#သွေးကြောတောင်မှပြောင်းလဲမှု#
Vol. 26 Ch. 374
ထို့နောက် မုဖူရှန်း ကောင်းကင်မိုးကြိူးလွတ်မြောက်မန္တန်အဆောင်ကို ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့အား လေးစားစွာ ပြောလိုက်သည်။
တချိန်တည်းမှာပင် ဆယ်ရက်ကြာပြီးနောက် ကြောက်မက်ဖွယ်ရာသတင်းတစ်ခု ထွက်လာခဲ့သည်။
နယ်နိမိတ်မဲ့နယ်မြေအား ခွဲခြားထားသည့် ဧရာမတောင်ကြီးများ၏အလွန်ရှိ သွေးကြောတောင်တန်း၏ တခြားတဘက်၌ သက်ရှိကန့်သတ်နေရာသုံးနေရာရှိပြီး မိုယွန်ဟုလည်းလူသိများသည်။
မုဖူရှန်းက ချက်ချင်းဆိုသလို အင်ပါယာ၏ ဆင့်ခေါ်ခြင်းကိုခံလိုက်ရသည်။
ထိုအချိန်တွင် နန်းတော်ခန်းမ၌ မုကျန်းထင်က ရွှေနဂါး၀တ်ရုံကို၀တ်ဆင်ထားသည်။ နဂါး၀တ်ရုံပေါ်၌ ခြေစွယ်ငါးချောင်းပါသည့် ရွှေနဂါးပုံကိုထွင်းထုထားပြီး ဤလူက မင်းဆက်၏ အရှင်သခင်ဖြစ်သည်ကို အမှတ်သညာပြထားသည်။
မုကျန်းထင်အောက်တွင် ၀န်ကြီးများစွာက ခေါင်းငုံ့လျက်ရပ်နေကြစည်။
မုဖူရှန်း၀င်လာသောအခါ ရင်းနှီးနေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမတွင်လှပသည့်မျက်နှာရှိနေပြီး ခမ်းနားသည့် သံချပ်ကာ၀တ်စုံကို ၀တ်ဆင်ထားသည်။
သတ်ဖြတ်ခြင်း၏အဓိပ္ပာယ်က အမျိုးသမီး၏အသွင်အပြင်၊ စရိုက်နှင့် လုံး၀ကွဲလွဲဆန့်ကျင်မနေပေ။
မူလထူးဆန်းသည့်ပုံစံနှစ်ခုက အင်မတန်ပင် ကိုက်ညီနေသည်။ ဤသည်က အတော်လေးထူးဆန်းသည်ဟု ဆို၍ရသည်။
သို့သော် ၎င်းထဲတွင် ထူးခြားသည့်ဟန်တခုပါရှိသည်။ ဤအမျိုးသမီးက နယ်နိမိတ်မဲ့နယ်မြေ၏ တတိယမင်းသမီးဖြစ်သည့် မုချင်းချင်းပေတည်း။
သူမကဤကမ္ဘာထဲတွင် စစ်အင်အားကို ထိန်းချုပ်ကာ အတော်လေးအစွမ်းထက်သည့် စစ်ရေးပါရမီကို ပိုင်ဆိုင်ထားသည်။
မုဖူရှန်းလျှောက်သွားပြီးနောက် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ညီမလေး၊ ဘယ်တုန်းကပြန်ရောက်တာလဲ"
မုချင်းချင်း၏ကိုယ်၌ သတ်ဖြတ်လိုသည့်အော်ရာတခုစီးဆင်းနေသော်လည်း သူမက မရေမတွက်နိုင်လောက်သည့်သွေးများဖြင့် ခြယ်သထားပုံရသည်။
သို့စေကာမူ မုဖူရှန်းကိုရင်ဆိုင်ရသောအခါ သူမ၏မျက်နှာ၌ ညင်သာသည့်အပြုံးတပွင့်ပေါ်လာသည်။
"အခုပဲပြန်လာခဲ့တာပါ"
မုဖူရှန်း သူမ၏ကျန်းမာရေးကို မေးမြန်းရန်ပြင်လိုင်စဉ် နဂါးထိုင်ခုံပေါ်က အင်ပါယာ မုကျန်းထင်က အပြင်းအထန်ချောင်းဟန့်လိုက်ရာ မုဖူရှန်း ရှက်ကိုးရှက်ကန်းဖြင့် ဘေးသို့ရပ်လိုက်ရသည်။
ဤသည်ကိုမြင်သောအခါ မုကျန်းထင် နှလုံးသားထဲကနေ အကူအညီမဲ့စွာ သက်ပြင်းချရင်း သူ့မျက်နှာက လေးနက်သွားပြီး အကြောင်းရင်းကို စတင်ပြောလိုက်သည်။
"လူတိုင်း သွေးကြောတောင်က အပြောင်းအလဲကို သိပြီးကြလောက်မှာပါ"
အစိုးရနေရာနှင့် တခြားအတိုက်အခံပြုရာ၌ ဩဇာကြီးမားသည့် မင်းသားလင်းလုံက ထရပ်ကာ လက်နှစ်ဖက်ဆုပ်လျက်ပြောသည်။
"အရှင်မင်းကြီးကိုတင်ပြပါတယ်၊ သွေးကြောတောင်က အပြောင်းအလဲက လွန်ခဲ့တဲ့သုံးရက်က ဖြစ်ပျက်ခဲ့တာပါ"
"လုံချီမြို့ရဲ့မြို့တော်၀န်စံအိမ်က အလွန်အမင်းမတည်ငြိမ်တဲ့အင်အားစုတစ်စုက ထွက်လာဖို့စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်"
"ပြီးတော့ ဒီစွမ်းအားက မိစ္ဆာစွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်"
မိစ္ဆာ!
၀န်ကြီးများကအချင်းချင်းပြောလိုက်ကြသည်။
ဆွေးနွေးခြင်း၏အကြောင်းအရာက နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်ကလွဲ၍ တခြားမည်သည့်အရာမှမဟုတ်ပေ။
မုကျန်းထင်၏မျက်လုံးများကလည်း အေးစက်သွားသည်။ နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်စု ပြန်လည်ပြုမူလာသည့် သတင်းကို သူသတိထားပြီးဖြစ်သည်။
သို့သော် သူတို့က သွေးကြောတောင်ကို စတင်ထိုးဖောက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
တချိန်တည်းမှာပင် မုကျန်းထင်က အစောပိုင်းက အဆင့်နိမ့်ကြယ်နယ်မြေပိုင်နက်များသို့ သံတမန်များစေလွှတ်ခဲ့သော်လည်း သက်ရောက်မှုကအနည်းဆုံးဖြစ်သည်။
ထိုနယ်မြေပြင်ကမိစ္ဆာမျိုးနွယ်စုက မလွှမ်းမိုးနိုင်လောက်အောင် အားကောင်းပြီး နယ်မြေများစွာကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ထဲတွင် ကောင်းကင်ဘုံဝိဉာဉ်နယ်မြေတခုကသာ ယာယီကာကွယ်နိုင်ခဲ့သည်။
ယနေ့တွင် သွေးကြောတောင်အပြင်ပ၌ ဖိနှိပ်ခံထားရသည့် စည်းတံဆိပ်က လှုပ်ရှားလာပေတော့သည်။ သူတို့တခုခုလုပ်မှာ သူကြောက်နေမိသည်။
ထိုအချိန်တွင် ယင်းကျားစစ်သည်တော်က ရောက်လာသည်။
"အရှင်မင်းကြီး၊ စစ်တပ်ကိုစုံစမ်းဖို့အတွက် ဦးဆောင်ခွင့်ပေးပါ"
မုကျန်းထင်တွင်လည်းဤသို့ရည်ရွယ်ချက်ရှိသည်။
"ကောင်းပြီ၊ ကျန်တဲ့ကိစ္စတွေကို အခုဘေးဖယ်ထားလိုက်ကြရအောင်၊ အခုသွေးကြောတောင်ကိစ္စက အရေးအကြီးဆုံးဖြစ်ပြီးတော့ လျစ်လျုရှုထားလို့်ရဘူး"
မုချင်းချင်း၏အမူအရာကလည်း လေးနက်နေသည်။ သူမကဤကိစ္စ၏အရေးပါမှုကို သိသည်။ ဤသည်က နယ်နိမိတ်မဲ့နယ်မြေ၏ သေရေးရှင်ရေးနှင့် ဆက်စပ်နေသည်။
ချက်ချင်းဆိုသလို မုကျန်းထင် ဘေး၌ရပ်နေသည့် မုဖူရှန်းကို လှမ်းကြည့်လိုက်သည်။ သူကဘာတွေးတောနေသည်ကိုပင် မသိသည့်အလား ငူတူတူရပ်နေပြီး သူ့နှလုံးသားထဲ၌ အတွေးတခုခုရှိပုံရသည်။
"မုဖူရှန်း၊ မင်းလည်း မုချင်းချင်းနဲ့အတူသွားရမယ်"
"အို...." ငူတူတူဖြစ်နေသည့်မုဖူရှန်းက သတိလက်လွတ်တုံ့ပြန်လိုက်ပြီးနောက် အသိပြန်၀င်ကာ သူ့အမူအရာကပြောင်းလဲသွား၏။
"အာ... အဖေ၊ မဟုတ်ဘူး၊ မရဘူးလေ၊ အဖေသားကို မီးပုံထဲတွန်းချလို့မရဘူး"
အောက်က၀န်ကြီးများက ဤသည်ကို ကျင့်သားရနေပြီဖြစ်သည့်အလား ဘာမှမပြောပါ။
မင်းသားလင်းလုံကသာ ထရပ်ပြီး ဖိတ်ကြားသည့်အသွင်ပြုံးပြသည်။
"အရှင်မင်းသား၊ အရှင်မင်းကြီးရဲ့လှုပ်ရှားမှုတွေမှာ ရည်ရွယ်ချက်ရှိပါတယ်၊ ဘာလို့ ငြင်းရတာလဲ"
ဤသည်ကိုကြားသောအခါ မုဖူရှန်း မင်းသားလင်းလုံကို ရုတ်တရက်စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာ၌ သံသယဝါဒက ပျောက်သွားပြီး လုံး၀မပြသခဲ့သည့် ပါးနပ်သော အမူအရာတခုရှိနေသည်။
မင်းသားလင်းလုံကပြုံးကာမေးသည်။
"အရှင်မင်းသားဘာဖြစ်နေတာလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး၊ ဒါကပြောပြတာပါ"
"အာ...."
မုဖူရှန်း ခပ်ပေါ့ပေါ့တချက်ရယ်မောရင်း မဖြေဘဲ မုကျန်းထင်ကိုကြည့်လိုက်သည်။
မုကျန်းထင်လေးနက်စွာပြောသည်။
"မုဖူရှန်း၊ ငြင်းလို့မရဘူး"
ဒါကသူ့အတွက် လေ့ကျင့်ခန်းတခုဖြစ်သလို တချိန်တည်းမှာပင် အစီအစဉ်တခုလည်းဖြစ်သည်။
မကြာသေးခင်က နယ်နိမိတ်မဲ့နယ်မြေက အတော်လေးမငြိမ်မသက်ဖြစ်ခဲ့သဖြင့် ဒါက ကောင်းသည့်လက္ခဏာမဟုတ်ပါ။
ယခုတကြိမ်တွင် မုဖူရှန်းမငြင်းဆန်နိုင်တော့သဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
"ကောင်းပါပြီ၊ ဒီလိုဆိုရင် ကျွန်တော်အရင်သွားလိုက်ပါဦးမယ်၊ ကျွန်တော်သွားပြီး ပြင်ဆင်ဖို့လိုအပ်တယ်လေ"
မုကျန်းထင်ခေါင်းညိတ်သည်။
"သွားတော့၊ နှစ်ရက်အတွင်းမှာ မုချင်းချင်းနဲ့အတူသွားလိုက်"
မုဖူရှန်းခေါင်းညိတ်ကာ အရိုအသေပေးရင်း နောက်ဆုတ်လိုက်သည်။ သူမထွက်သွားသေးခင် မရည်ရွယ်ဘဲ မင်းသားလင်းလုံကို ထပ်မံစိုက်ကြည့်လိုက်လေသည်။
....
ဤနှစ်ရက်အတွင်း မုဖူရှန်းက ယဲ့ချိုးပိုင်တို့ကို အတူတကွခေါ်ကာ ဤကိစ္စကိုပြောပြသည်။
ယဲ့ချိုးပိုင်တို့ကလည်း တုံ့ဆိုင်းမနေဘဲ မုဖူရှန်းနှင့်အတူသွားရန် ချက်ချင်းသဘောတူလိုက်ကြသည်။
မကြာသေးခင်က သူတို့ဘာမှလုပ်စရာမရှိတော့သဖြင့် ဤနေရာ၌ အနားယူလေ့ကျင့်နေခြင်းက တိတ်ဆိတ်သော်လည်း အပြင်ထွက်ပြီး တွေ့ကြုံခံစားရတာက ပိုအကျိုးရှိသည်။
ဒုတိယအနေနှင့် မုဖူရှန်းက သူတို့၏ ဂျူနီယာဖြစ်လာလေရာ သူက သူတို့မိသားစုဖြစ်လာသည်။
အခက်အခဲရှိပါက သူတို့ကူညီသင့်သည်။
ဤနှစ်ရက်တွင် မုဖူရှန်းကမလေ့ကျင့်ပေ။ ယင်းအစား သူက စည်းတံဆိပ်တခု ထွင်းထုနေသည်။ ဤသည်က အဆောင်တံဆိပ်စာအုပ်ရှိ ကာကွယ်ရေးစည်းတံဆိပ်တခုဖြစ်သည်။
ဤစည်းတံဆိပ်က စာအုပ်ထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သော်လည်း မုဖူရှန်းလက်ထဲက တံဆိပ်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
နှစ်ရက်တာက အလျင်အမြန်ပင် ကုန်ဆုံးသွားသည်။ ယနေ့တွင် မုချင်းချင်းက မုဖူရှန်း၏နေအိမ်သို့ ရောက်လာသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်တို့ကလည်း ထိုနေရာ၌ရှိနေသည်။
မုချင်းချင်းက သူတို့သုံးယောက်ကို တချက်ကြည့်ပြီးနောက် မုဖူရှန်းကို အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။
"အစ်ကို၊ သူတို့ကဘယ်သူတွေလဲ၊ ဘာလို့ ငါအရင်ကတခါမှမမြင်ဖူးရတာလဲ"
မုဖူရှန်းအပြုံးဖြင့်မိတ်ဆက်ပေးသည်။
"ဒီသုံးယောက်က ငါ့ရဲ့စီနီယာအစ်ကိုတွေပါ၊ သူတို့နာမည်က ယဲ့ချိုးပိုင်၊ ရှီရှန်းနဲ့ ရှောင်ဟိုင်ပါ"
မုချင်းချင်းအံ့ဩသင့်ခြင်းမရှိ။ သူမက မုဖူရှန်းအကြောင်းကိုသိထားပြီးဖြစ်သည်။
သို့သော် အင်ပါယာထက်ပင် အားကောင်းသည့်ဆရာသခင်၏တပည့်သားများတဖြစ်လဲ သူတို့က မည်မျှပင်အစွမ်းထက်လေသနည်း။
ဤသည်ကိုတွေးမိသောအခါ မုချင်းချင်း နောက်မှစမ်းကြည့်ဖို့အတွက် အခွင့်အရေးတခုရှာရန် ဆုံးဖြတ်လိုက်သည်။
"သွားကြရအောင်"
မုဖူရှန်းခေါင်းညိတ်သည်။
လေးယောက်လုံးက မုချင်းချင်းနောက်မှ လိုက်သွားကြပြီး ဧရာမသင်္ဘောပေါ်၌ တက်လိုက်ကြသည်။
ဘေးတွင် အားကောင်းသည့်အငွေ့အသက်များစွာရှိသည်။ ငွေချပ်၀တ်တားမြစ်စစ်တပ်ကလည်း ထိုထဲတွင်ပါ၀င်သည်။
ယခုတကြိမ်တွင် သွေးကြောတောင်သို့ တော်၀င်မိသားစု၏ခရီးစဉ်က အရမ်းလေးနက်သည်ဆိုသည် သိသာထင်ရှားနေသည်။
လူတိုင်းပြင်ဆင်လိုက်ကြသည်။
.....
ထိုအချိန်၌ ညတာယံရောက်လာစဉ် သွေးကြောတော၏ တောင်နှင့်သစ်တောများအတွင်း မှေးမှိန်နေသည့် မြူခိုးနက်တခုရှိနေသည်။
မြူခိုးနက်က မိစ္ဆာစွမ်းအင်ဖြင့် ပြည့်နှင်နေသည်။
"နှစ်များစွာကြာပြီးနောက်မှာတော့..... အချိန်ကျရောက်လာခဲ့ပြီ..."
မြူနက်ထဲတွင် အသံများက တိုးညင်းစွာထွက်ပေါ်လာနေသည်။
"အဲဒီကိုယ်ခန္ဓာကိုဓားအဖြစ် ပြောင်းလဲပစ်ပြီး ဝိဉာဉ်ကို အခင်းအကျင်းလုပ်ပစ်ခဲ့တဲ့ မျိုးမစစ်ကြယ်ကြွေဓားဧကရာဇ်က ငါ့ကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့တယ်..."
"အဲဒီအချိန်က ငါတို့က ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီး အဆင့်နိမ့်ကြယ်နယ်မြေကို ရောက်လာခဲ့တယ်၊ ဒါပေမယ့် ငါတို့ အင်အားက သိသိသာသာလျော့ကျသွားခဲ့တယ်"
"အခုတော့ တကယ့်စိတ်ပျက်အားငယ်မှုအစစ်မမှန်ကို သူတို့ကို မြည်းစမ်းခိုင်းဖို့ အချိန်ကျရောက်လာခဲ့ပြီ...."
အပိုင်း(375) coming။
ငါ့တပည့်တွေက ဘုရင်တွေ