← Chapters

#ဆရာရေ၊ ဒီထုတ်ကုန်ကို ပြန်ပို့လိုက်လို့ရမလား!#

Vol. 26 Ch. 373

#ဆရာရေ၊ ဒီထုတ်ကုန်ကို ပြန်ပို့လိုက်လို့ရမလား!#

Vol. 26 Ch. 373

လေ့ကျင့်ရန်အတွက် အချိန်ဟူသည် အမြဲလိုလိုကုန်ဆုံးသွားတတ်၏။

မျက်စိတစ်မှိတ်ကာလအတွင်းမှာပင် ဇန်နဝါရီလက ကုန်ဆုံးသွားခဲ့သည်။

ထိုကာလအတောအတွင်း မုဖူရှန်း၏ အဆောင်နည်းစနစ်ကလည်း ပို၍ပို၍ အနုစိတ်လာသည်။

သူက ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကို ထွင်းထုရာတွင်လည်း ပို၍ပင် ကျွမ်းကျင်လာသည်။

တစ်လအတွင်းမှာပင် အပိုင်းငါးဆယ်ခြောင်ဆယ်ကို ထုထွင်းပြီးသွားပြီဖြစ်သည်။

ရှေ့ကစားပွဲတခွင်တွင်ရှိနေသည့် ကောင်းကင်မိုးကြိုးလွတ်မြောက်ရေးအဆောင်များကိုကြည့်ရင်း မုဖူရှန်း ကျေနပ်စွာခေါင်းညိတ်သည်။

ဤအရာများနှင့်ဆိုပါက အစ်ကိုကြီးနှင့် ကျန်သောသူများသုံးရန်လုံလောက်ပါပြီ။

သို့သော် မိုးကြိုးလွတ်မြောက်အဆောင်တခုတည်းကို အားကိုးသည်ကမလုံလောက်ပါ။ ဤအရာများက မတော်တဆဖြစ်ရပ်များအတွက်သာဖြစ်သည်။

ဖြစ်နိုင်မည်ဆိုပါက ဤနေ့များတွင် မိုးကြိုးလွတ်မြောက်အဆောင်(မန္တန်)ကို မသုံးခြင်းက ပိုကောင်းသည်ဟု မုဖူရှန်းခံစားနေရသည်။

သို့သော် ယဲ့ချိုးပိုင်၏ ပြဿာနာရှာတတ်သည့်အဆင့်အရ နယ်နိမိတ်မဲ့နယ်မြေသို့ ရောက်တာမကြာသေးသည့်တိုင် ဂိုဏ်းများစွာကို ရန်စခဲ့ပြီးဖြစ်သည်။

မုဖူရှန်းနဖူးအုပ်လိုက်မိသည်။

ဆရာကဒီလောက်တော်တဲ့လူလေ၊ ဘာလို့ စီနီယာအကိုကြီးကို ပြဿာနာမရှာဖို့အတွက် မသင်ပေးရတာလဲ!

ထို့ကြောင့် လုချန်ရှန်း၏တပည့်တစ်ဦးအနေဖြင့် သူ့တွင် အသိနှင့်တာ၀န်ရှိသည်။

သူကဤပြဿာနာကိုဖြေရှင်းကာ ဆရာကို ကူညီပေးရပေမည်။ မဟုတ်ပါက ဆရာအတွက် ခက်ခဲသည့်အချိန် ရှိလာမည်သာမက အချိန်ကျလာသည်နှင့်အမျှ ယဲ့ချိုးပိုင်၏ ဂျူနီယာညီလေးဖြစ်သည့် သူလည်း ပါ၀င်လာရပေလိမ့်မည်။

ဤသို့တွေးတောမိသောအခါ မုဖူရှန်းတုံ့ဆိုင်းမနေတော့ဘဲ ယဲ့ချိုးပိုင်ဆီသို့ တိုက်ရိုက်ပင် သွားလိုက်သည်။

သူယဲ့ချိုးပိုင် အနားယူရာနေရာသို့ ရောက်လာသောအခါ ယဲ့ချိုးပိုင်ကလည်း ထွက်လာသည်နှင့် ကြုံသွားသည်။

မြန်မြန်လေးလျှောက်လာသည့် မုဖူရှန်းကို ကြည့်ရင်း ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။

"ဘာဖြစ်တာလဲ၊ မင်းဘာလို့ဒီလောက် အလျင်လိုနေရတာလဲ"

မုဖူရှန်း၏မျက်နှာက လေးနက်နေသည်သာမက သူ့အမူအရာက လေးနက်မှုဖြင့် ပြည့်နှက်နေသည်။

ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင်၏ မျက်နှာကအေးခဲသွား၏။

"ဘာဖြစ်တာလဲ"

"အရမ်းကြီးမားတယ်"

မုဖူရှန်းလေးနက်စွာပြောသည်။

"တကယ်လို့ ဒါကိုမဖြေရှင်းဘူးဆိုရင် ဒါက ကျွန်တော်တို့နဲ့ဆရာကို ထိခိုက်လာလိမ့်မယ်"

ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်၏ မျက်နှာကလည်း အကြီးအမားပြောင်းလဲသွားသည်။

ဆရာကိုလည်းပါ၀င်လာစေမှာလား!

ဆရာကဲ့သို့အင်အားကြီးလူကိုပင် ပါ၀င်ပတ်သက်လာရစေသည့်အရာက ဘာများပင်ဖြစ်လေသနည်း!

သူ့စိတ်ထဲတွင် ဆရာက အကြွင်းမဲ့အာဏာရှင်ဖြစ်သည်။

သူတို့အမြင်ထဲတွင် မည်မျှပင် အားကောင်းသောတည်ရှိမှုမျိုးရှိနေပါစေ ဆရာက တချက်တည်းဖြင့်သတ်ပစ်လိုက်သည်။

ဆရာက သူတို့ သူ့စွမ်းအားအဆုံးသတ်ကို မည်သောအခါမှ မမြင်တွေ့နိုင်သည့်လူမျိုးဖြစ်သည်။

မုဖူရှန်းခေါင်းညိတ်သည်။

"ဒီကိစ္စက စီနီယာအစ်ကိုနဲ့ဆိုင်နေတယ်"

"ငါနဲ့ဆိုင်နေတာလား"

ယဲ့ချိုးပိုင်အသက်ပြင်းပြင်းရှုရင်း စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။

"ငါလုပ်နိုင်တာတခုခုရှိတာလား"

"အစ်ကိုကြီးကပဲ ဒါကိုလုပ်နိုင်မှာ"

"အပိုတွေပြောမနေနဲ့၊ ဘာလဲဆိုတာပြော"

မုဖူရှန်းခေါင်းညိတ်သည်။

"အစ်ကိုကြီး၊ အနာဂတ်မှာ ကိုယ့်ကိုကိုယ်နိမ့်ချပြီး နိမ့်ချတဲ့အပြုအမူတွေကို ပြုမူသင့်တယ်"

ဘာလားဟ!

ယဲ့ချိုးပိုင်ထိတ်လန့်သွားသည်။

ဆရာကိုခြိမ်းခြောက်နိုင်တဲ့လူတစ်ယောက်ကို ငါရန်စခဲ့မိတာလား!

ဤအကြောင်းကိုဂရုတစိုက်တွေးတောစဉ် ယဲ့ချိုးပိုင်အနည်းငယ်ရှုပ်ထွေးလာသည်။

မရှိပါဘူးဟ!

"ကျွန်တော်ဆိုလိုတာက" မုဖူရှန်းရှင်းပြသည်။

"အစ်ကိုကြီးက အရမ်းပြဿာနာရှာနိုင်လွန်းတယ်လေ၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ဒါကမလွယ်ဘူး"

....

....

....

ယဲ့ချိုးပိုင်၏မျက်နှာက ရုတ်တရက်မည်းမှောင်သွားသည်။

မျိုးမစစ်လေး!

တခြားတခုခုထင်ခဲ့တာလေ!

ရလဒ်က ငါ့ကိုပြဿာနာဖြစ်တာကနေ ထိန်းသိမ်းထားဖို့တဲ့လား!

ယဲ့ချိုးပိုင်တွေးတောနေသည်ကို မုဖူရှန်းသိနေပုံရသည်။

"အစ်ကိုကြီး ဒါကမဖြစ်စလောက်ကိစ္စလို့ မထင်ပါနဲ့၊ ဒီကမ္ဘာကြီးထဲမှာ ပုန်းကွယ်နေတဲ့ စွမ်းအားရှင်ဘယ်လောက်ရှိလဲသိလား၊ ကျွန်တော်တို့တောင်မသိဘူး"

"တကယ်လို့မတော်တဆရန်စမိသွားရင်ရော"

ယဲ့ချိုးပိုင်အကူအညီမဲ့စွာ မျက်နှာဖုံးလိုက်မိသည်။

မုဖူရှန်းက ဆရာနှင့်ပုံစံတူထွင်းထုထားသူဖြစ်ပြီး အတော်လေးသတိကြီးလေသည်။

မုဖူရှန်းပြောသည်။

"စကားမစပ်၊ အစ်ကိုကြီး တခြားဘယ်သူ့တွေကို ရန်စခဲ့ပြီးပြီလဲ၊ ကျွန်တော့်ကို အရင်ဆုံးပြောပြပါ၊ ဒီလို‌ဆိုမှ ကျွန်တော်အရင်ဆုံး ပြင်ဆင်ထားလို့ရမှာ"

"ဘာပြင်ဆင်တာလဲ"

"သေချာပေါက် သတိထားဖို့လိုတာပေါ့၊ အစ်ကိုကြီးရဲ့ပါရမီက အရမ်းအားကောင်းပြီးတော့ စီနီယာအစ်ကိုရှီရှန်းကလည်း ‌ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်က ရတနာကို ပိုင်ဆိုင်ထားသေးတယ်၊ သူတို့က သေချာပေါက် လျှို့ဝှက်စွာ တိုက်ခိုက်လာလိမ့်မယ်"

ယဲ့ချိုးပိုင်ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။

အားးးး!

ဆရာဒီထုတ်ကုန်ကိုပြန်ပို့လိုက်လို့ရမလား!

ဒီလိုနတ်ဆိုးကိုလက်ခံလိုက်တာလား!

သို့သော် ယဲ့ချိုးပိုင် ထိုအင်အားစုများကို ပြောလိုက်ပါသေးသည်။

မုဖူရှန်းမှတ်ယူထားပြီးနောက် မုဖူရှန်း အေးဆေးတည်ငြိမ်စွာပြောသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးမှာ မုမိသားစုက မမလေးနဲ့ အခြေအနေတခုရှိတယ်လို့ ကျွန်တော်ကြားခဲ့တယ်"

ယဲ့ချိုးပိုင်ကြက်သေသေသွားသည်။

"မင်းဘယ်လိုသိတာလဲ"

"ကျွန်တော်မုစီချန်းကိုလည်းသိတယ်" မုဖူရှန်းပြုံးလိုက်သည်။

"ဒါပေမယ့် သူမကိုရယူဖို့ဆိုတာက ခက်ခဲနေသေးတယ်"

"သူမက အစ်ကိုကြီးကို မကြိုက်ဘူးလို့ ကျွန်တော်ပြောနေတာမဟုတ်ဘူး၊ အစ်ကိုကြီးတို့ကြားမှာ ဖြစ်ပျက်ခဲ့တာကို ကျွန်တော်လည်းယုံပါတယ်၊ ကျွန်တော်ပြောချင်တာက မုမိသားစုရဲ့ဟန့်တားမှုပဲ"

ယဲ့ချိုးပိုင်ထိုင်ကာမေးလိုက်သည်။

"မင်းဘယ်လိုပြောချင်တာလဲ"

နယ်နိမိတ်မဲ့မင်းဆက်၏ မင်းသားတစ်ပါးတဖြစ်လဲ မုဖူရှန်းက သတင်းများစွာကို သိထားတာ သဘာ၀ကျသည်။

"မုမိသားစုက နယ်နိမိတ်မဲ့နယ်မြေရဲ့ အဓိကမိသားစုသုံးစုထဲက တစုပဲ၊ အဓိကမိသားစုသုံးစုရဲ့စွမ်းအားက ပထမတန်းစားအင်အားစုတွေထက် တမျိုးတဖုံပိုအားကောင်းတယ်"

"နယ်နိမိတ်မဲ့မင်းဆက်နဲ့ ကြယ်ကြွေဓားဂိုဏ်းကလွဲပြီး ဒီဆရာသခင်သုံးယောက်ရဲ့ပုံရိပ်က ဘယ်တော့မှမပြောင်းလဲခဲ့ဘူးလို့ ဆိုလို့ရတယ်၊ ရှေးခေတ်ကနေ ပစ္စုပ္ပန်ကာလအထိ သူတို့က လက်ဆင့်ကမ်းခဲ့ကြပြီးတော့ နောက်ခံက အရမ်းအားကောင်းတယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ ဤအချက်ကို သူမျှော်လင့်ထားပြီးသားဖြစ်သည်။

"ဒီတော့ဆိုလိုချင်တာက မုမိသားစုက ငါ့ကို အထင်သေးကြမှာပေါ့"

မုဖူရှန်းခေါင်းခါယမ်းသည်။

"အစ်ကိုကြီးမှာ နောက်ခံအဖြစ် ဆရာလည်းရှိသလို ကြယ်ကြွေဓားဂိုဏ်းရဲ့ ဓားသခင်ပုံရိပ်လည်းရှိတယ်၊ ပြီးတော့ ညီလေးအဖြစ် ကျွန်တော်လည်းရှိတယ်၊ နောက်ခံနဲ့ ပင်ကိုယ်စွမ်းရည်အရ လုံး၀ပြဿာနာမရှိဘူး"

ယဲ့ချိုးပိုင်တွေးလိုက်မိသည်။

"ဒီလိုဆိုရင်ငါ့ကိုဘာလို့အထင်သေးမှာလဲ"

"ဘာပဲဖြစ်ဖြစ်....မုမိသားစုက မမလေးဖြစ်တဲ့ မုဇီရှင်းမှာ ရုပ်ပိုင်းဆိုင်ရာပြဿာနာရှိတာကို အစ်ကိုကြီးသိသင့်တယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ သူသိပါသည်။

မုဇီရှင်း၏ပြဿာနာကို ဆရာကိုမေးရင်း သူဖြေရှင်းပေးခဲ့သည်။

မုဖူရှန်းဆက်ပြောသည်။

"သူမရဲ့ရုပ်ပိုင်းဆိုင်ရာပြဿာနာကို ဖြေရှင်းပြီးပြီဆိုပေမယ့် ဒီအချက်ကြောင့်ပဲ သူမက မုမိသားစုရဲ့ လက်နက်တခုဖြစ်လာခဲ့တယ်"

"ခန္ဓာကိုယ်က လုံး၀လွတ်လပ်သွားပြီးတော့ ပါရမီကလည်း မယုံနိုင်လောက်အောင် မြင့်မားတယ်၊ ကြည့်ရတာ သူမရဲ့ကိုယ်ခန္ဓာက ရှေးခေတ်က မုမိသားစုဘိုးဘေးတွေနဲ့ ဆက်စပ်မှုတခုခုရှိမယ်ထင်တယ်၊ ဒါကြောင့် မုဇီရှင်းရဲ့ သွေးစင်ကြယ်မှုကို ထိန်းထားဖို့အတွက် ကျွန်တော်ဆိုလိုတာကို အစ်ကိုကြီးနားလည်မှာပါ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ သူနားလည်ပါသည်။

‌သွေးစင်ကြယ်မှုကို ထိန်းထားရန်အတွက် မုမိသားစုက မုဇီရှင်းကို သေချာပေါက် လက်ထပ်ခွင့်ပြုမည်မဟုတ်။

ထို့ကြောင့် ယဲ့ချိုးပိုင်၏ရည်မှန်းချက်ကို မုမိသားစုက သေချာပေါက်တားဆီးပေလိမ့်မည်။

မုဖူရှန်း ယဲ့ချိုးပိုင်ကို တိတ်တဆိတ်ကြည့်ရင်း မေးလိုက်သည်။

"သိပြီးပြီဆိုတော့ အစ်ကိုကြီးရဲ့အစီအစဉ်တွေကဘာလဲ"

ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်ထရပ်ကာ အပြုံးဖြင့်ပြောသည်။

"အစီအစဉ်တွေလား၊ ဒါကအရမ်းရိုးရှင်းပါတယ်"

"ဇီရှင်းကို မုမိသားစုက လက်နက်အဖြစ် မသုံးခဲ့ဘူးလား၊ ဆိုလိုတာက မုမိသားစုလိုအပ်တာက ဇီရှင်းရဲ့စွမ်းအားပဲ"

"ဒီတော့"

"ဒီတော့ ငါကငါ့ခွန်အားကို တိုးတက်အောင် လုပ်ဖို့ပဲလိုတယ်၊ ဇီရှင်းပိုင်ဆိုင်ထားတဲ့ စွမ်းအားကို ကျော်လွန်သွားတဲ့အခါကျရင် မုမိသားစုက ပြန်စဉ်းစားကြမှာပဲလေ"

မုဖူရှန်းအပြုံးဖြင့်ခေါင်းခါယမ်းသည်။

"ဒါကတကယ့်အစ်ကိုကြီးရဲ့ပုံစံပဲ၊ ဒါပေမယ့် ဒီလိုပြောမယ်ဆိုတာ ကျွန်တော် ခန့်မှန်းထားပြီးသားပါ"

"ဘာလို့လဲ၊ မုမိသားစုကို မစော်ကားဖို့အတွက် မင်းငါ့ကိုနားချချင်တာလား"

မုဖူရှန်းထရပ်ကာခေါင်းခါယမ်းသည်။

"တကယ်လို့ မသက်ဆိုင်တဲ့အင်အားစုမျိုးဆိုရင် ကျွန်တော် အစ်ကိုကြီးကို ရန်မစဖို့ပဲ အကြံပေးချင်ပါတယ်၊ ဒါပေမယ့်...."

"ဒါကအစ်ကိုကြီးဘ၀မှာ အဓိကအဖြစ်အပျက်တခုပဲ၊ နည်းနည်းစွန့်စားလိုက်တာကတော့ ဘာမှမဟုတ်ပါဘူး"

ယဲ့ချိုးပိုင်အကူအညီမဲ့စွာပြောသည်။

"ဘာစွန့်စားမှုမျိုးပြောနေတာလဲ၊ ငါမုမိသားစု‌အိမ်ကိုသွားတာမဟုတ်ဘူး"

မုဖူရှန်းလက်ကိုဆန့်တန့်လိုက်သည်။

"ကျွန်တော်က အစ်ကိုကြီးရဲ့ညီလေးပဲလေ၊ အစ်ကိုကြီးက မုမိသားစုကို ရန်စခဲ့မှတော့ ကျွန်တော်လည်းပါ၀င်လာရမှာပဲလေ၊ ဟုတ်တယ်မလား"

ယဲ့ချိုးပိုင် "....."

ဆရာရေ၊ ဒီထုတ်ကုန်ကို ပြန်ပို့လို့ရမလား!

အပိုင်း(374) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters