← Chapters

သူ ... ပြန်လာလိမ့်မယ်။

Vol. 160 Ch. 2234

သူ ... ပြန်လာလိမ့်မယ်။

Vol. 160 Ch. 2234

အသူရာ ကျီးဘုရင်က ဖိအားကို တွန်းလှန်ရန် မီတာတစ်ရာ အကွာသို့ ဆုတ်ခွာ သွားခဲ့သည်။

မျက်ဝန်းများ အေးခဲသွားပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် လှမ်းကြည့် လိုက်၏။

“ ယင်းမြစ် ဘုရင်ကို သတ်ခဲ့တဲ့ လူလို့ ငါပြောတုန်းက ... မင်း တွန့်ဆုတ် နေခဲ့တယ်၊ ဒါက တိုက်ပွဲမှာ မင်းရှုံးသွားတယ် ဆိုတဲ့ ... အဓိပ္ပါယ်ပဲ မဟုတ်လား ...

... ပြီးတော့ မင်းသာ တကယ် အထွတ်အထိပ် အခြေအနေမျိုးဆိုရင် အခုလို ငါနဲ့အချိန် ဖြုန်းနေမှာ မဟုတ်ဘူး။ ”

လင်းယွန် သုံးသပ်ချက်ကြောင့် အသူရာ ကျီးဘုရင်က အံ့အားသင့်သွားပြီး၊

“ ပြောနေတဲ့ အဲဒီလူက ... ရွှေမျက်လုံး နတ်ဆိုးပဲ ... ဘယ်လောက်တောင် သန်မာလဲ ဆိုတာ မင်းမသိနိုင်ပါဘူး။ ”

ဤသို့သော တော်ဝင် မျိုးနွယ်ကို ကောင်းကင် နိမ္ဗာန်သို့ စေလွှတ်ခြင်းဖြင့် ဝိညဉ် နတ်မိစ္ဆာ မိသားစုသည် မည်သည့်အရာများ ကြံစည်နေသည်ကို လင်းယွန်မှ သိချင်လာသည်။

“ မင်းက ဉာဏ်ကောင်းပါတယ်၊ ဒါပေမယ့် အသက်ရှည်မှာ မဟုတ်ဘူး ... မင်းကို ငါ စားပြီး နောက်ထပ် အနီရောင် ပင့်ကူ လီလီ တစ်ပွင့် ရှာနိုင်ရင် ... အဲဒီ ရွှေမျက်လုံး နတ်ဆိုး ကောင်ကို ရင်ဆိုင်နိုင်ပြီ။ ”

ကျီးဘုရင်မှ သူ့ဆန္ဒကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။ လင်းယွန်သာ နာခံမှု ရှိရှိ ပန်းကို သူ့ထံပေးမည် ဆိုပါက လွှတ်ပေးရန် စဉ်းစားခဲ့၏။

သို့သော် တစ်ဖက်လူသည် လိမ္မာပါးနပ်မှု ရှိလွန်းသောကြောင့် သတ်ပစ်ရ ပေတော့မည်။ သူ့လက်များကို ဓားအဖြစ် အသုံးပြုပြီး လင်းယွန်ဆီသို့ ဦးတည်လာ၏။

ယင်းအတွက် ပြင်ဆင်ထားပြီး ဖြစ်ရာ လင်းယွန်က လက်သီးများကို ကြယ်ဓားအဖြစ် အသုံးပြု လိုက်သည်။ ထို့နောက် သူ့နဂါး သွေးများ ဆူပွက်လာ၏။

“ အဓိပတိ နဂါး တံဆိပ် ... ။ ”

အဓိပတိ နဂါးလက်သီးသည် အသူရာ ကျီးဘုရင်၏ လက်ချောင်းနှင့် ထိပ်တိုက်တွေ့ပြီး ခုနစ်ရောင် အဆင်းအသွေးကို ထုတ်လွှတ်ကာ နဂါးရောင်ဝါများ ထုတ်ပေးသည်။

“ ဝုန်း ... ။ ”

သို့သော် ထက်ရှသော ဓားရောင်ဝါ ပေါက်ကွဲသွားပြီး လင်းယွန် တစ်ယောက် အဝေးသို့ ပျံသန်းသွားရ၏။

လက်မောင်း တစ်လျှောက်လုံး ထုံကျင်နေသလို ခံစားလိုက်ရကာ အရိုးများ ပေါ်၌ အက်ကြောင်းများ ပေါ်လာသည်။

နာကျင်လွန်းသောကြောင့် နှုတ်ခမ်းများ လှုပ်ယမ်း သွားသော်လည်း စိတ်လှုပ်ရှားမှုနှင့် တိုက်ပွဲဝင် ဆန္ဒများ ရှိနေသေး၏။

အသူရာ ကျီးဘုရင်သည် အနည်းဆုံး တတိယ အဆင့် သူတော်စင်သခင် ခွန်အား ရှိချေပြီး။ ကံကောင်းသည်မှာ ပြင်းထန်သော ဒဏ်ရာများ ရှိနေခြင်း ဖြစ်၏။

လင်းယွန် အရိုးများသည် နဂါး အရိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်မှာ ကြာနေပြီ ဖြစ်သည်။

ထို့ကြောင့် ဒဏ်ရာများ ချက်ချင်း ပြန်ကောင်း လာ၏။ အသူရာ ကျီးဘုရင်မှာမူ ထိုသို့ မဟုတ်ချေ။

သူ့ လောင်းကြေးမှာ မှန်ကန် နေကြောင်း ညွှန်ပြနေ၏။ တစ်ဖက်တွင် အသူရာ ကျီးဘုရင် ခမျာ သူ့ကိုယ်သူ တည်ငြိမ်အောင် ခြေလှမ်း အနည်းငယ် ပြန်ဆုတ်သွားသည်။

ထို့ကြောင့် အသူရာ ကျီးဘုရင်မှ သူတော်စင် မီးလျှံကို အသက်သွင်းပစ်၏။ ကြက်သွေးရောင် တိမ်တိုက်များထံမှ စူးရှသော အသံများ ထွက်ပေါ်လာသည်။

“ မင်းက ငါထင်ထားတာထက် ပိုသန်မာတယ်။ ”

သူ့မျက်ဝန်းထဲတွင် လင်းယွန်အပေါ် အထင်သေးမှုများ ပျောက်ကွယ် သွားတော့၏။

“ ဒါပေမယ့် မင်းသေရမှာပါ။ ”

ခရမ်းရောင် နန်းတော်ထဲရှိ ယင်-ယန် သလင်းကျောက်ကို နှိုးဆွကာ စွမ်းအင်များ စတင် လောင်ကျွမ်း​ စေလိုက်သည်။

“ ယင်-ယန် အဆင့် ... ။ ”

အသူရာ ကျီးဘုရင်သည် တတိယအဆင့် သူတော်စင် သခင် ဖြစ်ကြောင်း အတည်ပြုနိုင် သဖြင့် လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်မိလေသည်။

ဤကျီးဘုရင်သည် ပိုမို အားကောင်း လွန်းသည့် သူတော်စင် စွမ်းအင်များ ရရှိရန် နေနှင့်လ အနှစ်သာရကို စုပ်ယူနိုင်၏။

ဒဏ်ရာ ကြီးကြီးမားမား ရထားခဲ့ သော်လည်း သူ့တွင် အစွမ်းထက်နေဆဲ ဖြစ်သည်။

လင်းယွန်က အသက်ပြင်းပြင်း ရှူကာ ဓားသုတ္တန် နှစ်ပါးကို ဖြန့်ကျက်ပြီး ဝင်လာသော လက်ဖဝါးနှင့် ထိပ်တိုက် တွေ့ပေးလိုက်၏။

“ ဝုန်း ... ။ ”

လက်သီးနှင့် လက်ဖဝါး ရိုက်မိသောအခါ လင်းယွန်တစ်ယောက် မီတာ ရာဂဏန်းအကွာ သို့တိုင် လွင့်စဉ်ပြီး သွေးများထွက်လာသည်။

ဓားသုတ္တန် နှစ်ပါးကို အားကိုးရုံဖြင့် တတိယအဆင့် သူတော်စင်သခင်နှင့် ရင်ဆိုင်၍ မရနိုင်မှန်း နားလည်လိုက်၏။

နတ်ခန္ဓာကို လှည့်ပတ်လျက် နဂါးသွေးနှင့်အတူ ရှေးကျပြီး အစွမ်းထက်သော စွမ်းအင်များ ခန္ဓာကိုယ်အနှံ့ စီးဆင်းစေ လိုက်သည်။

“ ဝုန်း ... ။ ”

လက်ဖဝါးချင်း ထိမိသောအခါ ဤတစ်ကြိမ်၌ ခြေသုံးလှမ်း မျှသာ နောက်ပြန် ဆုတ်သွားခဲ့သည်။

“ ထပ်လာမယ် ... ။ ”

လက်သီးကို တင်းတင်း ဆုပ်ကိုင်လျက် အဓိပတိ နဂါးလက်သီးဖြင့် ထပ်မံ တိုက်ခိုက်ရန် ပြေးတက်လိုက်သည်။

အသူရာ ကျီးဘုရင်၏ သူတော်စင် စွမ်းအင်သည် သူလက်ခံနိုင်မှု အတိုင်းအတာ အတွင်းတွင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာ ထပ်မရတော့ချေ။

ခွန်အားကို တိုင်းတာနိုင်ပြီ ဖြစ်ရာ ကျီးဘုရင်နှင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် ခဲ့သည်။

မကြာမီ ကောင်းကင်ဘုံ မူလ အဆင့်ဖြင့် တတိယအဆင့် သူတော်စင်သခင်ကို ရင်ဆိုင်ရန် မဖြစ်နိုင်သေးကြောင်း အကဲဖြတ်မိ၏။

မိုးပြာ နဂါး နတ်ခန္ဓာသည် သူ ထင်ထားတာထက် ပို၍ ခံနိုင်ရည် ရှိနေသည်။ အနည်းဆုံး ဒုတိယအဆင့် သူ​တော်စင် သခင်၏ လက်သီးကို ခံယူနိုင်၏။

ရွေ့လျားမှု နည်းစနစ်သည် ကျီးဘုရင်ကို အမှီ မလိုက်နိုင်သေး သော်လည်း ပြတ်ကျန်ခြင်း မရှိသေးချေ။

​ပြိုင်ဘက်ကို ​ပြင်းထန်​သော ဒဏ်ရာများ ပေးလိုပါက အဓိပတိ နဂါးလက်သီး၌ နဂါးသွေး ထည့်သွင်းရန် လိုချေ၏။

မဟုတ်​သော် သူ့လက်သီးကို ပြိုင်ဘက်မှ လျစ်လျူရှု ထားနိုင်မည်။ ခွန်အားကို အမျိုးမျိုး တွက်ချက် ပြီးနောက် သူ့ကိုယ်သူ ပိုမိုနားလည် လာခဲ့သည်။

နှစ်ဦးသား တိုက်ခိုက်မှု ဆယ်​ကြိမ်ခန့် ဖလှယ်လိုက်ကြပြီး ကိုယ်ခံပညာ များစွာကို အသုံးပြု မိသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ကျီးဘုရင်မှ မယုံကြည်နိုင်စွာ ကြည့်၏။ သူသည် တိုက်ပွဲတွင် အသာစီး ယူထားနိုင်ကာ အပြီး မသတ်နိုင် သေးချေ။

လင်းယွန်၏ အစွမ်းမှာ နောက်သို့ ဆုတ်ခွာပြီးသည်နှင့် ထပ်မံ တိုးမြင့်လာသည်။ အမည်ခံ သူတော်စင် တစ်ပါး၌ ဝှက်ဖဲများ အဆုံးမရှိ ဖြစ်နေသည်မှာ မနာလိုစရာပင်။

သူ့ကို လေ့ကျင့်ဖော်အဖြစ် အသုံးပြု နေသည်​လောဟု တွေးမိလာစေသည်။ သို့သော် တစ်ဖက်လူတွင် ထိုမျှအစွမ်းမျိုး ရှိ​နေလိမ့် မည်ဟု မထင်ချေ။

“ မင်းရဲ့ ရာဟုဓား ဘယ်မှာလဲ အဲဒါကို တစ်ချက်လောက် ကြည့်ပါရစေ။ ”

လင်းယွန်မှ မေးလိုက်သည်။ အမည်ခံ သူတော်စင်သည် ဤပုံစံဖြင့် သူ့ကို စကားပြော ဝံ့သောကြောင့် ကျီးဘုရင်ခမျာ ဒေါသူပုန်ထ လာခဲ့သည်။ နားကြားများ မှားသည်လော ဟုပင် ထင်မှားလာ၏။

“ မင်း ... ဘာပြောလိုက်တာလဲ။ ”

“ မင်းရဲ့ ရာဟုဓား ဘယ်မှာလဲလို့ ... မေးနေတာ ... အဲဒါကို ငါ တစ်ချက်လောက် ကြည့်ပါရစေ ... ။ ”

လင်းယွန်မှ လက်ဗလာဖြင့် ခွန်အားကို တိုင်းတာနိုင်ပြီ ဖြစ်သဖြင့် ရန်သူ၏ ဓားအစွမ်း အ​ပေါ် ဆန်းစစ် ကြည့်ချင်သည်။

အဆုံးတွင် သူ့ထင်မြင် ယူဆချက် မှန်ကန်ကြောင်း ကျီးဘုရင်မှ သိလိုက်တော့၏။ တစ်ဖက်လူသည် အမှန်ပင် သူ့ကို ​လေ့ကျင့်ဖော် အဖြစ် အသုံးပြုနေခဲ့သည်။ မည်သည့် အချိန်က ဤသို့ ငုံ့ကြည့် ခံရသည်ကို တွေးမိလာစေ၏။

“ ရာဟုဓားကို ဆွဲပြီးတဲ့အခါ သွေးမြေကျမှ အဆုံးသတ်ရတယ် ... မင်း ဒါကို တွေ့ကြုံချင်တဲ့ အတွက် မင်းဆန္ဒအတိုင်းပဲ ... ။ ”

ကျီးဘုရင်က ရာဟုဓားကို ဆင့်ခေါ်လျက် ပြောကြားသည်။ ရာဟုဓား ပေါ်လာသော အခါ ​လေဟာနယ် တုန်ခါလျက် ကျီးဘုရင်၏ ရောင်ဝါများ ဝါးမြို ခံလိုက်ရ၏။

ဤသည်မှာ မကောင်းဆိုးရွား ဓားတစ်လက်ပေပင်။ ၎င်းသည် ရန်သူများ၏ ​ရောင်ဝါကို ဝါးမြို နိုင်ရုံသာမက ကိုင်ဆွဲသူ၏ ရောင်ဝါအပေါ်ပါ ဝါးမြိုနိုင်၏။

( ရာဟု ဆိုသည်မှာ နေကြတ်ချိန် ထွက်ပေါ်လာသော အမှောင်စွမ်းအင်ကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ )

ထို့ကြောင့် ကျီးဘုရင်မှ မလိုအပ်ဘဲ အသုံးမပြုခြင်း ဖြစ်သည်။ အထူးသဖြင့် ယခုလို သူ ဒဏ်ရာအပြင်းအထန် ရနေချိန် ဖြစ်၏။

“ သေ လိုက် တော့ ... ။ ”

ကြယ်ဓားနှင့်အတူ တာအိုပန်း ဆယ်မျိုး ပွင့်လာပြီး နဂါးငွေ့တန်းများ ပေါ်လာခဲ့သည်။ ၎င်းသွားရာ လမ်း၌ လေဟာနယ် အက်ကွဲ ကြောင်းများ ပေါ်လာ၏။ သူ့ဒေါသမှာ အဆုံးမရှိချေ။

လင်းယွန်ကို သတ်နိုင် လျှင်ပင် အချိန် အကြာကြီး အနား ယူရပေမည်။ ထိုအချိန်တွင် လင်းယွန်မှ ပန်းသင်္ချိုင်းကို ဆွဲကာ တော်ဝင် ဓားကျမ်း ဖြန့်ကျက်လိုက်သည်။

ဓားရိပ်သုံးလက် သူ့နောက်ကျော၌ ပေါ်လာပြီး နာရီလက်တံအတိုင်း လည်ပတ် လာ၏။

များကြာခင် နဂါးဟောက်သံနှင့် ဖီးနစ်အော်သံများ ညံကုန်သည်။ ကောင်းကင် နဂါး တစ်ကောင်နှင့် နတ်ဖီးနစ် တစ်ကောင်က သူ့ကို ရစ်ပတ်လာ၏။

“ ထန် ... ထန် ... ။ ”

ပန်းသင်္ချိုင်းက ရာဟုဓားကို ပိတ်ဆို့ လိုက်သောအခါ မီးပွားများ ပွင့်ထွက်ကုန်သည်။ ​လေးလံ​သော ဖိအားများ ခံစားလိုက်ရ၏။

“ မဆိုးဘူး ... မင်း အသုံးပြုနေတဲ့ ခန္ဓာကိုယ်ဟာ သူ အသက်ရှင် နေချိန်တုန်းက ဓားသူတော်စင် ဖြစ်ရမယ်။ ”

လင်းယွန်က မှတ်ချက်ပေးလိုက်သည်။ ထိုစကားကြောင့် ကျီးဘုရင် ထိတ်လန့်သွား၏။ ဤစကားသည် မည်သည့် အဓိပ္ပါယ်ကို ဖော်ဆောင် သနည်း။

အမည်ခံ သူတော်စင် တစ်ပါးသည် သူတော်စင်သခင် တစ်ပါးကို အကဲဖြတ်နေခဲ့ သည်လော။

“ မင်း ... သေချင်​နေတာပဲ ။ ”

ဒဏ်ရာအပေါ် လျစ်လျူရှုလျက် သူ့ဓားသုတ္တန်ကို လှည့်ပတ်ပစ်လိုက်ရာ၊ စူးရှရှ အလင်းများ ကောင်းကင်ပေါ် ထိုးတက်လာ၏။

“ ဝူး ... ။ ”

ကြယ်ဓား အထွတ်အထိပ် ဖြစ်သည်။ ရာဟုဓားမှ ဟောက်သံပြု၏။ တစ်စုံ တစ်ဦး၏ သွေးသားကို သတ်ဖြတ်စားချင် နေပုံရသည်။

“ ဟိတ် ... ။ ”

လင်းယွန်က ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော်ကာ ဆုတ်ခွာလျက် တိုက်ခိုက်မှုများ အပေါ် ရှောင်ရှားနေခဲ့သည်။ ထိုစဉ် ကျီးဘုရင်၏ ဓား​ရေးကို မှတ်မိလာခဲ့သဖြင့် အံ့အားသင့် သွားတော့၏။

“ ရွှပ် ... ။ ”

နောက်ဆုံးဓားကို လွှဲလိုက်သော အခါ ရာဟုဓားမှ ထုတ်လွှတ်သော ရောင်ခြည်သည် ပတ်ဝန်းကျင်၌ အက်ကြောင်းများ ထွက်ပေါ် လာသည်။ ​မြေပြင် ပြိုကျသွား၏။

“ ဝှစ် ... ။ ”

လင်းယွန်က လှည့်ကြည့်ကာ ဓားကို စက်ဝိုင်းပုံ လှည့်ပတ်လျက် ပုံရိပ်(၁၃)ရိပ်အဖြစ် ပွားယူလိုက်သည်။

စက်ဝိုင်းများ ပေါင်းစည်း လိုက်သောအခါ ကျီးဘုရင်းထက် အားမနည်းသော ဓားအလင်း တစ်စင်း ထွက်လာသည်။

“ ဝုန်း ... ။ ”

ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံပြီးနောက် မြေပြင်မှာ မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ် ပေါက်ကွဲကုန်၏။

“ ကောင်းကင်ဘုံ ကိုးပါး ... ။ ”

ကျီးဘုရင်သည် လင်းယွန်နှင့် တူညီသော အရွယ်အစား အထိ ကျုံ့သွားပြီး သူ ထုတ်လွှတ် လိုက်သော အငွေ့ အသက်သည် ပို၍ ကြောက်စရာ ကောင်းလာ၏။

တစ်ချိန်တည်းမှာပင် ရာဟုဓား သည်လည်း ထပ်မံစွမ်းအားတိုးလာ၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေသကဲ့သို့ ကျမ်းစာ ရွတ်ဆိုသံများ ထုတ်ဖော်လာသည်။

လင်းယွန်က အမည်ခံ နတ်အလင်းဓားကို ထုတ်လိုက်ရ၏။ ပန်းသင်္ချိုင်း ကိုယ်ထည်ပေါ်ရှိ ရူရ်များ လင်းလက်လာပြီး ဘုန်းဝိညာဉ် လေးပါးလုံး အသက်ဝင်လာသည်။

သူ့စွမ်းအင်ကို ဓားထဲ လောင်းထည့် လိုက်သောအခါ ဓားရောင်ခြည်များ ဟုန်းခနဲ တောက်လျက် ဆံပင်များ လွင့်မျောကုန်၏။

“ ထန် ... ။ ”

“ ချလွမ် ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ အသူရာကျီးဘုရင် လက်ထဲရှိ ရာဟုဓားလွတ်ကျ သွားလေသည်။

ယင်းကြောင့် ကျီးဘုရင်မှာ ကျောရိုး တစ်လျှောက် အေးစက်စွာဖြင့် လင်းယွန်ကို မော့ကြည့်လိုက်မိသည်။

ပါးစပ်မှ သွေးများ ထွက်ကျလျက် ကြောက်ရွံ့နေ၏။ ဤလူငယ်သည် အမည်ခံ သူတော်စင် ခွန်အားမျိုး မဟုတ်ချေ။

ပြန်လည် ရှင်သန်လာသော ဓားနတ်ဘုရား တစ်ပါးဖြစ်သည်။ ကြောက်ရွံ့မှုများ ဖုံးလွှမ်းကာ မဆိုင်းမတွ ထွက်ပြေးတော့၏။

“ မင်း လွတ်မြောက်မယ် ထင်လား ... ။ ”

လင်းယွန်က အေးစက်သော အကြည့်ဖြင့် ပန်းသင်္ချိုင်းကို ပစ်လွှတ်လေသည်။ ကျီးဘုရင်မှ လှည့်မကြည့်ဘဲ ပန်းသင်္ချိုင်းကို လက်ဖြင့် ဖမ်းယူကာ ဆက်လက် ထွက်ပြေးသည်။

ပြေးလွှာနေစဉ် ပန်းသင်္ချိုင်းကို ဖျက်ဆီးရန် ကြိုးစားနေခဲ့၏။

“ ဟား ဟား ဟား ... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... ။ ”

လင်းယွန်က မြေပြင်ပေါ်နင်းပြီး ခုန်တက်ကာ ရယ်မောလိုက်၏။ အနက်ရောင် မိုးကြိုးများ လွှတ်ထုတ်လျက် ကျီးဘုရင် အထက်တွင် ပြန်ပေါ်လာသည်။

“ ရွှီး ... ။ ”

သည့်နောက် လက်ဖဝါး ဖွင့်လိုက်ရာ လျှပ်စီးမြွေကိုးကောင်က ကျီးဘုရင်နောက်သို့ ပြေးလိုက်သွား၏။

“ စွပ် ... ။ ”

“ အား ... ။ ”

မြွေကိုးကောင်၏ ကိုက်ခဲမှုကြောင် နာကျင်စွာ အော်ဟစ်လျက် ဆက်ပြေးသည်။

“ စွပ် ... ။ ”

“ အား ... ။ ”

ခဏချင်းမှာပင် သွေးချင်းချင်း ရဲလာ၏။ လင်းယွန်က ကောင်းကင်မှ ဆင်းပြီး မိုးကြိုး လိပ်နက် သံကြိုးကို သိမ်းလိုက်သည်။ လိုက်ဖမ်းရန် ရည်ရွယ်ချက် မရှိချေ။

“ သခင် ... မင်း သူ့ကို လိုက်မဖမ်းဘူးလား။ ”

အနီရောင် ပင့်ကူ လီလီက လင်းယွန် ပခုံးပေါ် တက်လာကာ အဝေးကို လှမ်းကြည့် ပြီး အံ့သြစွာမေးသည်။

“ မလိုဘူး ... သူ ပြန်လာလိမ့်မယ် ... ။ ”

လင်းယွန်မှ ပြန်လည် ဖြေကြားလိုက်၏။ မိနစ် အနည်းငယ်အကြာတွင် အမှန်တကယ်ပင် ကျီးဘုရင် တစ်ယောက် ပြန်လှည့် ပြေးလာသည်။

ခရမ်းငယ်နှင့် နဂါးလေးသည် သူ့လမ်းကို ပိတ်ဆို့ပြီး ရိုက်နှက်ခဲ့၏။ ဤကြောင်နက်သည် လင်းယွန်ထက် ပို၍ ရက်စက်လေသည်။

***

All Chapters