← Chapters

#ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်#

Vol. 26 Ch. 371

#ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်#

Vol. 26 Ch. 371

ဤနေရာ၌ပြီးသွားပြီဖြစ်သဖြင့် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့်ရှောင်ဟိုင်တို့က မုဖူရှန်းနှင့်အတူ နယ်နိမိတ်မဲ့နန်းတော်သို့မသွားကြသေး။

သူတို့က နယ်နိမိတ်မဲ့နယ်မြေ၏ အင်ပါယာဖြစ်သည့် မုဖူရှန်းအဖေကို သွားမတွေ့ခဲ့ကြသည်မှာ သေချာသည်။

လေးယောက်လုံးစားသောက်ပြီးနောက်တွင် လေ့ကျင့်ရန်အတွက် ထွက်သွားကြသည်။

ယဲ့ချိုးပိုင်တို့သုံးယောက်က အရင်တိုက်ပွဲက သူတို့၏ထိုးထွင်းအမြင်များနှင့် စစ်အတွေ့အကြုံများကို သေချာအောင်လုပ်ကြသည်။

မုဖူရှန်း တံဆိပ်စာအုပ်ကိုဖွင့်လိုက်သည်။

သူကကောင်းကင်ဘုံမိုးကြိုးတာအိုက အရင်ဆုံးဖယ်ထားသည်။

လုချန်ရှန်းပြောခဲ့သကဲ့သို့ပင် အဆောင်တံဆိပ်စာအုပ်က ပို၍အရေးပါသည်ဟု မုဖူရှန်းလည်းတွေးတောသည်။

ဖွင့်လှစ်ပြီးနောက် ရိုးရှင်းပြီး စစ်မှန်သည့် တံဆိပ်များကို တခုပြီးတခုစိတ်၀င်စားလာသည်။

အထူးသဖြင့် လွတ်မြောက်နည်းစနစ်နှင့် ကာကွယ်ရေးသင်္ကေတပင်။

ဥပမာအားဖြင့် ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်!

ဤသည်က ‌မိုးကြိုးကောင်းကင်တခုအဖြစ် ပြောင်းလဲသွားစေပြီး အလွန်မြန်ဆန်သည့်နှုန်းဖြင့် စစ်မြေပြင်ကနေ ထွက်ပြေးနိုင်အောင်လုပ်ပေးနိုင်သည်။

တချိန်တည်းမှာပင် မိုးကြိုးမုန်တိုင်းသာဆိုပါက သက်ရောက်မှုက ပို၍ပင်ကြီးမားပေလိမ့်မည်။

ဤလွတ်မြောက်အဆောင်က မုဖူရှန်း၏ အရင်လွတ်မြောက်အဆောင်များထက် အများကြီးပိုအားကောင်းသည်။

လွတ်မြောက်အကွာအဝေးက ဆယ်ဆပင် တိုးလာသည်။

တချိန်တည်းမှာပင် အမြန်နှုန်းကလည်း ပို၍ပင်မျှော်လင့်မထားသည်အထိ မြန်လာသည်။

မုဖူရှန်းကို အများဆုံးစိတ်၀င်စားစေသည်က ဤအချက်နှစ်ချက်မဟုတ်ပါ။

ဤသည်ကဆွဲဆောင်နေသော်လည်း ဤမိုးကြိုးလွတ်မြောက်အဆောင်ကို အဆောင်တံဆိပ်စာအုပ်ထဲတွင် ကာကွယ်ရေးတံဆိပ်တခုအဖြစ်လည်း တွဲစပ်အသုံးပြုနိုင်ခြင်းပင်။

ကိုးလွှာမိုးကြိုးအကာအရံ!

မိုးကြိုးကိုးခုကို ဆင့်ခေါ်နိုင်ပြီး နေရာတိုင်းက ရန်သူများကိုခုခံရန်အတွက် အကာအရံဒိုင်းအဖြစ် ပြောင်းလဲသွားအောင်လုပ်နိုင်သည်။

မှန်ပေသည်။ ကိုးလွှာမိုးကြိုးက ကြားခံအဖြစ် မိုးကြိုးအမျိုးအစားကိုးခုလိုအပ်သည်။

မိုးကြိုးကပိုအားကောင်းလေလေ၊ ခံစစ်ကလည်းပိုအားကောင်းလာလေလေပင်။

ဤသည်က တာအိုနယ်ပယ်အစောပိုင်းအဆင့်စွမ်းအားရှင်၏ ရိုက်ချက်အပြည့်ကို ခံနိုင်ရည်ရှိသည့် သာမန်မိုးကြိုးတခုသာ။

အကယ်၍ ဒဏ္ဍာရီဆန်သည့်မိုးကြိုးစွမ်းအားကို ရှာတွေ့ပါက မည်သို့ဖြစ်လာမည်နည်း။

ဤသို့ဆိုပါက ဤကြယ်နယ်မြေတွင် ဆရာကလွဲ၍ တခြားမည်သူမှ ချိုးဖျက်နိုင်မည်မဟုတ်ပေ။

ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်၏ လွတ်မြောက်မှုအမြန်နှုန်းကို တိုးလာစေရန်အတွက် ကိုးလွှာမိုးကြိုးကို သုံးနိုင်သည်။

မုဖူရှန်းစိတ်လှုပ်ရှားလာသည်။

"ဆရာကတော့ဆရာပါပဲ၊ ဒီအဆောင်တံဆိပ်တွေက အင်ပါယာနန်း‌တွင်းဘဏ္ဍာတိုက်က စာအုပ်တွေထက် အများကြီးပိုကောင်းတယ်"

မှန်ပေသည်။ ခက်ခဲမှုကလည်း ပို၍ တိုးမြှင့်လာမည်သာ။

ကိုးလွှာမိုးကြိုးအကာအရံကို ယာယီအတွက် ထွင်းထု၍မရပါ။

မုဖူရှန်းဤသည်ကို တွေးနေသည်။ သာမန်မိုးကြိုးဖြင့်ပုံဖော်ရန်ဟူသည် လုံလောက်သည့် လုံခြုံမှုမရှိ။

အချိန်ရောက်လာမှသာ တစ်ယောက်ယောက်ကို ရှာခိုင်းရပေတော့မည်။

မဟုတ်ဘူး၊ ဒါကိုတခြားသူတွေ ရှာခွင့်ပေးလို့မရဘူး၊ ငါကိုယ်တိုင်ရှာရမယ်!

ဤတံဆိပ်ကို အသက်ကယ်ဝှက်ဖဲအဖြစ် အသုံးပြုရမည်။

ဒီအကြောင်းကို သိသူနည်းလေလေ၊ ပိုကောင်းလေလေပင်။

ပြောပြီးပြီဆိုတော့ စကြရအောင်!

သူကအဆောင်မှင်တံကို ထုတ်ပြီး အဆင့်မြင့်အဆောင်စာရွက်ကို ထိုထဲတွင် ထွင်းထုလိုက်၏။

မုဖူရှန်းတွင် ပါရမီနှစ်ခုရှိသည်။

ကျင့်ကြံခြင်းပါရမီနှင့် စိတ်ဝိဉာဉ်ပါရမီတို့ပင်ဖြစ်သည်။

စိတ်ဝိဉာဉ်ပါရမီက အဂ္ဂိရတ်ပညာနှင့် အဆောင်ရေးဆွဲခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

အစီအရင်အတွက်မူ ကောင်းကင်နှင့်မြေကြီးစွမ်းအားအတွက် အားကောင်းသည့်အသိနှင့်ဆက်နွှယ်မှုကို လိုအပ်သည်။

သင်္ကေတနှင့်အစီအရင်များက အတော်လေးတူသည်ဟုထင်ရသည်။

သို့စေကာမူ ပထမတခုအတွက် အဆောင်ကို ထုထွင်းရန်အတွက် အထူးနည်းစနစ်တခုဖြင့် သူ့ကိုယ်ပိုင်ခွန်အားကိုသုံးရသည်။

အစီအရင်က ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ထုတ်လွှတ်နိုင်ရန်အတွက် ကောင်းကင်နှင့်မြေကြီးကို ကြားခံအဖြစ် အသုံးပြုခြင်းပင်။

မုဖူရှန်း၏စိတ်ဝိဉာဉ်ပါရမီက မည်မျှပင်မြင့်မားသည်ဟုမူ နယ်ပယ်တခုတည်းက ကျင့်ကြံသူများနှင့် သာမန်လူများထက် အတော်လေးမြင့်မားသည်။

ထို့ကြောင့် စာလုံးကိုထွင်းထုနေသည့်အချိန်တွင် မြန်နှုန်းနှင့်တိကျမှုကို အာမခံထားနိုင်သည်။

သာမန်အဆောင်သခင်များက အဆောင်တခုကို အပြီးမသတ်ခင် သုံးရက်ကြာကြာ ပုံကြမ်းဆွဲရန် လိုအပ်သည်။

သို့သော်မုဖူရှန်းက ရက်တ၀က်သာလိုအပ်ခဲ့သည်။ ဤသည်က စိတ်နှင့်ဝိဉာဉ်ကြားက ကွာဟချက်ပင်။

သို့သော်ဤတံ‌ဆိပ်ကိုမူ မုဖူရှန်းထွင်းထုရန်အတွက် နှစ်ရက်အပြည့်ကြာသွားခဲ့သည်။

ဤသည်ကတခုပြီးမြောက်ရန်အတွက်ဖြစ်သည်။ မှန်ပေသည်။ ပြီးမြောက်မှုအဆင့်ကလည်း အတော်လေးမြင့်မားသည်။

ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်က အတော်လေးလက်တွေ့ကျပြီး တံဆိပ်စာအုပ်တွင် အဆင့်အနိမ့်ဆုံးတံဆိပ်အမျိုးအစားတခုပင်။

မုဖူရှန်း၏လက်ရှိခွန်အားအရ သူက ဤအဆင့်တံဆိပ်ကိုသာ ထိနိုင်သည်။

မိုးကြိုးလွတ်မြောက်အဆောင်ကို ကောက်ကိုင်ရင်း မုဖူရှန်းအကျဥ်း‌ထောင်ရှိရာသို့ တယောက်တည်းသွားခဲ့သည်။

ကောင်းကင်အကျဉ်းထောင်၌ နယ်နိမိတ်မဲ့နယ်မြေက မရေမတွက်နိုင်လောက်သည့် အကျဉ်းသားများကို ထိန်းသိမ်းထားသည်။

ထို့ထဲတွင် ကျင့်ကြံခြင်းအခြေခံအတော်လေးမြင့်မားသည့် အစွမ်းထက်ပုဂ္ဂိုလ်များလည်းရှိကြပြီး ဤနေရာ၌ ဖိနှိပ်ခံထားရသည်။

ဤလူများကိုဖိနှိပ်ရန်အတွက် နယ်နိမိတ်မဲ့မင်းဆက်က တန်ဖိုးအကြီးကြီးတခု ပေးဆပ်ခဲ့ရသည်။

ဤနေရာတွင် ဟင်းလင်းပြင်ကို ဖြတ်သန်းမသွားနိုင်သည့်အစီအရင်နှင့် ဖိနှိပ်ခြင်းအစီအရင်တခုကို တည်ဆောက်ထားသည်။

မုထူရှန်း သူ့၏ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်က အလုပ်လုပ်သလားဆိုတာကို သိချင်ရန်အတွက်သာ ဤနေရာသို့ လာလိုခြင်းပင်။

ခိုး၀င်ရန်အတွက်မူ မုဖူရှန်း၏လက်ရှိခွန်အားအရ ယခုလိုအလွန်အမင်းတင်းကျပ်ခိုင်ခံ့သည့် နေရာသို့ တိတ်တဆိတ်ခိုး၀င်ရန်ဟူသည် မဖြစ်နိုင်ပေ။

ရှာဖွေတွေ့ရှိသွားပါက ပိုကောင်းမည်ဟူသော ရည်ရွယ်ချက်နှင့်သူလာသည်။

သင့်တင့်သည့်အကြောင်းပြချက်တခုဖန်တီးကာ ပွင့်ပွင့်လင်းလင်း၀င်‌ရောက်ခြင်းက ပိုကောင်းသည်။

မုဖူရှန်းအတွက်မူ ၀င်ရန်အတွက် အကြောင်းပြချက်တခုဖန်တီးရန်ဟူသည် အရမ်းရိုးရှင်းသည်။

၀င်ပြီးနောက် အနက်ပိုင်းသို့လာနေစဉ် ဒီနေရာကလှောင်အိမ်များက ပိတ်ထားပြီး အခန်းတိုင်းကို တင်းတင်းချိတ်ပိတ်ထားသည်။

မရေမတွက်နိုင်လောက်သည့်တံဆိပ်များနှင့် မှော်စက်ဝိုင်းများကိုလည်း တပ်ဆင်ထားသည်။

ဤသည်အပြင် ကောင်းကင်အကျဉ်းထောင်ကိုယ်တိုင်ကလည်း ဧရာမဖိနှိပ်ခြင်းအစီအရင်တခုဖြစ်လေရာ ဤသည်က ယနေ့မြင်ရသည့် အကျဉ်းထောင်၏ တည်ဆောက်ပုံကို ဦးတည်သွားစေခဲ့သည်။

ဒီထဲကနေ မည်သူမှမလွတ်မြောက်နိုင်ပါ။

မုဖူရှန်း ဤနေရာ၌ ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကို ထုတ်ယူလိုက်သည်။

အနီးအနားတွင် မည်သူမှမရှိသည်ကို ထပ်မံစစ်ဆေးပြီးနောက် အငွေ့အသက်ကို ဖယ်ရှားပေးသည့် တံဆိပ်နှင့်မှော်လက်နက်ကို ထုတ်ယူလိုက်ပြန်သည်။

မည်သူမှ စောင့်ကြည့်မနေတာကို အတည်ပြုပြီးနောက်တွင် မိုးကြိုးလွတ်‌မြောက်အဆောင်ကို ပစ်လွှတ်လိုက်၏။

ထို့နောက် အော်ရာကိုထိုထဲသို့သွန်ထည့်ကာ တံဆိပ်ကို အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလို မုဖူရှန်း ခရမ်းရောင်မိုးကြိုးတစင်းအဖြစ် ပြောင်းလဲသွားပြီး မည်သူတစ်ဦးတစ်ယောက်၏ အာရုံစူးစိုက်ခြင်းကိုမှ မခံရဘဲ အကျဉ်းထောင်နှင့် အစီအရင်အတွင်း ထိုးဖောက်နေသည်။

၎င်းကမိုးကြိုးတစ်စင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ကနေဆင်းသက်လာသည်။ တိမ်နက်များကဆင်းသက်လာပြီး မိုးကြိုးပစ်ချသည်။

ခရမ်းရောင်မိုးကြိုးက မုဖူရှန်းနေအိမ်ရှိရာသို့ တည့်တည့်ရိုက်ခတ်လာသည်။

မုဖူရှန်း၏ကိုယ်ကလည်း ချက်ချင်းဆိုသလို သူ့နေအိမ်၌ ပေါ်လာခဲ့သည်။

မှန်ပေသည်။

ဤမိုးကြိုးလွတ်မြောက်အဆောင်တွင် ကောင်းကင်ကိုပင်အံတုနိုင်သည့် သက်ရောက်မှုတခုရှိသည်။

ဤနေရာတဝိုက်က မည်သည့်နေရာကိုမဆို ရွေးချယ်၍ရသည်။

ဤသည်က ယနေ့နယ်နိမိတ်မဲ့နယ်မြေတွင် အဝေးတနေရာရှိ မည်သည့်အဆောင်သခင်များမှ မလုပ်နိုင်သည့်အရာတခုပင်။

သို့သော် အကွာအဝေးတိုများကသာ ဖြစ်နိုင်သည်။

အကွာအဝေးတိုအဆောင်များက ဆင်းသက်သည့်နေရာကို ဆုံးဖြတ်နိုင်သော်လည်း ကွဲလွဲမှုတချို့က မကြာခဏဆိုသလိုဖြစ်ပျက်တတ်သည်။

မုဖူရှန်းပျော်နေပုံရသည်။

ချက်ချင်းဆိုသလို သူကအခန်းထဲပြန်ဝင်ကာ တံဆိပ်ကို ထုထွင်းလိုက်၏။

သူနောက်ထပ်အကြိမ်ရေအနည်းငယ်ခန့် အတည်ပြုရန်လိုအပ်သည်။

အကွာအဝေးဘယ်လောက်ရှိသလဲဆိုတာကို သိမှသာ ဘောင်ကျော်မှုတခုကို သိနိုင်လာစေလိမ့်မည်။

အရှည်ဆုံးအကွာအဝေးသို့ လွတ်မြောက်နိုင်ရန်အတွက် တံဆိပ်စာအုပ်နှင့်အတူ အတည်ပြုရန်လိုအပ်သည်။

ဤနည်းလမ်းဖြင့်သာ ဘေးကင်းပေလိမ့်မည်။

ဒါတွေအားလုံးကိုလုပ်ပြီးသွားသောအခါ မုဖူရှန်းအချိန်နှစ်လတိတိယူခဲ့ရသည်။

ယင်းထဲတွင် တစ်လက တံဆိပ်ကို ထွင်းထုခြင်းဖြစ်ပြီး လမ်းပေါ်၌ ရက်နှစ်ဆယ်ရှိခဲ့သည်။

သို့သော် လွတ်မြောက်အကွာအဝေးနှင့် ဆင်းသက်သည့်နေရာ၏ကွာဟချက်က အတိအကျတူညီသည်။

ဤသည်ကို မုဖူရှန်းစာရွက်ပေါ်၌ ချရေးလိုက်သည်။

ငွေချပ်၀တ်အစောင့်တစ်ယောက်က ကတံခါးခေါက်ကာ အခန်းထဲ၀င်လာသည်။

"အရှင်မင်းသား၊ အင်ပါယာက အရှင်မင်းသားကို ခေါ်ထားပါတယ်"

အဖေလား!

မုဖူရှန်းပြုံးလိုက်သည်။

"ဒီတခါငါ့ကိုခေါ်ဖို့ အရမ်းကြာနေခဲ့တော့ ကြည့်ရတာ ငါ့အဖေရဲ့စိတ်ရှည်နိုင်စွမ်းက တိုးတက်လာပုံပဲ"

ပြောပြီးနောက် မုဖူရှန်းစာအုပ်ကိုသိမ်းဆည်းကာ ထရပ်ပြီး နန်းတော်သို့ သွားလိုက်သည်။

နန်းတော်သို့ရောက်လာစဉ် မုဖူရှန်း ဂရုမစိုက်သည့်အသွင်ထိုင်ချကာ သေရည် ငှဲ့ထည့်လိုက်သည်။

မုကျန်းထင်သူ့သားကို အကူအညီမဲ့စွာ ကြည့်နေသည်။

"ငါသာမင်းကိုမမေးဘူးဆိုရင် မင်းငါ့ကို ပြောရောပြောပြဦးမှာလား"

မုဖူရှန်း အံ့ဩသင့်တကြီးမေးသည်။

"အဖေဘာပြောနေတာလဲ"

"...."

မုကျန်းထင်မည်း‌မှောင်နေသည့်အမူအရာဖြင့်ပြောလာသည်။

"မင်းက အဲဒီစွမ်းအားရှင်ကို မင်းဆရာအဖြစ် ဦးချခဲ့တယ်"

ဤသည်ကိုကြားသောအခါ မုဖူရှန်း လက်များကို ဆန့်တန့်လိုက်သည်။

"အဖေသိနေတာပဲလေ၊ ဘာလို့ကျွန်တော့်ကို မေးနေရသေးတာလဲ"

မည်သို့ပင်ဆိုစေကာမူ မုကျန်းထင်က အင်ပါယာဖြစ်သည်။ သူက တခြားသူများဆီကနေ သတင်းကို ပိတ်‌ဆို့ထားနိုင်သော်လည်း အင်ပါယာကို မသိစေရန်ဟူသည်က မဖြစ်နိုင်ပါ။

အရိုက်ခံချက်ပုံရနေသည့် မုဖူရှန်း၏ အကြည့်ကိုကြည့်ရင်း မုကျန်းထင်တွေးတောနေသည်။

တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ငါ့ဆွေမျိုးရင်ချာကို ဖြောင့်မတ်မှန်ကန်စွာနဲ့ ငါတကယ် သေချာပေါက် သတ်ပစ်ချင်တယ်!

သို့စေကာမူ သူကသည်းခံမျိုသိပ်လိုက်သည်။

"ကောင်းပြီ၊ ငါ့ကိုပြော၊ မင်းဘယ်လိုတွေးထားလဲ"

အပိုင်း(372) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters