#ချေမွခြင်း#
Vol. 26 Ch. 366
ယနေ့တွင် လှံနတ်ဘုရားဂိုဏ်း၊ ရေခဲဝိဉာဉ်ဂိုဏ်းနှင့် ရွှမ်မင်ချောက်ကမ်းပါးတို့၏ သေခြင်းနှင့်ရှင်ခြင်းက အတူတကွဆက်စပ် ချည်နှောင်ထားလေပြီ။
အကယ်၍မလှုပ်ရှားပါက ဤသည်က သူတို့အတွက် ကြီးမားသည့်ရိုက်ခတ်မှုတခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့်တာအိုနယ်ပယ်က ဂိုဏ်းချုပ်နှစ်ယောက်ကလည်း လုချန်ရှန်း၏တိုက်ချက်ကို ခုခံနိုင်ရန်အတွက် လှံနတ်ဘုရားဂိုဏ်းချုပ်အား ကူညီရန် အကောင်းဆုံး ကြိုးစားနေကြသည်။
ရေခဲဝိဉာဉ်ဂိုဏ်းချုပ်က သူ့၏ရှည်လျားသောဓားကိုပစ်လွှတ်ကာ ရေခဲဖြင့် ပြည့်နှက်နေသည့် အစွမ်းထက်ဓားဆန္ဒတခုဖြင့် လုချန်ရှန်း၏ဓားလက်ချောင်းရှိရာသို့ ပစ်လွှတ်လိုက်သည်။
ရွှမ်မင်ချောက်ကမ်းပါးသခင်ကလည်း မရေမတွက်နိုင်လောက်သော မကောင်းဆိုးဝါးစွမ်းအားများဖြင့် ၀န်းရံခံထားရပြီး အတူတကွစုဝေးလာစဉ် လက်ဖဝါးတချက် ရိုက်ထုတ်လိုက်သည်။
မရေမတွက်နိုင်လောက်သောတစ္ဆေများဖြင့် ပြည့်နှက်နေသည့် ဆိုးယုတ်သည့်အားတခုက လုချန်ရှန်းထံဦးတည်းသွား၏။
ဤတိငက်ချက်သုံးချက်က လုချန်ရှန်း၏ဓားလက်ချောင်းကို တချိန်တည်းမှာပင် ခုခံကြသည်။
သို့သောါ မခံမရပ်နိုင်လောက်သည့် ခံစားချက်တခုကို သူတို့ခံစားနေရဆဲပင်။
သူတို့သုံးယောက်စလုံး၏ မျက်နှာများက အတော်လေးကြည့်ရဆိုးနေပြီး သူတို့က အဆက်မပြတ်နောက်ဆုတ်နေရသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ကြည့်နေကြသည့် ကြယ်ကြွေဓားဂိုဏ်းသားများ၌ တုန်လှုပ်ချောက်ချားနေသည့် အမူအရာများပေါ်လာကြသည်။
လုချန်ရှန်း သဟဇာတတာအိုနယ်ပယ်အစောပိုင်းအဆင့် စွမ်းအားရှင်သုံးဦးကို တစ်ဦးတည်းတိုက်ခိုက်နေသော်လည်း ဖိနှိပ်မှုကို လုပ်ထားနိုင်ဆဲပင်။
သူတို့တွေးနေကြသည်။
ယဲ့ချိုးပိုင်တို့ဆရာဖြစ်သည့် လုချန်ရှန်းက မည်သည့်အဆင့်တွင်ရှိနေလေသနည်း။
တာအိုနယ်ပယ်စွမ်းအားရှင်သုံးယောက်ပင်လျှင် ဖိနှိပ်နိုင်စွမ်းမရှိပေ။
သူ့တကယ်ခွန်အားက မည်သည့်အဆင့်အတန်းထိ ရောက်နေလေသနည်း။
သူတို့မသိကြပါ။
သို့သော် ဤသည်က သေချာပေါက် ဂိုဏ်းချုပ်သုံးဦးထက်မြင့်မားပေလိမ့်မည်။
ကျန်းဝူဖန်း ဤမြင်ကွင်းကို အထိတ်တလန့်ကြည့်ရင်း သူ့ကိုယ်သူတွေးနေမိသည်။
ယဲ့ချိုးပိုင် သူတို့၏ဖိတ်ကြားချက်ကို မတုံ့မဆိုင်းငြင်းပယ်သည်မှာ အံ့ဩသင့်စရာမရှိတော့။
ဂျီဂျီ၏မျက်နှာကလည်းလေးနက်နေသည်။
မည်သည့်အတွက်ကြောင့် ယဲ့ချိုးပိုင်တို့က အရမ်းပါရမီရှိနေသလဲဆိုတ သူအမြဲတွေးမိသည်။
နယ်စပ်ဖြတ်သည့်စစ်ဆင်ရေးများဖြစ်ပါစေ မွေးရာပါနားလည်မှုဖြစ်ပါစေ သူတို့တည်ရှိမှုထက် များစွာသာလွန်နေသည်။
နယ်နိမိတ်မဲ့နယ်မြေတွင် ဤကဲ့သို့လူမျိုးက အမည်မသိလူတစ်ယောက်မဖြစ်နိုင်ပါ။
ထို့ကြောင့် ယဲ့ချိုးပိုင်တို့က တခြားနယ်မြေများက လာကြခြင်းဖြစ်လိမ့်မည်ဟု သူယုံကြည်သည်။
အဆင့်နိမ့်ကြယ်ယ်နယ်မြေတွင် အားအကောင်းဆုံးနယ်မြေဖြစ်သည့် နယ်နိမိတ်မဲ့နယ်မြေထက် ပိုမိုအားကောင်းသည့် တည်ရှိမှုက အမှန်တကယ်ပင်ရှားပါးသည်။
သုံးဦး၏တိုက်ခိုက်မှုများက လုချန်ရှန်း၏ဓားဆန္ဒကို ဆက်လက်ခုခံနေသော်လည်း တဖြည်းဖြည်းဆုတ်ယုတ်လာနေသည်။
ကြည့်ရသည်မှာ ခုခံနိုင်စွမ်းလုံး၀မရှိပုံရသည်။
လှံနတ်ဘုရားဂိုဏ်းချုပ်နှင့် ကျန်သောသူများက ထိတ်လန့်နေကြသည်။
တဖက်လူ၏နယ်ပယ်က မည်သည့်နယ်ပယ်ဆိုတာကို သူတို့ပင်မမြင်နိုင်ပေ။
လက်တချောင်းတည်းက ဤမျှထိ အင်အားကြီးကာ သူတို့သုံးယောက်စလုံးကို ခုခံရခက်ခဲသွားစေသည်။
ထိုအခိုက်အတန့်၌ လုချန်ရှန်းဘေးက လှံနတ်ဘုရားဂိုဏ်းက မဟာအကြီးအကဲမှာ ရဲတင်းသည့်လှုပ်ရှားမှုတခုကို လုပ်ဆောင်လိုက်လေသည်။
သူကလှံကိုကိုင်ကာ ထိပ်သို့ရွေ့လျားစဉ် သဟဇာတတာအိုနယ်ပယ်အလယ်အလတ်အဆင့်ကျင့်ကြံခြင်းက သံသယမရှိ ထင်ရှားလာသည်။
ယနေ့ခေတ်တွင် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းများက ကိုယ်ကျင့်တရားအကြောင်းပြောခံရသည်ဟူသော ဆိုရိုးစကားက လျစ်လျုရှုခံနေရသည်။
ပြိုင်ဘက်က တာအိုနယ်ပယ်စွမ်းအားရှင်သုံးယောက်ကိုပင် အလွယ်တကူ ချေမွပစ်နိုင်သည်။
ဆိုလိုသည်က သူ့ခွန်အားက အလယ်အလတ်အဆင့်ထက် ပိုမြင့်မားပေလိမ့်မည်။
ဤကဲ့သို့လူမျိုးကို အမြန်ဆုံးအမြစ်ဖြတ်ပစ်ရန်လိုအပ်သည်။
မြောက်မြားစွာသော သဟဇာတတာအိုနယ်ပယ်များက တချိန်တည်းမှာပင် ပစ်လွှတ်လိုက်ကြလေရာ ပတ်ပတ်လည်ဟင်းလင်းပြင်ကို အလွန်အမင်းမငြိမ်မသက်ဖြစ်သွားစေသည်။
ကျန်းဝူဖန်းနှင့်တောင်စောင့်အဖိုးအိုက တချိန်တည်းမှာပင်ပစ်လွှတ်ကာ ပတ်ပတ်လည်ဟင်းလင်းပြင်ကို တည်ငြိမ်အောင် အဆက်မပြတ်လုပ်နေသည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာက ကြယ်ကြွေဂိုဏ်း၏ဇာတိမြေပင်။
ဤနေရာဖျက်ဆီးခံလိုက်ရသည်နှင့် သူတို့ဂိုဏ်းက အလွန်ပြင်းထန်သည့်ဆုံးရှုံးမှုတခုကို ရသွားပေလိမ့်မည်။
လုချန်ရှန်းစိုက်ကြည့်လိုက်စဉ် ရန်သူ၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းနည်းလမ်းကို တွေ့သွားခဲ့သည်။
ကျန်နေသည့်လက်တစ်ဖက်က လက်သီးအဖြစ်ပြောင်းလဲသွားပြီး လှံနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲထံပစ်သွင်းလိုက်၏။
မဟာအကြီးအကဲကအနည်းငယ်တုန်ယင်သွားသည်။
သူတကယ်ပဲခွန်အားအကုန်မသုံးသေးတာလား!
တာအိုနယ်ပယ်စွမ်းအားရှင်သုံးယောက်ကို တချိန်တည်းတွင်ရင်ဆိုင်ရင်း သူ့ကို ခုခံကာကွယ်ရန် ကျန်နေသည့်လက်တစ်ဖက်ကိုပင် သုံးနိုင်သည်။
တိုက်ချက်တစ်ချက်က ဖောက်ထွင်းကာ ဟင်းလင်းပြင်ကိုချိုးဖျက်ပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသကဲ့သို့ လုချန်ရှန်း၏လက်ဖဝါးထဲသို့ ထိုးဖောက်သွား၏။
သို့သော် လုချန်ရှန်း၏မျက်နှာက လုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ ထူးမခြားနားသည့်အသွင် ရှိနေသေးသည်။
သို့စေကာမူ လှံနတ်ဘုရားဂိုဏ်းမဟာအကြီးအကဲ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူ့လက်ထဲကလှံက ကောင်းကင်ကိုထိုးဖောက်သွားသည့်အလား သို့မဟုတ် ချိုးဖျက်၍မရနိုင်သောဒိုင်းတခုကို ထိုးဖောက်သွားသည့်အလားပင်။
လုချန်ရှန်းအေးစက်စွာပြောသည်။
"ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာက အကျင့်ကောင်းတခုမဟုတ်ဘူး"
စကားပြောပြီးသည်နှင့် ထိုလက်က ရုတ်တရက်လှံထိပ်ကို လှံက ကိုင်လိုက်စဉ် အနည်းငယ်တုန်ခါသွားသည်။
လှံထိပ်၌ အက်ရာများက အဆက်မပြတ်ဖြစ်ပေါ်လာနေသည်။
အက်ကြောင်းများက ဆက်လက်ကြီးလာပြီး လှံကိုယ်ထည်တခုလုံးအထိ ကျယ်ပြောသွားသည်။
ခရက်ခ်!
ကြောက်ရွှံ့နေသည့်အသံတစ်သံထွက်လာသည်။
လှံနတ်ဘုရားဂိုဏ်းအကြီးအကဲ၏ ထိတ်လန့်ကြောက်ရွှံ့နေသည့်အကြည့်အောက်၌ လှံရှည်က တစ်လက်မချင်းစီ ကျိုးပဲ့သွားခဲ့သည်။
သူ့လှံအဆင့်ကမနိမ့်ပေ။
ချက်ချင်းဆိုသလို လုချန်ရှန်းဟင်းလင်းပြင်ကို စူးစမ်းလိုက်သည်။
မဟာအကြီးအကဲက သူ့ကိုယ်ခန္ဓာက ဆွဲထုတ်ခံနေရသည့်အလား တုန်လှုပ်နေသည်။
သူမည်မျှပင်ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ပါစေ မလွတ်မြောက်နိုင်။
ဤမျှသာ။
လုချန်ရှန်းသူ့ခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်ကာ လက်ဖဝါးဖြင့်ညှစ်လိုက်သည်။
လုချန်ရှန်းအပြုံးဖြင့်ပြောသည်။
"မင်းလှုပ်ရှားမှတော့ ကျရှုံးခြင်းရဲ့သက်ရောက်မှုကို တွေးခဲ့သင့်တယ်"
ချက်ချင်းဆိုသလို မဟာအကြီးအကဲ ထပ်ပြောလာသည်ကိုပင် စောင့်မနေတော့ဘဲ လုချန်ရှန်း သူ့လက်ဖဝါးကို အနည်းငယ် အားဖြည့်လိုက်စဉ် ဓားစည်မျဉ်းအားတခုက မဟာအကြီးအကဲကိုယ်ထဲသို့ တိုက်ရိုက်၀င်ရောက်သွားခဲ့သည်။
ထို့နောက်သူ့ကိုယ်ထဲတွင် အဆက်မပြတ် အသံပြုကာ ကိုယ်ထဲကအသက်ဓာတ်ကို ဖျက်ဆီးနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမဟာအကြီးအကဲတွင် အသက်ရှင်ရန် မည်သည့်အခွင့်အလမ်းမှ မရှိတော့ပါ။
ဤသည်က တာအိုနယ်ပယ် အလယ်အလတ်အဆင့်စွမ်းအားရှင်တစ်ယောက်ကို ချေမွသတ်ဖြတ်နေသည်နှင့်တူသည်။
ယခုလိုခွန်အားက အရမ်းကြောက်မက်ဖွယ်ကောင်းလှသည်။
လှံနတ်ဘုရားဂိုဏ်းချုပ်က မျက်လုံးအစုံကို နာကျင်စွာမှိတ်လိုက်ရသည်။
မဟာအကြီးအကဲသေဆုံးခြင်းက ယခုတကြိမ်သူလွတ်မြောက်လျှင်ပင် စွမ်းအားက ရှေ့ဆက်ကောင်းမွန်နိုင်တော့မည်မဟုတ်ဟု ဆိုလိုတော့ခြင်းပင်။
တခြားရန်သူများ၏ စားသောက်ခြင်းကိုပင် ခံရနိုင်သည်။
ထိုအချိန်တွင် သူက ဒုတိယတန်းစားအင်အားစုအဖြစ် ကျဆင်းသွားလေပြီ။
ယနေ့လှံနတ်ဘုရားဂိုဏ်းက အမည်သာ တည်ရှိတော့သည်ဟုဆို၍ရသည်။
ဤကပ်ဘေးကနေသူလွတ်မြောက်မည်လား။
ပြောစရာနှစ်ခုရှိပါသေးသည်။
လုချန်ရှန်း မဟာအကြီးအကဲကို ခေါင်းဖြတ်ပစ်စဉ် လှံနတ်ဘုရားဂိုဏ်းချုပ်၊ ရေခဲဝိဉာဉ်ဂိုဏ်းချုပ်နှင့် ရွှမ်မင်ချောက်ကမ်းပါးသခင်တို့ကိုလည်း အလွတ်မပေးခဲ့ပါ။
တိုက်ခိုက်မှုက ဆက်လက်ဖြစ်ပျက်နေသည်။
စွမ်းအားကမလျော့ကျသွားသေးပါ။
တကြိမ်တည်းတွင် အရာနှစ်ခုကိုလုပ်ခြင်း!
ဤသည်က ချေမွခြင်းသက်ရောက်မှုကိုပင် အောင်မြင်နိုင်ခဲ့သေးသည်။
ဤကဲ့သို့ခွန်အား!
ကောင်းကင်ကိုပင်ဆန့်ကျင်နေသည့်အသွင်။
မုဖူရှန်းပင်လျှင်တွေးနေရသည်။ အကယ်၍ သူ့အဖေတိုက်ခိုက်မည်ဆိုလျှင်ပင် မည်သို့ဖြစ်လာမည်နည်း။
အကယ်၍တခြားတယောက်ဆိုပါက မုဖူရှန်းသူ့အဖေနိုင်မှာကို ယုံကြည်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပါ။
သို့သော် လုချန်ရှန်း၏ကြောက်မက်ဖွယ် ခွန်အားကိုမြင်တွေ့ရပြီးနောက် မုဖူရှန်း တုံ့ဆိုင်းသွားသည်။
ယနေ့တွင် လုချန်ရှန်းက နောက်ထပ်မည်သည့်ပြဿာနာမှမဖြစ်စေချင်တော့ပုံပင်။
သူ့အမူအရာကအေးစက်နေသည်။
သူ့လက်ကအနည်းငယ်တုန်ခါသွားပြီး ထိုဓားဆန္ဒ၌ ဓားသိုင်းစည်မျဉ်းစွမ်းအားအလင်းတန်းတခုကို ပေါင်းထည့်လိုက်သည်။
ချက်ချက်ချင်းဆိုသလို အတူတကွတိုက်နေကြသည့် ဂိုဏ်းချုပ်သုံးယောက်က ထိုအချိန်တွင် အရှုံးပေါ်နေသည်။
အနည်းငယ်မျှပင်မရပ်မနားသော်လည်း အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိကြ။
ပျက်စီးမှုအလွှာများအောက်တွင် ဂိုဏ်းချုပ်သုံးယောက်က ရုတ်တရက် သွေးတစ်လုပ်အန်လိုက်ကြရသည်။
သူတို့၏မျက်နှာများက ထိတ်လန့်နေကြ၏။
မကြာသေးခင်က တိုက်ချက်ကို သူတို့တခဏမျှခုခံနိုင်သော်လည်း ယခုတွင်မူ သူတို့က လုံး၀ခုခံနိုင်စွမ်းမရှိကြတော့ပါ။
တခဏအကြာတွင် သူတို့တိုက်ရိုက်အရှုံးပေးနေရသည်။
ရွှမ်မင်ချောက်ကမ်းပါးသခင်က သနားညှာတာပေးရန် အသနားခံသည်။
"ငါ့ကိုသွားခွင့်ပေးပါ၊ ရွှမ်မင်ချောက်ကမ်းပါးရဲ့ ရတနာတွေကို စီနီယာ ကြိုက်သလိုရွေးချယ်နိုင်ပါတယ်"
လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်သည်။
"မင်းပစ္စည်းတွေကို ငါစိတ်မ၀င်စားဘူး"
"ပြီးတော့ငါတကယ်လိုချင်တယ်ဆိုရင် မင်းကိုသတ်ပြီးယူလို့ရတာပဲလေ"
"ဘာပဲဖြစ်ဖြစ် ငါအဲကိုလည်းသွားရမယ်"
ပေါင်းပင်များကိုခုတ်ဖြတ်စဉ် အမြစ်များကိုပါရှင်းပစ်ရမည်။
သူက သူတို့၏ဂိုဏ်းချုပ်ကိုသတ်ရန် ဆုံးဖြတ်ထားပြီဖြစ်လေရာ သူ့ထိုင်ခုံအောက်က တပည့်အားလုံးကို သတ်ပစ်ရပေမည်။
သူတို့ထဲကတယောက်ယောက်သာလွတ်သွားပါက ဤသည်က လျှို့ဝှက်အန္တရာယ်တခုဖြစ်လာနိုင်သည်။
ဖြစ်နိုင်ချေက အရမ်းနည်းသော်လည်း လုချန်ရှန်း၏စရိုက်အရ ယခုလိုအရာမျိုး ဖြစ်ပျက်လာမည်ကို သူခွင့်ပြုမည်မဟုတ်။
အပိုင်း(367) coming။
ငါ့တပည့်တွေက ဘုရင်တွေ