သူတော်စင်ကို သတ်ခြင်း။
Vol. 160 Ch. 2231
“ ဘာလို့ အရင်က ... သတိ မထားမိ ရတာလဲ ဒါဟာ ကျော်ကြားတဲ့ ပန်းသင်္ချိုင်းပဲ။ ”
“ သူက ပန်းသင်္ချိုင်းဆိုတာ ... မင်း သိတာတောင် ... ဘာလို့ ဒီမှာ ရပ်နေသေး တာလဲ။ ”
ခရမ်းငယ်မှ အေးစက်စွာ ပြောသည်။
ကူဒိုခမျာ ခေတ္တမျှ အံ့အားသင့် သွားပြီးနောက် တစ်စုံတစ်ခု မူ မမှန်ကြောင်း ခံစား လိုက်ရသည်။
ပန်းသင်္ချိုင်းသည် နာမည်ကြီးလှ သော်လည်း၊ ဤသည်မှာ ကောင်းကင် ဗိမ္ဗာန် နယ်မြေ ဖြစ်သည်။
ထို့ကြောင့် အမည်ခံ သူတော်စင် တစ်ပါး အပေါ် ဒုတိယ အဆင့် သူတော်စင် သခင်မှ မကြောက်သင့်ဟု မြင်မိ၏။
“ ဟား ဟား ဟား ... မင်း ဟာသတွေ ပြောနေတာပဲ၊ ငါတို့မှာ ညှိနှိုင်းဖို့ အရည်အချင်း ရှိတယ်လို့ ထင်ပါတယ်၊ ခွန်လွန်က ကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့ နေရပြီ၊ ...
... မင်းက နတ်နဂါးအင်ပါယာနဲ့ ... ဆက်ဆံရေး ကောင်း မရှိဘူး ... ဒါဆို ဘာလို့ နတ်နဂါး အင်ပါယာကို ဖြုတ်ချဖို့ ... ငါတို့ လက်မတွဲ ရတာလဲ ...
... မင်း သဘောတူ သရွေ့ ... မင်းဆရာ သခင်ရဲ့ ဒုက္ခ ခံယူတဲ့ အခါ ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုက ကူညီလိမ့်မယ်။ ”
လင်းယွန် နှလုံးသားထဲ၌ လှောင်ရယ် ရယ်လိုက်သည်။ ဓားနှစ်လက်ကို စုစည်းလျက် ချက်ချင်း အကြောင်း မပြန်မိချေ။
ခန္ဓာကိုယ် အတွင်းရှိ သူတော်စင် ရောင်ဝါများ အားကောင်းလာပြီး အဟုန်ဖြင့် ပြည့်လျှံလာ၏။
ငရဲပန်းသည် ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်ကြား အပြန်အလှန် လှည့်ပတ် စီးဆင်းကာ ပွင့်နေသည်။
“ ဟမ့် ... မင်းတို့ရဲ့ ရွှေမျက်လုံး နတ်မိစ္ဆာ သေဆုံးမှု အတွက် ငါ့ကို အပြစ် မတင်ဘူးလား။ ”
“ ဒါက နားလည်မှု လွဲတာပါ ... ငါတို့ရဲ့ ယင်းမြစ်ဘုရင်က မင်းအပေါ် လေးစားမှုရှိပြီး အထင်ကြီးတယ်၊ မင်းအရွယ် ရောက်လာရင် ယုချင်းဖန်တောင် အနိုင်ယူ နိုင်တော့မှာ ... မဟုတ်ဘူးလို့ ပြောတယ်။ ”
ကူဒိုမှ ပြုံးကာ တုန့်ပြန်၏။
“ မင်းတို့ ... ငါ့ကို တော်တော် အထင်ကြီး ကြတာပဲ။ ”
လင်းယွန်မှ ပြုံးသည်။ နှစ်ယောက်သား ပြုံးရွှင်စွာ စကား ပြောဆို နေကြ သော်လည်း တိုက်ခိုက်ရန် ပြင်ဆင်နေ ကြ၏။
ဒုတိယ အဆင့် သူတော်စင် သခင်ကို တိုက်ရန် လင်းယွန်မှ အနည်းငယ် ကြောက်ရွံ့ နေမိသည်။ တိုက်ဆိုင်စွာပင် ကူဒို သည်လည်း အလားတူ အတွေးအမြင်များ ရှိနေ၏။
“ ငါတို့ စကားပြောတာကို ... ရပ်လိုက်ရအောင် ... မင်း အနီရောင် ပင့်ကူ လီလီကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိရင် ... ငါတို့ မိတ်ဆွေအဖြစ် သတ်မှတ်လို့ရတယ်။ ”
“ ငါတို့က မိတ်ဆွေ မဖြစ်နိုင်ဘူး။ ”
“ မင်းဟာ ... နာခံမှု မရှိဘူးဆိုတာ ငါသိပါတယ် ... မင်းရဲ့ တန်ဖိုးက အနီရောင် ပင့်ကူ လီလီထက်တောင် ပိုမြင့်တယ် ဆိုတာ မင်း မသိဘူး မဟုတ်လား ဟား ဟား ဟား ။ ”
ကူဒိုက သူ့လက်များကို ဝှေ့ယမ်းကာ သူတော်စင် နယ်ပယ် အလောင်း (၁၀)လောင်း ဆင့်ခေါ်လိုက်သည်။
သူ့ အတွေးသည် ရိုးရှင်း ပေသည်။ လင်းယွန်ကို အရှင်လတ်လတ် ဖမ်းဆီးရန် ဖြစ်ချေ၏။
“ သွားကြရအောင် ... ။ ”
ခရမ်းငယ်နှင့် နဂါးလေးက ယင်းကို ခွင့်မပြုချေ။ များမကြာခင် သူတော်စင် နတ်ဆိုး အလောင်းများ အားလုံးကို အဝေးသို့ ဆွဲဆောင် သွားခဲ့၏။
“ ကြယ်တာရာ ရှင်ပြန်ထမြောက်ခြင်း အသွင်ပြောင်း ... ။ ”
ကူဒိုနဖူးရှိ ဒေါင်လိုက် မျက်လုံး ပွင့်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ဝန်းကျင်၌ တစ္ဆေသရဲရုပ်ပုံများ ပေါ်လာပြီး ကြယ်ရောင် ခြုံသည့် လက်ဖဝါး ထင်ရှားလာ၏။
လက်ဖဝါး ထဲတွင် ကြယ်တာရာ ထောင်ပေါင်း များစွာကို ဆုပ်ကိုင်ထားပုံပင်။ သူတော်စင် စွမ်းအင်များက ကြယ်သံကြိုး တစ်ချောင်းလို လွင့်ထွက်လာ၏။
ဤသည်မှာ မယုံနိုင် လောက်အောင် စွမ်းအားများ ပိုင်ဆိုင်ပြီး အဆင့်နိမ့် နတ်နဂါး အဆင့် သိုင်းနည်းစနစ်နှင့် ယှဉ်နိုင်၏။
ထိုလက်ဖဝါးဖြင့် မျိုးနွယ်စုထဲ၌ မြင့်မားသော ရာထူးကို ရရှိပြီး လက်ဖဝါးတွင် ကြယ်တစ်ထောင်ထိ ဖန်တီးနိုင်ခဲ့သည်။
တိုက်ခိုက်သောအခါ စွမ်းအားသည် ဒုတိယအဆင့် သူတော်စက် သခင်ထက် များစွာ သာလွန်သွား၏။
“ ငါ မင်းကို လျှော့တွက် မိပြီ ... မင်းဟာ သိမ်းငှက် သူတော်စင် သခင် နှစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ ”
လင်းယွန်မှ ခေါင်းညိမ့်ပြီး နေနတ်ဘုရား ဖမ်းဆီးခြင်းကို ထုတ်ဖော် ရှောင်တိမ်း လိုက်၏။ ခြေဖဝါးအောက်ရှိ လေထုအပေါ် အားယူကာ လေးကိုင်းကဲ့သို့ သူ့အရှိန်ကို တွန်းထုတ် ပစ်သည်။
“ ဝှဏ် ... ။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
လင်းယွန်၏ ရွေ့လျားမှု ပညာရပ်သည် အာကာသ တာအို မျက်နှာပြင်ကို ထိမိနေသဖြင့် ကူဒိုခမျာ မျက်လုံးပြူး သွားသည်။
ဤသည်မှာ သူတော်စင် များသာ ပိုင်ဆိုင်နိုင်သည့် အာကာသ တာအို ဖြစ်ချေ၏။ ချက်ချင်း လင်းယွန်နောက် ပြေးလိုက်ကာ၊
“ မင်းကို ဖမ်းလို့ မရဘူး ဆိုတာ ... ငါမယုံဘူး ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
တစ်ယောက်မှ လိုက်ဖမ်းနေပြီး တစ်ယောက်က ထွက်ပြေး၏။ ဤတစ်ကြိမ် တွင်လည်း လင်းယွန်က ရှောင်ထွက် သွားနိုင်ပြန်သည်။
“ မင်း အရမ်းနှေးတယ် ... ။ ”
လင်းယွန်က ဓားဆွဲထုတ်ကာ ပြုံးပြီး ခုတ်ချလိုက်သည်။
“ အမည်ခံ သူတော်စင် နယ်ပယ်လေးနဲ့ ... ဒီလို ရွေ့လျားမှု နည်းစနစ်ကို ပိုင်ဆိုင်ထားတာ အံ့အားသင့် စရာ ပါပဲ။ ”
ကူဒိုက အသိအမှတ်ပြုကာ ရှောင်ရှား လိုက်သည်။ တစ်ဖက်လူကို ဖမ်းဆီးရန် စိတ်ကူး မရှိတော့ချေ။ ယင်းအစား ဒဏ်ရာ ပေးရန်သာ စဉ်းစားခဲ့သည်။
သူ့ကို ဗဟိုပြုလျက် ကြယ်တာရာ ကဲ့သို့ အလင်းစက်လုံးများ ထွက်ပေါ် လာ၏။ စွမ်းအား ထပ်မံ မြင့်တက်လာပြီး လင်းယွန်ကို ကန့်သတ်ပစ် လေသည်။
ထို့နောက် ရက်စက်သော အပြုံးဖြင့် လက်ဖဝါးကို ရိုက်ချလာ၏။
“ ကြယ်တစ်ထောင် ပျက်စီးခြင်း ... ။ ”
“ ဝှစ် ... ။ ”
လက်ဖဝါး၏ ပြင်းထန်သော တွန်းအားကြောင့် လင်းယွန် ခမျာ မီတာ ရာဂဏန်း အကွာသို့ ဆုတ်ခွာလိုက်ရသည်။
ဒဏ်ရာရ သွား၏။ ဒုတိယ အဆင့် သူတော်စင် သခင်နှင့် ယှဉ်သော် သူ့ခန္ဓာမှာ အားနည်း နေဆဲပေပင်။
ဤတိုက်ခိုက်မှုကို နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်ဖြင့်သာ ကိုင်တွယ် ဖြေရှင်း နိုင်၏။ မဟုတ်သော် သေဆုံးရ ပေမည်။
ကူဒိုတွင် တတိယအဆင့် သူတော်စင် သခင် ခွန်အားမျိုး ရှိသည်။ ခရမ်းငယ်နှင့် နဂါးလေးမှာ နတ်ဆိုး အလောင်းများနှင့် ရင်ဆိုင်နေရပြီး သူ့ကို မကူညီနိုင်ချေ။
“ ပန်းသင်္ချိုင်း ... သူတော်စင်သခင်နဲ့ အမည်ခံ သူတော်စင်ရဲ့ ခြားနားချက်ကို သိလား၊ အုပ်စိုးရှင် လက်ရာသာ မရှိရင် မင်းက ဘာမှ မဟုတ်ပါဘူး။ ”
ကူဒိုကပြုံးကာ ပြောကြားလိုက်သည်။
“ မင်းရဲ့ လက်ဖဝါးက ... ငါ့ကို အယားပြေရုံပဲ ရှိတယ်၊ မင်းမှာ ရှိတာ ဒါအကုန် ပဲလား။ ”
“ ဟား ဟား ဟား ... အခုထိ ခေါင်းမာနေတုန်းပဲ ... အနီရောင် ပင့်ကူ လီလီ ပန်းကြောင့် ... ငါ့ရဲ့ သွေးသား စွမ်းအင်တွေနဲ့ ခွန်အားတွေ မကုန်ဆုံးခဲ့ရင် ... မင်းကို အဲဒီလက်ဖဝါးနဲ့ သတ်ပစ်နိုင်မယ်။ ”
ကူဒိုက လှောင်ပြောင်ပြီး သူ့နက္ခတ်နှင့် သူတော်စင် ဝိညာဉ် ခွန်အားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
စွန့်လွှတ် လိုက်သော ရောင်ဝါသည် လင်းယွန်ဆီသို့ ရုတ်တရက် ကြောက်မက်ဖွယ် ကျရောက်လာ၏။
အကယ်၍သာ ဤတိုက်ခိုက်မှု ထိမှန် ခံရပါက၊ နတ်ခန္ဓာဖြင့်ပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိမည် ဖြစ်သည်။
ဖိအားအောက်တွင် ဓားရည်ရွယ်ချက်က ဖျတ်ခနဲ လှုပ်ရှားလာသည်။ တာအို ပန်းတစ်ပွင့် မျက်လုံးထဲ ပွင့်လာခဲ့၏။
သို့သော် ချက်ချင်း ပျောက်ကွယ် သွားလေသည်။ ၎င်းသည် ဓားတာအို ဖြစ်၏။ ဖမ်းဆုပ်ခွင့် မကြုံလိုက်ချေ။
ထိုသို့ ဖမ်းဆုပ်ရန် တိုက်ပွဲကို အသုံးချ ရပေမည်။ ဤအတွေးဖြင့် ဝင်ရောက်လာသော လက်ဖဝါးကို ဖျက်ဆီးရန် လက်သီး ပြင်လိုက်မိ၏။
အန္တရာယ်များသော ဆုံးဖြတ်ချက်မျိုး ပေပင်။ သူ့ဓားသည် တာအိုအဆင့် အစွမ်းမျိုး မရခဲ့သော် သေလောက်သော ဒဏ်ရာ ရရှိမည် ဖြစ်သည်။
“ ဟိတ် ... ။ ”
“ ဖရူး ... ။ ”
ဘဝနှင့်သေခြင်း တိုက်ပွဲအသွင် ပြောင်းလဲ သွားသောကြောင့် ပန်းသင်္ချိုင်းက တုန်ခါလျက် စိတ်လှုပ်ရှား လာသည်။
ဤခံစားချက်ကို နှစ်သက်ပြီး ဓားနှင့်လူ တစ်သားတည်း နစ်မြုပ်သွား၏။ မျက်စိတမှိတ် အတွင်းမှာပင် လှုပ်ရှားမှု တစ်ရာကျော် လဲလှယ်နိုင်ခဲ့သည်။
အစောပိုင်းတွင် ကျင့်ကြံမှု အားကိုးပြီး ပြိုက်ဘက် မောဟိုက်လာမည့် အချိန်ကို ကူဒိုမှ စောင့်နေခြင်း ဖြစ်၏။
သို့သော် လင်းယွန် မောပန်း နွမ်းနယ်ချိန်တိုင်းတွင် စွမ်းအား တစ်ခုကြောင့် ချက်ချင်း လန်းဆန်းလာသည်ကို မကြာ-မကြာ သတိထားမိလာသည်။
ထူးထူး ဆန်းဆန်း ဖြစ်သဖြင့် သံသယ ဝင်လာ၏။
“ ဓားတာအိုကို နားလည်ဖို့ ... မင်းငါ့ကို အသုံးချနေတာလား။ ”
ဤသည်မှာ ရှက်စရာ ပေပင်။ အမည်ခံ သူတော်စင် တစ်ပါးသည် ဓားသွေးကျောက် အဖြစ် သူ့ကို မြင်နေချေ၏။
“ မဆိုးပါဘူး ... မင်းရှာတွေ့သွားပြီ။ ”
“ ဟမ့် ... သတ္တိရှိလား။ ”
“ အဟား ... မင်းရဲ့ ကန့်သတ်ချက်က သိမ်းငှက်သူတော်စင် သခင် လေးယောက်ရဲ့ ခွန်အားပမာဏ လောက်ပါပဲ။ ”
ရုတ်တရက် ဓားရောင်ခြည်က ကောင်းကင်နှင့် ပေါင်းစပ်ပြီး ကြောက်မက်ဖွယ် တောက်ပသွားသည်။
“ ဝေါ့ ... ။ ”
ထိုဓားရောင်ဝါကြောင့် ကူဒိုတစ်ယောက် သွေးအန်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွား လိုက်ရ၏။
အမည်ခံ သူတော်စင် တစ်ပါးသည် ဤမျှ ပြင်းထန် လိမ့်မည်ဟု မထင်မိချေ။ မယုံနိုင်စရာ ပေပင်။ ထိတ်လန့် တုန်လှုပ်မိ၏။
“ အနန္တဓားများ ပေါင်းစည်းခြင်း။ ”
ဓားအလင်းများက ရေဝဲ တစ်ခုလို ပေါင်းစည်းကာ ကူဒို၏ ရင်ဘတ်ဆီသို့ ထိုးကျ သွားသည်။
ရင်ဘတ်၌ အပေါက်ကြီး တစ်ပေါက် ပေါ်လာပြီး အဝေးသို့ လွင့်စဉ်သွား၏။ လင်းယွန် ခမျာ အသက်ရှူ မဝသလို ခံစားရစဉ် ဓားကို နောက်တစ်ကြိမ် ခုတ်လွှဲပစ် လိုက်သည်။
ဓားဖျားတွင် ပိုးစုန်းကြူးများ ကဲ့သို့ အလင်းမှုန်များ စုရုန်းလျက် ကြယ်ပွင့်အလား တောက်ပလာ၏။
“ ရွှပ် ... ။ ”
ကူဒို၏ ရေမှုန် ရောင်ဝါသည် ဓားဖြင့် နှစ်ချက် ဆက်တိုက် ခုတ်ခံ လိုက်ရသောကြောင့် ပေါက်ကွဲသွားသည်။
နက္ခတ်နှင့် ၎င်း၏ သူတော်စင် ဝိညာဉ် သည်ပင် ရောင်ခြည်များ အဖြစ် ပေါက်ကွဲသွား ခဲ့၏။
သွေးများ အခိုးအငွေ့များ အဖြစ် ပြောင်းလဲကာ နက္ခတ်နှင့် အရိုးများ ပျက်စီး သွားသည်။
“ ရွှပ် ... ။ ”
တစ်ခုတည်း ကျန်ရစ်ခဲ့သော အရာသည် ထွက်ပြေးနေသည့် ငွေမျက်လုံးပင်။ အမည်ခံ နတ်အလင်းဓားကို ထုတ်ကာ မိုင်တစ်ရာသို့ ရောက်နေပြီ ဖြစ်သော ထိုမျက်လုံးထံ ပစ်ထည့်လိုက်သည်။
“ မဟုတ်ဘူး ... မလုပ်နဲ့ ... မဟုတ်ဘူး ... ။ ”
ငွေ မျက်လုံးထဲရှိ အကြွင်းအကျန် သူတော်စင် ဝိညာဉ်က စိတ်ပျက်လက်ပျက် ထအော်လေသည်။
ဤနည်းဖြင့် ဒုတိယ အဆင့် သူတော်စင် သခင် တစ်ပါး သေဆုံးသွားခဲ့၏။ ခရမ်းငယ်နှင့် နဂါးလေးကို တိုက်ခိုက်နေသော အလောင်း ကောင်များမှာ ထိန်းချုပ်သူ မရှိတော့သဖြင့် ပြာအဖြစ် ပျောက်ကွယ်သွားသည်။
လင်းယွန်က ဓားကိုသိမ်းပြီး ၊
“ ဒီမျက်လုံးကိုပါ ထည့်တွက်ရင် ... သိမ်းငှက် သူတော်စင် သခင် ငါးယောက်ပဲ။ ”
-ဟု ပြောကြားလိုက်တော့သည်။
***