#သွေးကြောခြေရာခံခြင်း, သွေးဖြင့်သတ်ဖြတ်ခြင်း#
Vol. 26 Ch. 367
လုချန်ရှန်း၏စကားလုံးများကိုကြားရသောအခါ လူတိုင်းတုန်လှုပ်သွားကြသည်။
ဘာပဲဖြစ်ဖြစ်သွားရမှာတဲ့လား!
လှံနတ်ဘုရားဂိုဏ်းချုပ်၏အမူအရာက ပျက်ယွင်းနေပြီး သူ့မျက်နှာက ရေကဲ့သို့ပင် မည်းမှောင်နေသည်။
"စီနီယာ၊ ဂိုဏ်းထဲကတခြားဂိုဏ်းသားတွေက ဘာအမှားမှမလုပ်ထားကြပါဘူး"
လုချန်ရှန်းပြန်မေးသည်။
"တကယ်လို့မင်းရန်သူကို တိုက်လိုက်မယ်ဆိုရင် ရန်သူရဲ့မီးစတစကို ချန်ထားခဲ့မှာလား"
လှံနတ်ဘုရားဂိုဏ်းချုပ်က ထိတ်လန့်သွားသည်။
အကယ်၍မဟုတ်ဘူးပြောပါက လိမ်လည်ခြင်းသာ။
ပေါင်းပင်များကိုခုတ်လှဲပါက အမြစ်တွေကိုပါရှင်းလင်းပစ်ရမည်။
ဤသည်က လူတိုင်းသိထားသည့် အမှန်တရားပေတည်း။
ခွန်အားအရာကြောင့် ပုန်းကွယ်နေသည့် အန္တရာယ်များကျန်နေခဲ့ခြင်းဟူသည်လုံး၀ဖြစ်နိုင်မည်မဟုတ်။
ဤဖြစ်နိုင်ချေက အရမ်းနည်းသော်လည်း တစ်ရာခိုင်နှုန်းကတော့ အမြဲရှိသည်။
ယခုလိုပုန်းကွယ်နေသည့်အန္တရာယ်မျိုးကို မွေးကင်းစအရွယ်ကတည်းကပင် ရှင်းလင်းသုတ်သင်ပစ်ရပေမည်။
ယခုအချိန်တွင် နောက်ဆုံးတော့ ဂိုဏ်းချုပ်သုံးယောက်က ခံနိုင်ရည်မရှိတော့။
ပထမဆုံး၀န်ထုပ်၀န်ပိုးကိုသယ်ဆောင်ထားသူက လှံနတ်ဘုရားဂိုဏ်းချုပ်ဖြစ်သည်။
ဓားသိုင်းစည်မျဉ်း၏တိုက်ချက်အောက်၌ သူ့လက်ထဲက လှံက တိုက်ရိုက်ပင် ကြေမွပျက်စီးသွား၏။
သူကလုံး၀မရပ်တန့်ခဲ့သော်လည်း ခုခံရန်နေရာရှိမနေခဲ့ပါ။
လှံနတ်ဘုရားဂိုဏ်းချုပ်လက်ထဲက အလွန်အဆင့်မြင့်သည့်လှံရှည်က အသံနှင့်အတူ အက်လာသည်။
ပြာနှမ်းနေသည့်အကြည့်အောက်တွင် ဓားသိုင်းစည်းမျဉ်းစွမ်းအားက လှံနတ်ဘုရားဂိုဏ်းချုပ်၏ မျက်ခုံးကြားသို့ တိုက်ရိုက်ပင် ဖြတ်သန်းသွားသည်။
ဓားစည်းမျဉ်းတခုပြီးတခု လှံနတ်ဘုရားဂိုဏ်းချုပ်၏ကိုယ်ထဲသို့ စီးဝင်လာပြီး အတွင်းဖက်ကနေ လုံး၀ပျက်စီးကာ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်သည်။
ဤကြယ်နယ်မြေ၌ရပ်တည်နေသည့် ထိပ်သီးစွမ်းအားရှင်တစ်ယောက်က ဤမျှအလွယ်တကူအသတ်ခံလိုက်ရသည်။
ဝိဉာဉ်ပင်လျှင် မကျန်ရှိခဲ့သဖြင့် ပြန်လည်မွေးဖွားရန်ပင် မဖြစ်နိုင်တော့။
လှံနတ်ဘုရားဂိုဏ်းချုပ်၏ကံကြမ္မာကိုမြင်သောအခါ ရေခဲဝိဉာဉ်ဂိုဏ်းချုပ်က မဲ့ရွဲ့စွာပြုံးလိုက်သည်။
သူကခုခံမှုကို လက်မလျှော့ခဲ့သော်လည်း သူ့နှလုံးသားထဲတွင် ဤမှာပင်ရပ်သင့်ပြီဟု ထင်နေမိသည်။
ပြန်တွေးမိသောအခါ ဤသည်က သူ့၏ ကိုယ်ပိုင်လောဘကြောင့်သာဖြစ်သည်။
ဤရတနာအတွက် သူကိုယ်တိုင်နှင့် ဂိုဏ်းတခုလုံးကို ဆုံးရှုံးရပေဝောာ့မည်။
ဒါကထိုက်တန်ပါရဲ့လား!
မှန်ပါသည်၊ ဒါကမထိုက်တန်ပါ!
သို့စေကာမူ တခါတရံတွင် လောဘအတွက် ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ရပေမည်။
ကျေနပ်မှုနှင့်ပျော်ရွှင်မှုအတွက် ဤသည်ကသာ အသက်ရှည်ခြင်း၏လမ်းကြောင်းသာ။
သို့သော် အခုနားလည်ရန်အတွက် အရမ်းနောက်ကျသွားခဲ့ပါပြီ။
သနားညှာတာပေးဖို့အတွက် တောင်းဆိုရမှာလား!
ဒါက ရေခဲဝိဉာဉ်ဂိုဏ်းချုပ်၏ပုံစံမဟုတ်ပေ။ သူမကအရမ်းမာနကြီးသူဖြစ်သည်။
သို့သော် သနားညှာတာပေးရန်အတွက် တောင်းဆိုခြင်းကရော ဘာအသုံး၀င်မည်နည်း။
တဘက်လူက ရှင်းရှင်းလင်းလင်းပြောထားပြီဖြစ်သည်။
ယခုအချိန်က ပေါင်းပင်များကိုခုတ်လှဲပြီး အမြစ်များကို ရှင်းပစ်ရမည့်အချိန်ပင်။
ဂိုဏ်းသားများကိုပင်အလွှတ်ပေးမည် မဟုတ်လေရာ တာအိုနယ်ပယ်ကလူများကို သူကမည်သို့မည်ပုံအသက်ရှင်ခွင့်ပေးမည်နည်း။
လုချန်ရှန်း၏အမူအရာက ပြောင်းလဲခြင်းမရှိဘဲ ဓားသိုင်းက ဧရာမဓားတလက် ဖြစ်လာတာကို ကြည့်ရှုနေသည်။
ထို့နောက် ချက်ချင်းဆိုသလို ဤချောမောလှပသည့် ရေခဲဝိဉာဉ်ဂိုဏ်းချုပ်အား ထိုနေရာ၌ပင် ခေါင်းဖြတ်ပစ်သည်။
ရွှမ်မင်ချောက်ကမ်းပါးသခင်မှာ ဤမြင်ကွင်းကိုမြင်သောအခါ ထူးဆန်းသည့် အော်ဟစ်သံတစ်သံ ထုတ်လွှတ်လိုက်သည်။
တုံ့ဆိုင်းမနေဘဲ ကိုယ့်ကိုကိုယ်တိုက်ရိုက် ဖောက်ခွဲပစ်လိုက်သည်။
ဝိဉာဉ်က အနက်ရောင်မကောင်းဆိုးဝါးစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ထွက်ပြေးသွားသည်။
ကျန်းဝူဖန်းဤမြင်ကွင်းကိုကြည့်ရင်း အံ့ဩသင့်စွာပြောလိုက်သည်။
"ရွှမ်မင်သွေးလွတ်မြောက်နည်းစနစ်လား၊ သူကဖိနှိပ်ခံထားရတာတောင် ဒီလောက်ထိ လုပ်နိုင်တယ်ဆိုတော့ ဒါကတကယ် တမူထူးခြားတာပဲ"
ဘေးကကြယ်ကြွေဓားဂိုဏ်း၏တောင်စောင့်က ခေါင်းခါယမ်းသည်။
"ဒီလိုဆိုရင်တောင် သူ့နယ်ပယ်က အပြင်းအထန်ကျဆင်းသွားပြီး အာရုံထွေပြားခြင်းအဆင့်ကို တိုက်ရိုက်ကျဆင်းသွားမှာဖြစ်သလို သူ့ဝိဉာဉ်ကလည်း ထိခိုက်သွားလိမ့်မယ်၊ ဒီဘ၀မှာ ကြီးမားတဲ့အခွင့်အလမ်းမရှိနိုင်တော့တာမို့ ပြန်လည်နလန်ထူနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး"
ဆိုလိုတာက ရွှမ်မင်ချောက်ကမ်းပါးသခင်က ဤဘ၀တွင် အာရုံထွေပြားခြင်းအဆင့်တွင်သာ ရှိနေပေတော့မည်။
သို့သော် လုချန်ရှန်းက ဒီလိုမထင်ပေ။
ကျင့်ကြံခြင်းကို ပြန်လည်သိုလှောင်ဖို့အတွက် မဟာအခွင့်အရေးတခုရသွားမှာလား! ဒါကအလုပ်ဖြစ်မည်မဟုတ်။
သူကတာအိုနယ်ပယ်သာဖြစ်ပြီး မိမိအတွက် ဘာခြိမ်းခြောက်မှုမှမရှိသော်လည်း လျှို့ဝှက်ချက် အနည်းငယ်ရှိပါက သူ့ကျင့်ကြံခြင်းကို ပြန်ရသွားကောင်း ပြန်ရသွားနိုင်သည်။
မဖြစ်နိုင်ဘူး!
လုချန်ရှန်း ရွှမ်မင်ချောက်ကမ်းပါးသခင် သူ့ကိုယ်သူဖောက်ခွဲခဲ့သည့် သွေးမြူများကို လက်ယပ်ခေါ်ရင်း ချက်ချင်းဆိုသလို တံဆိပ်ကို လက်နှစ်ဖက်နှင့် ပိတ်လိုက်သည်။
လုချန်ရှန်းလက်ဘေးတွင် သွေးမှုန်များကနေ ပြုလုပ်ထားသည့် ဆန်းကြယ်သည့် လက်တံဆိပ်များပေါ်ထွက်နေသည်။
"သွေးခြေရာခံခြင်း"
လူတိုင်းက အရှေ့ဘက်သို့ပျံသန်းသွားသည့် လက်တံဆိပ်အမှတ်အသားကို ကြည့်ရင်း အလွန်အမင်းတုန်လှုပ်ချောက်ချားသွားကြသည်။
ဒါက ရွှမ်မင်ချောက်ကမ်းပါးသခင်ရဲ့ ဝိဉာဉ်ကို ခြေရာခံဖို့ သွေးကိုသုံးနေတာလား!
ဒီလိုလည်းလုပ်လို့ရတာလား!
လုချန်ရှန်းရှေ့တလှမ်းလှမ်းလိုက်သည်။
အသက်ရှုသုံးကြိမ်ခန့်ကြာပြီးနောက် လုချန်ရှန်း၏နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေ့သွားပြီး နတ်ဆိုးဆန်ဆန် အပြုံးကို ပြသလိုက်သည်။
"မင်းကိုတွေ့ပြီ...."
ကြယ်ကြွေတောင်တန်းကနေ လွတ်မြောက်လာပြီဖြစ်သည့် ရွှမ်မင်ချောက်ကမ်းပါးသခင်က ရုတ်တရက်မော့ကြည့်လိုက်သည်။
သူ့ဝိဉာဉ်အထက်တွင် ဓားရှည်တလက်ရှိနေသည်။
သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။
ဝိဉာဉ်က တခဏမျှတုန်ယင်နေပြီးနောက် ဆက်လက်ပုန်းနေသည်။
သို့သော် သူ့ကိုပုန်းခွင့်ပေးထားပြီး ခေါင်းပေါ်၌ ပျံသန်းနေသည့်ဓားက အသားပုပ်တခုပမာ မည်မျှပင်ခက်ခက်ခဲခဲပုန်းပါစေ မပုန်းနိုင်သည့်ခံစားချက်ကို ပေးဆောင်နေသည်။
တခြားတဘက်တွင် လုချန်ရှန်းရှေ့၌ စိတ်အာရုံမြင်ကွင်းတခုပေါ်လာသည်။
ထိုမြင်ကွင်းတွင် ရွှမ်မင်ချောက်ကမ်းပါးသခင်၏ရုပ်တုကိုပြသနေသည်။
"သွေးဖိနှိပ်ခြင်း"
စကားလုံးလေးလုံးတီးတိုးထွက်လာသည်နှင့်တပြိုင်နက် ထိုမြင်ကွင်းတွင် ရွှမ်မင်ချောက်ကမ်းပါးသခင်၏ ဝိဉာဉ်အပေ့်၌ ဓားစည်မျဉ်းနှင့်အတူရှိနေသည့်ဓားက ရုတ်တရက် ဆင်းသက်ကာ ချောက်ကမ်းပါးသခင်၏ ဝိဉာဉ်ကို ထိုးဖောက်ပစ်သည်။
ဖျက်ဆီးခြင်း!
မည်သည့်ခြေရာမှမကျန်ခဲ့!
ဤသို့ဖြင့် ပထမတန်းစားဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များ၊ ဤအဆင့်နိမ့်ကြယ်နယ်မြေ၌ ထိပ်သီးကျွမ်းကျင်သူများ၊ တာအိုနယ်ပယ်ကလူများက ချေမွဖျက်ဆီးကာ အသတ်ခံရသည်။
လူတိုင်းက လုချန်ရှန်း၏ တုန်လှုပ်ဖွယ်နည်းစနစ်များအပေါ် အံ့ဩသင့်နေကြသည်။
လုချန်ရှန်း၏မျက်လုံးများကို မြင်သောအခါ ပိုင်ချီကိုင်ခါးသီးစွာပြုံးသည်။
လက်ဖဝါးချက်တစ်ချက်က သူ့အပေါ် ဖုံးလွှမ်းသွား၏။
မည်သို့ပင်ကြိုးစားစေကာမူ သူမလွတ်မြောက်နိုင်တာကို သူသိသည်။
ရွှမ်မင်ချောက်ကမ်းပါးသခင်ပင်လျှင် သွေးလွတ်မြောက်နည်းစနစ်ကိုသုံးကာ မိုင်ထောင်ချီထွက်ပြေးရန်အတွက် ကြီးမားသည့် တန်ဖိုးတခုကို ပေးဆပ်ခဲ့သည့်တိုင် ဟင်းလင်းပြင်ကနေ ဖြတ်သန်းလျက် လုချန်ရှန်း၏ သတ်ဖြတ်ခြင်းကိုခံရသည်။
ဤသည်က တစ္ဆေနှင့်နတ်ဘုရားများကဲ့သို့ ခန့်မှန်း၍မရနိုင်သည့်ခွန်အားအမျိုးအစားပေတည်း။
လွတ်မြောက်ရန်အတွက် မည်သို့ဖြစ်နိုင်မည်နည်း။
ဂုဏ်သိက္ခာရှိရိနှင့်သေခြင်းကပိုကောင်းသည်။
အတက်အကျကိစ္စသုံးခုက ယခုအချိန်တွင် ဖျက်ဆီးခံရသည်။
ကျန်းဝူဖန်း ဤမြင်ကွင်းကို အတော်လေးစိတ်လှုပ်ရှားစွာကြည့်နေသည်။
ဤအဆုံးသတ်က တကယ်ပင် အိပ်မက်ဆန်လွန်းသည်။
မုဖူရှန်းဒီကိုလာခဲ့သည့်တိုင် အခြေအနေကို ပြောင်းပြန်လှန်ရန် ခက်ခဲခဲ့သည်။
ယဲ့ချိုးပိုင်တို့၏ ဆရာရောက်လာမှသာ ချက်ချင်းအလှည့်အပြောင်းဖြစ်ခဲ့သည်။
သူ့၏ကိုယ်ပိုင်စွမ်းအားဖြင့် ကိစ္စသုံးခုစလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ဤလူ၏ခွန်အားက မည်မျှပင် အားကောင်းလေသနည်း။
သူက ကြယ်ကြွေဓားဧကရာဇ်၏ မူလအဆင့်ကိုပင် ရောက်ကောင်းရောက်နေနိုင်သည်။
ဤသည်ကို မတွေးတောနိုင်ခင်မှာပင် လုချန်ရှန်း ကျန်းဝူဖန်း၊ မုဖူရှန်းနှင့် တခြားသူများအား ကြည့်လိုက်သည်။
သူ့မျက်လုံးများ၌ သံသယဖြစ်နေသည့် အကြည့်တခုရှိနေခဲ့သည်။
တကြိမ်တည်းမှာပင် ကျန်းဝူဖန်း၊ မုဖူရှန်းနှင့်လူတိုင်းက သေမင်းက သူတို့၏လည်ပင်း၌ ကတ်ကြေးတင်ထားသည့်အလား ခံစားလိုက်ရပြီး အသက်ပင် မရှုရဲကြတော့။
ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၏ မျက်နှာက ရုတ်တရက်ပြောင်းလဲသွားပြီး အလျင်အမြန်ပြောလိုက်ရသည်။
"ဆရာ၊ သူတို့က ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေပါ"
သို့မှသာ လုချန်ရှန်း၏သံသယအပြည့်အကြည့်က တဖြည်းဖြည်းပျောက်ကွယ်သွား၏။
သူ့လက်ဖဝါးပေါ်က ဓားသိုင်းစွမ်းအားကလည်း တိတ်တဆိတ်ကွယ်ပျောက်သွား၏။
သို့မှသာ ကျန်းဝူဖန်း၊ မုဖူရှန်းနှင့် ကျန်သောသူများက ကမ္ဘာကြီး၏ လေကောင်းလေသန့်ကို ခံစားနိုင်တော့သည်။
အကယ်၍ ယဲ့ချိုးပိုင်သာ ထိုစကားကိုမပြောပါက တခဏအကြာတွင် အကျိုးဆက်က ဆိုးရွားလာနိုင်သည်ကို သူတို့သိသည်။
ဤအလွန်အမင်းကြောက်စရာကောင်းသည့်လူက သူတို့ကို ယခုနေရာ၌ပင် ခေါင်းဖြတ်ပစ်ပေလိမ့်မည်။
သို့သော် ဤစီနီယာက အတော်လေးသတိထားတတ်သည်။
သူကသူတို့ထက်ပင်အများကြီး အားကောင်းနေသည်၊ သို့ပါက အရမ်း သတိထားနေစရာလိုအပ်သည်လား။
သို့စေကာမူ မုဖူရှန်းကဤသို့မတွေးပါ။
သူကလုချန်ရှန်းကို တည့်တည့်ကြည့်နေရင်း သူ့မျက်လုံးများက တောက်ပနေကြ၏။
ဤသည်ကမှ တကယ့်စွမ်းအားရှင်ဖြစ်ပြီး သတိထားနေတတ်သည်။
အားကောင်းတယ်ဟ!
ဒါကငါ့ရဲ့စီနမူနာဟီးရိုးပဲ!
ငါပြောနေတဲ့လူဆိုတာ ဒီလိုလူမျိုးပဲ!
လုချန်ရှန်း ဤနေရာ၌အကြာကြီးမနေပါ။
ယင်းအစား သူကယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
"ပြန်သွားပြီး အပြစ်ပေးတာကိုခံယူလိုက်"
စကားပြောပြီးသည်နှင့် သူကထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
လုချန်ရှန်းဘာလုပ်တော့မယ်ဆိုတာ လူတိုင်းသိကြသည်။ သူကပေါင်းပင်များကို ခုတ်လှဲပြီး အမြစ်တွေကို ရှင်းပစ်ပေတော့မည်။
အပိုင်း(368) coming။
ငါ့တပည့်တွေက ဘုရင်တွေ