#မင်းထွက်သွားနိုင်ပြီလို့ ဘယ်သူပြောလဲ#
Vol. 26 Ch. 365
လုချန်ရှန်းရောက်ရှိလာခြင်း!
ဤသည်က လှံနတ်ဘုရားဂိုဏ်း၊ ရေခဲဝိဉာဉ်ဂိုဏ်း သို့မဟုတ် ရွှမ်မင်ချောက်ကမ်းပါးကိုဖြစ်စေ ကြက်သေသေသွားစေသည်။
တစ်ချက်လှုပ်ရုံမျှနှင့် အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်နှစ်ယောက်ကို ချက်ချင်းသတ်ပစ်ခဲ့သည်။
တချိန်တည်းမှာပင် ဓားသိုင်းစည်းမျဉ်းများ၏ စုစည်းစွမ်းအားကိုအသုံးပြုကာ ကွင်းပြင်ကို အကြမ်းဖက်စွာ ရှင်းလင်းပစ်ခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်း၏ စုပေါင်းတပည့်အားလုံးကို သတ်ပစ်ခဲ့သည်။
ဤလှည့်ကွက်နှစ်ခုကြောင့်ပင် တိုက်ပွဲအခြေအနေက ပြောင်းပြန်လှန်ပစ်လိုက်ပြီဟုဆို၍ရသည်။
ဤသည်က ကြယ်ကြွေဓားဂိုဏ်းနှင့် တိုက်ပွဲဖြစ်သည်။ တနည်းအားဖြင့်ဆိုရပါက ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့၏ တိုက်ပွဲဖြစ်ပေသည်။
ဤမျှသာ။
အဆုံးသတ်ကို ကြော်ငြာရန်အတွက် အချိန်ကျရောက်လာလေပြီ။
နောက်ထပ်တွင်မူ စာရင်းရှင်းဖျက်သိမ်းမည့်အချိန်သည။
လုချန်ရှန်း၏ကိုယ်ပိုင်ပြပွဲက လှံနတ်ဘုရားဂိုဏ်းချုပ်၊ ရေခဲဝိဉာဉ်ဂိုဏ်းချုပ်နှင့် ရွှမ်မင်ချောက်ကမ်းပါးတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
သူတို့က လေးနက်စွာစိုက်ကြည့်နေကြ၏။
ဟင်းလင်းပြင်က ပြိုကွဲနေပြီး ဟင်းလင်းပြင်၏အရှုပ်အထွေးများက တောင်ပေါ်သို့ အဆက်မပြတ်ဝှေ့ယမ်းနေသည်။
ခေါင်းဖြတ်ခံရသည့်တပည့်များကိုကြည့်ရင်း သူတို့၏နှလုံးသားများက သွေးယိုစီးနေကြသည်။
ဤစစ်ဆင်ရေး၏ဘေးကင်းမှုကို အာမခံနိုင်စေရန်အတွက် သူတို့က ဂိုဏ်းထဲက အာဏာ၆၀%ခန့် ယူဆောင်ခဲ့ကြသည်။
ယခုတွင်မူ ဤနေရာတွင် ဆုံးရှုံးခိုက်ရလေပြီ။
ဤသည်က သူတို့အတွက် အလွန်ကိုကြီးမားသည့်ရိုက်ခတ်ချက်တခုပေတည်း။
ဤတိုက်ပွဲအပြီးတွင် ဤပထမတန်းစားအင်အားစုသုံးစုက အလွန်အမင်းကျဆင်းမှုကာလတခုထဲသို့ ကျဆင်းသွားပေလိမ့်မည်။
ပထမတန်းစား၏အဆုံးသတ်အထိပင် ကျဆင်းသွားနိုင်ချေရှိသည်။
ရွှမ်မင်ချောက်ကမ်းပါးကဲ့သို့ အဆင့်နိမ့်အင်အားစုကမူ ဒုတိယတန်းစားအင်အားစုအဖြစ် ကျဆင်းသွားနိုင်ချေ အလားအလာပိုများသည်။
ဤအရာအားလုံးက လုချန်ရှန်းကြောင့်ဖြစ်သည်။
အဖြူရောင်၀တ်စုံနှင့်ဤလူက လူသားနှင့် တိရိစ္ဆာန်များအပေါ် ကြင်နာပြီး အန္တရာယ်မပေးနိုင်ပုံပေါ်သည်။
သို့သော် ပထမပစ်ချက်က ပြုံးနေသည့်ကျားတကောင်ပမာ မိုးကြိုးပစ်ခွင်းလိုက်သည့်အလား။
အသူရာချောက်ကမ်းပါးတွင် သတ်ဖြတ်ခြင်းအတွက် တာ၀န်ရှိသည့် ရှူရာတစ်ပါးအလား။
လှံနတ်ဘုရားဂိုဏ်းချုပ်က အနည်းငယ်တုန်ယင်သွားပြီး သူ့၏တုန်လှုပ်နေသည့် လက်ချောင်းများကို ဆန့်ကာ လုချန်ရှန်းအား လက်ညိုးထိုးရင်း တုန်ယင်နေသည့် အသံဖြင့်ပြောသည်။
"ဒီလိုကြီးမားတဲ့လူသတ်မှုကိုဖြစ်စေတာ၊ ကမ္ဘာကြီးရဲ့ အရှက်ရမှုအတွက် စွန့်စားတာ၊ ဒါကဖြစ်နိုင်လား၊ ကမ္ဘာကြီးရဲ့ဝေဖန်မှုတွေကို မင်းမကြောက်ဘူးလား"
ဤသည်ကိုကြားသောအခါ လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်သည်။
"ဒီလိုဆိုရင် ငါ့တပည့်တွေကို မင်းတို့ဘာလို့တိုက်ခိုက်တာလဲ"
"တကယ်လို့ မင်းတို့သာ ငါ့တပည့်တွေကို မသတ်ချင်ဘူးဆိုရင် ငါလည်း တခါတလေတော့ လွှတ်ပေးလိုက်ချင်တာပေါ့"
ယဲ့ချိုးပိုင် "....."
ရှီရှန်း "......"
ရှောင်ဟိုင် "......"
ဤစာကြောင်းက သေချာပေါက်သူ့ကို ဦးတည်နေတယ်ဆိုတာ ယဲ့ချိုးပိုင်သိသည်။
သူ့တွင်သံသယလုံး၀မရှိဘဲ အင်မတန်သေချာသည်။
"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါ့တပည့်တွေလေ၊ မင်းတို့သတ်ချင်တယ်ဆိုရင် အကျိုးဆက်ကိုလည်း တွေးတောထားသင့်တယ်"
အကြောင်းရင်းက လှံနတ်ဘုရားဂိုဏ်း၊ ရေခဲဝိဉာဉ်ဂိုဏ်းနှင့် ရွှမ်မင်ချောက်ကမ်းပါးတို့က လောဘကြီးပြီး ကြယ်ကြွေဓားဂိုဏ်းကို စစ်ကြေငြာခဲ့ခြင်းပင်။
ယခုရလဒ်က ဒါဖြစ်သည်။
အကြောင်းရင်းနှင့်အကျိုးဆက်ကြားတွင် အမှောင်ထုထဲ၌ စာနာမှုဆိုသည်ရှိသည်။
တချို့ကဖြည်းဖြည်းချင်းရောက်လာသည်။
တချို့ကမြန်မြန်ဆန်ဆန်ရောက်လာသည်။
သို့စေကာမူ အကြောင်းရင်းကိုဖန်တီးပြီးသောအခါ အကျိုးဆက်တွင် နောက်ဆုံးတွင် သင့်ဆီကိုရောက်လာမည်သာ။
အချိန်မည်မျှပင်ကြာမြင့်ပါစေ အချိန်နှင့် ဘာတခုမှမသက်ဆိုင်ပါ။
လှံနတ်ဘုရားဂိုဏ်းက ဆွံအနေသည်။ ဤသည်ကအမှန်တရားဖြစ်သည်။
သို့သော် ယခုတွင်မူ ရှုံးနိမ့်မှုက သေချာနေလေပြီ။
လှံနတ်ဘုရားဂိုဏ်းချုပ်က ရေခဲဝိဉာဉ်ဂိုဏ်းချုပ်နှင့် ရွှမ်မင်ချောက်ကမ်းပါးသခင်တို့ကိုကြည့်ကာ ခါးသီးစွာပြုံးပြရင်း ခေါင်းခါယမ်းသည်။
နှစ်ဦးစလုံးကလည်း ခေါင်းညိတ်ရုံသာတတ်နိုင်သည်။
ရှုံးနိမ့်မှုက သေချာနေပါပြီ။
နောက်ထပ်ရှုပ်ထွေးမှုများလုပ်ခြင်းက အချည်းနှီးဆုံးရှုံးမှုကို ပြန်လည်ဖန်တီးခြင်းသာ။
"ငါတို့ဒီနေ့ရှုံးပါပြီ၊ ဒီမှာရပ်ကြတာပေါ့"
"ကြယ်ကြွေဓားဂိုဏ်းအပျက်အစီးတွေအတွက် ဆွေးနွေးဖို့ ငါတို့တယောက်ယောက်ကို စေလွှတ်လိုက်ပါမယ်"
ဤစာသားကို ကျန်းဝူဖန်းအားပြောလိုက်ခြင်းပင်။
သို့စေကာမူ ကျန်းဝူဖန်းကအဖြေမပေးဘဲ လုချန်ရှန်းကိုသာကြည့်လိုက်သည်။
ယနေ့လုချန်ရှန်းက အဓိကဇာတ်ကောင်ဖြစ်သည်။
ဤအကြောင်းအားလုံးကို သူ့ကိုမေးရန်လိုအပ်သည်။
လုချန်ရှန်းမျပ်မှောင်ကြုတ်လိုက်သည်။
"သွားမယ်၊ ဟုတ်လား၊ ဘယ်သူက မင်းတို့ကို သွားခွင့်ပေးလို့လဲ"
လှံနတ်ဘုရားဂိုဏ်းချုပ်က လုချန်ရှန်းကို လေးလံနေသည့်အမူအရာဖြင့်ကြည့်သည်။
"ဒီတိုက်ပွဲမှာ ငါတို့ဂိုဏ်းသုံးဂိုဏ်းက ရှုံးသွားပြီ၊ လျော်ကြေးကိစ္စကိုလည်း ရှင်းရှင်းလင်းလင်းပြောပြီးပြီဆိုတော့ ငါတို့ဘာထပ်လုပ်သင့်လို့လဲ"
လုချန်ရှန်းခပ်ပေါ့ပေါ့ပြုံးကာ ခေါင်းခါယမ်းသည်။
"ဒါကအရမ်းပေါ့လွန်းတယ်"
ပေါ့လွန်းတယ်!
ဂိုဏ်းချုပ်သုံးဦးက လုချန်ရှန်းကို အနီးကပ်စိုက်ကြည့်လိုက်စဉ် သူ့ကိုယ်ထဲက အော်ရာတခုက ထိုးတက်လာသည်။
ဤလူသုံးယောက်ကလည်း တာအိုနယ်ပယ်စွမ်းအားရှင်များဖြစ်ပြီး နယ်ပယ်၏ ထိပ်သီးကျင့်ကြံသူများဖြစ်သလို ဤအဆင့်နိမ့်လတ္တီကျူ၏ အဆင့်မြင့်သူများလည်းဖြစ်သည်။
"ဘာပြောချင်တာလဲ"
"အခုလေးတင်ပြောပြီးပြီလေ"
လုချန်ရှန်းမျက်ခုံးပင့်ကာ ခပ်ယဲ့ယဲ့ပြုံးသည်။ သို့သော် ဂိုဏ်းချုပ်သုံးဦး၏ အမြင်၌ လုချန်ရှန်း၏အပြုံးက ရှုရာတစ်ဦးအလားပင်။
"ဒီတကြိမ် ငါ့တပည့်တွေကို သတ်ဖို့အတွက် စီစဉ်ပြီးပါ၀င်ခဲ့သူတိုင်း အားလုံးဒီမှာနေကြ"
ပါ၀င်ပြီးစီစဉ်တဲ့သူတွေလား!
"ဆိုလိုတာက ငါတို့အားလုံးကို မသွားနိုင်ဘဲ ဒီမှာနေပြီး မင်းသတ်တာခံရမှာလား"
လုချန်ရှန်းခေါင်းညိတ်ကာ လက်ဆစ်များကို ချိုးလိုက်သည်။
"ဟုတ်တယ်၊ ဒီလိုပဲ"
မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌ သူ့ကို မည်သူမှမနိုင်ပါ။ သူသတ်လျှင်သေရမည်။
ထိုအချိန်နွင် သူတို့၏စွမ်းအားကုန်ခမ်းသွားပါက ဘာတခုမှမှားမည်မဟုတ်။
ဤဖြစ်ရပ်သုံးခုက အဆင့်မြင့်လတ္တီကျူက အင်အားစုများနှင့်ဆက်စပ်နေသည်လား။
(နောက်ပိုင်းမှစ၍ လတ္တီကျူကို ကြယ်နယ်မြေအဖြစ်သုံးပါမည်)
စကားပြောနေသည်ကိုရပ်လိုက်သည်။
သူနှင့်ဆက်စပ်မှုတခုရှိတာလား ဒါမှမဟုတ် ဒီလူက လူဆိုးတယောက်လား!
သူက နယ်နိမိတ်မဲ့မင်းဆက်၏ သတ်ဖြတ်ခြင်းကို မခံရသေးဘူးလား!
လှံနတ်ဘုရားဂိုဏ်းချုပ်က စိတ်သက်သာရာရစွာသက်ပြင်းချသည်။
"မင်းမလုပ်ချင်ရင်လည်းရတယ်လေ၊ သေချာတာပေါ့၊ ငါတို့လည်းထိုင်နေမှာမဟုတ်ပါဘူး၊ ငါတို့က သေတဲ့အထိ တိုက်ခိုက်ကြမှာဆိုတော့ မင်းလည်း ဒဏ်ရာရဖို့အတွက် ပြင်ဆင်ထားပါ"
သူတို့သုံးယောက်ကအတူတကွပေါင်းစည်းလိုက်ကြပြီး တချိန်တည်းမှာပင် ဂိုဏ်းသုံးဂိုဏ်း၏ အကြီးအကဲများကလည်း ပါ၀င်လာကြသည်။
တာအိုနယ်ပယ်စွမ်းအားရှင်ခြောက်ဦး!
အကယ်၍ သေသည်အထိသာတိုက်မည်ဆိုပါက ဤသည်က ပြိုင်ဘက်ကို ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သေလိမ့်မည်ဟု လှံနတ်ဘုရားဂိုဏ်းချုပ်ယုံကြည်ထားသည်။
ဤသို့ပြောလာသောအခါ လုချန်ရှန်းတွင်လည်း နောက်ထပ်ဘာမှပြောစရာမရှိတော့။
သူက လှံနတ်ဘုရားဂိုဏ်းချုပ်ကို လက်ညိုးတချောင်း ထိုးလိုက်သည်။
အလွန်ရိုးရှင်းပြီး ယာယီမျှဖြစ်ပုံရသော ဓားဆန္ဒတခုက လှံနတ်ဘုရားဂိုဏ်းချုပ်ထံ တိုး၀င်သွား၏။
လှံနတ်ဘုရားဂိုဏ်းချုပ်က ဂရုမစိုက်ဘဲ မနေရဲချေ။
မည်သို့ပင်ဆိုစေကာမူ ထိုလူက အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်နှစ်ယောက်ကို အလွယ်တကူသတ်နိုင်ခဲ့သည့် တည်ရှိမှုပင်။
လက်နှစ်ဖက်ဖြင့်လှံကိုကိုင်ရင်း သဟဇာတတာအိုနယ်ပယ်၏ ကြောက်မက်ဖွယ်အော်ရာက ရူးသွပ်စွာ ထွက်လာသည်။
ကောင်းကင်တခုလုံးက ဤပြင်းထန်သည့်အော်ရာကြောင့် စုတ်ပြဲသွားပုံရသည်။
ချက်ချင်းဆိုသလို အသံဗလံများမြည်ဟီးလာသည်။
ထိုစဉ် လှံများက နဂါးများအဖြစ်ပြောင်းလဲသွားပြီး ရိုးရှင်းပုံရသည့် ထိုးဖောက်လာနေသော ဓားဆန္ဒဆီသို့ ဦးတည်သွား၏။
မုဖူရှန်းဘေးက အဖိုးအိုကခါးသီးစွာပြုံးသည်။
"အရှင်မင်းသား၊ ဒါကစည်းမျဉ်းတွေကိူ ဆန့်ကျင်နေတာမလား"
"တာအိုနယ်ပယ်ကတိုက်ချက်တွေက နယ်မြေအပေါ် ကြီးမားတဲ့ထိခိုက်မှု ဖြစ်စေလိမ့်မယ်"
မုဖူရှန်း အဖိုးအိုအားပခုံးကနေကိုင်ကာ တဖက်လှည့်ပြီး အပြုံးဖြင့်ပြောသည်။
"ကောင်းပြီ၊ အရမ်းဟန်မလုပ်နေနဲ့၊ ခင်ဗျားဒါကိုမမြင်သလိုဟန်ဆောင်လိုက်၊ ပြီးတော့ သွားသောက်ကြရအောင်"
"ကျုပ်ဝိုင်ကို ခင်ဗျားကြိုက်သလောက် သောက်လို့ရတယ်"
အဖိုးအိုကခါးသီးစွာပြုံးရင်း လှုပ်ရှားခြင်းမရှိသလို ဘာစကားမှလည်းမပြောပါ။
စည်းမျဉ်းများကသေသွားပြီဖြစ်ကာ လူသားများက ဆုံးဖြတ်ပေးလိုက်ကြပြီ။
တခါတရံ ဤသည်က တော်၀င်မိသားစု၏ သဘောထားပေါ်မူတည်သည်။
မုဖူရှန်း လုချန်ရှန်းကို ထပ်တဖန်ကြည့်ရင်း မေ့စေ့ပွတ်လိုက်သည်။
"ကျုပ်မှာသာဒီလိုဆရာမျိုးရှိရင် အရမ်းကောင်းမှာပဲ"
"ဒါကိုနည်းနည်းပိုအထင်ကြီးစရာမဖြစ်သွားဘူးလား"
"ထားတော့၊ ဒီအကြောင်းအရမ်းမစဉ်းစားတော့ဘူး၊ ငါ့လိုနတ်သားတယောက်က ဘယ်လိုလုပ်ပြီး...."
လုချန်ရှန်း၏လက်ချောင်းကနေ ပေါက်ကွဲလာသည့်ဓားဆန္ဒက လှံနတ်ဘုရားဂိုဏ်းချုပ်၏ လှံဆန္ဒနှင့်စုဆုံသွားသည်။
ထိပ်တိုက်တွေ့ဆုံသွားသည်နှင့်တပြိုင်နက် လှံနတ်ဘုရားဂိုဏ်းချုပ်၏မျက်နှာက ချက်ချင်းဆိုသလို အကြီးအကျယ်ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
"ကူညီဦး"
ရှေ့ဆင့်နောက်ဆင့်ပင် တခြားလက်တဖက်က တံဆိပ်ကိုညှစ်ကာ သွေးတစ်လုပ်အန်ထွက်စေပြီး လှံပေါ်ဖြန်းလိုက်သည်။
လှံကချက်ချင်းဆိုသလို သွေးနီရောင် ဖုံးလွှမ်းသွားသည်။
အငွေ့အသက်က ထပ်မံမြှင့်တက်လာသည်။
ဤတိုက်ချက်၏ခွန်အားက တာအိုနယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်နေလေပြီ။
ဘေးက ရေခဲဝိဉာဉ်ဂိုဏ်းချုပ်နှင့် ရွှမ်မင်ချောက်ကမ်းပါးသခင်တို့၏မျက်နှာများကလည်း လေးနက်နေကာ ခွန်အားအကုန်ဖြင့် ပစ်လွှတ်လိုက်ကြသည်။
ယခုသူတို့က လှံနတ်ဘုရားဂိုဏ်းနှင့် ကြိုးတချောင်းတည်းသွားနေသူများဖြစ်လေရာ အသက်ရှင်ရန်အတွက် အခွင့်အရေးတခု ရယူလိုပါက သူတို့လည်း၀င်ပါရပေမည်။
ယခုတွင်မူ ရေခဲဝိဉာဉ်ဂိုဏ်းချုပ်ရော ရွှမ်မင်ချောက်ကမ်းပါးသခင်ပါ တနည်းနည်းဖြင့် နောင်တရနေကြသည်။
မည်သည့်အတွက်ကြောင့် အရမ်းလောဘကြီးခဲ့ကြရလေသနည်း။
သူတို့အသက်ရှင်ခဲ့လျှင်ပင် သူတို့ဂိုဏ်း၏စွမ်းအားက အရင်ကလောက် အားကောင်းတော့မည်မဟုတ်တော့။
အပိုင်း(366) coming။
ငါ့တပည့်တွေက ဘုရင်တွေ