အဲဒီမှာ ရပ် ... ။
Vol. 160 Ch. 2238
လေထဲ ပျံဝဲလျက် လင်းယွန်၏ အကြည့်များက ကူခုန်းပေါ် ကျရောက်သွား လေသည်။
ကူခုန်းနှင့် ကူထုတ်မှာ ထိတ်လန့် လာတော့၏။ သူတို့သည် အထွတ်အထိပ် ခွန်အားဖြင့် လျှို့ဝှက်ရတနာကို အသုံးပြု ခဲ့သည်။
“ မင်းကို ငါတို့ လျှော့တွက်မိပုံရတယ် ... ဒါက သနားစရာကောင်းတဲ့ လှည့်ကွက်လေးလို့ မင်းထင်နေရင် ... နုံအလွန်းပါတယ် ... သေ လိုက် တော့ ... ။ ”
သူ့လက်ထဲတွင် ရှိသော ဝိညာဉ်ရေး အလံငယ်ကို လင်းယွန်ထံ ချိန်ရွယ်ကာ လှံကဲ့သို့ ပစ်သွင်းလိုက်သည် ။
အလံငယ်သည် ပျက်စီးလုနီးပါး ဖြစ်နေသောကြောင့် သူတော်စင် စွမ်းအင်ကို အကုန်အစင် လောင်းထည့်ပစ်၏။
“ ဝှစ် ... ။ ”
ဆိုလိုသည်မှာ ဤတိုက်ခိုက်မှု ပြီးနောက်၊ ဝိညာဉ်အလံငယ် ပျက်စီးသွားမည် ဖြစ်သည်။ လင်းယွန်က ဤတိုက်ခိုက်မှုကို ခန့်မှန်းထားပြီး ဖြစ်ရာ လျင်မြန်စွာ ရှောင်တိမ်းခဲ့သည်။
လေထဲ၌ အလံငယ် ပွင့်လာကာ တွင်းနက်ကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ပြောင်းလဲလာ၏။
ထိုတွင်းနက်ကြီး အတွင်းတွင် ဝိညာဉ် မျိုးစုံတို့၏ နာကြည်းဖွယ် အော်မြည်သံများ ညံနေခဲ့သည်။
၎င်းအတွင်းသို့ စုပ်ယူခံရသော် တတိယ အဆင့် သူတော်စင် သခင် ဖြစ်လျှင်ပင် သေဆုံး သွားမည် ဖြစ်၏။
အမည်ခံ သူတော်စင် တစ်ပါး အတွက် ဘုန်းဝိညာဉ် ရတနာကို ပေးချေလိုက် ရသဖြင့် ကူခုန်း တစ်ယောက် နှလုံးသားများ နာကျင် နေခဲ့သည်။
“ ဝုန်း ... ။ ”
သို့သော် အလံငယ် ပေါက်ကွဲချိန်၌ လင်းယွန်မှာ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲ ထွက်ပြေးသွားပြီ ဖြစ်သည်။
သည့်နောက် လေထဲ ခေတ္တရပ်ကာ ကူခုန်းထံ ပျံသန်းလိုက်၏။ ခြေဖဝါးအောက်၌ လေလှိုင်းအတက်အကျ ဖြစ်လာသည်။
“ ဒါ ... ။ ”
ကူခုန်း မျက်နှာ ပြောင်းလဲသွားသည်။ အမည်ခံ သူတော်စင် တစ်ပါးသည် သူ့ထက် မြန်နေ သည်လော။
“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”
ပန်းသင်္ချိုင်းနှင့် အတူ စက်ဝိုင်းပုံ ဓားလွှဲနေသော လင်းယွန် ပုံစံများ ခန္ဓာကိုယ်မှ ပြေးထွက်လာသည်။
“ ရွှပ် ... ။ ”
ထိုလင်းယွန်တို့သည် ပေတစ်ရာကျော် ရှည်လျားသော ဓားရောင်ခြည် တစ်စင်းကို ပေါင်းစပ် လွှတ်ထုတ်တော့၏။
ကူခုန်းက လက်သီးနှင့် အမြန် ပြန်၍ ထိုးချလိုက်သည်။ လက်သီးက ဓားအလင်းနှင့် တွေ့သောအခါတွင် ရပ်တန့်သွား၏။
အကြွင်းအကျန် စွမ်းအင်လှိုင်းများ ပျံကားကုန်သည်။ ထိုမြင်ကွင်းကြောင့် ကူထုန် တစ်ယောက် မျက်ဝန်းများ မှေးစင်းလာ၏။
( ဒီကောင်က ကူခုန်းနဲ့ လက်ရည်တူ တိုက်နိုင်တာလား ... ဘယ်လိုများ လုပ်နိုင်ခဲ့ တာလဲ။ )
ဤသည်မှာ နယ်ပယ် နှစ်ခု ထိပ်တိုက် ရင်ဆိုင်ခြင်း ဖြစ်၏။
“ ထွက်သွား ... ။ ”
ကူခုန်းက ဒေါသထွက်လာပြီး လက်ဖဝါး တစ်ဖက်ကို ထပ်မံ တွန်းထုတ် လိုက်လေသည်။ အမည်ခံ သူတော်စင်သည် သူ့နှင့် ညီမျှနေသည့် အပေါ် နားမလည် နိုင်သောကြောင့် မျက်မှောင်ကြုတ် ထားမိ၏။
“ ဒီဓား ... ။ ”
သို့သော် ပြိုင်ဘက်မှ သူ့လက်ဖဝါး အရိပ်ကြီးကို ဓားဖြင့် တစ်ချက်တည်း ခွဲချသွား သဖြင့် နောက်ဆုတ်ရန် ပြင်လိုက်ရသည်။
တစ်ဖက်လူ သည်သာ အနားသို့ ချဉ်းကပ်ခွင့်ရသွားသော် ဤဓားကြောင့် သူ အခက်တွေ့နိုင်၏။
ယခုပင် ဓားရောင်ဝါသည် သူ့ခန္ဓာကိုယ် အတွင်းရှိ သူတော်စင် စွမ်းအင်များကို ရှုပ်ပွကုန် စေသည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
ဓားအလင်းက သူ့ဆံပင်များကို ဖြတ်တောက် သွားသေး၏။ ထိတ်လန့်ပြီး မျက်နှာ ဖြူဖျော့သွားခဲ့သည်။
“ အဲဒါ အန္တရာယ် ရှိတယ်။ ”
ရေမှုန်ရောင်ဝါကို ဖြတ်လျက် ပါးပြင်၌ ပြတ်ရှရာတစ်ခု ပေါ်လာသဖြင့် ညည်းတွားမိ လေသည်။ ယင်းမှာ အဆုံး မဟုတ်သေးချေ။
“ ..... ။ ”
ရုတ်တရက် ပြတ်ရှရာရှိ ဓားရည်ရွယ်ချက်က ပေါက်ကွဲပြီး မျက်နှာတစ်ခြမ်း စုတ်ပြတ်သတ် သွားသည်။
“ အား ... ။ ”
ကူခုန်း တစ်ယောက် အော်ဟစ်နေစဉ် ကူထုန်က လင်းယွန်ထံ လက်ဖြင့် လှမ်းကုပ် လိုက်၏။ လက်သည်းကြီးက လမ်းကြောင်း ပေါ်ရှိ လေဟာနယ်ကို စုတ်ဖြဲလာသည်။
“ သူ့ကိုသတ် ... ။ ”
စုတ်ပြဲသွားသည့် အသားစများ နေရာ၌ အသစ်သစ်များ ပြန်လည် ဖြည့်တင်းပေး နေစဉ် ကူခုန်း၏ မျက်ဝန်း၌ ဒေါသမီးလျှံများ တောက်လောင်လာ၏။
ဒေါင်လိုက်မျက်လုံး ဖွင့်ကာ ရေမှုန် ရောင်ဝါကို ကန့်သတ်ချက်သို့ တွန်းပို့လိုက် လေသည်။
အထွတ်အထိပ် ဒုတိယအဆင့် သူတော်စင်သခင် ရောင်ဝါကို ထုတ်လွှတ်ကာ ကူထုန် ရောင်ဝါနှင့် ပူးပေါင်းလိုက်၏။
ယင်းသည် သိမ်းငှက် သူတော်စင် သခင် ဆယ်ယောက်နှင့် ညီမျှသော ဖိအားမျိုး ပေးစွမ်း ချေပြီ။ လင်းယွန် မျက်လုံးများ အတွင်း ရွှေရောင်များ လင်းလက်လာ၏။
ဓားတာအိုပန်း ပွင့်ကာ အမည်ခံ နတ်အလင်းဓား ထွက်ပေါ်လျက် ကြယ်ဓား နှစ်လက် လင်းသွားသည်။
“ သေလိုက်တော့ ... ။ ”
သည့်နောက် ကူထုန် တိုက်ခိုက်မှုကို လျစ်လျူရှုပြီး ကူခုန်းထံ ဦးတည် လိုက်သည်။
“ ဟား ဟား ဟား ... ကောင်းတယ် ... လာ။ ”
ထိုမြင်ကွင်းကြောင့် ကူခုန်းက ဒေါသဖြင့် ရယ်မောလိုက်သည်။ လင်းယွန် အပြုအမူသည် သေတွင်းကို ဆင်းလာခြင်း ဖြစ်၏။
ကူထုန်၏ ကုပ်စွဲချက်သည် ငရဲတစ္ဆေ လက်သည်း ဖြစ်သည်။ ဒုတိယ သူတော်စင် သခင်ပင် လျစ်လျူရှူခဲ့ပါက အပိုင်းပိုင်း ကွဲသွားပေမည်။
တစ်ဖက်တွင် လင်းယွန်၏ ဓားသည် အစွမ်းထက်သော်လည်း သူ့အသတ်ကို မယူ နိုင်ချေ။ ဒဏ်ရာ ရရှိရုံမျှသာ ရှိပေမည်။
မသေသရွေ့ ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင်များသည် ဒဏ်ရာများကို ချက်ချင်း ကုသနိုင်ချေ၏။
“ မင်းသေပြီ ... ။ ”
လက်ဖဝါး နှစ်ဖက်တွင် အနက်ရောင် မြူခိုးများ ရ
ပန်းသင်္ချိုင်းမှာ အနက်ရောင် လက်ဖဝါးအတွင်း ညှပ်သွားသည်။ ရှေ့တိုး၍ မရသလို ပြန်ဆွဲ နှုတ်၍လည်း မရချေ။
“ ကောင်လေး ... မင်းက အရမ်း ငယ်ပါသေးတယ်။ ”
ကူခုန်းက အေးစက်စွာ ပြုံးကြည့်ပြီး သူတော်စင် စွမ်းအင်များကို သူ့လက်ဖဝါးထဲ လောင်းကာ ချိုးရန် ပြင်လိုက်သည်။
“ ငါ့ဓားကို ဖမ်းဖို့ ... မင်းကို ဘယ်သူက သတ္တိပေးခဲ့တာလဲ။ ”
“ ဟမ့် ... ။ ”
လင်းယွန်က ဓားလွှတ်ပြီး နောက်ပြန် ဆုတ်လျက် ပန်းသင်္ချိုင်းရှိ ဘုန်းဝိညာဉ် (၄)ပါး အပေါ် အသက်သွင်း လိုက်သည်။
“ အား ... ။ ”
ဓားတာအိုနှင့် အမည်ခံ နတ်အလင်း ဓားသည် ကူခုန်း၏ လက်ဖဝါးကို ပေါက်ကွဲ သွားစေ၏။
ဤတစ်ကြိမ်၌ လက်နှစ်ဖက် စလုံးရှိ အသားများ ဖွာလန်ကျဲပြီး အရိုးအပြိုင်းပြိုင်းသာ ကျန်ရှိတော့သည်။ ချက်ချင်း ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိခဲ့ချေ။
“ ငါ့လက်တွေ … ။ ”
ကူခုန်းက ချက်ချင်း လှည့်ပြေးလိုက် သော်လည်း ပန်းသင်္ချိုင်းက သူ့ လည်ပင်းပေါ် ကျရောက်သွားလေသည်။
“ ရွှပ် ... ။ ”
တစ်ဆက်တည်းမှာပင် လင်းယွန်က လက်ညှိုးကို တောက်ထုတ်ပြီး ဓားအလင်း ပစ်လွှတ် လာသည်။ ဒေါင်လိုက် မျက်လုံးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်၏။
အရာ အားလုံး မြန်လွန်းချေပြီ။ ငရဲတစ္ဆေ လက်သည်း ရောက်မလာခင် အထက်ပါ ဖြစ်ရပ် ဖြစ်ပွားသွားခြင်း ဖြစ်၏။
“ ဘုန်း ... ။ ”
ထို့ကြောင့် လက်ငါးခေျာင်းက လင်းယွန်ကျော်ပြင်ပေါ် တိုက်ရိုက် ကျဆင်းလာ ချိန်၌ ကူခုန်းဟူသည် မရှိတော့ချေ။
“ ခရစ် ... ။ ”
ကူထုန် လက်သည်း ချွန်ချွန်များက လင်းယွန်အသားထဲ နစ်ဝင်လာသဖြင့် နံရိုးများ ဆက်တိုက် ကျိုးပဲ့ကုန်၏။
နှလုံးသားထံ ဖမ်းဆုပ်နိုင်တော့မည့် အချိန်တွင် သူတော်စင်လက်ရာ တစ်ခုကဲ့သို့ မာကျောသည့် အရိုးကို ကိုင်မိလိုက်သည်။
“ ဒါဘာလဲ ... ။ ”
ကူထုန်က အံ့ဩသွားစဉ် လင်းယွန် မျက်နှာသည် နာကျင်မှုကြောင့် တုန်ရီလျက် ပန်းသင်္ချိုင်းကို ပြန်ခေါ် ယူလိုက်သည်။
ကူထုန်ခမျာ သူ့လက်ငါးချောင်းကို ချက်ချင်းဆွဲနှုတ်ပြီး နောက်ဆုတ်ရန် ပြင်လိုက် ရ၏။ ထိုအချိန်တွင် လင်းယွန်က လှည့်ကြည့် လာပြီ ဖြစ်သည်။
ပန်းသင်္ချိုင်းက ပျံသန်းလာဆဲ ဖြစ်၏။ အကြည့်သည် အချိန်များ တရွေ့ရွေ့ ကုန်လွန် သကဲ့သို့ ခံစားရစေသည်။
ကျမ်းစာ ရွတ်ဆိုနေသံများ ကိုပင် ကြားနိုင်၏။ သည့်နောက် ဓားဖမ်းပြီး ခုတ်ပိုင်း လိုက်ပုံက အနှေးပြကွက် တစ်ကွက်လို တရွေ့ရွေ့ ဖြစ်ပေါ်လာခဲ့သည်။
“ ရွှပ် ... ။ ”
သူ ပြန်ဆုတ် လိုက်ချိန်နှင့် လင်းယွန် လှည့်ကြည့်ချိန် ကြားတွင် ဤဓားကို လွှဲခဲ့ခြင်း ဖြစ်၏။
ဓားအလင်းကို ရှောင်နိုင်ခဲ့သော်လည်း ဓားရည်ရွယ်ချက် ထိမှန်သည်။ လွင့်စဉ် သွားပြီး သွေးအန် ဒူးထောက်ကျသွား၏။
သို့သော် တစ်စုံတစ်ယောက် အမြင်၌ လင်းယွန် လှည့်ကြည့်လိုက်ရုံဖြင့် နောက်ဆုတ် သွားသော ကူထုန် တစ်ယောက် ဒဏ်ရာရရှိ သွားခြင်း ဖြစ်သည်။
“ ဝေါ့ ... ။ ”
အရမ်း မြန်ချေပြီ။ မြေပြင်ပေါ် သွေးများ စွန်းထင်းကုန်၏။ ခေါင်းမော့ကြည့် လိုက်သော အခါ ဓားနတ်ဘုရားကို မြင်လိုက်ရသည်။
အပြာရောင် အဝတ်အစားနှင့် ဆံပင်များ လေထဲ လွင့်ပျံနေခဲ့၏။
“ ဒါက ပန်းသင်္ချိုင်းလား ... ။ ”
သူ လက်လှမ်းမမီသော တစ်စုံ တစ်ယောက်ကို စော်ကားမိခဲ့သည်ဟု ခံစားမိ လာသည်။
တုန်လှုပ်ခြင်းမှာ အဆုံး မရှိချေ။ ဤအရပ်သည် လာသင့်သော အရပ်မဟုတ်ချေ။ ယင်းမြစ် ဘုရင် သာလျှင် ဤလူ၏ ပြိုင်ဘက် ဖြစ်နိုင်မည်။
နှုတ်ခမ်းမှ သွေးများကို သုတ်လျက်၊
“ ပန်းသင်္ချိုင်း ... မင်းက ငါ့ဝိညာဉ် မျိုးနွယ်စု ဂရုမစိုက်ဘူးလား။ ”
-ဟု ပြောကြား လိုက်သည်။
“ ငါ မကြောက်ဘူး။ ”
လင်းယွန်က ပြန်ဖြေပြီး သူ့ထံ ချဉ်းကပ်လာသည်။
“ မင်း အနိုင်ရပြီလို့ ... မထင်လိုက်နဲ့ ကစားပွဲက အခုမှစတာ။ ”
ရုတ်တရက် နတ်ဆိုး အလောင်းများ အသက်ဝင်လာသည်။ ၎င်းတို့ ထုတ်လွှတ်သော သူတော်စင် ရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိသွား၏။
ဤနတ်ဆိုး အလောင်း ကောင်များကို မေ့လျော့ နေမိသည်။ မျက်မှောင်ကြုတ်လျက် လင်းယွန်မှ ထွက်ပြေးရန် ပြင်လိုက်၏။
သို့သော် နတ်ဆိုးအလောင်း များတွင် သူတော်စင် မူလနှင့် သူတော်စင် ကြယ်စုများ မပါရှိတော့ သည်ကို သတိထားမိသည်။
ထို့ကြောင့် တုံ့ဆိုင်းသွားသဖြင့် ၎င်းအလောင်းများ၏ ဝိုင်းရံခြင်း ခံလိုက်ရသည်။ သို့သော် နတ်ဆိုးအလောင်း များမှာ ရှေ့ဆက် မတိုးတော့သဖြင့် ကူထုန်ခမျာ မျက်လုံးပြူး သွားသည်။
“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”
အလောင်းကောင်များသည် အမည်ခံ နတ်အလင်းဓားကို ကြောက်ရွံ့ ပုံရချေ၏။
“ ကောင်းကင် ... ။ ”
ထို့ကြောင့် လင်းယွန်က ကောင်းကင်ဓား ပုံစံကို ထုတ်ဖော် လိုက်သည်။ ဓားသွားလမ်း၌ ထူးခြားသော စွမ်အင်များက မှင်များကဲ့သို့ လိုက်ပါလာသည်။
ကောင်းကင် (၃၆)လွှာ ပြိုကျသကဲ့သို့ နတ်ဆိုးအလောင်းများ အက်ကွဲကြောင်းများ ထင်ကုန်၏။
“ ဝုန်း ... ။ ”
‘ကောင်းကင်’ဟူသော စကားလုံး ပေါ်ပေါက်လာသော အခါတွင် အလောင်းများ အားလုံး အပိုင်းပိုင်း ကွဲထွက်ကုန်သည်။
“ သူတို့က လူသေတွေပဲ ... တခြား လူတွေကို ဒုက္ခပေးနိုင်ပေမယ့် ငါ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး။ ”
လင်းယွန်က ဓားကို ဖြည်းညှင်းစွာ ဘေးသို့ချလျက် ပြောကြား လိုက်သည်။ ကူထုန် တစ်ယောက် အလွန် စိတ်ပျက် အားငယ် သွားလေသည်။
တုံ့ဆိုင်း မနေတော့ဘဲ ချက်ချင်း ထွက်ပြေး တော့၏။ လင်းယွန်မှ ပန်းသင်္ချိုင်းကို ဓားအိမ်ထဲ ပြန်ထည့်သိမ်းလျက် တားရန် ဆန္ဒမရှိချေ။
ရုတ်တရက် နဂါးဟောက်သံ ပဲ့တင် ထပ်လာပြီး ကူထုန်ကို အစောပိုင်း ထိမှန်ထား ခဲ့သော ဓားရည်ရွယ်ချက်များ အသက်ဝင် လာခဲ့သည်။
“ အား ... ။ ”
ဖြူဆူးများကဲ့ ခန္ဓာကိုယ် တစ်ခုလုံး ပြတ်ရှရာများ ဖြစ်ပေါ်လာပြီး သွေးစိမ်းရှင်ရှင် လဲကျသွား၏။
“ ဟမ့် ... ။ ”
ထိုစဉ် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ လေသည်။
မျှော်ကြည့်လိုက်ရာ ကြက်သွေးရောင် တိမ်တိုက်တစ်အုပ် မိုးကုပ်စက်ဝိုင်း အစပ်ထံမှ ရွေ့လျားလာနေသည်ကို မြင်လိုက်ရ၏။
“ ပန်းသင်္ချိုင်း ... အဲဒီမှာ ရပ်စမ်း။ ”
မြေပြင်၌ ခေါင်းငိုက်စိုက်ချထားသော ကူထုန်သည်ပင် ထိုအသံကြောင့် ချက်ချင်း ရွှင်မြူး သွားလေသည်။
***