← Chapters

#၀န်ခံတဲ့အခါ ပွင့်လင်းပါ#

Vol. 26 Ch. 369

#၀န်ခံတဲ့အခါ ပွင့်လင်းပါ#

Vol. 26 Ch. 369

မုဖူရှန်း၏ဩဇာက အတော်လေးအားကောင်းသည်။

ဤသတင်းကလုံး၀ထွက်မလာခဲ့ပေ။

ကြွယ်ကြွေဓားဂိုဏ်းကလည်း ဒါကို နားလည်သဖြင့် သတင်းကိုမပြောခဲ့ကြ။

လုချန်ရှန်းပြန်လာသောအခါ ယဲ့ချိုးပိုင် ခေါင်းငုံ့ရင်း နာခံရိုကျိုးစွာလျှောက်သွားသည်။

သူကသစ်သားဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ကာအပ်လိုက်သည်။ ထို့နောက်နာကျင်မှုအပြည့်မျက်နှာထားဖြင့် လေးနက်စွာပြောသည်။

"ဆရာ၊ ကျေးဇူးပြုပြီးအပြစ်ပေးပါ"

ဘေးတွင် ရှောင်ဟိုင်နှင့်ရှီရှန်းတို့က ထူးဆန်းစွာကြည့်နေကြသည်။

ဤမတိုင်ခင်က ယဲ့ချိုးပိုင်ပြောခဲ့တာကို သူတို့မှတ်မိသည်။

"ဆရာအပြစ်ပေးတာမခံရအောင် ဒီအချိန်ငါဘာလုပ်သင့်သလဲ"

အပြစ်ရှိကြောင်း၀န်ခံခြင်း!

မှန်ပေသည်။ ကိုယ့်အမှားကို၀န်ခံရန်အတွက် ပဏာမခြေလှမ်းလှမ်းထားသရွေ့ အပြစ်ဒဏ်ကို လျှော့ချနိုင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က ဆရာနှင့်တပည့်ဖြစ်ကြသည်။

ထိုအချိန်တွင် လုချန်ရှန်း၌ သူ့ကို ပြင်းထန်စွာ အပြစ်ပေးနိုင်မည့် နှလုံးသားမျိုးရှိမည်မဟုတ်။

ဤသည်ကို ယဲ့ချိုးပိုင်ယုံကြည်သဖြင့် သစ်သားဓားကိုထုတ်ကာ လက်အစုံကို မြှောက်လျက် လုချန်ရှန်းအား ကမ်းပေးပြီး အပြစ်ဒဏ်အတွက် တောင်းဆိုလိုက်ခြင်းပင်။

လုချန်ရှန်းမျက်ခုံးပင့်လိုက်မိသည်။

"ငါ့ကိုပြော၊ မင်းဘာအမှားလုပ်ခဲ့တာလဲ"

ယဲ့ချိုးပိုင်ချက်ချင်းပြောသည်။

"ကျွန်တော်ဒီလောက်အင်အားစုတွေ အများကြီးကို ရန်မစခဲ့သင့်ပါဘူး၊ ကျွန်တော်က ဆရာကိုလာစေပြီး ခြိမ်းခြောက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ ဒုက္ခပေးခဲ့ပါတယ်"

"တခြားဘာကျန်သေးလဲ"

တခုခုမှားနေသေးသလိုပဲ!

ယဲ့ချိုးပိုင် လုချန်ရှန်းကို တုံ့ဆိုင်းစွာကြည့်စဉ် သူ့အမူအရာက မပြောင်းလဲသေးတာကို တွေ့သဖြင့် ဆက်ပြောသည်။

"ကျွန်တော်အရမ်းအထင်ကြီးပြီး တခြားအင်အားစုတွေကို တက်တက်ကြံကြွ ရန်စမိခဲ့ပါတယ်"

"ဒီလိုဆိုရင် ဘယ်အင်အားစုတွေကို မင်းစော်ကားမိလဲ"

"ကျွန်တော်တကယ်ရန်မစနိုင်ပါဘူး.... ဇီရှင်းမိသားစုက အရမ်းအစွမ်းထက်ပုံပဲ၊ ဒါကြောင့်....."

လုချန်ရှန်း၏မျက်ခုံးများက ရှုံ့တွသွားပြီး လက်သီးဆုပ်လိုက်သည်။

"ဆက်ပြော"

"အဲဒီနောက်မှာ အင်အားစုတွေအများကြီးရဲ့ တိုက်ရိုက်တပည့်များစွာကို သတ်ပစ်ခဲ့တယ်၊ ဒါကအနာဂတ်မှာ ဒုက္ခနည်းနည်းတော့ ရောက်မယ်ထင်တယ်"

"...."

လုချန်ရှန်းလက်အစုံက သွေးကြောများပင် တဖြည်းဖြည်းထောင်မတ်လာသည်။

"ကောင်းပြီ၊ ဒီလိုဆိုရင်ဒါကပြီးပြီလား"

...

....

....

အချိန်တစ်မိနစ်နှင့်တစ်စက္ကန့်ကုန်ဆုံးသွား၏။

လူတိုင်း၏အသက်ရှုသံများပင် ထွက်ပေါ်နေသည်။

ယခုတွင်မူ ယဲ့ချိုးပိုင်၏မှလုံးသားက အများကြီးခံစားနေရသည့်သူပင်။

လုချန်ရှန်း၏အသက်ရှူသံကိုနားထောင်ရင်း သူအနည်းငယ်စိတ်ရှုပ်သွားသည်။

ဘာဖြစ်သွားတာလဲ!

ဘာတခုမှမမှားဘူးလေ!

ကြည့်ရတာ မုဖူရှန်းရဲ့ရူးသွပ်တဲ့စိတ်ကူးက တကယ်သုံးရတာလွယ်ကူပုံပဲ!

ရိုးသားပြီး ပွင့်လင်းပါ!

ထိုအချိန်တွင် လုချန်ရှန်းက နောက်ဆုံး၌ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

"ယဲ့ချိုးပိုင်"

သူ့နာမည်ခေါ်သည်ကိုကြားရသောအခါ ယဲ့ချိုးပိုင်တုန်ယင်သွားပြီး အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။

"တပည့်ဒီမှာရှိပါတယ်"

"မင်းစာသားတကြောင်းကိုကြားဖူးလား"

လုချန်ရှန်း၏နှုတ်ခမ်းထောင့်စွန်းက တုန်ယင်နေပြီး သူ့မျက်ခုံးနှင့်မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင်နှင့် ရှီရှန်းတို့ပင်လျှင် တုန်ယင်သွားကြပြီး အလျင်အမြန်နောက်ဆုတ်သွားကြ၏။

ငါတို့ကလူကောင်းလေးတွေပါ!

ဒါကိုမတော်တဆမှုတွေအတွက် စည်းချက်တခုလို့ပြောလို့ရတယ်!

ဆော့ရီးပါ အစ်ကိုကြီးရေ!

"ဘာများလဲ"

လုချန်ရှန်း၏အသံကပြေပြစ်နေပြီး ဘာတခုမှမဖြစ်ခဲ့သည်နှင့်တူသော်လည်း သူ့ကိုသိသည့်လူတိုင်းက သိကြသည်။

ထိုအခိုက်အတန့်၌ လုချန်ရှန်းက ပေါက်ကွဲတော့မည့်မီးတောက်တခုပမာ။

"၀န်ခံတဲ့အခါ ပွင့်လင်းပါ၊ ပြီးတော့ အကျဉ်းထောင်ကို တည့်တည့်သွားလိုက်၊ တင်းကျပ်စွာခုခံပြီး နှစ်သစ်အတွက် အိမ်ပြန်ပါ"

"..."

ယဲ့ချိုးပိုင်၏မျက်နှာကပြောင်းလဲသွား၏။

တခြားအရာများကိုဂရုမစိုက်တော့ဘဲ သူကလက်ထဲကသစ်သားတုတ်ကို လွတ်ချကာ တဖက်လှည့်ပြီး ထွက်ပြေးလေတော့သည်။

သူ့ကိုယ်ခန္ဓာကို ထောက်ပံ့ရန်အတွက် လေသိုင်းပညာရပ်ကိုသုံးပြီး ကြယ်ကြွေဓားပညာရပ်ကိုပါသုံးကာ ပိုမြန်လာစေရန်အတွက် ဓားပင်လယ်တခုအဖြစ် ပြောင်းလဲသွားစေသည်။

သူက သူ့အော်ရာကို လုံလောက်စေရန်အတွက် အာဒိကပ္ပဓားသိုင်း၏ အဆုံးမဲ့ဘ၀အဓိပ္ပာယ်ကိုပင် သုံးခဲ့သည်။

သူ့လက်ထဲတွင် လုချန်ရှန်း‌ပေးထားသည့် အားဖြည့်ဆေးလုံးလက်တစ်ဆုပ်ကို ကိုင်ထားသည်။

လွတ်မြောက်ရန်အတွက် ယဲ့ချိုးပိုင်ခွန်အားအလုံးစုံကို သုံးစွဲနေသည်။

ပြေးနေရင်း သူကအော်ဟစ်ရန်လည်းမမေ့ခဲ့ပေ။

"မုဖူရှန်း၊ မင်းငါ့ကိုစောင့်နေ"

မုဖူရှန်းအပြုံးဖြင့် ခေါင်းကုတ်လိုက်သည်။

"မင်းဆရာက ပုံမှန်ဝှက်ဖဲအတိုင်း မကစားတတ်ဘူးဆိုတာ ငါဘယ်လိုသိမလဲဟ"

ချက်ချင်းဆိုသလို သူကချောင်းတချက်ဟန့်ရင်း နောက်ထပ်အချိန်တာလေးကို မမြင်မကြားသည့်ပမာ တဖက်လှည့်လိုက်ပြီး အရူးအမူးပြေးနေသည့် ယဲ့ချိုးပိုင်၏ ကျောကို ကြည့်လိုက်သည်။

လုချန်ရှန်းမထီမဲ့မြင်ပြုံးလိုက်သည်။

ထို့နောက်သူအလွယ်တကူပင်ဖမ်းလိုက်သည်။ ဤသည်က ဟင်းလင်းပြင်ကို ချိုးဖျက်သွားပုံရသည်။

ယဲ့ချိုးပိုင်သူ့ခန္ဓာကို မရွေ့လျားနိုင်တော့။

ပြီးသွားလေပြီ။

ယဲ့ချိုးပိုင် ၀မ်းနည်းနေသည့်မျက်နှာဖြင့် ခါးသီးစွာပြုံးလိုက်သည်။

ချက်ချင်းဆိုသလို သူက မမြင်ရသည့် အားတခု၏ဆွဲယူခြင်းကိုခံရပြီး လုံး၀ခုခံနိုင်စွမ်းမရှိချေ။

သူ့ရှေ့သို့နီးကပ်လာနေသည့် ရင်းနှီးနေသည့်မျက်နှာကို ကြည့်ရင်း လုချန်ရှန်းအော်ဟစ်သည်။

"ဆရာ... ဆရာရေ၊ မတွေ့ရတာကြာပြီ.."

လုချန်ရှန်းအေးစက်နေသည့်အကြည့်ဖြင့် လေထဲသို့ပစ်ချလိုက်သည်။

ချက်ချင်းဆိုသလို လက်ချောင်းတချောင်းလှုပ်ရှားလိုက်သည်နှင့် ဓားသိုင်းစည်မျဉ်းရောင်ခြည်တစင်းက ယဲ့ချိုးပိုင်ကို တိုက်ရိုက်လွှမ်းခြုံသွား၏။

အလွှာများက ပင့်ကူအိမ်ကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်းမှာပင် အထဲကနေ ယဲ့ချိုးပိုင်၏ အော်ဟစ်သွများထွက်လာသည်။

ဤအော်ဟစ်သံက ကြားနာရသူတိုင်းအတွက် တကယ်ကို ၀မ်းနည်းစရာကောင်းသည်။

‌ရှောင်ဟိုင်နှင့်ရှီရှန်းတို့က တယောက်ကိုတယောက်ကြည့်ကာ တံတွေးမျိုချလိုက်ကြသည်။

ထိုနှစ်ယောက်ကို ကြည့်ရင်း လုချန်ရှန်းနှာခေါင်းရှုံ့သည်။

"အခုမင်းတို့အကျိုးဆက်ကိုသိကြပြီမလား"

နှစ်ယောက်သားအလျင်အမြန် ခေါင်းညိတ်သည်။

အကယ်၍သူတို့သာအနည်းငယ် နောက်ကျသွားပါက စီနီယာအကိုကြီးကဲ့သို့ ဆက်ဆံခံရမည်ကို ကြောက်နေကြသည်။

လုချန်ရှန်းကျေနပ်စွာခေါင်းညိတ်သည်။

ဤလှိုင်းများက ကြက်၊ မျောက်များကို သတ်နေသည့်ပမာ ဤကောင်လေးများကို ပို၍ရိုးသားလာအောင် လုပ်ပေလိမ့်မည်။

ကိစ္စကိုဤနေရာ၌ အပြီးသတ်ပြီးနောက် လုချန်ရှန်း မုဖူရှန်းကိုကြည့်လိုက်သည်။

"ဒီသတင်းတွေထွက်မလာဖို့ ငါမျှော်လင့်ပါတယ်"

ထိုစကားလုံးများကိုကြားသောအခါ မုဖူရှန်းလက်နှစ်ဖက်ဆုပ်လိုက်သည်။

"စီနီယာ၊ မစိုးရိမ်ပါနဲ့၊ စီနီယာလာကတည်းက ကျွန်တော် ဒီနေရာကသတင်းတွေကို ပိတ်ဆို့ဖို့အတွက် အစွမ်းကုန်ကြိုးစားပြီး ချက်ချင်းလူလွှတ်ပြီးပါပြီ၊ စီနီယာရဲ့တည်ရှိမှုကို ကျွန်တော်တခြားသူတွေကို သေချာပေါက်သိခွင့်ပေးမှာမဟုတ်ပါဘူး"

လုချန်ရှန်းအနည်းငယ်အံ့ဩသင့်သွား၏။

ဟမ်!

ဒီကောင်လေးကအတော်လေးတက်ကြွတာပဲ!

မဆိုးဘူး!

ကျန်းဝူဖန်းနှင့် တံခါးစောင့်အဖိုးအိုတို့ကလည်း ရောက်လာကြပြီး လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်လိုက်ကြသည်။

"ကူညီပေးတဲ့အတွက်ကျေးဇူးပါ၊ စီနီယာ"

"စီနီယာကြောင့်သာမဟုတ်ဘူးဆိုရင် ကြယ်ကြွေဓားဂိုဏ်းက ဒီတကြိမ် အပြင်းအထန်ထိခိုက်သွားမှာ ကျုပ်စိုးရိမ်မိတယ်"

ကြယ်ကြွေဓားဂိုဏ်းက ဖျက်ဆီးခံရလိမ့်မည်ဟု ကျန်းဝူဖန်းမပြောခဲ့ပေ။

ဆိုလိုတာက ကြယ်ကြွေဓားဂိုဏ်းတွင် ဝှက်ဖဲတခုရှိနေသေးသည်။

ဤဝှက်ဖဲက ပထမတန်းစားအင်အားစုသုံးခုကို ခံနိုင်ရည်ရှိသည့် ဝှက်ဖဲပေတည်း။

သို့သော် ဤသည်ကအမှန်ပင်ဖြစ်သည်။

ကြယ်ကြွေဓားဂိုဏ်း၏နောက်ခံက အတော်လေးအားကောင်းနေဆဲပါ။

လုချန်ရှန်းလက်ဝှေ့ယမ်းလိုက်သည်။

"ငါမင်းတို့ကိုကျေးဇူးတင်ရမှာပါ၊ ဒီကောင်စုတ်လေးသုံးယောက်က မင်းတို့နဲ့ ရင်းနှီးမနေတာတောင် သူတို့ကိုကာကွယ်ဖို့အတွက် ကလန်တခုလုံးရဲ့စွမ်းအားကို အသုံးပြုခဲ့တယ်"

ကျန်းဝူဖန်းရယ်မောလိုက်သည်။

"မရင်းနှီးဘူးလို့လည်းဆိုလို့ မရပါဘူး၊ ယဲ့ချိုးပိုင်က ကျုပ်တို့ဂိုဏ်းက ဓားဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားတယ်၊ စည်းမျဉ်းအရဆိုရင်တော့ သူက ကျုပ်တို့ဂိုဏ်းရဲ့ဓားသားတော်ဖြစ်လို့ သူ့ကိုကာကွယ်တာက မှန်ပါတယ်"

ဓား!

ဒီကောင်ကအတော်လေးနာမည်ကြီးတာပဲ!

သူကို ကြယ်ကြွေဓားဂိုဏ်းထဲသို့ တိုက်ရိုက်ပစ်ပေးလိုက်မယ်ဆိုရင်ရော!

ကျန်းဝူဖန်းဆက်ပြောသည်။

"စီနီယာ၊ ဘာလို့ကျုပ်နေရာကိုသွားပြီး အနားမယူရတာလဲ၊ ကျုပ်လည်း စီနီယာကို ကျေးဇူးတင်ချင်ပါတယ်"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"မဟုတ်ပါဘူး၊ ငါကကျေးဇူးတင်သင့်တဲ့လူပါ၊ မင်းဘာလိုချင်သလဲဆိုတာကိုသာပြောပါ"

တဖက်လူက ယဲ့ချိုးပိုင်ကိုအများကြီးကူညီပေးထားလေရာ ယဲ့ချိုးပိုင်ကလည်း သူ့တပည့်ဖြစ်နေသဖြင့် ဤကျေးဇူးကို ပြန်ဆက်ရပေမည်။

ပြန်ဆပ်ဖို့အခက်ခဲဆုံးအရာက ငွေမဟုတ်ပါ။ ၎င်းက လူ့ခံစားချက်များသာ။

ထို့ကြောင့် ဒါကိုချက်ချင်းဖြေရှင်းနိုင်သည်က အကောင်းဆုံးပေတည်း။

ကျန်းဝူဖန်း ခေါင်းကို အလျင်အမြန် ခါယမ်းသည်။

"မလိုပါဘူး... ဒါကကြယ်ကြွေဓားဂိုဏ်းရဲ့တာ၀န်ပါ"

ထို့နောက် လုချန်ရှန်းကလည်း ဆန္ဒမရှိသည့်အလား အလျင်အမြန်ပြောသည်။

"မဟုတ်ဘူး၊ ဒါကိုလုပ်ဖို့လိုတယ်"

ကျန်းဝူဖန်းနှင့်အဖိုးအိုကလည်း ဒါကို ဘယ်လိုပြောရမှန်းမသိတော့။

ဘာလို့ဒီလောက်ဇွဲနပန်းကြီးနေရတာတုန်း!

သို့စေကာမူ လုချန်ရှန်း၏ပြတ်သားနေသည့်လေသံကိုမြင်ရသောအခါ သူခါးသီးစွာသာပြုံးလိုက်သည်။

"ဒီလိုဆိုရင်.... ဓားစွမ်းအားကို ဘယ်လိုနားလည်သဘောပေါက်ရမလဲဆိုတာ ကျုပ်တို့ကိုပြောပြပါ"

ရိုးရိုးလေးပဲမဟုတ်ဘူးလား!

လုချန်ရှန်းခေါင်းညိတ်ကာ ချက်ချင်းထောက်ပြသည်။

ဓားသိုင်းစည်းမျဉ်းစွမ်းအားတမျှင်က သူ့ကိုယ်ခန္ဓာကနေထွက်လာပြီး ကျန်းဝူဖန်းရှေ့၌ ဖြည်းဖြည်းချင်းလွင့်မြောနေ၏။

"ဉာဏ်အလင်းရဖို့အတွက် ဒါကိုသုံးလိုက်ပါ"

မမျှော်လင့်စွာပင် နှစ်များစွာကြာပြီးနောက်တွင် ကြယ်ကြွေဓားဂိုဏ်းက ဓားသိုင်းစည်းမျဉ်းစွမ်းအားကို မှီခိုအားကိုးကာ နယ်နိမိတ်မဲ့နယ်မြေ၏ အထွပ်အထိပ်၌ ရပ်နေလေတော့မည်။

အပိုင်း(370) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters