← Chapters

လူလိမ် ... ။

Vol. 160 Ch. 2230

လူလိမ် ... ။

Vol. 160 Ch. 2230

လင်းယွန် စကားကြောင့် ကျိဖုန်း တုန်လှုပ်သွားသည်။ အရမ်းများလွန်းသည်ဟု ပြောချင်သော်လည်း မပြောဝံ့ချေ။

ယင်းမြစ် ဘုရင် သို့မဟုတ် အသူရာ သူတော်စင် သခင် မည်သူပင် ဖြစ်စေ ရန်စရန် သူ တတ်နိုင်မည် မဟုတ်ကြောင်း သိသည်။

၎င်းတို့သည် လက်ညှိုး တစ်ချောင်း တည်းဖြင့် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်၏။ ကျိဖုန်း၏ တုံ့ပြန်မှုကို မြင်ချိန်၌ လင်းယွန်မှ ပြုံးလိုက်သည်။

ဓားသင်္ချိုင်း အတွင်းရှိ ဝိညာဉ် နတ်မိစ္ဆာ သုံးကောင်သည် ဒုတိယ အဆင့် သူတော်စင် သခင်များ ဖြစ်ပြီး ရေမှုန် ရောင်ဝါကို ဖွဲ့စည်း ထားနိုင်၏။

ထို့ကြောင့် ၎င်းတို့ သုံးဦးသည် အနည်းဆုံး သိမ်းငှက် သူတော်စင် သခင် ငါးယောက်ခန့်ကို သတ်နိုင်၏။

“ မင်း သူတို့ထဲက ... တစ်ယောက် ယောက်ကို လှည့်စားပြီး ... အသက်ရှင် နိုင်ခဲ့ရင် မင်းအတွက် နတ်သွေးတစ်စက် ပေးမယ်။ ”

လင်းယွန်မှ ကျိဖုန်းကို ကတိပေး လိုက်သည်။

“ မင်းမှာ နတ်သွေး ရှိလို့လား ... ။ ”

ကျိဖုန်း၏ မျက်ဝန်းများ တောက်ပ လာခဲ့သည်။ သူ့တွင် နတ်သွေး ရှိသော် ခွန်အား မြှင့်တင်နိုင်ပေမည်။

“ လောလော ဆယ်တော့ မရှိဘူး ... ဒါပေမယ့် အနာဂါတ်မှာ မရှိဘူးလို့ မဆိုလိုပါဘူး၊ မင်းအသက် ရှင်လျက် ပြန်လာနိုင်ရင် ရလိမ့်မယ်။ ”

လင်းယွန်တွင် နတ်သွေး မရှိချေ။ ကောင်းကင် နဂါး သွေးတစ်စက် ရှိသာ ရှိသည်။ သို့သော် ၎င်းမှာ နတ်သွေးထက်ပင် ရှားပါး၏။

ကျိဖုန်းမှ သံသယဝင်နေ သဖြင့် ပုလင်းတစ်လုံးကို ထုတ်ယူကာ၊

“ ဒါက (၅၀)ကီလိုဂရမ်ရှိတဲ့ စစ်မှန်သော နဂါးသူတော်စင် အရည်ပဲ ... မင်းသဘောတူရင် အခု ယူလို့ရပြီ။ ”

-ဟု ပြောကြား လိုက်သည်။

ကျိဖုန်း မျက်နှာ ပြောင်းသွားပြီး ပြောလိုသော စကားများကို ပြန်လည် မျိုနေ၏။

“ ကောင်းပြီ ... မင်းပြောတဲ့အတိုင်း .. အောင်မြင်ရင် နတ်သွေး တစ်စက် ထက်ပေး ရမယ်။ ”

“ ပေးမယ် ... ။ ”

ပွင့်ပွင့်လင်းလင်း ဆိုရပါမူ ယခုအချိန်တွင် မည်သည့် နတ်ဘုရား သွေးကိုမျှ မလိုချင်မိချေ။ သူ့ခန္ဓာကိုယ် အတွင်းမှ ကန့်သတ်ချက်ကို ရုတ်သိမ်းပြီး ထွက်ပြေးလိုသည်။

“ ကောင်းပြီ ငါလုပ်မယ် ... ဒါပေမယ့် ငါ့စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားတာ ပြန်ဖျက် ပေးရမယ်။ ”

လင်းယွန်က သူ့နဖူးပေါ် လက်ချောင်းကို တင်လိုက်ပြီး အရိယာ ဓားသုတ္တန်ကို လှည့်ပတ် လိုက်၏။

ကျိဖုန်း၏ အသိစိတ် ပင်လယ်ထဲတွင် ငရဲပန်းပွင့်လာပြီး လက်တံများက သံကြိုးများ ကဲ့သို့ ဖြန့်ကျက်သွားသည်။

ထို့နောက် လက်ပြန်ရုတ် သွားသော အခါတွင် ကျိဖုန်း နဖူးမှ အနက်ရောင် ပန်း တစ်ပွင့် ထွက်လာတော့၏။

ကန့်သတ်ချက် ရုတ်သိမ်းပြီး ဖြစ်ရာ ကျိဖုန်းတစ်ယောက် ကြက်သွေးရောင် အလင်း ဖြာကျလာပြီး ကျင့်ကြံမှု ပြန်လည် ရရှိလာ လေသည်။

ချက်ချင်းပင် ရက်စက်သော အကြည့်ဖြင့် လင်းယွန်ထံ ကြည့်ခဲ့၏။ အမည်ခံ သူတော်စင် တစ်ပါးလက်၌ ကျွန်ပြုခံရခြင်းမှာ ရှက်စရာ ပေပင်။

“ ကျီးကန်းငယ် ... မင်း ဘာလုပ်ဖို့ကြိုးစား နေတာလဲ။ ”

ရုတ်တရက် ခရမ်းငယ်မှ ကျိဖုန်း ဦးခေါင်းကို ပုတ်လိုက်သည်။

“ ငါ ... ငါမလုပ်ဘူး ... မင်းခိုင်းတာ မှန်သမျှ လုပ်ပါ့မယ်။ ”

ကျိဖုန်းက သလင်းကျောက် ပုလင်းကို လှမ်းယူရန် လက်ကမ်းလိုက်သည်။ ပြီးနောက် ထွက်ပြေးရန် ဆုံးဖြတ်ထား၏။

“ ဝှစ် ... ။ ”

သို့သော် လေကိုသာ ဖမ်းမိလိုက်သည်။ လင်းယွန်က ပုလင်းကို ပြန်ရုတ် သွားတော့၏။ ပြီးနောက်၊

“ မင်း ခွန်အားနဲ့ သွားရင် သေလိမ့်မယ်၊ သူတို့ဝန်းကျင်က အလောင်းတွေကို မြင်လား ... အားလုံး သူတော်စင် နယ်ပယ် တွေပဲ။ ”

-ဟု ပြောကြားလိုက်သည်။

သူ့စကားကြောင့် ကျိဖုန်းမှ ခေါင်းကုတ် သွားလေသည်။

“ ဒါဆို ဘာလုပ်ရမလဲ။ ”

“ အသူရာဘုရင်ရဲ့ ကျွန်တွေဆီကိုသွား ... သူတို့ ဘုရင် ဒဏ်ရာရသွားပြီး ရန်သူက ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင် သုံးယောက်လို့ ပြောလိုက်။ ”

အသူရာ ကျီးဘုရင်သည် ဝိညာဉ် နတ်မိစ္တာ သုံးပါးကို မနှောင့်ယှက်ချင်ကြောင်း လင်းယွန်မှ သတိပြုမိ ထားပြီး ဖြစ်သည်။ ထို့ကြောင့် ပြဿနာ တစ်ခု ဖန်တီးလို၏။

“ ဒါ ... ဒါတော့ အဆင်မပြေဘူး ... ငါတို့တွေက သွေးကျီးကန်း ဖြစ်ပေမယ့် ငါတို့ ကြားမှာ ခြားနားချက်တွေ ရှိတယ်၊ ငါတို့ရဲ့ အသံ တွေလည်း ကွဲပြားတယ်။ ”

“ ဒါတော့ မင်းကိုယ်တိုင် ... နည်းလမ်း ရှာကြည့်ပါ၊ မင်းငါ့ကို မကူညီဘူးဆိုရင် အသက် ရှင်ဖို့ မစဉ်းစားနဲ့။ ”

“ ငါပြေးမှာ မစိုးရိမ်ဘူးလား။ ”

အသူရာ ကျီးဘုရင်၏ လက်အောက် ငယ်သားများ ဖမ်းဆီးခံရခြင်းနှင့် နှိုင်းယှဉ်ပါက လင်းယွန်၏ ကျွန်အဖြစ်သာ နေလို၏။ ထို့ကြောင့် ကျိဖုန်းမှ မေးခြင်း ပေပင်။

“ မင်းရဲ့ ကန့်သတ်ချက်ကို ရုတ်သိမ်း ပေးလိုက်ပေမယ့် ... ခေါင်းထဲမှာ မျိုးစေ့တစ်စေ့ ငါချန်ခဲ့တယ် ... ပုံမှန်ဆို သုံးရက် အတွင်း ပျောက်သွားမယ် မနာခံရင်တော့ အစေ့ ပေါက်ပြီး မင်းခေါင်းကို ခွဲလိမ့်မယ်။ ”

ကျိဖုန်းက မယုံကြည် နိုင်စွာဖြင့် လင်းယွန်ကို ပြန်ကြည့်ကာ အသိစိတ်ပင်လယ် အပေါ် အမြန် စစ်ဆေးလိုက်သည်။

ထို့နောက် သူ့မျက်နှာ ပြောင်းလဲ သွားတော့၏။ အမှန်ပင် မျိုးစေ့တစ်စေ့ ရှိသည်။ ၎င်းသာ ဖူးပွင့်လာပါက ယခင်ထက်ကြီးသော ပန်းတစ်ပွင့် ဖြစ်လာနိုင်၏။

လင်းယွန်မှာ သူ့ကို လှည့်စားခဲ့ကြောင်း နားလည် လိုက်သည်။ သူသာ ခုခံရန် ဆန္ဒရှိက ဤမျှ ကြီးမားသော မျိုးစေ့ကို စိုက်ထားရန် မဖြစ်နိုင်ချေ။

“ မင်း ... လူလိမ်ပဲ။ ”

“ ဟား ဟား ဟား ... သူ့နာမည်က သန့်ရှင်းသော သမီးတော် သတ်သူပဲ ... မင်းက သူနဲ့ယှဉ်ရင် ငယ်သေးပါတယ်။ ”

ခရမ်းငယ်မှ ကျိဖုန်းကို စိုက်ကြည့်ကာ ရယ်မော ခြိမ်းခြောက်၏။ ကျိဖုန်းက စကား မဆိုတော့ဘဲ၊ သလင်းကျောက် ပုလင်းကို ယူလျက် ထွက်ခွာ သွားတော့သည်။

“ ဒီကောင်က အားကိုးလို့ ရပါ့လား... သတ္တိနည်းလွန်းတယ် ... အသူရာ ကျီးဘုရင်ရဲ့ လက်အောက် ငယ်သားတွေကို လှည့်စား နိုင်မယ် မထင်ဘူး။ ”

ခရမ်းငယ်မှ စိတ်မချ ဖြစ်နေသည်။

“ ပြဿနာတိုင်းမှာ အဖြေ ရှိတယ် ... သူရဲဘောကြောင်လေ ဒီအစီစဉ်က အောင်မြင်ဖို့ အခွင့်အလမ်းပိုများလေပဲ။ ”

လင်းယွန်က တည်ငြိမ်စွာ ပြောလိုက်၏။

“ အစ်ကိုကြီး ... ငါတို့ တိုက်ရအောင်။ ”

နဂါးလေးက အားအင် အပြည့်ဖြင့် ပြောကြားလာသည်။ လင်းယွန်မှ ဓားသင်္ချိုင်း မြေပြင်ပေါ်ရှိ ရန်သူများထံ ကြည့်ပြီး၊

“ နတ်မိစ္ဆာ မိသားစုဝင် သုံးယောက်က သိမ်းငှက် သူတော်စင်သခင် ငါးဦး ခွန်အားနဲ့ ညီမျှလိမ့်မယ်၊ ငါတို့က ...

... ဝရုန်းသုန်းကား အခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်မှ အနီရောင် ပင့်ကူ လီလီကို ယူနိုင်လိမ့်မယ်။ ”

-ဟု ရှင်းပြလိုက်သည်။

“ ကျိဖုန်း ... မအောင်မြင်ရင် ဘာဆက်လုပ်မလဲ။ ”

“ ဒါဆို ... ငါတို့ ထွက်သွားမယ်။ ”

လင်းယွန်သည် မာနကြီး သော်လည်း လူမိုက် မဟုတ်ချေ။ မျက်လုံးများ မှိတ်လျက် တိုက်ပွဲအပေါ် အာရုံစိုက် နေခဲ့သည်။

“ အောင်မြင်ပြီ ... ။ ”

တစ်နာရီကြာ ပြီးနောက် မျက်လုံးများ ဖွင့်ကာ ပြုံးလိုက်သည်။ အဝေး၌ သွေးကျီးကန်း အဖွဲ့ တစ်ဖွဲ့သည် အရှိန်အဟုန်ဖြင့် ပျံသန်း လာနေ၏။

ဓားသင်္ချိုင်းပေါ်ရှိ ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင် သုံးယောက်မှာ မျက်မှောင်ကြုတ် သွားကုန်သည်။

“ အစ်ကိုကြီး ... ငါပြောတာကို မင်း မြင်ပြီမဟုတ်လား ... နတ်သွေး တကယ် ရှိတယ်။ ”

ကျိဖုန်းက ​သွေးကျီးကန်း တစ်ကောင်နှင့် စကားပြောပြီး လိုက်လာ၏။ ထိုသွေးကျီးကန်း ငယ်သည် ကြံ့ခိုင်သော သဏ္ဍာန်ရှိကာ ဒုတိယ အဆင့် သူတော်စင်သခင် ဖြစ်သည်။

အနီရောင် ပင့်ကူ လီလီထံ သွန်းလောင်း ထားသော နတ်သွေး ရောင်ဝါကို အာရုံခံလျက် ၎င်းမျက်လုံးများတွင် လောဘ ရောင်များ ဝင်းလက်လာ၏။

“ တိုက် ... ။ ”

“ မင်းတို့ သေချင်နေကြတာပဲ။ ”

သွေးကျီးကန်း အုပ်စုက သွေးသား စွမ်းအင်များ ကျွေးနေသော ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင် သုံးယောက်ကို ဒေါသတကြီး တိုက်ခိုက်တော့သည်။

“ ဝုန်း ... ။ ”

ခဏလေး အတွင်း ကြောက်မက်ဖွယ် ကောင်းသော သူတော်စင် ရောင်ဝါများ ပျံ့နှံ့ ကုန်တော့သည်။ တိုက်ပွဲ မြေပြင်မှာ ဖရိုဖရဲ ဖြစ်သွား၏။

“ အနီရောင် ပင့်ကူ လီလီကို ... ငါ သွားယူလိုက်မယ်၊ မင်းက တိုက်ပွဲကို မျှားထား ပြီးရင် ငါတို့ လူခွဲပြေးပါ။ ”

လင်းယွန်က အကြံပြုသည်။

“ ကောင်းပြီ ... ။ ”

ဖရိုဖရဲ မည်မျှ ဖြစ်နေပါစေ အနီရောင် ပင့်ကူလီလီ ပွင့်လာမည့် အချိန်ကို အာရုံစိုက် နေသည့် ဝိညာဉ် နတ်မိစ္ဆာဝင် တစ်ယောက် ရှိနေသည်။

၎င်းက အလောင်း (၁၀) ကောင် ပိုင်ဆိုင်ထားပြီး နီးကပ်လိုသော သွေးကျီးကန်း များကို အပိုင်းပိုင်း ဆုတ်ဖြဲနေခဲ့၏။

ထိုဝိညာဉ် နတ်မိစ္ဆာ၏ အမည်မှာ ကူဒို ဖြစ်သည်။ ၎င်းက ကြောင်နက် တစ်ကောင် သူ့ထံ လာနေသည်ကို မြင်လိုက်ရသဖြင့်၊

“ ကြောင်တစ်ကောင်က ... ဒီနယ်မြေထဲကို ဝင်ဝံ့သလား ... ။ ”

-ဟု လှောင်ပြုံး ပြုံးလိုက်တော့သည်။

လက်ဝှေ့ယမ်းလျက် နတ်ဆိုး အလောင်းအချို့ကို ဟန့်တားစေ လိုက်၏။ သို့သော် ကြောင်နက်မှာ ရုတ်တရက် အရွယ် အစား ကြီးမားလာပြီး ရှေးဟောင်း နဂါး မျောက်ဝံ အဖြစ်သို့ ပြောင်းသွားသည်။

“ ဘာလဲဟ ... ။ ”

ကူဒို အံ့အားသင့်နေစဉ် ရေခဲဖီးနစ် တစ်ကောင် စစ်ကူ ရောက်ရှိလာ ပြန်သည်။ ထို့ကြောင့် သူတော်စင် အလောင်းများ လွင့်စဉ် ကုန်ပြီး သူ့ကို ဝိုင်းမိသွား၏။

“ အချိန်ကျပြီ ... ။ ”

ထိုအခွင့်အရေးကို စောင့်ဆိုင်းနေသော လင်းယွန်က အနီရောင်ပင့်ကူ လီလီပန်းပင်ကို ဖမ်းဆုပ်လိုက်သည်။

သို့သော် ပန်းပင်က ရုတ်တရက် ကြီးမားလာပြီး ရုန်းကန်၏။ ပုံရိပ်ယောင်များ ပေါ်လာပြီး နားထဲသို့ ဂီတသံများ စီးဝင်လာသည်။

လမ်းကြောင်း တစ်ခုထံ ဦးတည် နေသော အလင်းရောင်က သူ့ကို ဆွဲငင်နေ၏။ ဤလမ်း အဆုံးတွင် သုခဘုံ ရှိပေသည်။

သို့သော် လင်းယွန် အသိစိတ် ဝင်လာပြီး ကြယ်ဓားဖြင့် ပုံရိပ်များပေါ် ခွဲလျက် ပန်းပင်ကို မြေပြင်မှ ဆွဲနုတ်လိုက်၏။

“ ဗြစ် ... ။ ”

ပြီးနောက် ချက်ချင်း လှည့်ပြေးတော့သည်။

“ သွား ... ။ ”

ခရမ်းငယ်ကလည်း မြင်းအသွင် ပြောင်းနေသော နဂါးလေးပေါ် ခုန်တက်ကာ အခြားလမ်းကြောင်းထံ လှည့်ပြေးသည်။

“ ဝှစ် ... ။ ”

ဤအရာက သဘာဝ အတိုင်း ကူဒိုကို ဒေါသထွက်စေသည်။ လမ်းကြောင်း နှစ်ရပ်ထံ တစ်လှည့်စီ ကြည့်ကာ လင်းယွန် နောက်သို့ ပြေးလိုက်သွား တော့၏။

သွေးကျီးကန်းများနှင့် ကျန်သော ဝိညာဉ်နတ်မိစ္ဆာ မိသားစုဝင်များက တိုက်ပွဲ ဝင်နေကြဆဲ ဖြစ်သည်။

လေးနာရီ အကြာတွင် ခရမ်းငယ်နှင့် နဂါးလေးသည် အသူရာ ကျီးဘုရင်၏ နယ်မြေမှ လွတ်မြောက်လာ၏။

ဘေးကင်းကြောင်း သေချာချိန်၌ ပြေးလွှားခြင်းကို ရပ်လျက် ပတ်ဝန်းကျင်ထံ လှည့်ပတ်ကြည့်သည်။

“ အစ်ကိုကြီးက ငါတို့နောက်ကို လိုက် မလာသေးပါလား။ ”

“ အဲဒီ လူယုတ်မာမှာ ကောက်ကျစ်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ် စိတ်မပူနဲ့ ... သူ မသေဘူး၊ ကြောင် တစ်ကောင်မှာ အသက် ကိုးချောင်းပဲ ရှိပေမယ့် ...

... သူ့လို လူယုတ်မာ တစ်ယောက် အတွက်က ရေတွက်လို့ မရတဲ့ အသက်တွေ ပိုင်ဆိုင်ထားတယ်။ ”

ပြောသာ ပြောနေရ သော်လည်း ခရမ်းငယ် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ဖြစ်ပေါ်နေခဲ့သည်။

များမကြာခင် အဝေးမှ ကြက်သွေးရောင် အဆင်း သဏ္ဍာန် တစ်ခု လွင့်လာသည်ကို သူမ မြင်လိုက်ရ၏။

“ ဟိုမှာ ... လူယုတ်မာ လာပြီ။ ”

သည့်နောက် သုံးယောက် ပြန်လည် ပြန်လည်ပေါင်းဆုံကာ အနီရောင် ပင့်ကူ လီလီ အကြောင်း ဆွေးနွေးမိကြသည်။

“ ခရမ်းငယ် ... သူက အသက် ရှိပုံရတယ်၊ အိုင်းရစ် နယ်မြေထဲကို ဝင်ဖို့ ငြင်းဆန်နေတယ်။ ”

လင်းယွန် တစ်ယောက် ကူကယ်ရာမဲ့စွာ လက်ထဲမှ ပန်းပင်ငယ်ကို မြှောက်ပြ လိုက်မိ၏။ ပန်းပင်ကို သိမ်းမရသဖြင့် သွားလေရာတွင် အနီရောင် အလင်းများ လိုက်ပါနေခဲ့သည်။

ဤမြင်ကွင်းက အဝေးမှပင် သူ့ကို သတိထားမိစေမည် ဖြစ်၏။

“ ဒါက သတင်းဆိုးပဲ ... မဝင်ချင်ရင် နှိပ်စက်ရအောင်။ ”

“ ချွင် ... ။ ”

ခရမ်းငယ်မှ နည်းလမ်းကို စဉ်းစား ကြည့်သည်။ လင်းယွန်က မဆိုင်းမတွဘဲ ဓားကို ဆွဲထုတ်လိုက်၏။

ပန်းသင်္ချိုင်းသည် ရနံ့သာ လိုအပ်ပြီး ပန်းပွင့်ခြင်း မပွင့်ခြင်းကို စိတ်မဝင်စားချေ။ ပျက်စီးခဲ့လျှင်ပင် ရနံ့သာ လို၏။

ထိုအပြုအမူကြောင့် အနီရောင် ပင့်ကူ လီလီမှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း အရွယ်အစား သေးငယ်သွားသည်။

“ ပန်းငယ်လေး နာခံမှုရှိရှိနဲ့ ဓားသေတ္တာထဲ ဝင်ပါ သူက နာမည်ကြီး ပန်းသင်္ချိုင်းပဲ၊ မင်းသာ နာခံမှု မရှိဘူးဆိုရင် ... ဘာဆက်ဖြစ်မယ် ငါ မတွေးရဲဘူး။ ”

ခရမ်းငယ်မှ ခြိမ်းခြောက် စကားဆိုပြီး အနီရောင် ပင့်ကူ လီလီကို ဓားသေတ္တာထဲ ကောက်ထည့်လိုက်၏။

“ ဟား ဟား ဟား ... လင်းယွန် နင်က တကယ် လူယုတ်မာပဲ၊ ပထမ သွေးကျီးကန်းက မင်းကို ကြောက်တယ်၊ အခု ပန်းတစ်ပွင့် ... ။ ”

“ သွားကြရအောင် ... ငါ အဲဒီလူကို မစိတ်မချဘူး။ ”

“ ဟမ့် ... ပန်းသင်္ချိုင်း ... မင်းဘာလို့ အလျင် လိုနေတာလဲ။ ”

လင်းယွန် စကားဆုံးသည်နှင့် ကူဒိုက ရုတ်တရက် ထွက်ပေါ် လာသည်။ ၎င်းက သူတို့ သွားရာလမ်းကို ပိတ်ဆို့လျက် တစ်လှမ်းခြင်း လျှောက်လှမ်း လာလေသည်။

***

All Chapters