← Chapters

ဓားတာအို ... ။

Vol. 160 Ch. 2233

ဓားတာအို ... ။

Vol. 160 Ch. 2233

အနည်းငယ် သနားမိ သော်လည်း ပန်းသင်္ချိုင်းဓားကို အဆင့်မြှင့် ရသေးသည်။ ဘုန်းမီး၊ ဘုန်းမြေကြီး၊ ဘုန်းနေနှင့် ဘုန်းလ ဝိညာဉ်များသာ ဖွင့်ရန်ကျန်၏။

ထိုဘုန်းဝိညာဉ် ခုနစ်ပါးလုံး ဖွင့်ပြီးသော အခါတွင် သူ့ပိုင် အုပ်စိုးရှင် နက္ခတ် ဖြစ်သည့် ကောင်းကင် သင်္ချိုင်းကို အသက်သွင်းနိုင်မည် ဖြစ်၏။

အခြားသော အုပ်စိုးရှင် နက္ခတ်များသည် အစွမ်းထက်သော်လည်း ကိုယ်ပိုင်မဟုတ်သဖြင့် စွမ်းအားကို များစွာ ထုတ်ယူ၍ မရနိုင်ချေ။

ကောင်းကင် သင်္ချိုင်းသည် ကိုယ်ပိုင် ဖြစ်သည်။ ပန်းသင်္ချိုင်းမှာ တောင်ပိုင်း ဧကရာဇ် ချစ်သူမှ ချစ်သက် လက်ဆောင်ဖြစ်၏။

သို့သော် ဓားသည် ခရီးစဉ် တစ်လျှောက် အသက်နှင့်သေခြင်းကို အတူတူ ရင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ကောင်းကင် သင်္ချိုင်း ကြယ်စုကို ငှားယူရာ၌ ခံစားချက်ခြင်း တူညီပေမည်။

“ စကြရအောင် ... အချိန် မဖြုန်းနဲ့။ ”

ခရမ်းငယ်မှ တိုက်တွန်း လာခဲ့သည်။ ပန်းသင်္ချိုင်းသည် လင်းယွန် လက်၌ မည်မျှ အထိ ရောက်ရှိနိုင်မည်ကို သူမလည်း သိချင် နေမိ၏။

“ ကောင်းပြီ ... စလိုက်ကြရအောင်။ ”

အနီရောင် ပင့်ကူ လီလီ၏ သံသရာ ရနံ့များကို ဓားပေါ် သွန်းလောင်း လိုက်သည်။ ချက်ချင်းပင် ဓားရောင်ဝါ တောက်ပလာ၏။

( သံသရာ ရနံ့ ဟူသည် ပန်းရနံ့ ပါဝင်သော ဝတ်ရည်များ ဖြစ်သည်။ )

ပတ်ဝန်းကျင် တစ်ခုလုံး ဝတ်မှုန်များဖြင့် ပြည့်နှက်လာကာ သုခဘုံ တစ်ခုလို ပြောင်းလဲ သွားလေသည်။

“ ပန်းရနံ့က တကယ့် ရတနာပဲ။ ”

ခရမ်းငယ်နှင့် နဂါးလေးမှာ သုခဘုံထဲ လွင့်မျောနေရာမှ ချက်ချင်း ကျင့်ကြံရန် ထိုင်ချ လိုက်၏။

“ ပန်းရနံ့ မပျောက်ခင် အချိန်တစ်ခု ရလိမ့်မယ်၊ ဒါကြောင့် ဒီအခွင့်အရေးကို ယူပြီး ကျင့်ကြံပါ။ ”

ခရမ်းငယ်မှ သတိပေး၏။ လင်းယွန်က ခေါင်းညိမ့်ပြီး မျက်လုံးမှိတ်လိုက်သော အခါတွင် ပန်းရနံ့များ သူ့ပေါ် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

လျှို့ဝှက် ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားပြီး လောကမှာ ဗလာ ဖြစ်လာ၏။ သူတော်စင် တာအို များဖြင့် ပြည့်ပြည့်စုံစုံ ဆောက်လုပ် ထားသော လောက ပေပင်။

ပတ်ဝန်းကျင်တွင် မြူခိုးများ တက်လိုက် ကျလိုက် တဝဲလည်လည် ဖြစ်နေသောကြောင့် ထူးဆန်းသော ခံစားချက်များ ဝင်လာ၏။

“ ဓား တာအို ... ။ ”

ရုတ်ချည်း ဓားမှ လွဲ၍ သူတော်စင် တာအိုများ အားလုံး ပျောက်ကွယ်သွားသည်။

“ အနီရောင် ပင့်ကူ လီလီက ... ဒီလိုမျိုး အကျိုးသက်ရောက်မှု ရှိတာလား။ ”

ဓားတာအိုကို ဆုပ်ကိုင်ရန် အခွင့်အရေး ယူနိုင်သော်လည်း တစ်ခုခု လွဲနေသေးသည်ဟု ခံစား လိုက်ရ၏။

ခုနစ်ရက်ကြာ ပြီးနောက် လင်းယွန်၏ ကျင့်ကြံမှုသည် နတ်နဂါး သူတော်စင် အရည် အားလုံးကို သန့်စင်ပြီး သူတော်စင် ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

မျက်လုံး ဖွင့်လိုက်သော အခါတွင် မြင့်မြတ်ပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေသော ပန်းတစ်ပွင့် သူ့နောက်တွင် ပေါ်လာ၏။

ဤသည်မှာ သူ မျှော်လင့်ထားသည့် ဓားတာအို ဖြစ်သည်။ လက်တွေ့တွင် များစွာ စိတ်လှုပ်ရှားခြင်း မရှိတော့ချေ။

“ လူ တစ်ယောက်ရဲ့ နှလုံးသားက ... တကယ် လေးနက်တယ် ... မဆုပ်ကိုင်မိခင်က အရမ်း စိုးရမ်နေပြီး ရချိန်မှာ ငြိမ်သက် သွားတယ်။ ”

လက်ဝှေ့ယမ်းလျက် ဓားတာအိုပန်းကို ခေါ်ယူလိုက်သည်။

“ ဒါကြောင့် စီနီယာအစ်ကိုက ဆုပ်ကိုင် ထားပြီးသားဆိုတော့ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး သဘောထား နိုင်တာကိုး။ ”

ရေနက်လေ တည်ငြိမ်လေ ဖြစ်သည်။ ယခုအချိန်၌ အချိန်တန်သော် ဓားတာအိုကို နားလည် လိမ့်မည်ဟု ဆိုခဲ့သော ယဲ့ကူဟန် စကားအပေါ် နားလည်လာ၏။

ဓားတာအိုကို ဆုပ်ကိုင်နိုင်ပြီး ဖြစ်ရာ ကြယ်ဓားသုံးရုံဖြင့် သူတော်စင် ရေမှုန်ရောင်ဝါ အပေါ် ဖြတ်ကျော် နိုင်ပေမည်။

သူတော်စင် တာအိုဟူသည် စွမ်းအင်၏ မြှောက်ဖော်ကိန်း ဖြစ်သည်။ လက်ရှိ အချိန်၌ သူဓားသည် ကောင်းကင်ကိုပင် ထိုးဖောက် နိုင်မည်ဟု ယုံကြည်မိ၏။

“ လင်းယွန် ... နင်ဘာတွေ ... တွေးနေတာလဲ၊ အကြည့်တွေက ကြောက်စရာ ကောင်းလိုက်တာ။ ”

ခရမ်းငယ်မှ သတိထားမိကာ မေးမြန်းလာ၏။

“ ငါ နည်းနည်းလေး ... စိတ်လှုပ်ရှား သွားလို့ပါ ... ပန်းသင်္ချိုင်းရော အခြေအနေ ဘယ်လိုရှိလဲ။ ”

“ နင်ကိုယ်တိုင် ကြည့် ... ။ ”

ခရမ်းငယ်မှ ကောင်းကင်ကို ညွှန်ပြ၏။ ပန်းသင်္ချိုင်းသည် သာမာန် သစ်သားဓား အဖြစ် ပြောင်းလဲနေသဖြင့် အံ့ဩသွားသည်။

လက်ဝှေ့ယမ်းပြီး ဓားကို ခေါ်ယူလိုက်၏။ သစ်သားဓား၏ အလေးချိန်မှာ ယခင်ကထက် များစွာ ပိုနေခဲ့သည်။

“ အရမ်းလေးတယ် ... ကောင်းပြီ အခု နိမ့်ကျတဲ့ ပုံရိပ်ကို ဘယ်လို ထိန်းထားရမလဲ ဆိုတာ ... မင်းကောင်းကောင်း သိနေပြီ။ ”

လင်းယွန်မှ ပြုံးပြီး ပန်းသင်္ချိုင်းကို ပြောလိုက်သည်။ ပန်းသင်္ချိုင်း အဆင့် မြှင့်တင်မှု အောင်မြင်စွာ ပြီးဆုံးသွား၏။ အသွင်အပြင်ရ မထူးခြားသော ဓားတစ်လက် ဖြစ်လာသည်။

“ စမ်းကြည့်ရအောင် ... ။ ”

သူတော်စင် တာအိုနှင့် တန်ခိုးပေးခဲ့ ပြီးနောက် စွမ်းအင်များကို ဓားထဲ လောင်းထည့် လိုက်၏။

ကျင့်ကြံမှု နည်းစနစ်ကို ဖြန့်ကျက် ကြည့်လိုက်ရာ တာအိုပန်းသုံးပွင့် သူ့နောက်၌ ပွင့်လာလေသည်။

ပန်းသင်္ချိုင်းဓား ကိုယ်ထည်ပေါ်ရှိ ရူရ်များလင်းလာပြီး ရိုးရှင်းသော အသွင်အပြင် မျိုးဖြင့် တောက်ပလာ၏။

“ မလုံလောက် သေးဘူးလား။ ”

ခွန်အားရှိသမျှ လောင်းထည့်ခဲ့သော်မှ ကန့်သတ်ချက် မပြည့်သဖြင့် အံ့သြသွားသည်။ မိုးပြာနဂါး နတ်ခန္ဓာကို ဖြန့်ကျက်ကာ နဂါး ရောင်ဝါကို ထပ်မံ လောင်းထည့်လိုက်၏။

အိုင်းရစ် နယ်မြေ တစ်ခုလုံး ဓားဖြင့် ပြည့်နှက်ကာ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာသည်။

အနီရောင် ပင့်ကူ လီလီသည် တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ် လဲကျနေပြီ ဖြစ်၏။

“ ဂါး ... ။ ”

နဂါးလေးက ရှေးဟောင်း နဂါး မျောက်ဝံ ပုံစံသို့ ပြောင်းလဲလိုက်ရ၏။ လက်ကိုင် တုတ်ကို မြေပြင်ပေါ် ထောက်ကာ အားပြုသော်လည်း တရွတ်တိုက် တွန်းထုတ် ခံလိုက်ရသေးသည်။

ဖီးနစ်သစ်ပင်မှာ ဖိအားအောက်တွင် တုန်လှုပ်နေပြီး အကိုင်းအခက်များ ယိမ်းထိုး နေတော့၏။

“ ရပ် လိုက် ... ။ ”

ခရမ်းငယ်မှ အော်ဟစ် လိုက်သည်။ သို့မှသာ စွမ်းအင် ပေးပို့ခြင်းကို အလျင်အမြန် ရုတ်သိမ်း လိုက်မိ၏။

အနီရောင် ပင့်ကူလီလီက ရင်ဘတ်ကို ဖိကာနှစ်သိမ့်သကဲ့သို့ ခေါင်းညိတ်ပြီး ပွင့်ချပ်နှင့် သူ့ကိုယ်သူ ပွတ်သပ်တော့သည်။

“ ဓားတာအို၊ ဓားနှစ်လက် ဝိညာဉ်၊ နတ်ခန္ဓာနဲ့ ဓားနှလုံးသား၊ ပြီးတော့ အမည်ခံ နတ်အလင်းဓား ... လင်းယွန် နင်လူလား ... ဘီလူးလား၊ ...

... သွေးအကျဉ်းတောင်မှာ နင်ဘာတွေ တွေ့ကြုံခဲ့ရလဲ၊ နင့်ရဲ့ အသွင်ပြောင်းမှု တွေက အရမ်းမြန်နေတယ်။ ”

ခရမ်းငယ်မှ စပ်စုသည်။ လင်းယွန်က ထိုအကြောင်းကို သိပ်မစဉ်းစားဘဲ သူ့အတွေ့ အကြုံများအပေါ် မျှဝေပေးလိုက်၏။

“ ဘယ်လောက်တောင် ရက်စက်လိုက် သလဲ။ ”

ခရမ်းငယ်မှ နှုတ်ဆိတ်သွားသည်။ လက်ရှိ အင်အားဖြင့် လင်းယွန်မှာ အမည်ခံ သူတော်စင် နယ်ပယ်တွင် ရှိနေသည်ဟု မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။

“ အပြင် ထွက်ချိန်တန်ပြီ။ ”

ခရမ်းငယ်နှင့် နဂါးလေးက ပြောကြားပြီး အိုင်းရစ် နယ်မြေထဲမှ ပြေးထွက်သွားလေသည်။ အနီရောင် ပင့်ကူလီလီ သည်လည်း လင်းယွန် ပခုံးပေါ်သို့ ချက်ချင်း ခုန်တက်လာခဲ့၏။

လင်းယွန်က လက်ဖြင့် ပွတ်သပ်လိုသော အခါတွင် ပန်းငယ်က သူ့င်္ကျီထဲ ဝင်ရောက်ပြီး ရှောင်တိမ်းလေသည်။

“ ကောင်းပြီ ... အရေးကြီးတဲ့ အချိန်မှာ မင်းငါ့ကို ကူညီဖို့မမေ့ပါနဲ့ ...မင်းရဲ့ သီချင်းသံက လူတွေကို စိတ်အာရုံ ထွေပြားစေတယ်။ ”

“ ဟုတ်တယ် ... ငါက အစွမ်းထက်တယ်။ ”

ရုတ်တရက် အနီရောင် ပင့်ကူလီလီမှ စကားပြောလာသဖြင့် လင်းယွန် တစ်ယောက် အံ့အားသင့်သွားသည်။

“ မင်း ... ဉာဏ်ရည် နိုးထလာပြီလား။ ”

“ ဟီးဟီး ... ငါ အသွင်ပြောင်းပြီးထဲက အောင်မြင်စွာ နိုးထလာတာ ... သခင် စကား အများကြီး မပြောနဲ့ ... သခင်ဖီးနစ် သံသယ ဖြစ်လာလိမ့်မယ် ...

... ငါ့အသိဉာဏ် နိုးကြားတာ ... သူ သိလို့မဖြစ်ဘူး၊ မဟုတ်ရင် ... သူ ငါ့ကို ထပ်ပြီး ညှစ်ထုတ်လိမ့်မယ်။ ”

ဤပန်းပွင့်သည် မရိုးရှင်းသောကြောင့် လင်းယွန်မှ ပြုံးလိုက်မိသည်။

“ ကောင်းပြီ ... ဒါပေမယ့် မင်းငါ့ကို သခင်လို့ ခေါ်စရာ မလိုဘူး။ ”

“ ဒါဆို ဘယ်လိုခေါ်ရမလဲ။ ”

“ ခရမ်းငယ် ခေါ်သလို လိုက်ခေါ်ပါ။ ”

“ ကောင်းပြီ ... လူယုတ်မာ။ ”

သူ့အမည်ကြောင့် လင်းယွန်မှာ မျက်လုံးပြူး သွားလေသည်။

“ ဘာလို့လဲ ... ငါ မှားလို့လား၊ နင် ကျင့်ကြံနေတုန်းက သခင်ဖီးနစ်က စိတ်ပူပြီး အဲဒီလို ခေါ်ခေါ်နေတာ ငါကြားတယ်။ ”

“ ကြိုက်သလို ခေါ်တော့ ... ။ ”

“ ကောင်းပြီ လူယုတ်မာ ... ၊ အဟဲ ... ငါပျော်တယ်။ ”

“ ..... ။ ”

လင်းယွန်က ပန်းပွင့်ကို စကား မပြောချင်တော့ချေ။ အသူရာ ကျီးဘုရင်နှင့် ယင်းမြစ် ဘုရင်တို့၏ တိုက်ပွဲမှာ ရလဒ် ထွက်ပေါ်လောက်ပြီ ဖြစ်သည်။

သူ့တွင် ခွန်အားများ တိုးလာသော်လည်း ၎င်းတို့ နှစ်ဦးလုံးကို အနိုင်ယူရန် အလားအလာ မရှိသေးချေ။

ထို့ကြောင့် ထိုတိုက်ပွဲထံ တစ်ချက်သာ ကြည့်ပြီး သွေးမီးတောက်လွင်ပြင်ဆီသို့ ဦးတည် လိုက်မိသည်။

ပျံသန်းနှုန်းမှာ မြန်ဆန်လွန်း သဖြင့်၊ သွေးကျီးကန်းများနှင့် ဆုံရန်ပင် စိတ်ပူစရာ မလိုတော့ချေ။

“ ငါတို့ မတွေ့တာ ကြာပြီနော် ... မင်းရဲ့ ရွေ့လျားမှု ပညာရပ်က တကယ် ကြောက်စရာ ကောင်းတယ် ... ငါနဲ့ ပြိုင်ဖို့ ဆန္ဒရှိလား။ ”

ရုတ်တရက် လင်းယွန် ဘေးနားမှ အသံ တစ်သံ ထွက်ပေါ်လာသည်။ လှည့်ကြည့်မိချိန်၌ အသူရာ ကျီးဘုရင် ဖြစ်နေ၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် ချက်ချင်း အရှိန်မြှင့် ပျံသန်း လိုက်သည်။ ကျီးဘုရင်မှ ပြုံးလျက် လင်းယွန် ကျောပြင်ထံ ကြည့်၏။ လှုပ်ရှားရန် အလျင်စလို မလုပ်ဆောင်ခဲ့ချေ။

“ ဝူး ... ။ ”

ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲ လာသည်နှင့်အမျှ နှစ်ယောက်သား အရှိန်အဟုန် ပြင်းပြင်းဖြင့် ပျံသန်းနေကြ၏။

အမြန်နှုန်းကို မြှင့်တင်ရန် အတွက် လေးကိုင်းကဲ့သို့ ခန္ဓာကိုယ်တွန်းအားကို သုံးကာ ရွေ့လျားနေကြခြင်း ဖြစ်သဖြင့်၊ အာကာပြင် တည်ရှိမှုကို ခံစား သိရှိလာခဲ့သည်။

လင်းယွန်က အကြိမ်ပေါင်းများစွာ အရှိန်မြှင့်လိုက်သည့်တိုင် အသူရာ ကျီးဘုရင်ကို ဖြတ်ချ မထားနိုင်သေးချေ။

“ မင်း ... ​​ပြေးတာ တကယ်တော်တယ် ... ဆက်ပြေးဦးမလား။ ”

အသူရာ ကျီးဘုရင်က လင်းယွန်ကို ကြည့်လျက် ပြုံးပြသည်။

“ ယင်းမြစ် ဘုရင်ကိုတောင် မင်းသတ်နိုင်ခဲ့တာ ငါပြေးနေဦးတော့ ... ဘာများ ထူးဦးမှာလဲ။ ”

“ မင်း သိနေတာ ကောင်းပါတယ် ... အနီရောင် ပင့်ကူလီလီ လွှဲပေးရင် အသက်ကို ချမ်းသာပေးမယ်။ ”

အသူရာ ကျီးဘုရင်မှ အေးစက်စွာ ခြိမ်းခြောက်စကား ပြောကြားလာ၏။ သို့သော် လင်းယွန်မှ မကြောက်ဘဲ ရယ်မော လိုသော အပြုံးဖြင့် ပြန်ကြည့် လိုက်တော့သည်။

***

All Chapters