နတ်ဘုရား အလောင်း ဘယ်မှာလဲ။
Vol. 160 Ch. 2228
မြင့်မြတ်မြေ ငါးပါးလုံး တစ်စုတည်း ရောက်ရှိလာခြင်းဖြစ်၏။ အဖွဲ့ကို ဦးဆောင်သူ များသည် အသက်ငယ်ငယ်ဖြင့် လူတော်စင် နယ်ပယ်သို့ ရောက်ရှိနေသည်။
ကျိကျစ်ရှီက လူအုပ်ထဲ၌ မြင့်မြတ်သော ရောင်ဝါနှင့် တောက်ပ နေခဲ့၏။ မြင့်မြတ်မြေ၏ သခင်ငယ်များက သူမအနားတွင် ဝိုင်းရံနေသည်။
မီးနဂါးမြစ်သည် ၎င်းအထက် ပျံသန်း သူများကို ကြီးမားသော ဖိအားဖြင့် မြစ်ပြင်ပေါ် ပြုတ်ကျစေ၏။
မြစ်ရေပြင်သည် သူတော်စင်များပင် မခံနိုင်သော နတ်မီးတောက် အငွေ့အသက်များ စွန်းထင်းနေသည်။
ထို့ကြောင့် မြစ်ပြင်ကို ဖြတ်ကူးရန် နည်းလမ်း ရှာမတွေ့သဖြင့် လူအုပ်မှ ရပ်ဆိုင်း နေခြင်း ဖြစ်သည်။
မြင့်မြတ်မြေ ငါးပါး ရောက်ရှိလာ ပြီးနောက်တွင် ၎င်းတို့ မည်သို့ ဖြတ်သန်းမည်ကို စိတ်ဝင်စားလာ ကြ၏။
မြင့်မြတ်မြေများတွင် အကြီးအကဲ အချို့ ခေါ်ယူလာသဖြင့် သူတို့ထက် သာလွန်သော အမြင်များ ရှိပေမည်။
“ သခင်လေး ... မြစ်အောက်ခြေမှာ မီးနဂါးအရိုးစု ပုံသဏ္ဍာန်ကြီး ရှိတယ် ဖိအားက သူ့ဆီကနေ လာတာ၊ ဖြတ်ကျော်ချင်ရင်တော့ နဂါးရောင်ဝါကို ခုခံရမယ်၊ မြစ်ထဲ ပြုတ်ကျရင် သူတော်စင် တစ်ပါးတောင် ရှင်သန်ဖို့ ပြဿနာရှိလိမ့်မယ်။”
ရွှေရောင်ဝတ်ရုံဖြင့် အဖိုးအိုက လူငယ်တစ်ဦးကို လေးလေးစားစား ပြောကြား နေသည်။
ဤလူငယ်သည် မင်ဂိုဏ်း၏ သခင်ငယ် ဟွာကျင်းယွီ ဖြစ်၏။ ၎င်းသည် အသွင်အပြင်မှာ လူငယ် ဖြစ်သော်လည်း၊ အသက် တစ်ရာကျော် နေပြီ ဖြစ်သည်။
ကျင့်ကြံမှုမှာ ဒုတိယအဆင့် သူတော်စင် သခင်ဖြစ်၏။ လက်ရှိခေတ်၌ပင် အသက်တစ်ရာ ဝန်းကျင်ဖြင့် သူတော်စင် ဖြစ်လာနိုင်သူသည် ပါရမီရှင် ဖြစ်နေဆဲ ပေပင်။
သူ့ဘေးတွင် ခရမ်းရောင်ဝတ် လူငယ် တစ်ယောက် ရပ်နေ၏။ ထိုလူငယ်သည် အနန္တ လျှပ်စီးဂိုဏ်းမှ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင် ဖြစ်သည်။
သူသည် လွန်ခဲ့သည့် ရာစုနှစ်အတွင်း အနန္တလျှပ်စီး ဂိုဏ်း၏ အငယ်ဆုံး သူတော်စင် သခင် ဖြစ်၏။ အသက်တစ်ရာ မတိုင်မီ သူတော်စင် ဖြစ်လာသူ ပေပင်။
ဟွာကျင်းယွီ ညာဘက်တွင် ဓားသမား လူငယ်တစ်ဦး ရှိ၏။ ဤလူငယ်သည် တိမ်လှိုင်း သူတော်စင် သခင် ဖြစ်သည်။ ကောင်းကင် မီးလျှံဂိုဏ်းမှ လျူယွင်လန် ဖြစ်၏။
သူတို့ သုံးဦးသည် ဉာဏ်ကြီးရှင်များ ဖြစ်သည်။ အထူးသဖြင့် ဟွာကျင်းယွီ ပေပင်။ ၎င်းတို့နှင့် ယှဉ်သော် နတ်တာအို ခန်းမမှ လူငယ်သည် အားနည်းနေ၏။
ဤလူငယ်သည် လင်းယွန်နှင့် ဆုံဖူးသော သခင်ငယ် ဝူရှောင် ဖြစ်သည်။ ဂီတ မျိုးနွယ်စုမှ ဆင်းသက်လာပြီး ထိုအချိန်က သူ့ကိုယ်သူ သခင်ငယ် အဖြစ် အမည်ပေးခဲ့၏။
“ ဝူရှောင် ... မင်း မြစ်ကို ဖြတ်ကူးဖို့ မခက်သင့်ဘူး မဟုတ်လား ... နောက်ဆုံးတော့ နတ်တာအို ခန်းမရဲ့ ကောင်းကင်မီးတောက် တွေကို မင်းခံနိုင်ရည် ရှိခဲ့တယ် မဟုတ်လား။ ”
ဟွာကျင်းယွီမှ ပြုံးကာ မေးလိုက်သည်။
“ နတ်တာအို ခန်းမရဲ့ ... ကောင်းကင် ခန်းမကို ဘယ်သူမှ မဖြတ်နိုင်ဘူး၊ နောက်ဆုံး အဆင့်မှာရှိတဲ့ ကောင်းကင် မီးတောက်တွေက ကိုင်တွယ်ရ ခက်ခဲတယ်။ ”
ကောင်းကင် မီးလျှံဂိုဏ်းမှ လျူယွင်လန်မှ ပြောကြား လာခဲ့သည်။ အနန္တ လျှပ်စီး ဂိုဏ်း၏ ကောင်းကင် ဂီတ သူတော်စင် သခင်မှလည်း၊
“ သခင်ငယ် ဝူရှောင်က ယဉ်ကျေး သိမ်မွေ့နေဖို့ မလိုပါဘူး ... ဒါတွေ အားလုံးက မင်းသမီးလေး ရှေ့မှာ ပြသဖို့ အခွင့်အရေး ကောင်းပဲ။ ”
-ဟု မြှောက်ပင့် လိုက်၏။
“ မင်းတို့ သုံးယောက်က ... ဘယ်လောက်တောင် ယုံကြည်မှု ရှိလဲ ဆိုတာ ငါ သိပါတယ်၊ မင်းတို့မြစ်ကို ဖြတ်ဖို့ နည်းလမ်း ရှိနေပြီ မဟုတ်လား၊ ...
... ဒါကြောင့် ငါ့ရဲ့ သနားစရာ ကောင်းတဲ့ လှည့်ကွက်လေးတွေနဲ့ ... ငါ့ကိုယ်ငါ အရှက်ခွဲ မနေတော့ပါဘူး။ ”
ဝူရှောင်က နိမ့်ကျသော အသွင်ဖြင့် ပြန်ဖြေသည်။ သူ့ အမူအရာနှင့် လေသံကြောင့် လူသုံးယောက်မှ ပြုံး၏။
သူတို့ သုံးယောက်သည် ငယ်ရွယ် သော်လည်း အသက် ရာဂဏန်း ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် အသက်ငယ်ငယ်ဖြင့် သူတော်စင် သခင် ဖြစ်လာသည့် အပေါ် ကျေနပ်ခြင်း မရှိသေးချေ။
သူတို့ သုံးယောက်သည် ဝူရှောင်ထက် အနည်းငယ် အရည်အချင်း နိမ့်နေခဲ့ကြောင်း မြင်သာနေ၏။ သို့သော် ဝူရှောင်မှာ ပါးနပ်လွန်း သဖြင့် မအောင်မြင်ခဲ့ချေ။
တိမ်လှိုင်း သူတော်စင် သခင်မှ၊
“ ငါတို့ မြစ်ကို ဖြတ်တဲ့အခါ ဖိအားတွေ တိုးလာမှာ ဖြစ်တဲ့ အတွက် ... နဂါးရောင်ဝါခွဲဖို့ လိုတယ်။ ”
“ ဒါကြောင့် ချောမွေ့စွာ ... ကျော်ဖြတ်ချင်တယ် ဆိုရင် ... လှေ ဒါမှမဟုတ် လျှို့ဝှက် ရတနာကို အသုံးပြုရမယ်။ ”
ဝူရှောင် မျှော်လင့်ထား သလိုပင် ဤလူသုံးယောက်၌ ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းများ ရှိပြီးသား ဖြစ်နေ၏။
“ ငါ အရင် သွားလိုက်မယ်။ ”
ဟွာကျင်းယွီမှ မီးနဂါးမြစ်ပြင်ပေါ် ခုန်ဆင်းလိုက်၏။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။
ခြေထောက် အောက်၌ နေနှင့်လသည် ယင်ယန် ပုံသဏ္ဍာန်အဖြစ် ဖွဲ့တည်လာခဲ့ကာ ချော်ရည်များ လောင်မြိုက်ခြင်းမှ ကာကွယ် ပေးနေ၏။
“ ဟိတ် ... ။ ”
များမကြာခင် မင်ဂိုဏ်းဝင်များလည်း ယင်ယန် စွမ်းအင်လှိုင်းများ စီးနင်းပြီး မီးနဂါး မြစ် အပေါ် ခုန်ဆင်းသွားတော့သည်။
“ မင်ဂိုဏ်းက မျှော်လင့်ထားသလိုပဲ ... ။ ”
“ သူတို့က ... အရှေ့ဘက် ပျက်စီးမြေမှာ အပြင်းထန်ဆုံး ဖြစ်သင့်ပြီး ကောင်းကင် တာအို ဂိုဏ်းကတော့ ဟာသတစ်ခုပါပဲ။ ”
မြစ်ကမ်းစပ်ရှိ လူအုပ်က မီးခွက်များကဲ့သို့ မီးနဂါးမြစ်ကို ဖြတ်သန်းနေသော မင်ဂိုဏ်းထံ ကြည့်ကာ သုံးသပ် ပြောဆိုလာကြ၏။
ထို့နောက် ကောင်းကင် မီးလျှံဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်သည်။ သူတို့ နည်းလမ်းသည် ရိုးရှင်းချေ၏။ ၎င်းတို့၏ ဓါးများကို ခြေနင်းလှေ အဖြစ် အသုံးပြုကာ ဖြစ်ကျော်ခြင်း ပေပင်။
အနန္တ လျှပ်စီးဂိုဏ်း သည်မူ လျှို့ဝှက် ရတနာလှေငယ် တစ်စင်းကို ထုတ်ယူ လိုက်၏။ ဤသည်မှာ လျှပ်စီးငွေလှေ ဖြစ်သည်။
“ သခင်မလေး ကျစ်ရှီ ... ၊ မင်း ငါနဲ့အတူ မြစ်ကို ဖြတ်ချင်လား။ ”
ဝူရှောင်မှ မျှော်လင့်ချက်ဖြင့် မေးသည်။ ပိုင်ရှုရင်နောက်သို့ လိုက်ရာ၌ ရှုံးနိမ့်မှု ခံစားရပြီး အချိန်အတော်ကြာ စိတ်ဓာတ်ကျခဲ့၏၊။
နတ်ဖီးနစ်တောင်တန်းမှ ကျိကျစ်ရှီကို မတွေ့ခင် အချိန်ထိ ပေပင်။ မြင်မြင်ချင်း အချစ် ဟူသည်ကို သူမနှင့်မှ ခံစားရ၏။
ထို့ကြောင့် ပိုင်ရှုရင်ကို တောင်းပန်ရုံသာ ရှိချေမည်။ အနည်းဆုံးတော့ ဤတစ်ကြိမ်တွင် ထိုလူ ဝင်ရှုပ်လာတော့မည် မဟုတ်ချေ၊။
(ထိုလူ=ပန်းသင်္ချိုင်း။)
“ သခင်ငယ် ဝူရှောင်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဖီးနစ်တောင်က မြစ်ကိုဖြတ်ဖို့ နည်းလမ်းရှိတယ်။ ”
ကျိကျစ်ရှီမှ စကား မပြန်သဖြင့် အဖြူဝတ် အကြီးအကဲက သူမ ကိုယ်စား ငြင်းပယ် စကား ဆိုလာတော့သည်။
ထိုစဉ် ကျိကျစ်ရှီက ရုတ်တရက် လှည့်ကြည့်ပြီး၊
“ ဖီးနစ်က နဂါးကို ဘာလို့ ကြောက်ရမှာလဲ။ ”
-ဟု ပြောကြား လိုက်တော့၏။
“ ဟိတ် ... ။ ”
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် နတ်ဖီးနစ်တောင်မှ လူတိုင်းက ကောင်းကင်ပေါ် ခုန်တက်သွားကြ လေသည်။
“ ကျီး ... ။ ”
ပြိုးပြိုး ပြက်ပြက် မီးတောက်များနှင့် ဖီးနစ်အော်သံက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လာ၏။
၎င်းတို့သည် မီးနဂါးမြစ်ကို တိုက်ရိုက် ဖြတ်ပျံသွားသည်။ ဖီးနစ် ရောင်ဝါသည် မီးနဂါး အငွေ့အသက်ကို ခွဲကာ ချောမွေ့စေ၏။
( ဘယ်လောက်တောင် ... ကြီးစိုးလိုက်လဲ။ )
ခရမ်းငယ်မှ ပြောသည်။
( ငါ့သားမြေးတွေက ... ဒီလို ပုံစံမျိုး ရှိသင့်တယ်၊ ငါတော့ အဲဒီ ကောင်မလေးကို သဘောကျစပြု နေပြီ။ )
လင်းယွန်မှ စကားမပြောဘဲ ဝူရှောင်ထံ အကဲခတ် နေမိသည်။ ဤလူငယ်သည် လက်ရှိ အချိန်၌ သူတော်စင် သခင် ဖြစ်ချေပြီ။
ဝူရှောင် တစ်ယောက် ကျိကျစ်ရှီ ပုံရိပ် ပျောက်ကွယ် သွားသည် အထိ ငေးမောကြည့် နေ၏။ ဤသည်မှာ သူ လက်ထပ်ချင်သော အမျိုးသမီး ပေပင်။ စွဲမက်ဖွယ် ကောင်း၏။
“ သခင်ငယ် ... ငါတို့ မြစ်ကူးဖို့ အချိန်ရောက်ပြီ။ ”
နတ်တာအို ခန်းမ၏ အကြီးအကဲမှ သတိပေးလာသည်။
“ သွားရအောင် ... ”
ဝူရှောင်က ပြုံးကာ ခေါင်းညိမ့်လိုက်၏။ မီးနဂါးမြစ်အပေါ် ဖြတ်ကူးရန် နည်းလမ်းကို သူ စဉ်းစားထားပြီး ဖြစ်သည်။
သို့သော် သူ့ခွန်အားကို ဖုံးကွယ်လို၏။ နိမ့်ကျသော ပုံစံကို ထိန်းသိမ်း ထားခြင်းသည် အကောင်းဆုံး ပေပင်။
ယင်းကို ပန်းသင်္ချိုင်းထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ ဤသို့မဟုတ်သော် သည်မျှ မြန်မြန် သူတော်စင် ဖြစ်လာမည် မဟုတ်ချေ။
ဝူရှောင်က စုတ်တံ တစ်ချောင်းကို ထုတ်ယူကာ ပန်းချီဆွဲတော့သည်။ သူ့လူများက ထိုနည်းအတိုင်း လိုက်ပါ လုပ်ဆောင်၏။
အမျိုးမျိုးသော သူတော်စင် သားရဲများ၏ သွေးမှ သန့်စင်ထားသော မှင်များကို အသုံးပြု နေကြသည်။
စုတ်တံများမှာ ဘုန်းသူတော်စင် လက်ရာ ဖြစ်၏။ များမကြာခင် သူတော်စင် ရူရ်များက သူတို့ တစ်ဦးစီတိုင်းကို အလွှာ (၁၀)လွှာဖြင့် ဖုံးလွှမ်း လာတော့သည်။
“ အခု ဘာဆက်လုပ်ရ မလဲ သခင်ငယ် ... ။ ”
သူတော်စင် တစ်ပါးမှ မေး၏။
“ ဖြတ် ကူး ... ။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
ဝူရှောင်မှ ပြုံးပြီး ပြန်လည် ဖြေကြား လိုက်သည်။ နတ်တာအို ခန်းမမှ တပည့်တိုင်းက ထပ်မမေးတော့ဘဲ မြစ်ပြင်ပေါ် တိုက်ရိုက် ခုန်ချတော့၏။
အရိုးရှင်းဆုံး နည်းလမ်း ပေပင်။ ဤမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူး ကုန်သည်။ သည်နည်းလမ်းကို မည်သူမျှ မတွေးတောမိချေ။
“ အဟား ... နတ်ဖီးနစ် တောင်တန်းက ... ဒီလူကို သဘော မတူခဲ့တာ ကံကောင်းပါတယ်၊ မဟုတ်ရင် ဖီးနစ်တွေက မီးနဂါးမြစ်ကို လက်ပစ် ကူးနေတဲ့ မြင်ကွင်းက ရယ်စရာ ကောင်းနေ လိမ့်မယ်။ ”
“ အဲဒါက သူ ဉာဏ်ကောင်းလို့။ ”
လင်းယွန် ဘေးမှ ကျင့်ကြံသူများက ခေါင်းယမ်းလျက် ဝူရှောင်နည်းတူ မြစ်ပြင်ကို ဖြတ်ကူးရန် နည်းလမ်း မျိုးစုံ အသုံးပြု လိုက်ကြသည်။
“ အဟား ... ဒီကောင်က အံ့သြစရာပဲ။ ”
လင်းယွန်မှ ပြုံးလိုက်တော့၏။
( နင်ရော ဘယ်လို သွားမလဲ ... ဝူရှောင် နည်းလမ်းကို သဘောကျလား။ )
( ဟမ့် ... ကျစရာလား ခုန်မယ်။ )
လင်းယွန်က လူရှင်းသော နေရာကို ရွေးချယ်ပြီး ကောင်းကင်ပေါ် ခုန်တက်လိုက် တော့သည်။ မီးနဂါး ရောင်ဝါသည် သူ့ကို မနှောက်ယှက် နိုင်ချေ။
“ ဝှစ် ... ။ ”
မြစ်ရေပြင်ပေါ် အကြိမ် အနည်းငယ် ဆင်းသက်ကာ အားယူ ခုန်ပျံ ပြီးနောက် တစ်ဖက်ကမ်းသို့ ရောက်ရှိသွား၏။
“ ဖီးနစ်က နဂါးကို မကြောက်ဘူး ... မိုးပြာနဂါးကရော မီးနဂါးကို ကြောက်စရာလား၊ ဟား ဟား ဟား ... ။ ”
လင်းယွန်မှ ရယ်သည်။
“ တစ်ခုခုတော့ မှားနေပြီ။ ”
သို့သော် မြေပြင်ပေါ် ခြေချမိသည်နှင့် တစ်စုံတစ်ရာကို သတိထားမိသွား၏။ သူသည် အာကာသ တာအိုကို ဆုပ်ကိုင် မထားနိုင်ချေ။
သို့သော် နေနတ်ဘုရား ဖမ်းဆီးခြင်း ရွေ့လျားမှု ပညာရပ်ကို အကန့်အသတ် အထိ ထုတ်ဖော်လိုက်ပါက အာကာသ အတား အဆီးဖြင့် ထိမိပေမည်။
ယခုမူ ထိုသို့သော အတားအဆီးမျိုး မခံစားမိခဲ့ကြောင်း သေချာ၏။ နောက်ပြန် လှည့်ကြည့် လိုက်သောအခါ မြစ်ပြင်သည် တံလျှပ်များ အဖြစ် တုန်ခါနေတော့သည်။
မျက်နှာ ပြန်လှည့် မိချိန်၌ မြူခိုးများ ပြည့်နှက်နေသော ပတ်ဝန်းကျင်ကို မြင်လိုက် ရပြန်၏။ အဝေးတွင် သွေးကျီးကန်းများ သွားလာ နေကြသည်။
အချို့သော သွေးကျီးကန်းများမှာ ဉာဏ်ရည်မြင့်မားပြီး လူသားဆန်သော ပုံစံဖြင့် ရှိနေခဲ့သည်။
“ ကောင်းကင် ဗိမ္ဗာန် ... ။ ”
အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် အကြာတွင် လူသားဆန်သော သွေးကျီးကန်း တစ်ကောင်ကို ဖမ်းမိလာ၏။
“ ဒီနယ်မြေထဲမှာ နတ်ဘုရား အလောင်း ရှိလား။ ”
လင်းယွန်မှ စစ်မေးသည်။
“ ဟား ဟား ဟား သေချာတာပေါ့ ... မဟုတ်ရင် ငါတို့လို သွေးကျီးကန်း တွေက ဘာလို့ လာရမှာလဲ။ ”
သူ့ မေးခွန်းကို သွေးကျီးကန်းငယ်မှ လှောင်ပြုံးဖြင့် ပြန်ဖြေ၏။ ကြောက်ရွံ့ပုံ မပြချေ။
“ ဒါဆို နတ်ဘုရားအလောင်းက ဘယ်မှာလဲ။ ”
ခရမ်းငယ် ပြေးထွက်လာပြီး ရက်စက် ကြမ်းကြုတ်သော အမူအရာမျိုးဖြင့် ချက်ချင်း မေးမြန်းလိုက်သည်။ သွေးကျီးကန်းငယ်မှ ပြန်မဖြေချေ။
“ မင်း ... မပြောရင် ကျီးကန်းကင် ဖြစ်အောင် ငါလုပ်မယ်။ ”
“ ဟမ့် ... ဒီနေရာက ကောင်းကင်ဗိမ္ဗာန်ပဲ၊ ငါတို့က မသေနိုင်ဘူး ဆိုတော့ မင်းခြိမ်းခြောက် နေလည်း အပိုပဲ၊ သွေးကျီးကန်းကို လူသား တွေက ကင်စားနိုင်သလား မသိပေမယ့် ...
... လူသားတွေကို ငါတို့ စားဖူးတယ် ... အထူးသဖြင့် မင်းလို ... ကောင်မလေး ငယ်ငယ် လေးတွေကိုပဲ။ ”
သွေးကျီးကန်းငယ်သည် ပထမအဆင့် သူတော်စင် သခင် ဖြစ်သဖြင့် ကလေးမလေးနှင့် အမည်ခံ သူတော်စင်မျှသာ ဖြစ်သော လင်းယွန် အပေါ် ကြောက်စရာ အကြောင်း မရှိချေ။
“ မင်း ငါ့ကို ဘယ်လိုတောင် စော်ကားလိုက်လဲ။ ”
နဖူးရှိ ရေခဲဖီးနစ်နှင့် မိုးပြာနဂါး ဘုရင်၏ နတ်ရူရ်နှစ်လုံး ပွင့်လာပြီးနောက် သွေးကျီးကန်း ငယ်ကို ကန့်သတ်ပစ် လိုက်တော့သည်။
“ အား ... ။ ”
ယင်းကြောင့် သွေးကျီးကန်းငယ်မှာ နာကျင်စွာ အော်ဟစ် လိုက်ရ၏။ နတ်ဘုရား အလောင်း တည်ရှိရာ အရပ်ကိုမူ မပြောသေးချေ။
“ လင်းယွန် ... ဒီကျီးကန်းကောင်က မုန်းစရာ ကောင်းလွန်းတယ် ... ငါတို့ ချက်စား ကြမလား ... ။ ”
“ ချက်စားရင် ကောင်းမယ် မထင်ဘူး ... ငါတို့ သူ့ကို စွမ်းအင် ပုတီးစေ့ အဖြစ် ... သန့်စင် လိုက်တာ ပိုကောင်းမယ်။ ”
‘ပုတီးစေ့’-ဟု ကြားသော အခါတွင် သွေးကျီးကန်း လူငယ်ခမျာ မျက်နှာ ရှုံ့တွသွား လေသည်။ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလျက်၊
“ အဟား ... ပုတီးစေ့ ဆိုတာ ဘာကို ပြောနေတာလဲ။ ”
-ဟု ပြန်လည် မေးမြန်းလာ၏။
ကောင်းကင် ဗိမ္ဗာန်မှ သွေးကျီးကန်း များသည် အနန္တ သင်္ချိုင်း တောင်ကြားတွင် ရှိသည့် ကျီးကန်းများနှင့် မတူကြောင်း လင်းယွန်မှ သတိထားမိ လိုက်သည်။
ဤကောင်းကင် ဗိမ္ဗာန်နယ်မြေသည် ၎င်းတို့အတွက် ပြန်လည် ရှင်သန် နိုင်လှသော မြင့်မြတ်မြေ ဖြစ်၏။ ထို့ကြောင့် သေခြင်းကို မကြောက်ကြချေ။
“ ဒါမျိုး ... ။ ”
လင်းယွန်က ကျန်ရှိနေသော ပုတီးစေ့ တစ်လုံးကို ထုတ်ယူပြီး သွေးကျီးကန်းငယ်ထံ ပစ်ပေးလိုက်သည်။
ဤပုတီးစေ့သည် အနန္တ သင်္ချိုင်း တောင်ကြားမှ သွေးကျီးကန်း ဘိုးဘေး၏ အနှစ် သာရ ဖြစ်၏။
ဤနေရာရှိ သွေးကျီးကန်းများသည် ဤသို့သော အနှစ်သာရ ပုတီးစေ့ တစ်စေ့ကို ချန်ထားခြင်း မရှိဘဲ သေဆုံးပြီးနောက် ပြန်လည် ဝင်စားနိုင်ကြပေမည်။
သွေးကျီးကန်းငယ်က ပုတီးစေ့ကို မြင်သောအခါ ကြောက်ရွံ့ တုန်လှုပ်စ ပြုလာပြီး၊
“ ဒါ ... ဒါက အပြစ်တွေနဲ့ ပြည့်နေတဲ့ အမှောင်စွမ်းအင်ပဲ၊ ဘယ်လိုလုပ်ပြီး ပြီးမြောက် နိုင်ရတာလဲ၊ မင်း ... မင်းက ဖြောင့်မတ်တဲ့ ဂိုဏ်းသား မဟုတ်ဘူးလား။ ”
“ ဟမ့် မှားနေပြီ ... သူ့က သန့်ရှင်းသော သမီးတော် သတ်သူပဲ ... ဖြောင့်မတ်တဲ့ ဂိုဏ်းရဲ့ လူယုတ်မာ တစ်ယောက် ...
... အဲဒါကြောင့် လူတွေက သူ့ကို ပန်းသင်္ချိုင်းလို့ ဘွဲ့ပေးခဲ့တယ်၊ ဒီကမ္ဘာပေါ်က မကောင်းမှု မှန်သမျှ ... သူ့လက်ကနေ ပေါက်ဖွားတယ်။ ”
ခရမ်းငယ်မှ ပြုံးပြီးပြော၏။ သွေးကျီးကန်း လူငယ်ခမျာ သန့်ရှင်းသော သမီးတော် သတ်သူ အမည်ကို နားမလည်ချေ။ ပန်းသင်္ချိုင်း ဟူသော အမည်ကြောင့်သာ ထိတ်လန့်တကြား ဖြစ်လာ၏။
“ မင်း ... မင်းက ပန်းသင်္ချိုင်းလား။ ”
“ ဟုတ်တယ် မင်းကို မလိမ်ဘူး ... နတ်ဘုရား အလောင်း ဘယ်မှာလဲ၊ ငါတို့ကို လိုက်ပို့ပေးရင် အသက်ရှင်ခွင့် ပေးမယ်။ ”
“ ဟား ဟား ဟား ... ။ ”
သွေးကျီးကန်း ငယ်မှာ စိတ်ပျက် အားငယ်သွားပြီး အဆုံးတွင် ရူးသွပ်စွာ ရယ်မော လိုက်တော့၏။
“ မင်းတို့က .... နတ်ဘုရား အလောင်း ဘယ်မှာ ရှိလဲလို့ မေးနေတာလား .. အခု မင်းတို့ ရပ်နေတဲ့ အရပ်က ... နတ်ဘုရား အလောင်းပဲ။ ”
***