← Chapters

ပြင်းထန်သော လက်သီးများ

Vol. 011 Ch. 1028

ပြင်းထန်သော လက်သီးများ

Vol. 011 Ch. 1028

ရီဝူချင်း တိုက်ခိုက်သည်ကို ဝမ်မင်မြင်လျှင် သူ့မျက်လုံးများ စူးရှသွား၏။ သူက လေထုထဲသို့ ခုန်တက်လာခဲ့လျှင် ပြင်းထန်သော ဖိနှိပ်အားများ ရိုက်ခတ် လာခဲ့သည်။

သူ့နောက်တွင် သက်စောင့်ဝိညာဉ် တစ်ခု မွေးဖွားလာခဲ့ကာ ထိုအရာမှာ ဧရာမ ရွှေရောင်ဓားကြီး တစ်လက် ဖြစ်သည်။ သူက ဓားဝိညာဉ်အား ဆုပ်ကိုင်ကာ ကောင်းကင်ထက်မှ နေ၍ ခုတ်၏။ အဆုံးအဆမဲ့သော ရွှေရောင် အလင်းတန်းများနှင့် အတူ ဓားသည် ကောင်းကင်ကို ဖြတ်တောက်လျက် ဆင်းသက် လာခဲ့သည်။

ရီဝူချင်း၏ မျက်လုံးများ အရောင်တစ်ချက် လက်သွားကာ လှပသော အလင်းတန်း တစ်ခုသည် ဓားဝိညာဉ်နှင့် ဆက်သွယ်သွားကာ ကောင်းကင်နှင့် မြေပြင်အကြား ပုံရိပ်ယောင် တစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေ၏။ ထိုအခိုက်တွင် ဝမ်မင်၏ မြင်ကွင်းထဲ၌ ဓားများသာ ရှိနေခဲ့ကာ တစ်ဖက်လူ၏ တည်နေရာ အစစ်အမှန်ကို ရှာတွေ့နိုင်ခြင်း မရှိတော့ပေ။ သူမြင်သည်ကား အဆုံးအဆမဲ့သော ဓားတစ်လက်သည် သူ့ထံသို့ တိုးဝင်လာခြင်း။

တခြား လူများမှာလည်း မအားမလပ် ခုခံနေကြရသည်။ ဓားသမားများ၏ တိုက်ပွဲမှာ မယုံနိုင်ဖွယ် ကောင်းအောင် မြန်ဆန်၏။ တိုက်ခိုက်ရေး စွမ်းအားများ မှာလည်း ပြင်းထန်သလို လှုပ်ရှားမှုများသည် လျှပ်စီးများ အလား မြန်ဆန်၏။

လေထဲတွင် ချူချိန်ရန်၏ မီးတောက်ဓား သည်လည်း လောင်ကျွမ်း နေသည်။ သူက ရှေ့သို့တက်ကာ တိုက်ခိုက်ရန် ဟန်ပြင် လိုက်သည်နှင့် သူ့ထံသို့ ရိပ်ခနဲ တိုးဝင်လာသော လူတစ်ယောက်အား မြင်သည်။ လေထဲတွင် အနက်ရောင် လေစီးကြောင်းများ ဖြစ်ပေါ်လာပြီး စုချွဲသည် အမှောင်ထဲ၌ ကွယ်ပျောက် သွားကာ ချူချိန်ရန်ထံသို့ မြန်မြန်ဆန်ဆန် ချဉ်းကပ် လာခဲ့၏။ အမှောင်သည် မီးတောက်များအား တစ်စပြီးတစ်စ ဝါးမျို လာခဲ့သည်။

ချူချိန်ရန်က သူ့ဓားကို မြှောက်လိုက်လျှင် နေမင်း၏ အလင်းများသည် ဓားနှင့်အတူ ပေါင်းစပ်လျက် ကျဆင်း လာခဲ့သည်။ အလင်းသည် အရာအားလုံးကို လောင်ကျွမ်းလျက် အမှောင်ထုထဲသို့ ထွင်းဖောက် လာခဲ့၏။

မီးတောက်၏ အောက်တွင် အမှောင်ထုများ အားလုံး ကွယ်ပျောက် သွားရသည်။

စုချွဲ၏ ပုံသဏ္ဌာန် ထွက်ပေါ်လာပြီး သူသည် လက်ထဲတွင် အလွန် ပါးလွှာသော ဓားတစ်လက်အား ကိုင်စွဲထားဟန် ရ၏။ စုချွဲလှုပ်ရှားလျှင် ဓားမှာ မြင်တွေ့ရန်ပင် ခက်ခဲ၏။ ထိုဓားသည် လီယောင်၏ တန်ခိုးရှင်ကိုးဦးအား သတ်ဖြတ်ပြီးနောက် ကျန်ရစ်ခဲ့သော ရတနာဓား ဖြစ်သည်။ စုချွဲက ထိုဓားကိုးလက်ထဲမှ တစ်လက်အား ယူထားခဲ့သည်။

ကျွေ့ချိန်ချူတွင်လည်း တူညီသော တော်ဝင် ရတနာရှိကာ သူက လီချိန်ဖန်ထံသို့ တိုးဝင်သွားသည်။ သူတို့၏ အမြန်နှုန်းများမှာ တစ္ဆေများအလား မှန်းဆရခက်သည်။ သူတို့အား လူအသွင်ထက် မုန်တိုင်းအလယ်မှ ပုံရိပ်ယောင်များ အသွင် အဖြစ်ဖြင့်သာ မြင်တွေ့ကြရသည်။

တစ်ပြိုင်နက်တည်းတွင် ဓားသမား ခြောက်ယောက်ကလည်း တိုက်ခိုက်ကြ၏။ ရီဝူချင်းက သူ၏ တတိယ မျက်လုံးကို ဖွင့်လိုက်ကာ တစ်ဖက်တည်းသော လက်က ဟင်းလင်းပြင်ထဲသို့ ချိန်ရွယ်လျက် စကားတစ်ခွန်း ဆိုသည် … “ဖွင့်စမ်း …”

သူ့အသံနှင့်အတူ အပေါ်မှ ဆင်းသက် လာခဲ့သော ဓားအသိသည် ဓားဝိညာဉ်၏ ဝါးမျိုခြင်းကို ခံရကာ ဧရာမ ရွှေရောင်ဓားကြီးသည် အပိုင်းပိုင်း အစစ ကြေပျက်သွား၏။ အလင်းသည် ဝမ်မင်ထံသို့ ဆက်လက်၍ ပျံသန်း သွားခဲ့သည်။

အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိလျှင် ဝမ်မင်က မာန်သွင်း အော်ဟစ်သည်။ သူ့အား ချပ်ဝတ်တန်ဆာ တစ်ခုက ရစ်ပတ်လာခဲ့ကာ ဧရာမ ဓားကြီးသည်လည်း သူ၏ လက်ထဲသို့ ပြန်ရောက် လာခဲ့သည်။

ဘုန်း …

ဓားအလင်း ရောက်ရှိလာခဲ့လျှင် ဝမ်မင်၏ ဓားဝိညာဉ်သည် အက်ကွဲ သွားရ၏။ ကျယ်လောင်သော အသံနှင့်အတူ ဝမ်မင်၏ ခန္ဓာသည် အဝေးသို့ လွင့်စဉ်သွားခဲ့ပြီး ပါးစပ်မှ သွေးတစ်ပွက် အန်ကာ မျက်နှာမှာလည်း ပြာနှမ်း သွားခဲ့သည်။

ရီဝူချင်းက စုချွဲနှင့် ကျွေ့ချိန်ချူတို့၏ တိုက်ပွဲနေရာကို တစ်ချက် ကြည့်လိုက်ကာ လေထဲသို့ ခုန်တက် လာခဲ့သည်။ သူ့ရှေ့၌ ဓားဝိညာဉ်သည် ပေါလောပေါ်နေခဲ့ကာ အဆုံးအဆမဲ့သော လေလှိုင်းများ ဖြစ်ပေါ်စေလျက် ထိုနေရာများသို့ ရိုက်ခတ် သွားတော့သည်။

ထိုနေရာတွင် ချူချိန်ရန်နှင့် လီချူဖန်းတို့က တိုက်ပွဲ၌ အသာစီး ရနေခဲ့ကြ၏။ ရုတ်တရက် သူတို့သည် ကြီးမားသော အန္တရာယ်၏ အငွေ့အသက်များကို ခံစားမိကြသည်။ လေထဲတွင် အလွန် ပြင်းထန်သော ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူတို့ထံသို့ ရိုက်ခတ် လာခဲ့သည်။ ထိုအချိန်တွင် လုချွန်ကလည်း ရီဝူချင်းအား တစ်ချက် လှည့်ကြည့်သည်။ ရီဝူချင်းသည် ရန်ဟောင်ဓား အသိကို အသက်သွင်းခဲ့ကာ ထိုသို့လုပ်ရန် အတွက် စိတ်စွမ်းအားများ ကြီးစွာ အသုံးပြုရပေမည်။

သူ ယူဆသည်မှာ ရီဝူချင်းက ဤသို့သော စွမ်းအားကို တစ်ကြိမ် နှစ်ကြိမ်ထက် ပို၍ ထုတ်ဖော်နိုင်စွမ်း ရှိမည်မဟုတ်။ ထိုသို့လုပ်ခြင်းက သူ့အတွက် ကြီးမားသော စိတ်ဝိညာဉ် ဒဏ်ရာများပင် ရစေနိုင်သည်။

ရီဝူချင်း မျက်လုံးများ ညိုမှိုင်းလာခဲ့ကာ ကောင်းကင်နှင့် မြေပြင်အကြား အဆုံးအဆမဲ့သော ဓားအသိများ စီးဆင်း လာခဲ့သည်။ သူက လက်ညှိုးကို ဆန့်တန်း လိုက်သည်နှင့် ဓားသည် ပစ်မှတ်ထံသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ချူချိန်ရန်က မြန်ဆန်စွာပင် နောက်ဆုတ်၏။ သို့သော် ဓားသည် ကောင်းကင်ကို ကျော်ဖြတ်ကာ မီးတောက်များအား ဖြတ်တောက် သွားသည်။ ဓားအလင်းက သူ၏ လက်ထဲမှဓားကို ပိုင်းဖြတ်ပြီး သူ့ခန္ဓာကိုယ်မှာလည်း နောက်သို့ ပြင်းထန်စွာ လွင့်စဉ် သွားခဲ့၏။ ထို့နောက်တွင် နောက်ထပ် အလင်းတန်း တစ်ခု လီချူဖန်ထံသို့ တိုးဝင် သွားခဲ့သည်။

လီချူဖန် သည်လည်း လေ၏အမြန်ဖြင့် နောက်ဆုတ်၏။ သူ့ထံမှ ပုံရိပ်ယောင်များသည် သူလှုပ်ရှားရာ နေရာများ၌ ထင်ကျန်ရစ်ခဲ့၏။ ရီဝူချင်း၏ နဖူးမှ အလင်းတန်းသည်  ဓားနှင့် ဆက်နွှယ်သွားလျှင် လေထဲတွင် လူနဲ့ဓားတို့သည် အလင်းတန်းများ အသွင်ဖြင့် ရန်သူများ နောက်သို့ ဆက်တိုက် လိုက်ပါသည်။

ဘုန်း ...

ကျယ်လောင်သော အသံနှင့်အတူ မုန်တိုင်းမှာ နှစ်ခြမ်း ကွဲသွားပြီး လီချူဖန်းသည်လည်း သွေးတစ်ပွက်အန်ကာ နောက်သို့ လွင့်စဉ် သွား၏။

ဝှစ် …

ဓားသည် ရီဝူချင်း၏ ရှေ့သို့ ပြန်ရောက် လာခဲ့သည်။ သို့သော်လည်း ကောင်းကင်နှင့် မြေပြင် အကြားမှ ဓားအသိများသည် များစွာ အားနည်း သွားခဲ့၏။ သိသာစွာပင် သူက ဓားချက် နှစ်ချက်ကို ထုတ်ဖော်ပြီးနောက် ရီဝူချင်းသည် လွန်စွာ အားနည်း သွားခဲ့၏။

လူချွန်က ရီဝူချင်းအား တစ်ချက်ကြည့်ကာ ထူးမခြားနားစွာ ပြောသည် … “ရန်ဟောင် ဓားအသိက မဆိုးဘူးပဲ … ဒါကို ခုခံကြည့် …”

သူ့အသံနှင့် အတူ ဓားစွမ်းအင် တစ်ခုသည် ကောင်းကင်၌ ဖြစ်ပေါ်လာခဲ့ကာ လေဟာနယ်အား ဖြတ်တောက် တိုးဝင်လာခဲ့သည်။

“မိုင်သုံးထောင်ဓား …” ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားက စိတ်လှုပ်ရှား သွားကြသည်။ လုချွန်သည် ဤဓားပညာ၏ စစ်မှန်သော ဆက်ခံသူဖြစ်သည်။ ဤဓားက မိုင်သုံးထောင်ကို ဖြတ်တောက်ကာ ရန်သူအား သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု နာမည် ကျော်ကြားသည်။

လီဟန် ဓားနန်းတော်သည် ဓားပညာ၌ အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။ လီဟန် ဓားနန်းတော်မှ ဤဓားပညာကို လေ့ကျင့် သူများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းကြသည်။ လုချွန်နှင့် ပေ့ချိန်ရန် တို့သည် ထိုဓားဆရာ၏ တပည့်များ ဖြစ်ကြသည်။

လုချွန်က ရှေ့ကို တက်လာခဲ့လျှင် ကောင်းကင်ထက်မှ ဓားတစ်လက် ကျဆင်း လာခဲ့ဟန် တူသည်။ သူ့ခေါင်းပေါ်၌ ဓားတစ်လက် ဖြစ်ပေါ်လာခဲ့ကာ အဆုံးအဆမဲ့သော လေစီးကြောင်း များသည် ဓားကို ရစ်ပတ် စီးဆင်းကြ၏။

လုချွန်၏ လက်ဝါးက လေထဲတွင် တစ်စုံတစ်ခုအား ဆုပ်ကိုင်သည့်ဟန် ပြုလုပ်လိုက်၏။ ဤတွင် ဓားတစ်လက်သည် ကောင်းကင်ထက်၌ ဖြစ်ပေါ်လာကာ ရှေ့ အရာ ခပ်သိမ်းကို ဖျက်ဆီးသည်။

ရီဝူချင်းက လေထဲမှ ရိုက်ခတ်လာသော ဓားအသိများကို ကြည့်သည်။ သူ့ရှေ့မှ ဓားဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး နောက်တစ်ကြိမ် ကြောက်မက်ဖွယ် မုန်တိုင်းများကို ဖြစ်ပေါ်စေသည်။

သူ၏ စိတ်စွမ်းအားမှာ လောင်ကျွမ်း နေခဲ့ကာ အဆုံးအဆမဲ့သော စိတ်စွမ်းအား များသည် သက်စောင့် ဝိညာဉ်ထံသို့ လာရောက် ပေါင်းစပ်ကြ၏။ ရန်ဟောင် ဓားအသိသည် တစ်ဖန် အားကောင်း လာခဲ့ကာ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်သည်။

သူ့ခေါင်းထက်သို့ ဓားတစ်လက်သည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျဆင်း လာခဲ့သည်။ ရီဝူချင်းကလည်း သူ၏ လက်ညှိုးအား ရှေ့သို့  ညွှန်ပြလိုက်၏။

ဓားသည် သူ့ထံမှ ထွက်ပေါ်လာခဲ့လျှင် မိုင်ထောင်ချီသော ခရီးသွား ဓား အမှတ်အသားများသည် အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံရ၏။ သို့တိုင်အောင် တချို့သော ဓား အမှတ်အသားများမှာ သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ ရီဝူချင်းကား ကျဉ်းတည်း ကျပ်တည်း အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ သို့သော် စုချွဲနှင့် ကျွေ့ချိန်ချူတို့ သူ့ဘေးနားသို့ ရောက်ရှိ လာခဲ့ကြကာ ထိုဓား အမှတ်အသားများအား ရိုက်ထုတ် လိုက်ကြသည်။

နှစ်ဖက်လုံး၏ ဓားများ ရင်ဆိုင် တွေ့ကြရာတွင် ပြင်းထန်သော ဒဏ်ကြောင့် ရီဝူချင်းသည် သွေးတစ်ပွက် အန်၏။ နောက် နှစ်ယောက်မှာလည်း သိပ်အခြေအနေ မဟန်ပေ။ သူတို့၏ စိတ်ဝိညာဉ်များမှာ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားတော့ မည်ဟု ခံစားကြရ၏။ သို့သော်လည်း သူတို့က နောက်မဆုတ်ကြပေ။ သူတို့က ရန်သူ၏ ဓားအသိများကို ပိုမို ပြင်းထန်စွာဖြင့် တိုက်ခိုက် ဖျက်ဆီးကြသည်။

နောက်ဆုံးတွင် ကောင်းကင်တွင် ရှိ‌သော ဓားအမှတ်အသားများ အားလုံး ပျက်စီး သွားတော့သည်။ ကျွေ့ချိန်ချူနှင့် စုချွဲတို့က တစ်ပြိုင်နက်တည်း နောက်ဆုတ်ကြ၏။ သို့သော်လည်း သူတို့နှစ်ဦး၏ ပါးစပ်များမှ သွေးများ စီးကျလာခဲ့သည်။ သူတို့မှာ သတ်ဖြတ်ခြင်း၌ ကျွမ်းကျင်ကြ သော်လည်း ထိပ်တိုက် ရင်ဆိုင်ရာတွင် သိပ်အားကောင်းခြင်း မရှိပေ။

လုချွန်က ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့လျှင် သူ့ရှေ့တွင် ကြောက်မက်ဖွယ် ဓားမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက လှုပ်ရှားလျှင် ဓားမုန်တိုင်းသည်လည်း သူနှင့်အတူ ရွေ့လျား၏။

“ဘေးဖယ် …

ထိုအခိုက်တွင် အဝေးမှ ရုန့်ရင်း ကြမ်းတမ်းသော အရှိန်အဝါတစ်ခု ပြေးဝင်လာခဲ့သည်။ ရုတ်တရက် တိုက်ပွဲကို ကြည့်ရှု နေကြသောသူ အများအပြားမှာ အရှိန်အဟုန် ပြင်းစွာ တစ်ဟုန်ထိုး ပြေးလာသောသူ တစ်ယောက်ကြောင့် ထိတ်လန့်တကြား နောက်ဆုတ်ကြသည်။

ထိုသူမှာ ခန္ဓာအရွယ်အစား ကြီးမားပြီး သူ့ခြေလှမ်းတိုင်းတွင် ကမ္ဘာကြီးမှာ မြေငလျင် လှုပ်တဲ့အလား တုန်ခါရသည်။

စုချွဲက လုချွန်အား အေးစက်စွာ ကြည့်ကာ ပြောသည် … “မင်းတော့ သွားပြီ …”

“ဒီလိုဆိုရင်လည်း …” လုချွန်ကလည်း ထိုသူအား ကြည့်သည်။ အမှန်တကယ် အားဖြင့် သူသည် အောက်ဘုံမှ အခြေအနေများအား သိပ်မသိပေ။ သူသိသော တစ်ခုတည်းသော အရာမှာ ပေ့ချိန်ရန်သည် အောက်ဘုံမှ ရီဖူရှင်း၏ လက်ချက်ကြောင့် ဒုက္ခိတ ဖြစ်သွားခဲ့ခြင်းပင်။ ထို့အတူ ရီဖူရှင်းနှင့်အတူ ကျူးထန် နန်းတော်သို့ နောက်ထပ် နှစ်ယောက်လည်း ပါလာသည်ကို သိသည်။ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကို မူကား သူမသိပေ။

သူ့ထံသို့ ပြေးဝင်လာသော သူသည် ရီဖူရှင်းနှင့်အတူ ကောင်းကင် ကိုးလွှာသို့ တက်ရောက်ခဲ့သော တစ်စုံတစ်ယောက် များလား။ သို့သော် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိပ်အရေးမပါပေ။

ကြီးမားသော ဓားအသိ ဖြစ်တည် လာတဲ့အခါ သူ့ထံသို့ မည်သူ တိုးဝင်လာခဲ့ပါစေ သူ့ဓား ခုတ်ချက်တွင် ဖျက်ဆီးခြင်း ဓားအမှတ် အသားများက အရာအားလုံးကို ဖျက်ဆီးသည်။

ပြေးဝင်လာသော သူ၏ အရှိန်အဟုန်မှာ ပိုမို ကြီးမားလာခဲ့ပြီး ပတ်ပတ်လည်မှ လီဟန်ဓား သမားများ အားလုံးက ပြင်းထန်သော ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ်ကာ ယူချင်းအား တိုက်ခိုက်ကြသည်။

သို့သော်လည်း ယူချင်းက သူတို့အား တွေ့မြင်ဟန်မတူ၊ သူ့ခန္ဓာကိုယ်တွင် နက်ရွှေရောင် ချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာပြီး ဓားချက်များကို ခံယူသည်။ သူ့ရှေ့၌ ပိတ်ဆို့ကာ ရပ်နေသော ဓားသမား တစ်ဦးမှာ သူ၏ ရိုက်နှက်မှုကြောင့် အဝေးသို့ လွင့်စဉ် သွားခဲ့၏။

ဘန်း …

ကျယ်လောင်သော အသံနှင့်အတူ ထိုသူသည် ရီဝူချင်းတို့ သုံးယောက် ရှေ့သို့ ရောက်ရှိ လာခဲ့သည်။ သူက အပေါ်သို့ မော့ကြည့်လျှင် ကောင်းကင်ထက်မှ ကျဆင်းလာသော ဓား အမှတ်အသားများအား မြင်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ ပိုမို၍ ထွားကျိုင်း သန်မာလာပြီး အနက်ရောင် အငွေ့အသက်များ ဖြစ်ပေါ် လာသည်။ သူက လက်ကို ဆန့်တန်း လိုက်လျှင် ဧရာမ လက်ဝါး တံဆိပ်တော်သည် ကောင်းကင်ထက်သို့ တိုးဝင်သွားသည်။ ပြင်းထန်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့ကာ ဓား အမှတ်အသားများမှာ အဆက်မပြတ် ပျက်စီး သွားကြသည်။

ယူချင်းက ရီဝူချင်းတို့ သုံးယောက်အား သူ၏ခန္ဓာကိုယ်ဖြင့် အကာအကွယ် ပေးလျှင် ကျဆင်းလာသော ဓားချက်များသည် သူ့ခန္ဓာကိုယ်အား အနည်းငယ်မျှပင် ထိခိုက်အောင် မစွမ်းဆောင် နိုင်ခဲ့ပေ။

နောက်ထပ် လူတချို့ တိုက်ပွဲနေရာသို့ ရောက်ရှိ လာခဲ့ကြကာ ထိုအထဲ၌ ဟောင်ကျူဂီလည်း ပါဝင်သည်။

ဘန်း …

ယူချင်းက လေထဲသို့ လှမ်းတက်ကာ လုချွန်ထံသို့ ဦးတည် လိုက်သည်။ ထိုအခိုက်တွင် လုချွန်သည် တစ်ဖက် လူထံမှ ကြီးမားသော ဖိအားများကို ခံစားရ၏။ သည်လူ၏ စွမ်းအားများမှာ ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။

နောက်ထပ် ကျယ်လောင်သော အသံတစ်ခုနှင့် အတူ ယူချင်းက ရှေ့သို့ တစ်လှမ်းလှမ်း လိုက်သည်။ ထိုခြေလှမ်းတွင် ကမ္ဘာမြေမှာ တုန်ခါ၏။ လုချွန်က မျက်မှောင်ကြုတ် လိုက်သည်။ ယနေ့ သူနှင့်အတူ ရောက်လာခဲ့ကြသော လီဟန်ဓား နန်းတော်မှ လူများ အားလုံးသည် အတော်ဆုံး ဓားသမားများ ဖြစ်ကြကာ ရီဖူရှင်းတို့ အဖွဲ့အား ရင်ဆိုင်ရန် အကောင်းဆုံး ပြင်ဆင် လာခဲ့ကြသည်။ ယခု ရီဖူရှင်းနှင့်ပင် မတွေ့ရသေးဘဲ ဖိအားများကို ခံစားနေရပြီ ဖြစ်သည်။

လုချွန်က ဓားတွင် ဓားစွမ်းအားများကို စုစည်းစေကာ ရှေ့သို့ တိုးဝင် လာခဲ့လျှင် သူနှင့်အတူ အဆုံးအဆမဲ့သော လေစီးကြောင်းများသည် ဓား ပုံသဏ္ဌာန် တစ်ခုအဖြစ် ပြောင်းလဲ လာခဲ့သည်။

“ပြတ်စမ်း …” လုချွန်၏ ခန္ဓာကိုယ်သည် ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး လက်ထဲမှ ဓားကို ဝှေ့ယမ်း လိုက်သည်နှင့် ဓား အမှတ်အသားများသည် ဓားမုန်တိုင်း အသွင်ဖြင့် ယူချင်းထံသို့ ကျဆင်း လာခဲ့သည်။

သို့သော် ယူချင်းက ဗုဒ္ဓနှင့် မိစ္ဆာ အရောင်အဝါတို့ ထွန်းလင်းလျက် ကောင်းကင်ထက်သို့ တက်လျှင် လူအများအပြားက ထိတ်လန့်တကြား ဖြစ်သွား ကြသည်။ သူက သူ၏ အသက်ကို ဂရုမစိုက်ဘူးလား။

ကြောက်မက်ဖွယ် ဓားမုန်တိုင်း များသည် သူ့ခန္ဓာကိုယ် ပေါ်သို့ ပြင်းထန်စွာ လာရောက် ရိုက်ခတ်သော်လည်း ယူချင်းမှာ ထိခိုက် ဒဏ်ရာ ရခြင်း မရှိပေ။

ထို့နောက်တွင် ဧရာမ လက်သီး တစ်လုံးသည် လေဟာနယ်ကို ဖိနှိပ်လျက် ထွက်ပေါ် လာခဲ့သည်ကို အားလုံးက မြင်ကြရသည်။

လုချွန်ကလည်း နောက်ထပ် ဓားတစ်ချက်ကို ထုတ်လိုက်၏။ သို့သော် ဓား စွမ်းအင်များ အပြည့်အဝ မစုစည်း ရသေးမီတွင်ပင် သူ့ဓားပေါ်သို့ လက်သီး တစ်ချက် ကျဆင်း လာခဲ့၏။ ပြင်းထန်သော အသံနှင့် အတူ လုချွန်သည် နောက်သို့ လွင့်စဉ် သွားကာ အားလုံးက အရိုးကျိုး အက်သံ တချို့အား ကြားလိုက် ကြရသည်။

***

All Chapters