← Chapters

ငါလည်း ဓားသမားပဲ ... ။

Vol. 160 Ch. 2239

ငါလည်း ဓားသမားပဲ ... ။

Vol. 160 Ch. 2239

“ ပန်းသင်္ချိုင်း ... ရပ်လိုက်စမ်း ... ။ ”

ယင်းမြစ် ဘုရင်၏ အသံသည် မိုင်တစ်ထောင် အကွာမှ ပဲ့တင်ထပ်လာသည်။

( လင်းယွန် ... ပြေး ... အဲဒီလူက ဆက်ဆံရခက်တယ် ။ )

ခရမ်းငယ် အသံက အိုင်းရစ် နယ်မြေထဲမှ စိုးရိမ်တကြီး ထွက်ပေါ်လာသည်။ သူမအနေဖြင့် ကြွားဝါ​ မောက်မာတတ်သော်လည်း အန္တရာယ် ကြုံလာသော အခါတွင် ဆက်၍ မောက်မာ နေမည် မဟုတ်ချေ။

ကြက်သွေးရောင် လမင်း တစ်စင်းက တဖြည်းဖြည်း မြင့်တက်လာပြီး ပတ်ဝန်းကျင် အပေါ် ကန့်သတ်လာသည်။

“ လင်းယွန် ... မင်း မြန်မြန် ပြေးသင့်တယ်၊ မဟုတ်ရင် ... ။ ”

“ ဘယ်လောက်​တောင် ဆူညံနေလိုက်လဲ ... ။ ”

လင်းယွန်က ကူထုန် လည်ပင်းထံ ဆုပ်ကိုင်လျက် တတိယ မျက်လုံးကို အမှုန့်ချေ ပစ်လိုက်တော့သည်။

“ ယင်းမြစ်ဘုရင် ငါတို့ပြန်ဆုံကြမယ်။ ”

လင်းယွန် အသံက လေထဲ ပဲ့တင်ထပ် သွားသည်။ များမကြာခင် အဖြူဝတ် လူရွယ် တစ်ယောက် ရောက်ရှိလာ၏။

မြေပြင်ပေါ်ရှိ အကြွင်းအကျန်များကို ကြည့်ကာ လက်သီးများ တင်းတင်းဆုပ်ထား လေသည်။

“ ပန်းသင်္ချိုင်း ... ကောင်းတယ် ... ကောင်းတယ် အရမ်းကောင်းတယ် ... မင်းက ငါ့လူတွေကို သတ်ပြီး နတ်ဆိုး အလောင်းတွေ ဖျက်ဆီးတယ် ... အနီရောင် ပင့်ကူ လီလီ ကိုလည်း လုယူတယ်။ ”

ယင်မြစ် ဘုရင်၏ မျက်လုံးများ မီးဝင်းဝင်းတောက်လျက် လူသတ်လိုသော ရည်ရွယ်ချက်များ ထုတ်လွှတ်လာ၏။

ဤအကြောင်းကို ကြိုသိထားသော် လင်းယွန်ကို အရင် သတ်ပြီးမှသာ ကျီးဘုရင်နှင့် တိုက်မိပေမည်။

“ ဘုန်း ... ။ ”

ဒေါသကို မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ် ထိုးချလိုက်၏၊ လက်သီးကျရာ နေရာ၌ အက်ကွဲ ကြောင်းများ မီတာ တစ်ထောင် တိုင်အောင် ပြန့်ကျဲသွားလေသည်။

အဝေးမှ တရွေ့ရွေ့ ပျောက်ကွယ် နေသော လင်းယွန်၏ ရောင်ဝါကို မော့ကြည့်ပြီး၊

“ ငါ ခြေတစ်လှမ်း နှေးသွားတယ်။ ”

-ဟု ညည်းတွားလိုက်မိ၏။

အချိန်အနည်းငယ်သည်သာ စောလာ နိုင်ခဲ့သော် ဤနေရာကို ငရဲလမင်း ဒိုမိန်းဖြင့် ပိတ်ပစ်နိုင်မည် ဖြစ်သည်။

ဤနည်းဖြင့် လင်းယွန်ကို ဖမ်းကာ ဆုစီယာကို ထွက်လာအောင် လုပ်နိုင်ပေ၏။ အမည်ခံ သူတော်စင် တစ်ပါးသည် ဤမျှ လျင်မြန် နေသည်မှာ မယုံနိုင်စရာ ပေပင်။

ရွှေရောင် နေမင်းကြီး တစ်စင်းက လျင်မြန်စွာဖြင့် မိုးကုတ်စက်ဝိုင်းကို ဖြတ်ပြီး ရွေ့လျား နေ၏။ ယင်းသည် လင်းယွန် ဖြစ်သည်။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် လေ့ကျင့်ပြီးနောက် ရွေ့လျားမှု နည်းစနစ်သည် အာကာပြင်ကို ထိတွေ့လာ၏။

ထို့ကြောင့် သူ့အဟုန်သည် တတိယအဆင့် သူတော်စင် သခင်ထက် မနိမ့်ချေ။ မြေပြင်ပေါ် ဆင်းသက် ပြီးနောက် ဓားသေတ္တာထဲ ဝင်ရောက် လိုက်သည်။

ကျီးဘုရင်က သူတော်စင် သခင် နှစ်ပါးကို လင်းယွန် သတ်လိုက်ပုံကို မြင်ခဲ့သဖြင့် တုန်လှုပ် နေခဲ့၏။

“ ပန်းသင်္ချိုင်း ... မင်းက ဒုတိယအဆင့် အထွတ်အထိပ် သူတော်စင် သခင်နှစ်ပါးကို သတ်နိုင်တယ် ... အထင်ကြီးစရာပါပဲ။ ”

အသူရာကျီးဘုရင်က ပြုံးပြီး နှုတ်ခွန်းဆက် လိုက်၏။

“ ဟမ့် ... သူ့ကို မြှောက်ပင့် မနေနဲ့ ... ။ ”

ခရမ်းငယ်က ကျေနပ်စွာ ပြုံးလိုက်သည်။ ကျီးဘုရင်က ခေါင်းကုတ်ကာ

“ ငါ သူ့ကို မြှောက်ပင့် ပြောနေတာ မဟုတ်ဘူး။ ”

“ ဟမ့် ... စိတ်ဝင်စားစရာပဲ။ ”

လင်းယွန်က ကျီးဘုရင်ကို ကြည့်ကာ ပြောလိုက်၏။ တစ်ဖက်လူ၏ မျက်လုံးထဲ၌ အနီရောင် အလင်းများ မှေးမှိန်လျက် ကြမ်းကြုတ်မှုများ မရှိတော့ချေ။

ဆိုလိုသည်မှာ ကျီးဘုရင်သည် လူသားတစ်ဦးနှင့် ပိုတူလာ၏။

“ ခရမ်းငယ် ... မင်း သူ့ကို သံသရာ ပန်းရနံ့ ပေးလိုက်တာလား။ ”

“ ဟုတ်တယ် ... ။ ”

လင်းယွန် တစ်ယောက် တစ်ခုခု ရှာတွေ့မည်ကို စိုးရိမ်သဖြင့် ကျီးဘုရင်မှာ နှလုံးခုန်သံများ မြန်လာတော့၏။

“ ကောင်းပြီ ... အသူရာ ကျီးဘုရင် မင်းက ယင်းမြစ်ဘုရင်နဲ့ တိုက်ဖူးတယ် မဟုတ်လား ... သူ့အစွမ်းကို ဘယ်လိုထင်လဲ။ ”

လင်းယွန်မှ သူ့လျှို့ဝှက်ချက်ကို ရှာမတွေ့သဖြင့် ကျီဘုရင်က စိတ်သက်သာရာ ရသွား၏။ ထို့ကြောင့် ပြုံးပြီး ပြန်ဖြေမိသည်။

“ တတိယအဆင့် အထွတ်အထိပ် သူတော်စင် သခင်ပဲ ... သူက လမင်းတာအိုကို ဆုပ်ကိုင်ထားတယ် ... အစောပိုင်း မင်း မြင်လိုက်ရတဲ့ လမင်းကြီးက ...

... လမင်းတာအိုနဲ့ ဖန်တီးထားတဲ့ ငရဲလမင်းဒိုမိန်းပဲ၊ ဒါက သူတော်စင် သခင်တွေ ကြားမှာ သူ့ကို ပြိုင်ဘက်ကင်း စေတယ်၊ သူက ငယ်ရွယ်ပြီး ရွှေမျက်လုံးလည်း ပိုင်ဆိုင် ထားတယ်၊ ...

... သူနဲ့ တိုက်ကြည့်မှသာ ... သူ ဘယ်လောက်အထိ ကြောက်စရာ ကောင်းလဲ ဆိုတာ သိရလိမ့်မယ်။ ”

“ ငါ တိုက်ရင်ရော ... ။ ”

လင်းယွန်မှ တွေးဆဆဖြင့် မေးမြန်း လိုက်သည်။ ကျီးဘုရင်က လင်းယွန်ကို အချိန် အတော်ကြာအောင် ကြည့်ကာ တွေးတောလျက်၊

“ သူက သန်မာသလို ... မင်းလည်း မဆိုးပါဘူး ... မင်းတို့ နှစ်ယောက်တိုက်ရင် သူ မင်းကို ဘာမှ လုပ်နိုင်မယ် မထင်ဘူး။ ”

-ဟု ပြန်လည်ဖြေကြား လာ၏။

ဤသည်မှာ မြှောက်ပင့် စကား ဖြစ်သင့်သည်ကို သိသည်။ ဆန့်ကျင်ဘက် အနေဖြင့် သူ အနိုင်ရရန် အလားအလာ မရှိဟု အဓိပ္ပါယ် ရ၏။

“ ဒါဆို ... မင်းနဲ့ ငါဆိုရင်ရော ဘယ်လိုလဲ။ ”

“ ငါ့ခွန်အားက တူညီသော နယ်ပယ်က ဘယ်သူနဲ့မဆို အနည်းဆုံး အနိုင်ရရန် ကိုးဆယ် ရာခိုင်နှုန်း ရှိတယ် ... ဒါပေမယ့် ... ငါက မင်းကို မယှဉ်နိုင်သေးပါဘူး၊ မင်းရဲ့ ဓားတစ်ချက်ကို တားဖို့တောင် အခက်အခဲ ရှိနိုင်တယ်။ ”

“ ကောင်းတယ် ... ။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ အသူရာ ကျီးဘုရင်၏ မုသားများကို ထုတ်ဖော်ရန် ဆန္ဒ မရှိသဖြင့်၊

“ ငါတို့ တိုက်တုန်းက ... မင်း ခွန်အား ဘယ်လောက် ရှိခဲ့လဲ။ ”

“ တစ်ဆယ် ရာခိုင်နှုန်းလောက်ပဲ ... ကျန်ရှိတော့တယ် အစွမ်းကုန် တိုက်တာတောင် သုံးဆယ် ရာခိုင်နှုန်း အထိပဲ ရတယ်။ ”

အသူရာ ကျီးဘုရင်မှ ရိုးရိုးသားသား ပြန်ဖြေသည်။ ထိုအချိန်က သူ့တွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထား၏။ မဟုတ်သော် လင်းယွန်ကို သတ်နိုင်မည်။

“ အခု ... မင်းခွန်အား ဘယ်လောက် ပြန်ရနေပြီလဲ။ ”

ခရမ်းငယ်က ပြတ်ပြတ်သားသား မေးမြန်းလာ၏။ ထိုမေးခွန်းက ကျီးဘုရင်ကို ထိတ်လန့်သွားစေသည်။

ဒဏ်ရာများမှ ပြန်၍ သက်သာလာပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အမည်ခံ နတ်အလင်းဓား ကျန်ရှိနေဆဲ ဖြစ်၏။

“ ဘာလို့ မေးရတာလဲ ... ငါ့မှာ ဗဟုသုတ အများကြီး မရှိပေမယ့် ... ဒီလျှို့ဝှက် နယ်မြေက ထူးခြားတယ် ဆိုတာ ငါသိပါတယ်၊ ...

... ငါ့ရဲ့ အထွတ်အထိပ် ခွန်အား ပြန်ရရင်တောင် ဒီနယ်မြေမှာ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ပန်းသင်္ချိုင်းက အသက်ကို နှမြောပြီး ... သံသရာ ပန်းရနံ့ ပေးခဲ့တဲ့ အတွက်၊ သူ အကူအညီလိုတဲ့ အခါ ...

... တတ်နိုင်သမျှ ငါ ကူညီပေးပါ့မယ် ... တစ်ခုပဲ ငါ့ကို သံသရာ ပန်းရနံ့ နောက်ထပ် တစ်စက် ပေးနိုင်မလား။ ”

ကျီးဘုရင်က သံသရာ ရနံ့ပုလင်းကို လောဘဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ ဆန္ဒအပေါ် ဖုံးကွယ်နိုင်ခြင်း မရှိခဲ့ချေ။

ခွန်အားများ ပြန်လည် ရရှိပါက လင်းယွန်ထံမှ အရာအားလုံး သူ့အပိုင် ဖြစ်သွား ပေမည်။ သူ့အတွေးကို နားလည်ထားသော လင်းယွန်က ပြုံးပြီး၊

“ ငါလည်း ... မင်းဆီက အကူအညီ တစ်ခု ရယူစရာရှိတယ် ... ကောင်းပြီ မင်းမှာ ရှိတာကို အရင် သန့်စင်ပါ ... ပြီးရင် နောက်ထပ် တစ်စက် ငါပေးမယ်။ ”

“ လင်းယွန် ... ။ ”

ခရမ်းငယ်က စိုးရိမ်တကြီး မျက်မှောင်ကြုတ် လိုက်သည်။

“ သံသရာ ပန်းရနံ့က အဖိုးတန်ပြီး မယုံနိုင်စရာကောင်းတယ် ... ဒီကောင် တစ်ခုခု ကြံစည်နေရမယ်လို့ ... ငါပြောရဲတယ်။ ”

ခရမ်းငယ် ထိုစကားကို ကြားသော အခါ ကျီးဘုရင်က ငြိမ်သက်သွား၏။ ကြောက်ရွံ့မှုကို ဖုံးဖိလျက် လင်းယွန်ထံ ခိုးကြည့်သည်။

“ သူ့ကိုယ်သူ သင်ယူနိုင်မလား ဆိုတာ ... ငါတို့ စောင့်ကြည့်ရအောင် သူက အသုံးတည့် မှာပါ၊ လာ ...​ ထွက်​ကြမယ်​။ ”

လင်းယွန်မှ ဦးဆောင်ပြီး အိုင်းရစ် လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာခဲ့သည်။ အပြင် ရောက်သည်နှင့် လင်းယွန်က ကျီးဘုရင်ကို ကြည့်ကာ၊

“ သွေးမီးတောက် လွင်ပြင် ဘယ်မှာလဲ။ ”

-ဟု မေးလိုက်သည်။

ဆုစီယာသည် ဤနယ်မြေ အတွင်း ရှိနေခဲ့သော် သွေးမီးတောက် လွင်ပြင်သို့ ရောက်ရှိ နိုင်ပေမည်။

သူမ၏ ပင်ကိုယ်ဗီဇအရ မည်သည့် အရာကိုမျှ လွယ်လွယ်နှင့် လက်လျော့ပေးမည် မဟုတ်ကြောင်း သိထားသည်။

“ သွေးမီးတောက် လွင်ပြင်က နတ်ဘုရား အလောင်းရဲ့ နှလုံးသားပဲ၊ တားမြစ် နေရာတွေ အပါအဝင် လမ်းတစ်လျှောက် သွေးကျီးကန်း ဘုရင်တွေနဲ့ တွေ့နိုင်တယ် ...

... ဒီလမ်းက မြစ်ကြောင်း တစ်ခုလိုပဲ အဆုံးမှာ နတ်ဘုရား ချိုင့်ဝှမ်းထဲ ရောက်ရှိသွား လိမ့်မယ်၊ အဲဒီချိုင်းဝှမ်းထဲ ပြုတ်ကျရင် နဝမ အဆင့် သူတော်စင် သခင်တောင် ...

... အသက် မရှင်နိုင်ဘူး ... ချိုင့်ဝှမ်း အောက်ခြေမှာ မြွေပွေးတွေ ရှိတယ်၊ သူတို့က ဉာဏ်ရည်ဉာဏ်သွေး မရှိကြပေမယ့် နတ်သွေး ပိုင်ဆိုင်ထား တာကြောင့် အလွန် အန္တရာယ်ပေး နိုင်တယ်။ ”

ကျီးဘုရင်၏ ရှင်းပြချက် များကို နားထောင်ပြီး ကောင်းကင်ဘုံ နိမ္ဗာန် နယ်မြေ၏ ပထဝီ မြေပြင်အကြောင်းကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

“ မင်း ... ဟိုတုန်းက ငြင်းခဲ့တယ် မဟုတ်လား။ ”

“ အဲဒီတုန်းက ငါ့မှာ ... ရွေးချယ်စရာ ရှိခဲ့တယ် အခုက မတူဘူး ... ပြီးတော့ သံသရာ ပန်းရနံ့ရမယ် ဆိုတော့ ... ထုံးစံအတိုင်း မင်းကို ငါကူညီမယ် ...

... ဘာအကြံအစည်မှ မရှိဘူး၊ ငါတို့ နှစ်ယောက်လုံး ဓားသမားတွေပဲ၊ ဓားသမားက အခြား တစ်ယောက်ကို ... လိမ်ညာတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ”

ကျီးဘုရင်က ရှင်းလင်း ပြောကြားလာသည်။

( ဓားသမားက အခြား တစ်ယောက်ကို ... လိမ်ညာတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ )

-ဟူသော စကားကို ကြားချိန်၌ လင်းယွန်မှ ပြုံးလိုက်သည်။

“ ကောင်းပြီး ... ငါ့ကို လိုက်ပို့ပေးဖို့ ဆန္ဒရှိနေရင် ... မင်းရဲ့ ခွန်အားတွေ ပြန်ကောင်း လာအောင် ... ငါကူညီပေးနိုင်တယ်။ ”

သို့သော် လင်းယွန် စကားကို ကျီးဘုရင်က မယုံကြည်ချေ။ ယင်းကြောင့် လင်းယွန်မှ ၎င်းကို လက်ဆွဲပြီး နတ်အလင်းဓား ရည်ရွယ်ချက် အားလုံး ပြန်လည် ထုတ်ယူလိုက်သည်။

ကျီးဘုရင် ခမျာ ချက်ချင်း သက်သာရာ ရသွားပြီး သူတော်စင် စွမ်းအင်နှင့် ဓားသုတ္တန် တို့ကို လွတ်လပ်စွာ ထိန်းချုပ်လာနိုင်၏။

လက်ရှိ အချိန်၌ လင်းယွန်တစ်ယောက် မည်သည့် အရာများ စီစဉ်နေမှန်း မသိသဖြင့် ဆက်၍ စောင့်ကြည့်ရန် ဆုံးဖြတ်မိသည်။

“ ကျေးဇူးတင်ပါတယ် ... ငါ အခု လမ်းပြပေးမယ်။ ”

ထို့နောက် သွေးမီးတောက် လွင်ပြင်သို့ သွားရာလမ်းခရီးကို ဦးဆောင်ရန် အစပြုလိုက် တော့သည်။

“ လင်းယွန် ... သူက ဒီလို နာခံတတ်တဲ့ လူမျိုး မဟုတ်ဘူး။ ”

ရှေ့မှ လှမ်းထွက်သွားသော အသူရာ ကျီးဘုရင်ကို ကြည့်ကာ ခရမ်းငယ်မှ သတိပေး လာ၏။ လင်းယွန်က လျှို့ဝှက် ဆန်းကြယ်သော အပြုံးဖြင့်၊

“ ဓားသမား တစ်ယောက်က ... အခြား ဓားသမား တစ်ယောက်ကို မလိမ်ဘူး ... ငါတို့ အခု သူ့ကိုယုံလို့ ရပါသေးတယ်။ ”

“ နင် ... ။ ”

လင်းယွန်သည် အသူရာ ကျီးဘုရင်နှင့် ပတ်သတ်သော တစ်စုံတစ်ရာကို ရှာတွေ့သော်မှ သူမအပေါ် ဖုံးကွယ်ထားသဖြင့် ဒေါသ ထွက်လာမိ လေသည်။

***

All Chapters