← Chapters

#မုကျန်းထင်းထိုးနှက်မှုတခုခံစားရခြင်း#

Vol. 26 Ch. 372

#မုကျန်းထင်းထိုးနှက်မှုတခုခံစားရခြင်း#

Vol. 26 Ch. 372

မုဖူရှန်းက နယ်နိမိတ်မဲ့နယ်မြေအင်ပါယာ၏ အနာဂတ်အမွေခံဖြစ်သလို မုကျန်းထင်၏သားလည်းဖြစ်သည်။

တော်၀င်မိသားစုတွင် မည်သည့်မိသားစုအချည်အနှောင်မှမရှိသော်လည်း ဤကိစ္စတွင် နယ်နိမိတ်မဲ့မင်းဆက်၏ အစဉ်အလာတခုရှိမနေသည်မှာ သိသာထင်ရှားနေသည်။

နယ်နိမိတ်မဲ့နယ်မြေ၏ တော်၀င်မိသားစုအဖြစ် ကျင့်ကြံရန်အတွက် ပထမဆုံးအရာက ပြည်တွင်းပဋိပက္ခမဖြစ်ပွားရန်ဖြစ်သည်။

ဘယ်ရှုထောင့်ကမိမိအတွက် ပိုသင့်တော်သလဲဆိုတာကိုကြည့်ရင်း ထိုရှုထောင့်တွင် တရား၀င်ရာထူးတခုရယူနိုင်သည်။

ဥပမာအားဖြင့်ဆိုပါက ဘုရင်မမုရှင်းရှင်းက စစ်ရေးစစ်ဆင်ရေးများတွင် ထူးချွန်သဖြင့် စစ်တပ်ကို ဦးဆောင်သည်။

မုဖူရှန်းနှင့်ဆက်ဆံရေးကလည်း အတော်လေးကောင်းသည်။

အနာဂတ်တွင် တစ်ယောက်က စစ်တပ်ကို ဦးဆောင်မည်ဖြစ်ကာ ကျန်တစ်ယောက်က မင်းဆက်ကိုဦးဆောင်ပေလိမ့်မည်။

နှစ်ဦးစလုံးက အချင်းချင်းပူးပေါင်းဆောင်ရွက်ကြလေရာ ယင်းအတွက်ကြောင့်ပင် နယ်နိမိတ်မဲ့နယ်မြေ၌ ဆက်ခံသူမရှိတော့ပါ။

ထို့ကြောင့် မုဖူရှန်းကိစ္စနှင့်ပတ်သက်ပြီး မုကျန်းထင်အမြဲလိုလိုတွေးပူနေခဲ့ရသည်။

နှစ်လရှိနေသည့်တိုင် မုဖူရှန်းက ယခုလို တခြားသူတစ်ယောက်၏ တပည့်ဖြစ်သွားခဲ့သည်ကို မတင်ပြခဲ့ပေ။

မုကျန်းထင်တွင် ရွေးချယ်စရာမရှိတော့သဖြင့် ကိုယ်ထင်ပြရတော့သည်။

"ဒီလိုဆရာတယောက်ထားလိုက်ရတဲ့ အရာမျိုးကိုမင်းဘယ်လိုထင်လဲ"

"အတိတ်က မင်းဆက်ထဲမှာ ထူးချွန်တဲ့ မတူညီတဲ့လူတွေအများကြီးရှိခဲ့တယ်၊ ဒါပေမယ့် မင်းကမလိုချင်ခဲ့ဘူး၊ ပြီးတော့ မင်းအတွက် နယ်မြေအပြင်ပကတခြားဂိုဏ်းတွေတင်မက ကမ္ဘာကြီးက လျှို့ဝှက်ဂိုဏ်းတွေကိုပါ စီစဉ်ပေးခဲ့တယ်၊ ဒါပေမယ့် မင်းက ဖိနပ်တရံလို စွန့်ပစ်လိုက်တယ်"

"အခုတော့ အရိုအသေပေးရတာက ဒီလောက်လွယ်ကူသွားပြီ"

မုဖူရှန်းက ခပ်ညစ်ညစ်ကလေးတစ်ယောက်သာဖြစ်ပြီး စားသောက်ကာ သေရန်စောင့်ဆိုင်းနေတူနှင့် တူသည်။

သူ့တွင် အလွန်နက်ရှိုင်းသည့် နန်းတော်ကြီးတခုရှိသဖြင့် တချိန်တည်းမှာပင် သူက အတော်လေးဂုဏ်ယူတတ်သည်။

မုဖူရှန်း လက်အစုံကိုဆန့်လိုက်သည်။

"သူကအရမ်းအားကောင်းပြီးတော့ သူ့ရဲ့ စိတ်က ကျွန်တော်နဲ့တထပ်တည်းကျတယ်၊ ဒီလိုလူတစ်ယောက်က ကျွန်တော့်ကို တပည့်တစ်ယောက်အဖြစ် လက်ခံချင်တယ်ဆိုရင် ကျွန်တော်ဘယ်လိုငြင်းဆန်နိုင်မလဲ"

မှန်ပေသည်။ အရင်က မုဖူရှန်းငြင်းခဲ့ခြင်းက သူကထိုလူများကို သဘောမကျရုံတင်မက သူ့စိတ်ကူးနှင့်လည်း ဆန့်ကျင်နေသောကြောင့်ဖြစ်သည်။

ထိုလူစွမ်းကောင်းများနှင့် လူထူးလူဆန်းများက လူတိုင်း၏အမြင်၌ အံ့ဩသင့်စရာကောင်းလောက်အောင် တူညီကြသည်။

ပထမဆုံးအဖြစ် သိုင်းပညာဆီသို့ တက်လှမ်းကာ ကမ္ဘာကြီးက တာအိုဝါဒကို လေ့ကျင့်သည်။

ကောင်းကင်၊ မြေကြီးနှင့်လူသားများဖြင့်လည်း ယှဉ်ရန်အရေးကြီးသည်။

ဤနည်းလမ်းဖြင့်သာ ကိုယ်ပိုင်ကျင့်ကြံခြင်းကို ပြီးပြည့်စုံအောင် လုပ်နိုင်ပေလိမ့်မည်။

ထို့နောက်တွင်သာ ကျင့်ကြံခြင်းလမ်းကြောင်း၌ ရှေ့ဆက်သွားနိုင်ပေမည်။

သို့သော် မုဖူရှန်းကဘာကို တွေးတောနေလေသနည်း။

တာအိုဝါဒကိုလေ့ကျင့်ခြင်း၏ ရည်ရွယ်ချက်က ဘာလဲ!

ဒါက အင်မော်တယ်ဖြစ်လာဖို့အတွက် မဟုတ်ဘူးလား!

ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်တိုက်ခိုက်သည်ဖြစ်စေ၊ လူများအား တိုက်ခိုက်သည်ဖြစ်စေ အားလုံးတွင် ရုတ်တရက်သေဆုံးနိုင်ခြေ အရမ်းမြင့်မားသည်။

ထို့ကြောင့် အင်မော်တယ်ကို လိုက်စားရသည့် အကြောင်းရင်းက ဘာများနည်း။

ဤအတွက်ကြောင့် သူတို့၏အကြံဉာဏ်များက မှားယွင်းနေသည်ကို မုဖူရှန်းခံစားရသည်။

အမှန်ဆုံးတခုက တိတ်တဆိတ်ကျင့်ကြံရင်း အားကောင်းသူတစ်ယောက် တိတ်တိတ်လေးဖြစ်လာခြင်းပင်။

ထို့နောက်တွင်သာ မသေစေရန်အတွက် ကာကွယ်မှုတခုကို နေရာချရမည်။

ဤနည်းလမ်းဖြင့်သာ အသက်ပိုရှည်ကြာ နေထိုင်နိုင်ပေလိမ့်မည်။

၎င်းနောက် နယ်ပယ်ချိုးဖျက်ရန်အတွက် အခွင့်အရေးတစ်ခုရလာမည်။

အသက်ရှည်ရန်ရည်ရွယ်ချက်ကို အောင်မြင်ရန်အတွက် တာအိုနှလုံးသားက ကွဲပြားသည်။ ပုံမှန်အားဖြင့် လူအများစုကအချင်းချင်း ပူးပေါင်းကြခြင်းမရှိပါ။

မုဖူရှန်းဤအချက်ကြောင့် လူများစွာကို ငြင်းပယ်ခဲ့ခြင်းပင်။

လုချန်ရှန်းပေါ်လာသောအခါမှသာ ရင်ဘတ်ချင်းဆက်မိတ်ဆွေကို သူစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လုချန်ရှန်းက သူ့ကိုတပည့်အဖြစ်လက်ခံရန် ပဏာမခြေလှမ်းမလှမ်းခဲ့လျှင်ပင် မုဖူရှန်း ဒူးထောက်ကာ လုချန်ရှန်းကို တပည့်အဖြစ် လက်ခံရန်အတွက် တောင်းဆိုမိပေလိမ့်မည်။

ပုံမှန်ဆိုပါက မုဖူရှန်း ဤစကားများကို ဆိုလေ့မရှိပါ။ ထိုသို့ဆိုလျှင် သူ့အဖေက သူ့ကို သေသည်အထိ ရိုက်နှက်ပေလိမ့်မည်။

ဤသည်ကိုမြင်သောအခါ မုကျန်းထင် အကူအညီမဲ့စွာ သက်ပြင်းချသည်။ သူ့သားကိုပင် သူမထိန်းချုပ်နိုင်တော့။

"မေ့လိုက်တော့၊ အဲဒီလူကအရမ်းအားကောင်းတယ်၊ အနည်းဆုံး ငါ့ထက် အားအနည်းဘူး"

"မင်းကသူ့ကိုဆရာအဖြစ် အရိုအသေပေးပြီးပြီဆိုတော့ အဲဒီလူရဲ့စရိုက်နဲ့ပတ်သက်ပြီး ဘာမှမှားယွင်းမနေတာကိုလည်း သက်သေပြနေသလိုပဲ"

"ဒီလိုဆိုမှတော့ ကြိုးစားလေ့လာပြီး ကလိမ်ကကျစ်နည်းလမ်းတွေကို ရပ်လိုက်တော့"

မုဖူရှန်းနှလုံးသားထဲကနေ လှောင်ရယ်‌လိုက်သည်။

သို့သော်အပေါ်ယံတွင်မူ သူက တောက်ပစွာ တုံ့ပြန်သည်။

"လိုက်နာပါမယ်"

"ကောင်းပြီ၊ ရတနာခန်းမကိုသွား၊ ရတနာတချို့ရွေးပြီး မင်းဆရာဆီကိုပို့လိုက်၊ မင်းက တပည့်တစ်ယောက်ဖြစ်လာပြီဆိုတော့ တပည့်အခန်းအနားတခု လုပ်ဖို့လိုအပ်တယ်"

"တော်၀င်မိသားစု၀င်တယောက်တဖြစ်လဲ ယဉ်ကျေးမှုကို ချိုးဖောက်လို့မရဘူး"

ရတနာဘယ်နှစ်ခုလောက်ရွေးရမလဲ!

မုဖူရှန်းခေါင်းမော့ကာ ရတနာများကြားက အဆင့်များကို တွေးနေသည်။

ဆရာသူ့ကိုပစ်ပေးခဲ့သည့် အဆောင်တံဆိပ်စာအုပ်နှင့် ကောင်းကင်ကိုးသွယ်မိုးကြိုးနတ်ဘုရားတာအိုကို တွေးမိရင်း ရှီရှန်း၏ ကြယ်စွမ်းအားကလည်း ဆရာပေးသည့် လေ့ကျင့်ခြင်းတာအိုတစ်မျိုးဖြစ်လိမ့်မည်ဟု သူတွေးလိုက်မိသည်။

ထို့ကြောင့် မုဖူရှန်းကိုယ်တိုင်ပင် အနည်းငယ်အကူအညီမဲ့သလိုခံစား‌ရသည်။ ခက်ခဲသည့်အကြည့်ဖြင့် သူက ခေါင်းခါယမ်းသည်။

"ဒါက.... မေ့လိုက်တော့၊ ဆရာက ဒီလိုပစ္စည်းတွေကို အရမ်းဂရုမစိုက်ဘူး"

သူ့အဖေကိုမစော်ကားမိစေရန်အတွက် မုဖူရှန်း ပို၍သိမ်မွေ့ရန်ဆုံးဖြတ်လိုက်သည်။

ထိုစကားလုံးများကိုကြားသောအခါ မုကျန်းထင် လေးနက်သည့်မျက်နှာထားဖြင့် ပြောသည်။

"မဟုတ်ဘူး၊ မင်းဆရာဂရုမစိုက်ဘူးဆိုရင်တောင် ငါတို့ဂရုစိုက်ရမယ်"

မုဖူရှန်း ငြင်းနေဆဲပင်။

"တကယ်တော့.... ရတနာခန်းမက ရတနာတွေက ဆရာ့ဆီမှာမရှိဘဲနေပါ့မလား"

မုကျန်းထင်အနည်းငယ်အံ့ဩသင့်သွားသည်။ သေချာတွေးတောကြည့်သောအခါ ဤအချက်ကမှန်ပေသည်။

မည်သို့ပင်ဆိုစေကာမူ တဖက်လူက သူ့ထက်မနိမ့်ကျသည့် ထိပ်သီးစွမ်းအားရှင်တစ်ဦးဖြစ်လေရာ သူ့တွင် နောက်ခံတခုရှိရ‌ပေမည်။ ရတနာခန်းမက ထိုပစ္စည်းများ ရှိနေမည်ကပုံမှန်သာ။

ထို့ကြောင့် မုကျန်းထင် လက်ဖဝါးကို အသာအယာလှုပ်ရှားလိုက်သည်။

ကောင်းကင်၊ ရုပ်၀တ္တုနှင့်မြေကြီးရဲ့ ရတနာသုံးခုပေါ်ပေါက်လာသည်။ ဤရတနာများကို ကြည့်လိုက်စဉ် မုဖူရှန်း၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွား၏။

ဤသဘာ၀ရတနာသုံးမျိုးထဲက တမျိုးပင်လျှင် နယ်နိမိတ်မဲ့နယ်မြေက အင်အားစုအားလုံးကို မျက်လုံးများနီသွားအောင် လုပ်ဆောင်နိုင်သည်။

ပထမပစ္စည်းက ကောင်းကင်ဘုံနှင်းကြာပန်းဖြစ်သည်။

၎င်းကိုဘေးတွင်ထားသရွေ့ နှလုံးသားကို သန့်ရှင်းပေးကာ ဝိဉာဉ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။

ဤသည်က မုကျန်းထင်ကဲ့သို့ အားကောင်းသည့်လူများအတွက် အတော်လေးအသုံး၀င်သည်။

ဤပစ္စည်းက လေ့ကျင့်ကြသောအခါ အားကောင်းသည့်လူတိုင်း၏အိပ်မက်တခုပမာဖြစ်သည့် ကောင်းကင်နှင့်မြေကြီး၏ ရတနာတခုပင်။

ဒုတိယတခုက မိုးကြိုးအလင်းနိဗာနဓားဖြစ်သည်။

ဤဓားက ကြယ်ကြွေဓားဧကရာဇ်၏ ကြယ်ကြွေဓားနောက်၌ ဒုတိယလိုက်သည်။

ကြယ်ကြွေဓားကို နယ်နိမိတ်မဲ့နယ်မြေ၌ အဆင့်အမြင့်ဆုံးလက်နက်တခုအဖြစ် မှတ်ယူ၍ရသည်။

မိုးကြိုးအလင်းနိဗာနဓားက ထိပ်တန်းပထမတန်းစားအင်အားစုများကြားတွင် ကလန်၏ ထိပ်သီးရတနာအဖြစ်ပင် မှတ်ယူ၍ရသည်။

တတိယတခုက အင်ပါယာအဆင့်အာကာသယာဉ်ဖြစ်သည်။

ဤအာကာသယဉ်က အင်ပါယာမုကျန်းထင်၏ အင်ပါယာယာဉ်ဖြစ်ပြီး အာကာသမုန်တိုင်းများကိုပင် အတိုင်းအတာတခုအထိ ခံနိုင်ရည်ရှိသည်။

ပုံမှန်ဆိုပါက မုဖူရှန်းက သူ့အဖေ၏ရက်ရောမှုကို သေချာပေါက်လေးစားမိမည်ဖြစ်ကာ ပေးရန်အတွက် တခုရွေးချယ်မိပေလိမ့်မည်။

သို့သော် အဆောင်တံဆိပ်စာအုပ်နှင့် ကောင်းကင်ကိုးသွယ်မိုးကြိုးတာအိုနှင့်ယှဉ်ပါက ဤအရာများကဘာမှမဟုတ်။

ဤသုံးခုကကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မယှဉ်နိုင်ပါ။

မုဖူရှန်း၏မျက်နှာကပူထူနေသည်။

"အဖေ၊ ဒါကိုမေ့လိုက်ပါတော့၊ အဲဒါတွေကို သိမ်းထားလိုက်ပါ...."

မုကျန်းထင်စူးစိုက်ကြည့်လာသည်။

"မင်းဘာဖြစ်နေတာလဲကောင်စုတ်၊ ကလေးဘ၀ကတည်းက သင်ပေးလာခဲ့တဲ့ ယဉ်ကျေးမှုကို မေ့သွားပြီလား"

"မင်းဆရာဂရုမစိုက်ဘူးဆိုရင်တောင် ငါတို့အာရုံစိုက်ထားရမယ်"

"ဒီလိုသာဆိုရင်တော့ နောက်ထပ်စာဖတ်ဖော်တစ်ယောက်ရှာပြီး မင်းကိုထပ်ပြီး သငိကြားခိုင်းရတော့မှာပေါ့"

ဤသည်ကိုကြားသောအခါ မုဖူရှန်းမဲ့ရွဲ့စွာပြုံးရင်း သူ့နှလုံးသားထဲရှိသည်ကို ဖော်ပြလိုက်ရတော့သည်။

"ကျွန်တော်ကျင့်၀တ်ကို မလိုက်နာချင်တာမဟုတ်ပါဘူး၊ ဒါပေမယ့်ဒီပစ္စည်းတွေကို ဆရာတကယ်မကြိုက်လောက်ဘူး"

"မကြိုက်လောက်ဘူးလား" မုကျန်းထင် တခဏမျှအံ့ဩသင့်နေပြီးနောက် မျက်လုံးအစုံက သံသယဖြင့်ပြည့်နှက်လာကာ ပစ္စည်းသုံးမျိုးကို ငုံ့ကြည့်လိုက်သည်။

ဤပစ္စည်းသုံးခုကိုပေးရန်အတွက်ပင် သူကနည်းနည်းတွန့်ဆုတ်နေခဲ့သည်။

ဒါကိုတောင်မကြိုက်ဘူးလား!

မုကျန်းထင်၏ သံသယအကြည့်ကို ကြည့်ရင်း မုဖူရှန်းပြောလိုက်ရသည်။

"ဆရာ့မှာတပည့်တယောက်ရှိတယ်၊ သူက လက်ရှိကျွန်တော့်ရဲ့စီနီယာအစ်ကိုပဲ၊ သူတို့ထဲကတယောက်က ကြယ်စွမ်းအားကို လေ့ကျင့်တယ်၊ ကြယ်စွမ်းအားကို ဆရာကပေးခဲ့တာ"

မုကျန်းထင်"....."

အတောင်တံဆိပ်စာအုပ်နှင့် ကောင်းကင်ကိုးသွယ်မိုးကြိုးတာအိုကို မုဖူရှန်းပထမဆုံးမပြောသေး၊ ဒါကသူ့၏ဝှက်ဖဲဖြစ်သည်။

သို့သော်ဤသည်ကလုံလောက်နေလေပြီ။

မုကျန်းထင်ချောင်းဟန့်ရင်း မျက်နှာနီရဲသွားကာ ကျောပေးလိုက်သည်။

"ဒီလို‌မှတော့ နောက်ကျရင် မင်းဆရာကို အတူလာသောက်ဖို့ ဖိတ်ခေါ်ရတော့မှာပေါ့"

"ငါတို့တော်၀င်မိသားစုသေရည်က မဖြစ်မနေသောက်ရမယ့်အရာတခုပဲ"

"ဆရာကိုယ်တိုင်ကျိုချက်ထားတဲ့သေရည်က အရမ်းအရဿာရှိတယ်..."

ထို့နောက် မုဖူရှန်း မထွက်သွားသေးခင် လုချန်ရှန်းသူ့ကိုပေးခဲ့သည့် သေရည်ကို လက်လွှဲပေးလိုက်သည်။

မုကျန်းထင်တငုံသောက်လိုက်ပြီးနောက်တွင် လုံး၀ဆွံအသွားလေတော့သည်။

အပိုင်း(373) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters