← Chapters

ဒီဓားက မင်းရဲ့ သတ္တိလား။

Vol. 160 Ch. 2236

ဒီဓားက မင်းရဲ့ သတ္တိလား။

Vol. 160 Ch. 2236

လင်းယွန်မှ ထိတ်လန့် သွားလေသည်။ အသူရာ ကျီးဘုရင် ပြောသည့် စကားများသာ မှန်ပါက ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စုတွင် သူတော်စင် အလောင်းများ မည်မျှ ပိုင်ဆိုင် ထားသည်ကို မတွေးဆနိုင်ချေ။

တစ်ထောင်သည်လော၊ တစ်သောင်း သည်လော။ ထိတ်လန့် တုန်လှုပ် သွားသည့် လင်းယွန်ကို မြင်လိုက်ရသောကြောင့် ကျီးဘုရင်မှ ရွှင်မြူးသွားသည်။

“ နောက်ဆုံး မေးခွန်း ... မင်း မိန်းကလေး တစ်ယောက်ကို မြင်ဖူးလား ... သူ ဘယ်ရောက် နေလဲ သိနိုင်မလား။ ”

ဆုစီယာ အသွင်အပြင် ပြောပြလိုက်၏။ ချက်ချင်း အမူအရာ ပြောင်းသွားသော အသူရာ ကျီးဘုရင်ကို လင်းယွန်မှ အမိဖမ်းလိုက်၏။

“ မင်းတစ်ခုခု သိနေပုံပဲ ... ပြောပါ၊ အနီရောင် ပင့်ကူ လီလီကို မင်း သုံးခွင့်ရမယ်။ ”

“ ဟား ဟား ဟား ... လူသားတွေက အချစ်ကို ကိုးကွယ်ကြတာ ... ငါကြားဖူးတယ် ဟုတ်တယ် မဟုတ်လား ကောင်လေး။ ”

“ မှန်တယ် ... ။ ”

“ ဒါဆို ... သူက မင်းချစ်နေတဲ့ လူတစ်ယောက်ပဲ။ ”

“ ဟုတ်တယ် ... ။ ”

“ ဟား ဟား ဟား ... ။ ”

အသူရာ ကျီဘုရင်မှ ရာဟုဓားကို ကောက်ကာ ကျောက်တုံး တစ်တုံးပေါ် ရွေ့ထိုင် လိုက်၏။

ဓားကိုင်လျက်ဖြင့်၊

“ မင်းရဲ့ ဣန္ဒြေကို ထိန်းထားနိုင်ပုံရတယ်၊ ဒါပေမယ့် ... မင်းက အရမ်းငယ် သေးပြီး မင်းရဲ့ အားနည်းချက်ကို ထုတ်ဖော်ပြခဲ့တယ်။ ”

လင်းယွန်မှ ငြင်းဆန်ခြင်း မရှိချေ။

“ မင်းနာမည်က လင်းယွန် ဟုတ်တယ် မဟုတ်လား ... ငါက လင်းငယ်လို့ ခေါ်ရင် မင်း အဆင်ပြေ မလား။ ”

အသူရာ ကျီးဘုရင်က တစ်ဖက်လူ၏ အားနည်းချက်ကို ဆုပ်ကိုင်မိပြီဟု ခံစားရကာ ပြုံးပြီး စကားဆိုနေ၏။

“ ကောင်းပြီ ... မင်းသတင်း ပေးနိုင်ရင် အနီရောင် ပင့်ကူ လီလီရဲ့ ဝတ်ရည် တစ်စက် ရမယ်။ ”

ကျီးဘုရင်က ပါးနပ်၏။ သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးကာ၊

“ ဒီပန်းအကြောင်း ပြောစရာ မလိုပါဘူး၊ ငါ့ကို တစ်ကြိမ် ရှိခိုးပါ ... ငါကျေနပ်ရင် မင်းကို ငါပြောပြပေးမယ်။ ”

“ ကျီးကောင်မင်း ... မီးကင်ခံချင်နေတာပဲ။ ”

နဂါးလေးက ဒေါသတကြီး ပြေးလာ၏။

“ ကြောင်မိုက် ... မင်းရဲ့ သခင်က အဲဒီမိန်းမကို ဘယ်လောက် စိတ်ပူနေလဲ မင်း မသိဘူးလား ... ကောင်းကင် နိမ္ဗာန်မှာ လူ တစ်ယောက်ကို ရှာရတာ မလွယ်ပါဘူး။ ”

“ အစ်ကိုကြီး ... သူ စကားပြောလာအောင် ငါနှိပ်စက်လိုက်ရမလား။ ”

လင်းယွန်မှ လက်ကာပြပြီး၊

“ သူမရဲ့ တည်နေရာကို ... မင်းသိတာ သေချာလား။ ”

“ မင်း ဘယ်လို ထင်လဲ။ ”

ကျီးဘုရင်မှ ပြန်မဖြေချေ။ လင်းယွန်က ငြိမ်သက်သွားပြီး ရာဟုဓားထံ ငေးကြည့်ကာ အနည်းငယ် စဉ်းစားနေခဲ့၏။

“ မင်းဓားနာမည်ကို ငါအရင်က ကြားဖူးတယ်။ ”

လင်းယွန်မှ ခေါင်းစဉ် ပြောင်းလိုက်မှန်း ကျီးဘုရင် သိ၏။ သို့သော် ဤဓားသည် သူ၏ ဂုဏ်ယူဖွယ် ရတနာဖြစ်သဖြင့် ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ ဒါက အုပ်စိုးရှင် သူတော်စင် ရတနာ တစ်ပါးပဲ ကြီးကြီးမားမား ပျက်စီးသွားခဲ့တယ်၊ ဒါကြောင့် ... နှစ်ပေါင်း ရာဂဏန်းလောက် ကြာအောင် အချိန်ပေးပြီး ...

... ဘုန်းဝိညာဉ်တော် ငါးပါး အဆင့် ပြန်ရအောင် ငါ လုပ်ထားရတယ်၊ ငါ့မှာ ဒဏ်ရာ ကြီးကြီးမားမားသာ မရှိရင် ဒီဓားနဲ့ မင်းကို သတ်နိုင်တယ်။ ”

သူ ပြောလိုက်သည့် အခိုက်တွင် ဒေါသထွက်လာကာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အမြွက်များ ပြသလျက်၊

“ ပန်းသင်္ချိုင်း မင်းဘာလို့ ... ဒူးမထောက် သေးတာလဲ ငါ့မှာဒေါသ မရှိဘူးလို့ ထင်နေလား မင်းကောင်မလေးရဲ့ ဘဝနဲ့ သေခြင်းက ... ငါ လက်ထဲမှာ ရှိပြီ။ ”

-ဟု ဟိန်းဟောက် လိုက်တော့၏။

“ အစ်ကိုကြီး ... ။ ”

နဂါးလေးက လင်းယွန် အတွက် စိတ်ပူလာသည်​။ ခရမ်းငယ်မှ လေးနက်သွား၏။ ဤလူယုတ်မာသည် ဆုစီယာအတွက် မည်သည့် အရာကိုမဆို လုပ်ဝံ့ချေပြီ။

“ အလျင်လို နေစရာ မလိုပါဘူး ... အဲဒီဓားကို ငါကြည့်လို့ ရမလား ... ။ ”

လင်းယွန်က တည်ငြိမ်သော အသွင်ဖြင့် ရာဟုဓားကို တောင်းကြည့်သည်။

“ ရတယ် ... ဒါပေမယ့် ဒါက နတ်ဆိုးဓား တစ်လက်ပဲ၊ သတိပေးပြီးတဲ့ အတွက် မင်းငါ့ကို အပြစ်မတင်နဲ့။ ”

ဤနတ်ဆိုးဓားသည် ရန်သူနှင့် ကိုင်ဆောင်သူ၏ ခွန်အားကိုပင် ဝါးမြိုနိုင်သည်။ လင်းယွန်သာ ဓားဆွဲပါက ဓားမှတဆင့် ၎င်းကို သူ ထိန်းချုပ် နိုင်ပေမည်။

“ မင်းလည်း ဓားသမားပဲ ... ဒါပေမယ့် ဒီဓားနဲ့ယှဉ်ရင် ... အများကြီး အားနည်းနေပါ သေးတယ်။ ”

သူ့အတွေးကို ရိပ်မိခြင်း မရှိစေရန် ကျီးဘုရင်မှ ပြောကြားလိုက်၏။

“ ကြည့်ရအောင် ... ။ ”

“ ချွင် ... ။ ”

လင်းယွန်က ဓားကို ကိုင်လိုက်စဉ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဓားကို ဆွဲထုတ်ရန် ပြင်စဉ် ညာလက်မောင်းမှာ ချက်ချင်း တုန်ခါလာ၏။

“ သွေးကျီးကန်း တစ်ကောင်က ... လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ ... ဒါပေမယ့် မင်းမှာလည်း မြတ်နိုးတဲ့ အရာတွေ ရှိပါတယ်။ ”

လင်းယွန်က ဓားကို ဆွဲထုတ်ကြည့်ရန် ကြိုးစားလျက်မှ ဖြည်းညှင်းစွာ ပြောလိုက်၏။ သို့သော် ဓားထွက် မလာခဲ့ချေ။

ယင်းကြောင့် ဆွဲထုတ်နိုင်မည်ကို ကြောက်ရွံ့နေမိသည့် ကျီးဘုရင်မှ ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

“ ဘယ်လို ခံစားရလဲ ... ကြောက်စရာ ကောင်းတယ် မဟုတ်လား အဲဒါကို ဆွဲထုတ်လို့ မရသလို ... လက်ကိုလည်း ပြန်လွှတ်လို့ မရဘူး၊ သူက မင်းရဲ့ သွေးသားကို အဆက်မပြတ် စားသောက်နေလိမ့်မယ်။ ”

ကျီးဘုရင်မှ စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ ရယ်မော လိုက်သည်။

“ ဟား ... ဟား ... ဟား ... ပန်းသင်္ချိုင်း မင်းမှာဆန္ဒ မရှိရင်တောင် ... အခု ဒူးထောက်ရ တော့မယ်။ ”

သို့သော် သူ့စကားသံ မဆုံးခင် လင်းယွင် မျက်နှာ အေးစက်သွားသည်ကို သတိပြုမိလိုက် လေသည်။

“ ချွင် ... ။ ”

မသေချာ မရေရာ ဖြစ်သွားစဉ် လင်းယွန်မှ ဓားကို ဆွဲထုတ်လိုက်တော့၏။ စူးရှ နာကျင်စွာ အော်ဟစ်သံများ ကြားလိုက်ရသည်။ ယင်းသည် ဓားဝိညာဉ်၏ တောင်းပန်သံ ဖြစ်၏။

ထို့ကြောင့် တုန်လှုပ် သွားမိသည်။ ဤသို့သော ကြောက်ရွံ့နေသည့် ဓားဝိညာဉ်ကို တစ်ကြိမ် တစ်ခါမျှ မကြုံဖူး သဖြင့် မယုံကြည် နိုင်စွာ မျက်လုံးပြူးသွားသည်။

“ ခရစ် ... ။ ”

ယင်းသည် သူအကြောက်ဆုံး အရာ မဟုတ်သေးချေ။ သူအကြောက်ဆုံး အရာမှာ ဓားအတွင်းမှ ပေါက်ကွဲသံ ထွက်လာခြင်း ဖြစ်သည်။

သည့်နောက် အနက်ရောင် အငွေ့များ ထွက်လာ၏။ ဤသည်မှာ ဘုန်းဝိညာဉ် တစ်ပါး သေဆုံးခြင်း ပေပင်။

“ မလုပ်နဲ့ ... ။ ”

နောက်ထပ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး ဘုန်းဝိညာဉ်တစ်ပါး ထပ်မံ ပျက်ဆီးသွား ပြန်၏။

ချက်ချင်း ဒူးထောက်ချကာ၊

“ ပန်းသင်္ချိုင်း ... ရပ် ... ရပ်လိုက်ပါ၊ ငါစောစောက ပြောခဲ့တာတွေ အတွက် တကယ် တောင်းပန်ပါတယ်။ ”

-ဟု ငိုယိုတော့သည်။

လင်းယွန်မှ လျစ်လျူရှုလျက် ရာဟုဓား အတွင်းမှ နောက်ထပ် ဘုန်းဝိညာဉ် များကို ဖျက်ဆီး နေခဲ့သည်။

ဝန်းကျင်ရှိ ကောင်းကင်ယံ၌ လျှပ်စီးများ ဖုံးလွှမ်းလာပြီး သူ့ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်ကုန်သည်။

မျက်လုံးအတွင်း ရွှေရောင် လင်းလာကာ ကျီးဘုရင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ ကျီးဘုရင် ခန္ဓာကိုယ်ထဲ ထားခဲ့သော အမည်ခံ နတ်အလင်းဓား အသက်ဝင်လာသည်။

ထောင်ပေါင်းများစွာသော ဓားများဖြင့့် အမွှန်းခံနေရ သကဲ့သို့ ကျီးဘုရင်ခမျာ မျက်နှာ ရှုံ့တွသွား တော့၏။

ဤနည်းဖြင့် အစိတ်စိတ် အမွှာမွှာ ကွဲကြေသေဆုံး နိုင်မည်။ သို့သော် လင်းယွန်က သူ့ကို သတ်ရန် ဆန္ဒမရှိချေ။

“ အား ... ပန်းသင်္ချိုင်း ရပ် ... ရပ်ပါ၊ ငါမှားတာကို နားလည်ပါပြီ။ ”

ကျီးဘုရင်မှ စိတ်ပျက် အားငယ်စွာဖြင့် အော်ဟစ်တော့၏။ သို့သော် လင်းယွန်က ဆန္ဒ မရှိချေ။

“ ခရစ် ... ။ ”

အဆုံးတွင် ရာဟုဓားမှာ ဘောင်းခနဲ ပေါက်ကွဲသွားသည်။ ဓားကျိုး အပိုင်းအစများက လေထဲပျံဝဲလျက် အချိန်များ ရပ်တန့်ကုန်၏။

“ မင်းက ငါ့နာမည်ကို သိပြီးတာတောင် မောက်မာဝံ့သလား၊ ဟမ့် ... အသူရာ ကျီးဘုရင် ဒီဓားက မင်းရဲ့သတ္တိလား ... ။ ”

လင်းယွန်အသံက မိုးခြိမ်းသံ ကဲ့သို့ ကျီးဘုရင်နားထဲ တဟုန်ထိုး ပဲ့တင်ထပ်လာ တော့၏။ စိတ်ဝိညာဉ်ပင် တုန်ရီသွားသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည့် လူငယ်တစ်ဦးကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ကျီးဘုရင် တစ်ယောက် နောင်တရသွား၏။

***

All Chapters