာအကောင်းဆုံး‌သော တိုက်ကွက်ဖြစ်သည်။ သူသည် ထိုနည်းစနစ်ဖြင့် နတ်ဆိုးဘုံမှ နတ်ဆိုးများစွာကို နင်းခြေကာ နတ်ဆိုးတို့၏ဘုရင် ဖြစ်လာခဲ့သည်။

ယခု ယူချင်းသည် ကောင်းကင်မိစ္ဆာခုတ်ချက်ကိုးချက်ထဲမှ ခြောက်ချက်ကို အဆက်မပြတ် သုံးစွဲခဲ့၏။ ခုတ်ချက်တစ်ခုစီတိုင်းသည် ယခင်ခုတ်ချက်ကို အားပြုကာ ပိုမိုသန်မာအားကောင်း၏။ အလင်းတန်းများသည် အဆက်မပြတ်ပေါက်ကွဲသွားခဲ့ကာ လေဟာနယ်သည် ယိုယွင်းပျက်စီးတော့မည့်အလား ထင်မှတ်ရ၏။ ဗုဒ္ဓနတ်ဘုရားချိပ်စည်းများမှာလည်း တခဏချင်း ပျက်စီးပျောက်ကွယ်သွားခဲ့သည်။

လေထုအလယ်တွင်ကား ကောင်းကင်မိစ္ဆာခုတ်ချက်ခြောက်ချက်ပေါင်းစည်းထားသော ဓားသည် အဆက်မပြတ် လည်ပတ်နေကာ အလွန်အားကောင်းသော အရှိန်အဝါကို ပေးနေသည်။ နောက်ဆုံးတွင် ဓားသည် အသန်မာဆုံးသော ချိပ်စည်းအား ထက်ခြမ်းခွဲကာ ဖျက်ဆီးပစ်လိုက်၏။

ရှဲ…

ဓားပြားဝိညာဉ်အားသည် ချိပ်စည်းအား နှစ်ခြမ်းခွဲလိုက်သည်။ တချိန်တည်းမှာပင် ဓားသည် ဗုဒ္ဓနတ်ဘုရားသားတော်ထံသို့ ဆက်လက်တိုးဝင်သွား၏။ ဓားဝိညာဉ်ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင်လည်း အရာခပ်သိမ်း ပျက်စီးပျောက်ကွယ်သွားရ၏။

ဗုဒ္ဓနတ်ဘုရားသားတော်က မြေပြင်အား လက်ဝါးဖြင့် တစ်ချက်ရိုက်ပုတ်လိုက်သည်။ သူ့ထံမှ ပြင်းထန်သော ရွှေရောင်နတ်အလင်းများ ဖြာထွက်လာခဲ့ပြန်ကာ ၎င်းသည် အားပြည့်အင်ပြည့်ဖြင့် နတ်ဆိုးဓားထံသို့ ရိုက်ခတ်သွား၏။

“ကျိုးပျက်စမ်း…” ယူချင်းက မာန်သွင်းအော်ဟစ်လိုက်သည်။ သူက ခေါင်းမော့ကာ ကြည့်လိုက်လျှင် ထိုနေရာ၌ ဧရာမနတ်ဆိုးတစ်ပါး ပေါ်လာသည်။ ၎င်းသည် ဓားပြားဝိညာဉ်အားဖြင့် ထပ်မံခုတ်ချလိုက်သည်တွင် ဓားသည် နတ်ဆိုးကိုယ်ပိုင် ဆင်းသက်လာသည်နှင့်တူ၏။

နတ်ဘုရားချိပ်စည်းကား နှစ်ခြမ်းကွဲသွားကာ ဗုဒ္ဓနတ်ဘုရား၏လက်မှာလည်း ခုတ်ချခံလိုက်ရ၏။

လက်တွင် အက်ကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာကာ ၎င်းသည် ပိုမိုကြီးမားအက်ကွဲလာသည်။ ကောင်းကင်ထက်၌ နတ်ဘုရားပုံရိပ်၏မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်ဟန် အတိုင်းသားပေါ်လာသည်။ နတ်အလင်းများ တဖန် ပေါက်ကွဲထွက်လာခဲ့ကာ ဗုဒ္ဓစွမ်းအားကို အားကုန်ထုတ်သုန်း၏။ သို့သော်လည်း ထိုအခြေအနေတွင် မည်သည့်နည်းလမ်းကမှ အလုပ်မဖြစ်တော့ချေ။

နတ်ဆိုးအလင်းများသည် ကောင်းကင်တခွင်ကို စတင်လွှမ်းခြုံလာသည်။ အလင်းမျှင်အနေအထားမှသည် ရွှေရောင်အလင်းစက်ကွင်းအား စတင်ဖြိုဖျက်လာ၏။ နောက်ဆုံးတွင် အနီရောင်အလင်းတန်းသည် ရွှေရောင်အလင်းများအားလုံးကို ပြိုပျက်သွားစေခဲ့တော့သည်။ နတ်ဘုရား၏မျက်နှာမှာလည်း လွန်စွာ ရုပ်ဆိုးအကျည်းဆန်သွားကာ သူ့ပါးစပ်မှ သွေးများ ယိုစီးကျလာ၏။

လူများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် ဗုဒ္ဓနတ်ဘုရားသားတော်ရှိရာသို့ လှမ်းကြည့်ကြသည်။

အလင်းများကွယ်ပျောက်သွားကာ အရာအားလုံး ငြိမ်သက်သွားလျှင် သူတို့သည် မူလနေရာတွင် ရပ်နေသော လူတစ်ဦးအား မြင်ရသည်။ ဗုဒ္ဓနတ်ဘုရားသားတော်၏လက်တစ်ဘက်ကား မရှိတော့ချေ။ သူသည် နတ်ဘုရားပုံရိပ်အဖြစ် အသွင်ပြောင်းလဲသွားခဲ့စဉ်က ထိုပုံရိပ်နှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်ရာ ယူချင်းဖြတ်တောက်လိုက်သော လက်သည် သူ၏လက်အစစ်အမှန်လည်း ဖြစ်နေသည်။

ဗုဒ္ဓနတ်ဘုရားသားတော်၏လက်မှ ယူချင်း၏ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။

“သူက ရက်စက်တာပဲ…” ကောင်းကင်ဒေသမှ လူများ၏စိတ်နှလုံးများ အေးစက်သွားကြသည်။ ယူချင်းသည် ထိုမျှ ရက်စက်သော အမှုအား ကြံစည်ရဲသည်။ ရန်ဟောင်များသည် သူတို့၏ခြေလက်များကို ပြန်လည်ကုစားဖန်တီးနိုင်စွမ်း ရှိသော်လည်း ၎င်းဒဏ်ရာမှာ အချိန်များစွာယူ၍ ပြန်လည်ကုသရပေဦးမည်။

ထို့အပြင် ဖြတ်တောက်ခံရသော စွမ်းအားက အလွန်သန်မာအားကောင်းနေပါက ၎င်းလက်မှာ ပြန်လည်ကုစားနိုင်မည်မှာလည်း သိပ်မသေချာ။ ဗုဒ္ဓကုန်းမြေ၏တော်ဝင်မြေတွင် ထိုသို့သော စွမ်းရည် ရှိမည်လည်း မသိသေးပေ။

ယူချင်းကဲ့သို့ မည်သူမှ အတင့်ရဲမည် မဟုတ်ပေ။ သူက နတ်ဆိုးဘုံမှ နတ်ဆိုးများ၏အမူအကျင့်များကို သေချာပေါက် ပိုင်ဆိုင်ကာ ရန်သူကို အနည်းငယ်မျှ သက်ညှာပေးမည့်ဟန်မရှိပေ။ ရှေးနတ်ဘုရားကလန်မှ အမွေခံများသည်ပင် ထိုသို့ ပြုမူရဲမည် မဟုတ်ပေ။

ဗုဒ္ဓကုန်းမြေမှ တန်ခိုးရှင်များ၏စိတ်နှလုံးများ တုန်ယင်သွားကြသည်။ သူတို့က မြန်ဆန်စွာပင် စွမ်းအားများကို ထုတ်ဖော်၍ ရှေ့ကို တက်လာကြသည်။ သို့သော်လည်း လူတစ်ယောက်က လက်ဝှေ့ယမ်းကာ သူတို့အား တားလိုက်သည်။ သူ၏လက်တစ်ဖက်ဖြင့် လူများစွာတို့၏ဒေါသမှာ ယာယီပြေငြိမ်းသွားရ၏။

ဤသည်ကား ဗုဒ္ဓနတ်ဘုရားသားတော်၏တိုက်ပွဲဖြစ်သည်။ အခက်အခဲနှင့် ရှုံးနိမ့်ခြင်းတို့ဟူသည်မှာ ကျင့်ကြံသူတို့ တစ်နေ့ ကြုံတွေ့ရမည့် ကိစ္စဖြစ်သည်။ မဟုတ်လျှင် သူက မည်မျှ သန်မာနေပါစေ၊ အသန်မာဆုံး ဖြစ်လာမည် မဟုတ်ပေ။

ဗုဒ္ဓနတ်ဘုရားသားတော်သည် ရန်ဟောင်အဆင့်ရှစ်သို့အထိ ကျင့်ကြံပြီးဖြစ်သည်။ သူသည်သာ ဤအရှုံးမှ ပြန်ရုန်းထနိုင်ပါက နောက်တွင် ပိုမိုသန်မာလာကာ ဗုဒ္ဓကုန်းမြေအရှင် ဖြစ်လာပေလိမ့်မည်။ မဟုတ်လျှင် သူသည် ထာဝရအရှုံးနွံထဲတွင် နစ်မြုတ်ကာ ပျောက်ဆုံးသွားပေမည်။ ဤသည်က သူတစ်ဦးတည်းရင်ဆိုင်ရမည့် ကိစ္စလည်းဖြစ်၏။

ထို့အပြင် ဤတိုက်ပွဲက မျှတသည်။ သူ့လက်ကို ဖြတ်တောက်ခဲ့သော ယူချင်းသည် နတ်ဆိုးဘုံမှ ဖြစ်၏။ သူ့အား နတ်ဆိုးအင်ပါယာကိုယ်တိုင်က လက်ထပ်သင်ပေးထားခြင်းလည်းဖြစ်သည်။ မည်သူက သူ့အား ထိရဲမည်နည်း။ ယူချင်းကို လက်စားချေမည်လား။ မည်သူက နတ်ဆိုးဘုံနှင့် စစ်ခင်းရဲမည်နည်း။

ဗုဒ္ဓကုန်းမြေသည် ကောင်းကင်ဒေသ၏အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ တစ်ဘက်တွင် နတ်ဆိုးဘုံသည် ကောင်းကင်ဒေသတစ်ခုလုံးနှင့်ရင်ဆိုင်နိုင်သော လောကဖြစ်သည်။

“ခင်ဗျားတို့အားလုံး ကြည့်လို့ဝပြီလား။ အခု နတ်ဆိုးအင်ပါယာရဲ့လက်အောက်မှာ လေ့ကျင့်ခဲ့တဲ့လူ၊ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့အစွမ်းထက်ဆုံးလူနဲ့ ပြိုင်စံရှားနတ်မိမယ်… ဘာကို တွန့်ဆုတ်နေကြသေးတာလဲ” အသံတစ်သံကို ကြားရသည်။ ပြောလိုက်သူကား ဟောင်ထျန်းကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်ဖြစ်သည်။

ဗုဒ္ဓနတ်ဘုရားသားတော်၏လက်မှာ ဖြတ်တောက်ခံရမှတော့ တိုက်ပွဲ၏သဘောသဘာဝမှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သည်မတိုင်ခင်က သူတို့သည် နောက်ခံအင်အားနှင့် ကျင့်ကြံဆင့်တို့ဖြင့် ရီဖူရှင်းကို ဖိအားပေးကြသည်။ ယခုကား တိုက်ပွဲမှာ ညီမျှသွားပြီဟု ပြောနိုင်သည်။

တန်ခိုးရှင်များက အခြေအနေကို သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ကြသည်။ နတ်အလင်းများ သူတို့၏ခန္ဓာကိုယ်တွင် စတင်လှည့်ပတ်လာကြသည်။ ချက်ချင်းပင် မဟာလမ်းစဉ်၏အော်သံများ ကြားလာရ၏။ ကြည့်ရသည်မှာ ကောင်းကင်အာဏာစက်မြို့အနီးတဝိုက်မှာ တိုက်ပွဲမြေပြင် ဖြစ်လာမည့်ပုံစံဖြစ်သည်။

ကောင်းကင်ထက်တွင် တစ်စုံတစ်ယောက်သည် နတ်ဝင်ရိုးအား ထုတ်လွှတ်ကာ သီးသန့်စက်ကွင်းအား ဖြစ်ပေါ်စေသည်။

ယူချင်းက အကြည့်အား တခြားတန်ခိုးရှင်များထံသို့ စူးစိုက်လိုက်သည်။ သူ၏ခုတ်ချက်ဖြင့် ဗုဒ္ဓနတ်ဘုရားသားတော်၏စွမ်းအား အတိမ်အနက်ကို သူသိခဲ့သည်။ သို့သော်လည်း ဗုဒ္ဓနတ်ဘုရားသားတော်သည် လျှို့ဝှက်နည်းနစ်ကို သုံးခဲ့သည့်တိုင် အဆင့်ရှစ်ရန်ဟောင်မျှသာဖြစ်သည်။ ယခု အဆင့်ကိုးရန်ဟောင်များလည်း ပါဝင်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။ သည်တိုက်ပွဲက လွယ်ကူမည် မဟုတ်သည်မှာ သေချာ၏။

ဒင်… ဒင်…

ထိုစဉ် မရေမတွက်နိုင်သော တီးလုံးသင်္ကေတများသည် တန်ခိုးရှင်များ၏နားထဲကို ဝင်လာ၏။ ထိုတီးလုံးများမှ အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို သူတို့ခံစားမိကြသည်။ လူတိုင်းမှာ ကြီးစွာသော ဝမ်းနည်းခြင်း ပူဆွေးခြင်းနှင့် အားငယ်ခြင်းတို့အား စတင်ခံစားလာကြရသည်။ တီးလုံးတစ်ခုစီသည် သူတို့၏အသွေးအသားနှင့် ဝိညာဉ်တို့ထံသို့ စီးဝင်ပျံ့နှံ့လာ၏။

“ကျုပ်တို့က သူ့ကို ဆက်တီးမရအောင် လုပ်ရမယ်” တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူကြည့်လိုက်သည့်နေရာတိုင်းမှာ လေဟာနယ်သည် ယိုယွင်းတွန့်လိမ်နေ၏။

All Chapters