← Chapters

#ဒီခရီးကအချည်းနှီးမဟုတ်ဘူးဘဲ...!#

Vol. 26 Ch. 370

#ဒီခရီးကအချည်းနှီးမဟုတ်ဘူးဘဲ...!#

Vol. 26 Ch. 370

ထို့ကြောင့် ဤသည်က ကျေးဇူးဆပ်ပြီးသွားပြီဟုဆို၍ရသည်။

ကျန်းဝူဖန်းနှင့်အဖိုးအို၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့်ပြည့်နှက်နေသည်။

သူတို့ခံစားနေရသည်။

ဓားသိုင်းစည်းမျဉ်း၏စွမ်းအားကို နားလည်နေသရွေ့ သူတို့အချိန်အကြာကြီး မချိုးဖျက်နိုင်ခဲ့သည့် ဓားသိုင်းနယ်ပယ်ကို ပိုမြင့်သည့်အဆင့်တခုကို တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။

ဤသည်ကသူတို့အတွင်ဖြစ်သည်။

ဒါကို အဖိုးတန်ဆုံးလက်ဆောင်တခုအဖြစ် ဖော်ပြ၍ရသည်။

လုချန်ရှန်း ဘေးပတ်လည်ကြည့်လိုက်စဉ် ဘေးက မုဖူရှန်းကိုတွေ့လိုက်သဖြင့် လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာ"

မုဖူရှန်းတခဏမျှလန့်သွားသည်။ ယခုလိုထိပ်သီးစွမ်းအားရှင်က သူ့ကိုဘာလုပ်ခိုင်းဖို့ ခေါ်သလဲဆိုတာ သူမသိသော်လည်း သူလျှောက်သွားဆဲပင်။

"ဘာအမိန့်ပေးစရာများရှိပါသလဲ၊ စီနီယာ"

လုချန်ရှန်း မုဖူရှန်းကိုကြည့်ကာပြောသည်။

"ငါမင်းကိုအမိန့်အကြောင်းပြောမှာမဟုတ်ဘူး"

"တခုတည်းပဲ"

"ကျေးဇူးပြုပြီးပြောပါ စီနီယာ"

လုချန်ရှန်း မုဖူရှန်းကို သဘောကျသည်။

အမှန်အတိုင်းပြောရပါက ဤကလေးက သူ့စိတ်ကြိုက်ဖြစ်သည်။

သူ့ကိုတပည့်အဖြစ်လက်ခံခြင်းကမဆိုးပေ။

အနည်းဆုံးသူ့အတွက်တော့ ပြဿာနာအနည်းငယ် လျော့ပါးသွားနိုင်သည်။

ဤသည်ကိုတွေးမိစဉ် သူကပြောသည်။

"ငါမင်းကို ငါတပည့်အဖြစ်ခေါ်သွားချင်တယ်၊ မင်းဆန္ဒရှိလား"

ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် လူတိုင်းတုန်လှုပ်ချောက်ချားသွားကြသည်။

ဤကဲ့သို့စူပါစွမ်းအားရှင်က မုဖူရှန်းကို အမှန်တကယ်သဘောကျသွားတာလား!

သို့စေကာမူ မုဖူရှန်း၏အထောက်အထားကလည်း အားမနည်းပေ။

သို့သော် ယခုလိုအဆင့်ရှိသည့်စွမ်းအားရှင်က မုဖူရှန်း၏နောက်ကွယ်ကစွမ်းအားကို အမှန်တကယ် တန်ဖိုးထားသည်လား။

နယ်နိမိတ်မဲ့မင်းဆက်ကပင် သူ့ကို သဘောကျအောင် လုပ်နိုင်မည်မဟုတ်။

ဖြစ်နိုင်ရတာက သူကမုဖူရှန်းရဲ့ ပါရမီကို သဘောကျသွားတာများလား!

ကျန်းဝူဖန်း ဂရုတစိုက်တွေးနေမိသည်။

မုဖူရှန်းတွင် မည်သည့်အံ့ဖွယ်မှတ်တမ်းဟူ၍ပင်မရှိပါ။

သူကအရာအားလုံးကိုပုံမှန်အတိုင်းသာ လုပ်ပြီး နိမ့်ချပြီးနေသည်။

သူ့ပုံစံက အစားစားပြီးသေရန်စောင့်နေသည့် တော်၀င်မင်းသားနှင့်ပိုတူသည်။

မုဖူရှန်းဘေးက ငွေချပ်၀တ်တပ်မှုးနှင့် အဖိုးအိုတို့၏မျက်နှာအမူအရာများပင်လျှင် ထူးဆန်းနေကြသည်။

ဤသည်က မုဖူရှန်း၏ပါရမီက အားကောင်းသည်ဟု ဆိုလိုနေခြင်းပင်။

ဒါပေမယ့် ဒီပုံစံက သေဖို့အရမ်းကြောက်နေတဲ့ပုံစံလေ!

မတိုက်ခိုက်ရဲဘူး၊ မစရဲဘူး၊ သူကဘယ်လိုလုပ် သိုင်းပညာအထွပ်အထိပ်ကို ရောက်နိုင်မှာလဲ!

အနည်းဆုံးသူတို့စိတ်ထဲ ဤအတွေးက ရှိနေသည်။

ဤသို့ဆိုပါက မည်သည့်အတွင်ကြောင့် ဒီစီနီယာက မုဖူရှန်းကို သဘောကျသွားလေသနည်း။

မုဖူရှန်းကိုယ်တိုင်ပင်လျှင် အံ့ဩသင့်သွားသည်။

ချက်ချင်းဆိုသလို သူကစိတ်လှုပ်ရှားသွားသည်။ ဤစူပါစွမ်းအားရှင်က သူ့ကို မြင်နိုင်စွမ်းရှိလေရာ သူ့ကိုယ်ပိုင်ခွန်အားကိုလည်း အလျင်အမြန်တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။

ခွန်အားတိုးတက်အောင်လုပ်ပြီးတဲ့အခါကျရင် သတိထားထားတတ်တဲ့ ပုံစံကိုပါ ထပ်ပေါင်းသင်ယူထားရမယ်!

ဒီလိုဆိုရင် ငါ့ဘ၀က ပိုပြီးလုံခြုံသွားလိမ့်မယ်၊ ဟားဟား!

မုဖူရှန်း၏မျက်နှာကလေးနက်နေပြီး ချက်ချင်းပင် ဦးညွတ်လိုက်သည်။

"တပည့်မုဖူရှန်းက ဆရာကို အရိုအသေပေးပါတယ်"

ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် လုချန်ရှန်းစိတ်ထဲက စနစ်အသံက ချက်ချင်းမြည်ဟီးလာသည်။

[အလုပ်ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ ဆုအတွက်ကတော့]

[အဆောင်စာအုပ်၊ ရှေးဟောင်းကောင်းကင်ကိုးသွယ်မိုးကြိုးနတ်ဘုရား၊ ကောင်းကင်ဘုံမိုးကြိုးတာအိုဆန္ဒ]

မိုးကြိုးတာအိုဆန္ဒ

နိဒါန်းကိုဖတ်ပြီးနောက် လုချန်ရှန်းနားလည်သွားသည်။

ဤကဲ့သို့တာအိုဆန္ဒမျိုးနှင့်ဆိုပါက ကိုယ့်ကိုကိုယ် မိုးကြိုးကပ်ဘေးတခုအဖြစ် ပြောင်းလဲနိုင်ပြီး ကပ်ဘေးကိုခုခံရန်အတွက် ကိုယ်ခန္ဓာကို အသုံးပြုနိုင်သည်။

လုချန်ရှန်း‌ညင်သာစွာခေါင်းညိတ်ရင်း အဆောင်စာအုပ်ကိုထုတ်ကာ ပြောသည်။

"ဒါကအဆောင်စာအုပ်ပဲ၊ မင်းက အဆောင်တွေနဲ့ရင်းနှီးတာဆိုတော့ ဒါကိုယူပြီး ဂရုတစိုက်လေ့လာလိုက်၊ ဒါကမင်းရဲ့ အဆောင်ခရီးစဉ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိလာလိမ့်မယ်၊ တိုးတက်အောင်လုပ်ပါ"

မုဖူရှန်းဂရုတစိုက်ယူလိုက်ပြီးနောက် ပထမအကြည့်မှာပင် သူ့မျက်နှာက အံ့ဩသင့်မှုကနေ ပျော်ရွှင်မှုသို့ ကူးပြောင်းသွား၏။

အထဲတွင် မှတ်တမ်းတင်ထားသည့် အဆောင်နည်းစနစ်းများက ပျောက်ဆုံးနေခဲ့သည့် သို့မဟုတ် သူအရင်က တခါမှမမြင်ဖူးသည့် အရာများပင်။

နယ်နိမိတ်မဲ့မင်းဆက်၏ မင်းသားတပါးတဖြစ်လဲ မုဖူရှန်းက သူထိတွေ့နိုင်သည့် အဆောင်နည်းစနစ်အားလုံးနှင့် ထိတွေ့နိုင်ခဲ့သည်ဟု ဆို၍ရသည်။

သူမမှတ်မိသည့်အဆောင်များဟူသည် မရှိသလောက်ရှားပါးသည်။

ပျောက်ဆုံးနေခဲ့သည့်နည်းစနစ်အနည်းငယ်ကလွဲပြီး ကျန်အရာအားလုံးက သူ့အတွက် အခြေခံသာဖြစ်သလို စွမ်းအားကလည်း အရမ်းအားကောင်းသည်။

"လုချန်ရှန်းခပ်ပေါ့ပေါ့ပင်မေးသည်။

"မင်းဘယ်လိုနည်းစနစ်မျိုးမှာကောင်းတာလဲ"

မုဖူရှန်းခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်းဖြေသည်။

"ဆရာ့ကိုတင်ပြပါတယ်၊ ကျွန်တော် ကာကွယ်ရေးအဆောင်နဲ့ လွတ်မြောက်ခြင်းအဆောင်တွေကို ဖန်တီးတာမှာ ကောင်းပါတယ်"

ဤသည်ကိုကြားသောအခါ ဘေးက ငွေချပ်၀တ်တပ်မှုးနှင့် အဖိုးအိုတို့က မည်းမှောင်သွားကြပြီး ဆွံအသွားကြသည်။

သူတို့၏အရှင်မင်းသားက အမှန်တကယ်ပင် လူများကို မူးစေသွားအောင်လုပ်နေသည်။

လုချန်ရှန်း၏မျက်လုံးများက မုဖူရှန်းအရင်ကလုပ်ခဲ့တာကို သတိရသွားသည့်အလား ရုတ်တရက်တောက်ပလာသည်။

"မင်းဘာလို့ ဒီအမျိုးအစားနှစ်ခုကို ရွေးချယ်ရတာလဲ"

"မင်းသိလား၊ ဒီကမ္ဘာပေါ်က ကျင့်ကြံသူတိုင်းလိုလိုက သတ်ဖြတ်ခြင်းပုံစံ တာအိုအစီအရင်တွေနဲ့ အဆောင်တွေကို အဓိကထားကြတယ်"

မုဖူရှန်းတွေးပင်မတွေးတောလိုက်ချေ။

"အသက်ရှင်မှသာ ရလဒ်ဆိုတာရှိလာမယ်လေ"

"သေသွားတဲ့အခါကျရင် သတ်ဖြတ်ခြင်းစွမ်းအားက ဘာအသုံး၀င်တော့လို့လဲ"

"အ‌ဆောင်တွေကရော"

"တကယ်လို့ စိမ်းလန်းတဲ့တောင်ကုန်းတွေကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ထင်းမီးအကြောင်း စိတ်ပူနေစရာမလိုတော့ဘူးလေ"

ပို၍နားထောင်လာလေလေ လုချန်ရှန်း၏ မျက်လုံးများက ပို၍တောက်ပလာလေလေဖြစ်သည်။

လူကောင်းလေးပဲ!

လူကောင်းလေးပဲ!

ဒီကောင်လေးမှာ အနာဂတ်ရှိတယ်!

လုချန်ရှန်း ပျော်ရွှင်စွာပင် မုဖူရှန်းပခုံးကိုပုတ်ကာ ကျယ်လောင်စွာရယ်မောသည်။

"တော်တယ်၊ မင်းအရမ်းတော်တယ်"

မုဖူရှန်းနည်းနည်းစိတ်ရှုပ်နေသည်။

လုချန်ရှန်းက သူ့ကိုလှောင်ပြောင်နေတာလား သို့မဟုတ်ချီးမွမ်းနေတာလားဆိုတာ သူတခဏတာမပြောနိုင်ပေ။

သူထိုစကားလုံးများကိုပြောသည့်အကြိမ်တိုင်း သူ့အဖေပင်လျှင် သူ့အား အသိပညာချို့ယွင်းသည့်အတွက် အပြစ်တင်တတ်သည်။

မုဖူရှန်းအပြစ်တင်ခံရရန်အတွက် အဆင်သင့်ဖြစ်နေစဉ်မှာပင် လုချန်ရှန်းပြုံးလိုက်သည်။

"မူလရည်ရွယ်ချက်ကိုသတိရပါ၊ ဆက်သွားထား၊ မင်းစိတ်ကူးကမှန်တယ်၊ ဒီတော့ တခြားသူတွေပြောတာနားထောင်ပြီး မင်းကိုယ်ပိုင်လမ်းကြောင်းကို မပြောင်းပစ်နဲ့၊ ကြားလား"

စကားလုံးများကအံ့ဩသင့်ဖွယ်ကောင်းသည်။

ထိုစကားလုံးများကို ပြောပြီးသည်နှင့်တပြိုင်နက် ငွေချပ်ဝတ်တပ်မှူးဖြစ်စေ၊ အဖိုးအိုဖြစ်စေ၊ ကျန်းဝူဖန်းဖြစ်စေ အားလုံး ကြက်သေသေနေကြသည်။

ဒါက....

‌ဒါကဘာကိုပြောတာလဲဟ!

ဒီလိုစစ်ဆင်ရေးမျိုးရှိသေးတာလား!

ရှောင်ဟိုင်နှင့် ရှီရှန်းတို့သာငြိမ်နေကြသည်။

သူတို့ပင်လျှင် တွေးနေကြသည်။

မုဖူရှန်းဆရာ့ရဲ့အချစ်ဆုံးတပည့်ဖြစ်လာမှာကို သူတို့စိုးရိမ်နေကြသည်။

ဤအချက်ကိုတွေးမိရင်း နှစ်ဦးစလုံးက အကူအညီမဲ့စွာခေါင်းခါယမ်းသည်။

မုဖူရှန်းကစိတ်လှုပ်ရှားနေသည်။

ရင်ဘတ်ချင်းတူတဲ့မိတ်ဆွေပဲ!

နောက်ဆုံးတွင် တစ်ယောက်ယောက်က သူ့ကိုနားလည်ပေးခဲ့လေပြီ။

မုဖူရှန်းချက်ချင်းပင် လုချန်ရှန်းလက်ကိုကိုင်ကာ လေးနက်စွာပြောသည်။

"ကောင်းပြီ၊ ကျွန်တော်ဆရာ့ရဲ့အစီအစဉ်ကို သေချာပေါက်နာခံပြီး ဆရာ့ရဲ့ညွှန်ကြားချက်တွေကို လိုက်နာပါမယ်"

"တပည့်ကောင်းပဲ"

"ဆရာကောင်းပဲ"

ထိုအချိန်တွင် နှစ်ဦးစလုံးက လက်အစုံကို တင်းကျပ်စွာကိုင်ထားကြသည်။

မသိရင် သူတို့က နှစ်အတော်ကြာ ကင်းကွာနေသည့် မိတ်ဆွေများါလားပင်။

ဤမြင်ကွင်းကိုမြင်သောအခါ လူတိုင်းမျက်နှာဖုံးလိုက်မိကြသည်။

ဒါကထိပ်သီးစွမ်းအားရှင်လားဟ!

လခွမ်းတဲ့မှ!

ချက်ချင်းပင် လုချန်ရှမ်း မုဖူရှန်းကို ကောင်းကင်ဘုံမိုးကြိုးတာအိုကိုပါ လက်လွှဲပေးသည်။

"ဒါက သတ်ဖြတ်ခြင်းနည်းစနစ်ပဲ၊ ဒါကို ဒီရက်တွေမှာမင်းယူလို့ရတယ်"

"ဒါပေမယ့် အဆောင်အပေါ်မှာပဲ အာရုံစိုက်ပါ"

မုဖူရှန်းအလျင်အမြန်ခေါင်းညိတ်သည်။

"အရမ်းလေးနက်တာကို ကျွန်တော်သိပါတယ်၊ မစိုးရိမ်ပါနဲ့ဆရာ"

လုချန်ရှန်းကျေနပ်စွာခေါင်းညိတ်သည်။

"ကောင်းတယ်"

ချက်ချင်းဆိုသလို သူက ကျောက်စိမ်းဆွဲသီးတခုပေးကာ ပြောသည်။

"ဒီကိစ္စကိုဖြေရှင်းပြီးတဲ့အခါကျရင် ငါ့တည်နေရာကိုရှာဖို့ မင်းဒါကိုသုံးလို့ရတယ်၊ ငါအရင်သွားလိုက်တော့မယ်"

မုဖူရှန်းခေါင်းညိတ်သည်။

"ဖြည်းဖြည်းသွားပါ၊ ဆရာ"

သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် လေးစားမှုဖြင့် ပြည့်နှက်နေသည်။

ယခုအချိန်တွင် လုချန်ရှန်းက တကယ်ပင် မုဖူရှန်းကို ယုံကြည်လက်ခံစေခဲ့သည်မှာ သိသာထင်ရှားနေသည်။

တချိန်တည်းမှာပင် လုချန်ရှန်း ဂူနတ်ဘုရားအဓိပ္ပာယ်ကိုနားလည်လာသည်။

နောက်ဆုံးတွင် သူ့ကိုသက်တောင့်သက်သာဖြစ်စေမည့် တပည့်တယောက်ရလာလေပြီ။

ဤခရီးစဉ်က အချည်းနှီးမဟုတ်ဘူးဟုဆို၍ရသည်။

ဤသည်ကိုတွေးမိရင်း လုချန်ရှန်း ယဲ့ချိုးပိုင်ကိုယ်တဝိုက်ရှိ ဓားစည်းမျဉ်းတာအိုကို ဖယ်ရှားကာ ဟင်းလင်းပြင်အား ဆုတ်ဖြဲရင်း ထိုနေရာမှထွက်သွားသည်။

ယဲ့ချိုးပိုင်အောက်ကျလာသည်နှင့်တပြိုင်နက် မုဖူရှန်းအား မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဂျူနီယာညီလေး...."

မုဖူရှန်းခေါင်းကုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။

"အစ်ကို၊ မင်းငါ့ကိုအပြစ်တင်လို့မရဘူး၊ ဆရာက ပုံမှန်အတိုင်းမလုပ်တာကို ငါဘယ်လိုသိမလဲ"

ယခုမုဖူရှန်းက စွမ်းအားကိုရှာဖွေရန်ကြိုးစားရင်း ထီးနန်းလုချင်နေသလားဆိုတာ ယဲ့ချိုးပိုင် သံသယ၀င်လာသည်။

ယဲ့ချိုးပိုင်၏အန္တရာယ်ရှိသည့်အကြည့်ကို ကြည့်ရင်း မုဖူရှန်းပြုံးကာ ယဲ့ချိုးပိုင်ပခုံးပေါ် လက်တင််ပြီးပြောသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါတို့က အခုမိသားစုတွေပဲ၊ သွားသောက်ကြစို့"

"သောက်ပြီးမှ ဆရာပေးခဲ့တဲ့နည်းစနစ်ကို ငါပြန်သွားပြီးလေ့လာလိုက်မယ်"

အပိုင်း(371) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters