#မျိုးတူအငွေ့အသက်#
Vol. 26 Ch. 375
သင်္ဘောပေါ်၌ မုချင်းချင်းက ဦးပိုင်းတွင်ရပ်နေပြီး တစ်စုံတစ်ရာကို တွေးတောနေသည်။
ထိုစဥ်မုဖူရှန်းရုတ်တရက်ရောက်လာပြီး သတိအပြည့်ဖြင့်မေးလိုက်သည်။
"ချင်းချင်း၊ အဖေနင့်ကိုတခုခုပြောခဲ့သေးလား"
မုချင်းချင်းသတိပြန်၀င်လာပြီး သူမအစ်ကိုကြီးကို ကြည့်လိုက်သည်။ မုဖူရှန်းအဖို့ မုချင်းချင်းက သူ့ကို ကောင်းကောင်းသိသည်ဟု ဆို၍ရသည်။
မုဖူရှန်း၏ပုံစံကို ဘ၀အတွက် လောဘကြီးပြီး သေရမှာကို ကြောက်သူဟုပြော၍မရသော်လည်း သူကသေချာပေါက်အစွန်းရောက်နေသည်။
ယင်းကအတော်လေးသတိကြီးခြင်းပင်။
ဤနေ့ရက်များအတွင်း မုကျန်းထင်က သူမအစ်ကိုအတွက် လေ့ကျင့်ရန်စီစဉ်ပေးသော်လည်း သူကပုန်းရန်အတွက် တစ်နေရာရာသို့ပြေးသွားလေ့ရှိသည်။
သူသွားသောအခါတွင်ပင် သူ့အ၀တ်အစားများကို ကာကွယ်ရေးသင်္ကေတများဖြင့် ဖုံးအုပ်ထားတတ်သည်။
ယခုတွင်မူ မုဖူရှန်းဘာကို ပြောသလဲဆိုတာ မုချင်းချင်းနားလည်လိုက်သည်။
မုချင်းချင်းအပြုံးဖြင့်ပြောသည်။
"အစ်ကိုဘာပြောလိုက်တာလဲ"
သိသိနဲ့မေးနေတာလား!
မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"ပြောချင်တာက အဖေက ငါ့အတွက် အလုပ်တွေထပ်စီစဉ်ပေးဖို့ ပြောခဲ့လား"
ယခုတကြိမ်တွင် မုချင်းချင်းဦးဆောင်လာခြင်းဖြစ်လေရာ လူတိုင်းက မုချင်းချင်း၏ အမြင်ကို နားထောင်ရန်လိုအပ်သည်။
ယဲ့ချိုးပိုင်တို့ကတော့ မပါ၀င်ပေ။
"ချင်းချင်း၊ ငါနင့်အပေါ်အရမ်းကောင်းတယ်လေ"
မုချင်းချင်း အပြုံးတ၀က်ဖြင့် မုဖူရှန်းကိုကြည့်ကာ ခေါင်းညိတ်သည်။
"အစ်ကိုက ညီမအပေါ်အရမ်းကောင်းပါတယ်"
"ကြည့်၊ ဒါဆိုရင် နင်ငါ့ကိုလည်းကောင်းကောင်းဆက်ဆံသင့်တယ်မလား"
မုချင်းချင်းထပ်မံခေါင်းညိတ်သည်။
"မှန်တာပေါ့၊ ဒီလိုဖြစ်သင့်ပါတယ်"
ဤသည်ကိုကြားသောအခါ မုဖူရှန်းတက်ကြွသွားပြီး ခေါင်းညိတ်ကာ မုချင်းချင်း၏ ပခုံးကိုပုတ်လိုက်သည်။
"ဒီလိုဆိုရင် နင့်အစ်ကိုအတွက် တာ၀န်ကိစ္စတွေစီစဉ်ပေးမနေနဲ့တော့.... မဟုတ်ဘူး၊ မင်းသားတစ်ပါးအနေနဲ့ ငါကနမူနာတော့ ပြဖို့လိုသေးတယ်"
"ဒီတော့ ထောက်ပံ့ရေးတာ၀န်တခုပဲ စီစဉ်ပေးပါ"
မုချင်းချင်းနဖူးကိုပွတ်သပ်လိုက်၏။
ရှုထောင့်တိုင်းကိုဆုံးဖြတ်ထားပြီဖြစ်လေရာ ကံဆိုးချင်တော့ ဤသည်က မှားယွင်းသည့်နေရာ၌ဖြစ်နေလေသည်။
မုချင်းချင်းကတိုက်ရိုက်အဖြေမပေးဘဲ အကြောင်းအရာကိုပြောင်းလဲပစ်သည်။
"အစ်ကို၊ အစ်ကိုကဆရာတစ်ယောက်ကို ဦးညွတ်ခဲ့တယ်လို့ ညီမကြားခဲ့တယ်"
မုဖူရှန်းခေါင်းညိတ်သည်။ ဤအကြောင်းအရာက ဖုံးကွယ်ထားစရာမလိုပေ။
မုချင်းချင်းပြုံးလိုက်သည်။
"ညီမသူနဲ့တကယ်တွေ့ချင်ပါတယ်၊ ဒီလိုဆိုမှ စီနီယာတပည့်တစ်ဦးအဖြစ် ပြောင်းလဲအောင်လုပ်နိုင်မှာလေ"
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းက မရေမတွက်နိုင်လောက်သည့်အရင်က လုပ်ရပ်များကို ငြင်းခဲ့သော်လည်း မုချင်းချင်း ဤအကြောင်းကိုသိသည်။
မုဖူရှန်းကိုပင် တပည့်အဖြစ်လုပ်နိုင်လေရာ ဤသည်က ထိုလူက အတော်လေး စွမ်းဆောင်ရည်ရှိသည်ကို ပြသနေသည်။
"အဲဒီသုံးယောက်လုံးက စီနီယာအစ်ကိုတွေမလား၊ ညီမကအစ်ကိုရဲ့ဆရာကို မတွေ့နိုင်သေးဘူးဆိုမှတော့ သူတို့ရဲ့ခွန်အားကို အရင်ဆုံးမြင်တွေ့ချင်တယ်"
မုဖူရှန်းအနည်းငယ်ထိတ်လန့်သွားသည်။
မုချင်းချင်းကအားနည်းပုံရသော်လည်း သူမက တကယ်တမ်းတွင် အကြမ်းပတမ်းတိုက်ခိုက်သူတစ်ယောက်ဖြစ်လေသည်။
ထူးခြားသည့်စစ်ရေးဆိုင်ရာပါရမီသာ မရှိပါက သူမက စစ်တပ်စွမ်းအားကို သူမဘက်ရောက်လာစေရန် မည်သို့မည်ပုံ ထိန်းချုပ်နိုင်မည်နည်း။
သို့စေကာမူ ခွန်အားကိုအရမ်းကြီး ထုတ်ပြခြင်းကမကောင်းပေ။
မုချင်းချင်း၏နယ်ပယ်က ယခုတွင် သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်ကိုရောက်နေပြီဖြစ်ကာ တိုက်ခိုက်ရေးစွမ်းအားကလည်း အင်မတန်အားကောင်းသည်။
အကယ်၍ယဲ့ချိုးပိုင်တို့သာတိုက်ခိုက်ရမည်ဆိုပါက သေချာပေါက် ဝှက်ဖဲများကို အသုံးပြုရပေလိမ့်မည်။
သူတို့၏ညီငယ်လေးအနေဖြင့် ဝှက်ဖဲကို အစောကြီးထုတ်ပြောမပြသသည်က ပိုကောင်းသည်ဟု မုဖူရှန်းတွေးနေသေးသည်။
ထို့ကြောင့်သူကခေါင်းခါယမ်းသည်။
"မေ့လိုက်တော့၊ သူတို့အခုလေ့ကျင့်နေကြတယ်၊ ဒီတော့ အခုအနှောက်အယှက်မပေးကြရအောင်"
ဤသည်ကိုကြားသောအခါ မုချင်းချင်းခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
သင်္ဘောက နယ်စပ်မြို့ဖြစ်သည့် လုံချီမြို့ကိုရောက်ရန် နှစ်ရက်ကြာမြင့်ခဲ့သည်။
သူတို့လုံချီမြို့သို့ ရောက်လာသောအခါ လုံချီမြို့သခင်ကလည်း သူတို့ကို ကြိုဆိုရန်အတွက် အသင့်ရောက်နေသည်။
"အရှင်မင်းသားနဲ့ အရှင်မင်းသမီးတို့ကို ကြိုဆိုပါတယ်"
လုံချီမြို့သခင်က အာရုံထွေပြားခြင်း အလယ်အလတ်အဆင့်ဖြစ်ပြီး ယွန်ချီမြို့အရှင်နှင့်ယှဉ်ပါက သူကပို၍အားကောင်းသည်။
မုချင်းချင်းဆင်းလာစဉ် သူမက မုဖူရှန်းနောက်မှလိုက်သွားသည်။
ဆက်သွယ်ရေးကိစ္စရပ်အားလုံးက မုဖူရှန်းဆီသို့တာ၀န်ပေးထားသည်။ ဤသည်က မုဖူရှန်း၏ ဆက်ဆံရေးက နက်ရှိုင်းရုံတင်သာမက တချိန်တည်းမှာပင် နောက်လာမည့် ဆက်ခံသူလည်းဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် မုဖူရှန်းအဖို့ ရှေ့ထွက်လာခြင်းကပိုကောင်းသည်။
မုဖူရှန်းရှေ့သို့လျှောက်သွားပြီး ခေါင်းညိတ်ကာ လုံချီမြို့အရှင်ကို ထရပ်ရန်ကူညီလိုက်သည်။
"ဒီကိစ္စကို ခင်ဗျားရဲ့လုံချီမြို့က ရှာတွေ့ခဲ့တာဆိုတော့ ဒါကကြီးမားတဲ့ထောက်ပံ့မှုတခုပါပဲ"
လုံချီမြို့အရှင်က နှိမ့်ချမနေဘဲပြောသည်။
"ကျေးဇူးပါ၊ အရှင်မင်းသား၊ ပြီးတော့ အင်ပါယာကို ကျေးဇူးတင်တယ်လို့ ကျေးဇူးပြုပြီး တချက်ပြောပေးပါဦး"
"ကျုပ်ပြောပေးပါမယ်" မုဖူရှန်းခေါင်းညိတ်ပြီးနောက် ခေါင်းစဉ်အကြောင်းအရာကို ပြောင်းပစ်ကာမေးလိုက်သည်။
"အခု အခြေအနေအကြောင်း ကျုပ်တို့ပြောလို့ရပြီ"
ဤသည်ကိုကြားသောအခါ လုံချီမြို့အရှင်ကပြန်ဖြေသည်။
"ဒီကိစ္စကို ရက်အနည်းငယ်ကတွေ့ရှိခဲ့တာပါ၊ အဲဒီအချိန်က သွေးကြောတောင်ရဲ့ အနက်ပိုင်းမှာ မြူနက်တခုစီးဆင်းနေခဲ့တယ်"
"အဲဒီမြူနက်ထဲမှာ မိစ္ဆာစွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်"
"ဒီတော့ ကျွန်တော်က စံအိမ်အကူအညီနဲ့ စစ်ဆေးစုံစမ်းကြည့်တော့ သွေးကြောတောင်မှာ မကြာခင် ပေါက်ကွဲသွားတော့မယ့် အင်အားကြီးမိစ္ဆာစွမ်းအားတခုရှိနေတာကို တွေ့လိုက်ရတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
ဤသည်ကတင်ပြထားသည့် အချက်အလက်များနှင့် တူညီသည်။
"ပြီးတော့ ဒီနှစ်ရက်အတွင်းမှာ ကျွန်တော် အရမ်းထူးဆန်းတဲ့အရာတခုကို တွေ့ရှိခဲ့ပါတယ်"
ထူးဆန်းတဲ့အရာလား!
မုဖူရှန်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
"ပြောပါဦး"
လုံချီမြို့အရှင်က နယ်နိမိတ်မဲ့တောင်ရှိရာဘက်သို့ လက်ညိုးထိုးပြပြီးနောက် ကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောသည်။
"ကျွန်တော်တို့က နတ်ဘုရားတ၀က်နယ်ပယ်က စူးစမ်းရှာဖွေရေးအဖွဲ့တွေကို တဖွဲ့ပြီးတဖွဲ့စေလွှတ်ခဲ့ပါတယ်၊ ဒါပေမယ့် ရလဒ်အနေနဲ့ ၀င်သွားပြီးနောက်ပိုင်း ဘာအချက်အလက်မှ ထွက်မလာတော့ဘူး"
"တချိန်တည်းမှာပဲ အဲဒါပြီးနောက် သိုင်းဧကရာဇ်နယ်ပယ်က လူနှစ်ယောက်ကိုလည်း စေလွှတ်ခဲ့ပါတယ်၊ သူတို့ကလည်း အဆက်အသွယ်ပြတ်သွားပြီးတော့ သူတို့အသက်ရှင်သလား၊ သေသွားပြီလားဆိုတာကို မသိရတော့ဘူး"
ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် မုချင်းချင်း၏အမူအရာပင်လျှင် မည်းမှောင်သွားလေတော့သည်။
"ဒီလိုနဲ့ အခြေအနေက ပိုပြီးပြင်းထန်လေးနက်လာတယ်"
မုချင်းချင်း မုဖူရှန်းကိုတီးတိုးပြောသည်။
"အစ်ကို၊ ညီမတို့တတ်နိုင်သမျှမြန်မြန် စုံစမ်းစစ်ဆေးဖို့လိုတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
"နေရာလွတ်တခုအရင်ထားပြီး ထောက်ပံ့ရေးတွေကိုထားပါ"
"ပြီးတော့ မြို့တော်အရှင်၊ ခင်ဗျားက အနီးအနယးက မြို့တွေက မြို့တော်၀န်စံအိမ်တွေကိုဆက်သွယ်ပြီး လုံချီမြို့မှာတွေ့ဆုံဖို့အတွက် အထူးသီးသန့်လူတွေကို တတ်နိုင်သမျှ အမြန်ဆုံးစေလွှတ်ပေးဖို့ ပြောလိုက်ပါ"
လုံချီမြို့အရှင်ကခေါင်းညိတ်ပြီး ချက်ချင်းဆိုသလို ထိုကိစ္စကိုစီစဉ်ရန် တစ်ယောက်အား စေလွှတ်လိုက်သည်။
မုချင်းချင်းကလည်း သူမ၏မိတ်ဆွေများရှိရာဘက်သို့ လှည့်လိုက်သည်။
"ထောက်ပံ့ရေးတွေကို ချက်ချင်းနေရာချထားလိုက်၊ ပြီးရင် သွေးကြောတောင်တဝိုက်မှာ ကမ္ဘာ့သန့်စင်ရေးအစီအရင်ကို ဆောင်ရွက်ဖို့အတွက် လူတွေကိုစေလွှတ်လိုက်"
သူတို့ခေါင်းညိတ်လိုက်ကြသည်။
တကြိမ်တည်းမှာပင် စစ်ဆင်ရေးကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။
မုချင်းချင်းကလည်း တာ၀န်တွေစပေးရင်းပြောသည်။
"အစ်ကို၊ ငွေချပ်၀တ်တားမြစ်စစ်တပ်ကို အရင်ဆုံးပို့လိုက်ရင်ရော"
မုဖူရှန်းတုံ့ဆိုင်းမနေဘဲခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဒီတကြိမ်အသင်းခေါင်းဆောင်အနေနဲ့ ငွေချပ်၀တ်တပ်မှူးက မြောက်ပိုင်းက သွေးကြောတောင်တန်းအနက်ပိုင်းမှာ စုံစမ်းဖို့အတွက် ငွေချပ်၀တ်စစ်သည်သုံးဆယ်ကို ဦးဆောင်လိမ့်မယ်"
"ကောင်းယွန်၊ လက်ရွေးစစ်စစ်သည်တွေကို စုစည်းပြီး အရှေ့ဘက်ကိုသွားလိုက်"
ကောင်းယွန်က မုချင်းချင်းလက်အောက်ရှိ ဒုတိယတပ်မှူးဖြစ်ပြီး သူ့ခွန်အားက အတော်လေးအားကောင်းသည်။
"မြို့အရှင်ကတော့ လုံချီမြို့နဲ့ပတ်ပတ်လည်မြို့က လူတွေကိုအနောက်ဘက်မှာ စုံစမ်းစစ်ဆေးဖို့အတွက် စုစည်းလိုက်ပါ"
လုံချီမြို့အရှင်ခေါင်းညိတ်သည်။
"အားလုံးပဲသတိရပါ"
မုချင်းချင်းလေးနက်သည့်အမူအရာဖြင့် ပြောသည်။
"ဒီစစ်ဆင်ရေးက အတင်းအကြပ်လုပ်ခိုင်းတာမျိုးမရှိဘူး၊ တကယ်လို့တခုခုမှားနေတာတွေ့ရင် ပတ်ပတ်လည်ကလူတွေကို ခေါ်ဖို့ ချက်ချင်းအချက်ပြပါ၊ တချိန်တည်းမှာပဲ အန္တရာယ်ရှိတဲ့နေရာကနေ ဆုတ်ခွာပြီး အဝေးတနေရာပနေ စောင့်ကြည့်ပါ"
လူတိုင်းခေါင်းညိတ်သည်။
"ကောင်းပြီ၊ သွားကြရအောင်"
....
အပြသ်ဘက်တွင် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က ဘေးချင်းယှဉ်ရပ်နေပြီး သွေးကြောတောင်ရှိရာဘက်သို့ ကြည့်နေကြသည်။
ရှောင်ဟိုင်၏မျက်နှာက ယခုတကြိမ်တွင် အနည်းငယ်ရှုပ်ထွေးနေသည်။
ယဲ့ချိုးပိုင်က မူမမှန်မှုကို သတိထားမိသဖြင့် မေးလိုက်သည်။
"ပြဿာနာတခုခုရှိလို့လား"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ကျွန်တော်လည်းမသိဘူး၊ ဒါက.."
ထို့နောက် ရှောင်ဟိုင် သွေးကြောတောင် မြောက်ဘက်သို့လက်ညိုးထိုးပြသည်။
"အဲဒီမှာ ကျွန်တော်နဲ့တူညီတဲ့ အရင်းအမြစ်တခုတည်းက အော်ရာတခုရှိနေပုံပဲ..."
ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။
"ဒီလိုဆိုရင်မင်းဘယ်လိုထင်လဲ"
ရှောင်ဟိုင်ပြောသည်။
"ကျွန်တော်အထဲကို၀င်ကြည့်ချင်တယ်"
အပိုင်း(376) coming။
ငါ့တပည့်တွေက ဘုရင်တွေ