#ဂူရှန်#
Vol. 26 Ch. 368
ဂိုဏ်းချုပ်သုံးဦး၏ဝိဉာဉ်အမှတ်အသားကို လက်ဆင့်ကမ်းလိုက်စဉ် လုချန်ရှန်း ကျန်သောအမှုသုံးခု၏တည်နေရာကို ခြေရာခံနိုင်ခဲ့သည်။
ပထမစခန်းက အနီးဆုံးရေခဲဝိဉာဉ်ဂိုဏ်းဖြစ်သည်။
ရေခဲဝိဉာဉ်ဂိုဏ်းက ရေခဲပြင်တခုပေါ်တွင် တည်ရှိသည်။
လုချန်ရှန်း ဤနေရာသို့ရောက်လာသောအခါ အဆုံးမဲ့ရေခဲပြင်ကိုသာမြင်ရပြီး အပူချိန်က ပကတိသုညဖြစ်သည်။
သူကအသံတစိုးတစိမျှပင် မကြားရ။
သို့သော် အနှီမျက်လုံးဖြင့် မမြင်နိုင်၊ မကြားနိုင်ဖြစ်နေသော်လည်း ဤသည်က လုချန်ရှန်း ဤနေရာက ပုံမမှန်မှုကို မခံစားနိုင်ဘူးဟု ဆိုလိုနေတာတော့မဟုတ်ပါ။
"ဂိုဏ်းကို အစီအရင်တခုနဲ့ဖုံးကွယ်ထားတာလား"
လုချန်ရှန်းမေ့စေ့ကိုပွတ်လိုက်သည်။
"ဒီနည်းလမ်းကမဆိုးဘူး၊ ငါပြန်သွားတဲ့အခါကျရင်လည်း စံအိမ်တော်ကို ဖုံးကွယ်ဖို့ အစီအရင်တခု ဖန်တီးရမယ်"
"ဒါပေမယ့်ဒီအစီအရင်ကတော့ အရမ်းမသေသပ်ဘူး၊ ဟုတ်တယ်မလား"
တခဏမျှစောင့်ကြည့်ပြီးနောက် လုချန်ရှန်း အလျင်အမြန်ပင် ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပြဿာနာဟောင်းကထပ်ဖြစ်လာပြန်ပြီ၊ ငါအမြန်စလုပ်မှရတော့မယ်"
ထိုအချိန်တွင် အထဲကလူများက ပြေးလွှားနေကြသည်။
သူဒါကိုခြေရာခံနိုင်သော်လည်း အချိန်နှင့် အားထုတ်မှုအနည်းငယ်တော့ လိုအပ်ပေလိမ့်မည်။
လုချန်ရှန်းဤနေရာ၌ အချိန်အကြာကြီးမနေချင်ပေ။
သူကပြန်သွားပြီး ယဲ့ချိုးပိုင်ကို ပိုပြီးမောက်မာလာပြီး အရေမထူလာစေရန်အတွက် သင်ခန်းစာတခုပေးရမည်။
အရေးအကြီးဆုံးအချက်က သူ့ကို သူတို့က သိပ်မကြောက်ကြတော့။
ဒါကအဆင်မပြေ။
ဤသို့ဆိုပါက ကိုင်တွယ်ရန်အတွက် ခက်ခဲသွားပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ လုချန်ရှန်း နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ လက်ကိုဆန့်ထုတ်ကာ ရှေ့သို့ဆွဲယူလိုက်၏။
သူ့၏ရုပ်ခန္ဓာက ဤနေရာကိုဖိသိပ်ပစ်စဉ် ရုတ်တရက် နောက်ဆုတ်လိုက်သည်။
ဘန်း!
ထိုအခိုက်အတန့်၌ ကောင်းကင်ကြီးက ပြိုကျလာပုံရသည်။
ရေခဲလွှာတခုလုံးအက်ကွဲနေသည်။ ကောင်းကင်က ဆက်လက်ပြိုကျနေသည်။
လုချန်ရှန်းရှေ့ကနေရာ၌ အက်ကြောင်းများ ဆက်လက်ထွက်ပေါ်လာနေသည်။
ဟင်းလင်းပြင်က ပရမ်းပတာဖြစ်နေပြီး အက်ကြောင်းများကနေ စိမ့်ထွက်လာသည်။
သူ့ရှေ့ကအစီအရင်ကလည်း ထိုအခိုက်အတန့်၌ ပျက်စီးသွားကာ ရေခဲတောင်၏ အစစ်အမှန်အသွင်ကို ဖော်ပြလာသည်။
ရေခဲဝိဉာဉ်ဂိုဏ်းက သူ့မျက်လုံးရှေ့တွင် ပေါ်လာခဲ့သည်။
ထိုစဉ် သူတို့အကြား၌ အထိတ်တလန့်ဖြစ်နေကြသည့် အာရုံထွေပြားခြင်းအဆင့် စွမ်းအားရှင်များပေါ်လာကြပြီး အံ့ဩသင့်ကာ ဒေါသထွက်သွားကြ၏။
"မင်းကဘယ်သူလဲ၊ ဘာလို့ငါတို့ရဲ့ ရေခဲဝိဉာဉ်ဂိုဏ်းကို စော်ကားရတာလဲ"
ဘေးပတ်၀န်းကျင်မြင်ကွင်းကိုကြည့်လိုက်စဉ် သူတို့က လုချန်ရှန်း၏ခွန်အားကို အံ့ဩသင့်သွားကြသည်။
ဒါဘယ်လိုနယ်ပယ်မျိုးလဲ!
ထို့နောက်တွင်သာ လုချန်ရှန်းက လက်တစ်ဖက်နှင့် ဟင်းလင်းပြင်ကို ညှစ်ကာ ပေါက်ကွဲစေပြီး ကောင်းကင်ကိုပြိုကွဲစေကာ သူတို့၏အစီအရင်ကို ဆုတ်ဖြဲပစ်ခဲ့တာကို သူတို့သိလာကြသည်။
လုချန်ရှန်း ထွေရာလေးပါးပြောမနေပါ။
လက်ချောင်းနှစ်ချောင်းအတူတကွ စုဆုံသွားကြပြီး ဓားလက်ချောင်းကို ဖန်တီးလိုက်၏။
ချက်ချင်းဆိုသလို ဓားဖြင့်ညွှန်ပြသည်။
ဓားဆန္ဒအများအပြားက ထိုရေခဲဝိဉာဉ်ဂိုဏ်း အာရုံထွေပြားခြင်းအဆင့် အကြီးအကဲများ၏ မျက်ခုံးများကြားသို့ တိုက်ရိုက်ထိုးဖောက်သွားကြ၏။
ဝိဉာဉ်များကပျောက်ကွယ်သွားကြသည်။
ချက်ချင်းဆိုသလို သူခြေတလှမ်းရှေ့တိုးစဉ် ထိုနေရာကပျောက်ကွယ်ကာ ရေခဲဝိဉာဉ်ဂိုဏ်းအတွင်းပိုင်း၌ ပေါ်လာသည်။
အမျိုးသမီးတစ်ဦးက တုတ်တစ်ချောင်းကိုင်ကာ ဆင်းလာပြီး ခေါင်းမော့ရင်း လုချန်ရှန်းကို လေးနက်စွာကြည့်သည်။
အစွန်ပိုင်း၌ ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီးများက ထိတ်လန့်နေကြသည်။
အမျိုးသမီးက ပေါက်ကရပြောမနေတော့ဘဲ အသံမြင့်မြင့်နှင့်အော်ဟစ်လိုက်သည်။
"အစီအရင်ကိုအပြီးသတ်ကြ"
ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သော ရေခဲဝိဉာဉ်ဂိုဏ်းတပည့်များက ထိုအမျိုးသမီး၏ကိုယ်ထဲတွင် သူတို့၏ ကိုယ်ပိုင်စွမ်းအားများကို စုစည်းကြစေသည်။
အမျိုးသမီးက သူမလက်ထဲက တုတ်ကို မြောက်လိုက်သည်။
တုတ်ထိပ်ကနေ ရေခဲရောင်ခြည်တခုက ဘေးပတ်ပတ်လည်၌ ပြန့်ကြဲသွား၏။
လုချန်ရှန်း၏နှစ်ပတ်လည်နေ့၌ ရေခဲမှန်များဖြင့် အလှဆင်ပေးထားသည့်ပမာ။
လုချန်ရှန်း ဤမြင်ကွင်းကိုကြည့်မနေပါ။
သူကဤစောင့်ရှောက်သူမဟာအခင်းအကျင်းကြီးကို လျစ်လျူရှုထားသလို တာအိုနယ်ပယ်က အမျိုးသမီးကိုလည်း လျစ်လျူရှုထားသည်။
လက်အစုံကိုဖြန့်လိုက်စဉ် လုချန်ရှန်းတဝိုက်၌ ဓားသိုင်းစည်းမျဉ်းများက မုန်တိုင်းတစင်းပမာ ရေခဲဝိဉာဉ်ဂိုဏ်းတခုလုံးထံ ၀င်ရောက်သွား၏။
ဤမြင်ကွင်းကိုကြည့်ရင်း အမျိုးသမီး၏ မျက်နှာ၌ စိတ်ပျက်နေသည့် အကြည့်တခုပေါ်လာခဲ့သည်။
ယခုလိုအားကောင်းသည့်လူမျိုးကို မည်သူကများ စော်ကားခဲ့လေသနည်း!
ဤသည်ကိုတွေးတောနေစဉ် နောက်ဆက်တွဲ ဘာမှလုပ်နိုင်စွမ်းမရှိတော့။
ရေခဲဝိဉာဉ်ဂိုဏ်းတခုလုံးက ဤဓားသိုင်းစည်မျဉ်းမုန်တိုင်းနှင့်အတူ လွင့်မြောသွားခဲ့သည်။
မည်သည့်အော်ဟစ်သံမှထွက်မလာခဲ့။
ဤအမျိုးသမီးအပါအ၀င် တပည့်သားအားလုံးက အမှုန့်များအဖြစ် တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။
ရေခဲဝိဉာဉ်ဂိုဏ်းတခုလုံးက ဘာမှမရှိတော့သည်အထိ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမရပ်နားဘဲ ခံစားချက်မဲ့နေသည့်အမူအရာဖြင့် လေထဲတွင် လွင့်မြောကာ လက်ကိုဆန့်ထုတ်လျက် ညင်သာစွာ ဖိချလိုက်သည်။
ရေခဲလွှာတခုလုံးက တိုက်ရိုက်ပင်ပျက်စီးသွား၏။ ထိုရေခဲလွှာအောက်၌ ဧရာမအပေါက်ကြီးတခုဖြစ်လာပြီး ရေခဲရေများအဖြစ်ပြောင်းလဲကာ ထိုထဲသို့သွန်ထည့်ရင်း ရေကန်တခုဖြစ်တည်နေသည်။
ယခုအချိန်ကစပြီး ရေခဲဝိဉာဉ်ဂိုဏ်းတည်ရှိသည့် ရေခဲပြင်ကြီးက ထပ်မံမတည်ရှိတော့ဘဲ ဤရေကန်လေးတခုသာရှိနေခဲ့သည်။
ခြေရာများအားလုံးကိုဖျက်ဆီးပစ်သည်။
အားလုံးလုပ်ဆောင်ပြီးနောက် ယဲ့ချိုးပိုင်လက်ခုပ်တီးကာ ရှေ့သို့ဆက်ရွေ့လျားရင်း ထိုနေရာကပျောက်ကွယ်သွား၏။
....
ထိုကဲ့သို့မြင်ကွင်းက လှံနတ်ဘုရားဂိုဏ်းတွင်လည်း ပေါ်ပေါက်လာသည်။
လှံနတ့်ဘုရားဂိုဏ်းတွင် နေထိုင်သူများက အတော်လေးကြီးစိုးထားပုံရသည်။
တောင်ထိပ်က လှံတချောင်းကဲ့သို့ ဖြောင့်တန်းနေပြီး ကောင်းကင်နှင့်မြေကြီးအကြားရပ်နေသည်။
လုချန်ရှန်းဤနေရာသို့ရောက်လာသည်နှင့် ဂိုဏ်းသားအားလုံးကို သတ်ပစ်သည်။
တချိန်တည်းမှာပင် လှံတချောင်းနှင့်တူသည့်တောင်က လုချန်ရှန်း၏ရုတ်တရက် ဆွဲယူခြင်းကိုခံရသည်။
ချက်ချင်းဆိုသလို မြေကြီးထဲပြောင်းပြန်လှန်ပစ်ကာ လက်ဝါးဖြင့်ရိုက်ချသည်။
လှံနှင့်တူသည့်တောင်က မြေကြီးထဲသို့ အကြမ်းပတမ်းကျဆင်းသွားသည်။
သူကလက်ခုပ်တီးရင်း ခေါင်းမော့လိုက်သည်။
"ဒါကိုဒီလိုလုပ်တာက အင်မော်တယ်တွေအတွက်ပဲ မဟုတ်ဘူးလား"
ဤသည်က တခြားတစ်ယောက်၏ အုတ်ဂူပေါ်သို့ အမွှေးတိုင်တစ်တိုင်ထည့်ပေးထားသည့်အလားပင်။
မေ့လိုက်တော့!
ငါ့ကိုယ်တိုင်လည်းမသိတော့ဘူး!
စကားပြောပြီးသည်နှင့် လုချန်ရှန်းထိုနေရာကနေ ပျောက်ကွယ်သွားပြန်ပြီး ရွှမ်မင်ချောက်ကမ်းပါးသို့ သွားလိုက်သည်။
ကြယ်ကြွေဂိုဏ်း၌ရှိနေသေးသည့် မုဖူရှန်းက ငွေချပ်၀တ်တပ်မှူးအစီအရင်ခံတင်ပြသည့် သတင်းများကိုနားထောင်ရင်း သူ့မျက်လုံးများက အဆက်မပြတ်အံ့ဩသင့်နေသည်။
အရမ်းအားကောင်းလွန်းတယ်!
အရမ်းမိုက်တယ်!
မုဖူရှန်းပြောနေသည်က ခွန်အားအကြောင်းမဟုတ်သည်မှာ သိသာသည်။
လုချန်ရှန်းသွားလေရာ၌ မြက်ခင်းနှင့် အမြစ်များကို ဖြတ်တောက်ပစ်ရုံတင်မက အလောင်းများကိုဖျက်ဆီးခြင်း၊ ခြေရာများကိုအမြစ်ဖြတ်ခြင်း၊ အစရှိသည်တို့ကိုလည်း လုပ်ဆောင်ခဲ့သောကြောင့်ပင်။
သူ့ရဲ့ဆာလောင်မှုကအရမ်းများလွန်းသည်။
ယခုလိုသတိအပြည့်ထားတတ်သည့်နည်းစနစ်က မုဖူရှန်းကဲ့သို့ ကိုယ့်ကိုကိုယ် လိပ်တကောင်အဖြစ် ခံယူထားသည့်သူပင် မတွေးနိုင်ပေ။
ချက်ချင်းဆိုသလို မုဖူရှန်းတစုံတရာကို တွေးမိသွားသည့်အလား ငွေချပ်၀တ်တပ်မှူးနှင့်အဖိုးအိုတို့ကိုကြည့်ကာ ပြောလိုက်သည်။
"သတိရပါ၊ ဒီစီနီယာရဲ့ပျောက်ကွယ်မှုကို ကျုပ်တို့လုံး၀တားဆီးထားရမယ်"
"ပိတ်ဆို့ထားမှာလား" အဖိုးအိုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလိုလူမျိုးကို ဘယ်လိုပိတ်ဆို့နိုင်မှာလဲ"
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းသုံးဂိုဏ်းစလုံးပင် ဤနယ်မြေက တိုက်ရိုက်သုတ်သင်ဖယ်ရှားခံရသည်။
ဤအရာက ကြီးလွန်းသည်။
အာရုံစိုက်ခံရရန်ဟူသည် မဖြစ်နိုင်။
မုဖူရှန်းတခဏမျှတွေးတောပြီးနောက် အပြုံးဖြင့်ပြောသည်။
"နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်တွေလည်း ၀င်လာတာပဲမလား၊ သူတို့ကိုပဲ အပြစ်တင်လိုက်တော့"
"ဒါက ဒီဒေသက တခြားအင်အားစုတွေကို သူတို့ဘိုးဘေးတွေက အခုအချိန်ထိ အသက်ရှင်ကျန်ဖို့အတွက် ဘယ်လောက်များ ကူညီခဲ့ရသလဲဆိုတာ သတိပေးနိုင်ဖို့အတွက်ပဲ"
အဖိုးအိုကခေါင်းညိတ်သည်။
"ကျုပ်နားလည်ပါပြီ၊ အရှင်မင်းသားကရော"
မုဖူရှန်းလက်ဝှေ့ယမ်းသည်။
"ကျုပ်ကိုယ်တိုင်ပြောလိုက်မယ်"
အဖိုးအိုနှင့်ငွေချပ်၀တ်တပ်မှုးတို့က ခေါင်းညိတ်ကာ ထိုနေရာ၌ပင် ပျောက်ကွယ်သွားကြ၏။
ဤကဲ့သို့သတင်းမျိုးကို တတ်နိုင်သမျှ အမြန်ဆုံးပိတ်ပစ်ထားရန်လိုအပ်သည်။
မုဖူရှန်းပြောသည်ကိုကြားရသောအခါ ကျန်းဝူဖန်းကလည်း အလားတူရွေးချယ်မှုကို လုပ်ကာ သတင်းများကို ပိတ်ဆို့ထားလိုက်သည်။
....
ထိုအချိန်တွင် လုချန်ရှန်းက လွင့်ပြင်တခု၌ ထိုင်နေသည်။ ဤနေရာက ချောက်ကမ်းပါးတခုဖြစ်ခဲ့သည်။ သို့သော် မည်သူမှ တွေးနိုင်ကြမည်မဟုတ်။
ပထမတန်းစားအင်အားစုတစုက တချိန်က ဤနေရာ၌ရပ်တည်ခဲ့ဖူးသည်။
ဤသည်က ရွှမ်မင်ချောက်ကမ်းပါးပေတည်း။
လုချန်ရှန်းသူ့ရှေ့၌ ပေါ်ပေါက်လာသည့် အချိန်အကြာကြီးပျောက်ဆုံးနေခဲ့သော ဘောင်ကွက်ကိုကြည့်ကာ ခေါင်းကိုက်လာသည်။
[ပိုင်ရှင်က တာ၀န်ကိုအစပျိုးလိုက်ပါပြီ၊ ကျေးဇူးပြုပြီး တပည့်လက်ခံဖို့အတွက် ကြယ်ကြွေတောင်ကိုသွားပါ]
[အမည်: မုဖူရှန်း]
[ပါရမီ: SSSS အဆင့်]
[အရည်အချင်းများ: အင်ပါယာဖြစ်လာမည့် ပုဂ္ဂိုလ်၊ တံဆိပ်၏မှော်အစွမ်း၊ ဂူနတ်ဘုရား]
သူက အက္ခရာများ၏မှော်စွမ်းအားကို နားလည်သည်။
နတ်ဘုရားလား!
ဒါကဘယ်လိုအရာမျိုးလဲ!
လုချန်ရှန်းခေါင်းကိုထိလိုက်စဉ် ရုတ်တရက် ကမ္ဘာကြီးက မကောင်းဘူးဟု ခံစားနေရသည်။
ဤတပည့်သားအနည်းငယ်က သူ့အတွက် လုံလောက်နေပါပြီ။
ယခုနောက်တယောက်လာပေတော့မည်။
အပိုင်း(369) coming။
ငါ့တပည့်တွေက ဘုရင်တွေ