#လျှို့ဝှက်စွာစီးဆင်းခြင်း#
Vol. 26 Ch. 376
"ကျွန်တော်သွားပြီးကြည့်ချင်တယ်.."
ရှောင်ဟိုင်ပြောလာသည်။
မုဖူရှန်းကလည်း ထိုအချိန်တွင်ရောက်လာခဲ့ပြီး သုံးယောက်သားကြားက စကားပြောဆိုမှုကိုကြားပြီးနောက် သူကပြောသည်။
"အခုစောင့်ပါဦး၊ သတင်းတွေကိုစုံစမ်းနေတဲ့ တပ်ဖွဲ့တွေထွက်လာတဲ့အခါကျရင် ကမ္ဘာ့သန့်စင်အစီအရင်ကလည်း ပြီးသွားလိမ့်မယ်"
"အဲဒီအချိန်ကျရင်နည်းနည်းပိုလုံခြုံသွားလိမ့်မယ်"
ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်သည်။
လူလေးယောက်က နောက်တွင်စောင့်နေကြသည်။ သို့သော် သုံးရက်မြောက်နေ့တွင် သွေးကြောတောင်၌ နောက်ဆုံးတွင် လှုပ်ရှားမှုရှိလာသည်။
မြောက်ဘက်တွင် လှံဆန္ဒပေါက်ကွဲမှုများစွာက ကောင်းကင်ပေါ်ထိုးတက်လာ၏။ ထိုနေရာက ငွေချပ်၀တ်တပ်မှူးတည်ရှိနေသည့် နေရာဖြစ်ပြီး လှံဆန္ဒက အချက်ပြခြင်းပင်။
မုချင်းချင်း ချက်ချင်းဆိုသလိုလူများကို ဆင့်ခေါ်လိုက်သည်။
"ကျောက်စိမ်းဆွဲသီးကို ဆက်သွယ်လို့မရတော့ဘူး၊ အထဲက အနက်ရောင်မြူတွေက ဆက်သွယ်တာကို တားဆီးပေးနိုင်တဲ့ သက်ရောက်မှုတခုရှိတယ်ထင်တယ်"
လူယုံတော်ကပြောလာသည်။
"ကျွန်တော်တို့ အထောက်အကူပေးဖို့အတွက် လူတွေစေလွှတ်ဖို့လိုတယ်"
မုချင်းချင်းခေါင်းညိတ်သည်။
"ဒီတကြိမ်တော့ အဖွဲ့ကိုငါကိုယ်တိုင် ဦးဆောင်မယ်"
လူတိုင်း၏မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ကြသည်။
မုချင်းချင်း၏လက်အောက်ငယ်သားများကမူ လုံး၀အံ့ဩသင့်သွားခြင်းမရှိပါ။ တော်၀င်မိသားစုကလူတစ်ယောက်က ထိုအဆိုကို ချက်ချင်းငြင်းဆန်သည်။
"အရှင်မင်းသမီး၊ လုံး၀မဖြစ်နိုင်ပါဘူး"
မုချင်းချင်းလှည့်ကြည့်လိုက်သည်။
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
တော်၀င်မိသားစုကလူကပြောသည်။
"အရှင်မင်းသမီးက ဒီစစ်ဆင်ရေးရဲ့ခေါင်းဆောင်ပါ၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလိုအန္တရာယ်များတဲ့နေရာကိုသွားပြီး မတည်ငြိမ်တဲ့အခြေအနေမျိုးမှာ ကျရောက်သွားအောင် မလုပ်သင့်ပါဘူး"
"တကယ်လို့အရှင်မင်းသမီးသေသွားခဲ့ရင် ဒီလူတွေရဲ့စိတ်ဓာတ်က ကျောရိုးမရှိတော့တာမို့ ချက်ချင်းကျဆင်းသွားကြလိမ့်မယ်"
မုချင်းချင်းက ဤအမှန်တရားကို မည်သို့ မသိဘဲနေနိုင်မည်နည်း။
သို့စေကာမူ သူမတွင်လည်းကိုယ်ပိုင်အကြံရှိသည်။
"ဒါပေမယ့် ငါကိုယ်တိုင်အဖွဲ့ကို ဦးဆောင်လိုက်တာနဲ့ သူတို့ရဲ့စိတ်ဓာတ်တွေကလည်း မြှင့်တက်လာက်လိမ့်မယ်"
"နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်နဲ့ ဆက်စပ်နေတဲ့အရာတွေကို ရင်ဆိုင်ရတဲ့အခါ ငါတို့အောင်မြင်မှုအခြေအနေကို အာမခံဖို့လိုအပ်ပြီး လျစ်လျူရှုမှုမရှိသင့်ဘူး"
"ဒါကြောင့် ဒီကိစ္စကို ထပ်ပြီးဆွေးနွေးစရာမလိုတော့ဘူး"
ချက်ချင်းဆိုသလို သူမကဘေးက သူမ၏ လူယုံတော်အားကြည့်လိုက်သည်။
"အဲဒါပြီးရင် မင်းတာ၀န်ယူရမယ်"
မုဖူရှန်းအားလှမ်းကြည့်လာစဉ် မုဖူရှန်းတစ်ယောက် ရုတ်တရက် မကောင်းတော့သလို ခံစားလာရသည်။
"အစ်ကို၊ အစ်ကိုရောညီမနဲ့အတူလိုက်ဦးမလား"
မုဖူရှန်း"....."
သူငြင်းပစ်ချင်သည်။
သို့စေကာမူ လူများစွာ၏စောင့်ကြည့်မှုအောက်တွင် အကယ်၍သူသာငြင်းမည်ဆိုပါက တော်၀င်မိသားစု၏ ဂုဏ်သိက္ခာကို ဆုံးရှုံးရပေလိမ့်မည်။
သူကနောက်ထပ်ဘုရင်အဖြစ်ဆက်ခံသူဖြစ်နေသည်။ ထို့ကြောင့် သူခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာ၌ တာ၀န်ရှိသည့်အကြည့်တစ်ခုရှိနေသည်။
"ပြဿာနာမရှိဘူး"
မုဖူရှန်း ယဲ့ချိုးပိုင်တို့ကိုလက်ညိုးထိုးပြသည်။
"သူတို့ကိုလည်းခေါ်သွားရမယ်"
မုချင်းချင်းမျက်မှောင်ကြုတ်လိုက်သည်။
ဤခရီးစဉ်၌ သူမတို့က လက်ရွေးစင်လူများကိုသာ ခေါ်လာနိုင်သည်။
ယဲ့ချိုးပိုင်တို့က သိုင်းဧကရာဇ်တ၀က်နယ်ပယ်တွင်သာရှိသေးပုံရသည်။ ရိုးသားပုံပေါ်သည့် ရှီရှန်းဆိုသောလူကသာ သိုင်းဧကရာဇ်နယ်ပယ်ဖြစ်သည်။
သို့စေကာမူ မုဖူရှန်း၏မျက်နှာကြောင့် သူမကအများကြီးမပြောခဲ့ပါ။
ထိုစဉ် လူများကြားမှတစ်ယောက်က ကန့်ကွက်လိုက်သည်။
"အရှင်မင်းသား၊ ကျွန်တော်ပြောသင့်လား၊ မပြောသင့်ဘူးလားဆိုတာ မသိပေမယ့် တခွန်းလောက်ပြောချင်ပါတယ်"
မုဖူရှန်းငဲ့ကြည့်လိုက်သည်။
"ပြော"
ထိုလူက မင်းသားလင်းလုံ၏လူဖြစ်သည်။
"အကုန်လုံးသွားကြမှာဆိုတော့ လက်ရွေးစင်လူတွေကိုပဲ ခေါ်သွားသင့်ပါတယ်၊ သိုင်းဧကရာဇ်နယ်ပယ်အောက်က လူတွေကို မလိုအပ်ဘူးလေ"
မုဖူရှန်းခေါင်းခါယမ်းသည်။
"ငါသူတို့ကို ခေါ်သွားချင်တယ်ဆိုမှတော့ ငါ့မှာကိုယ်ပိုင်အကြံရှိလို့ပေါ့၊ ငါမင်းကို စကားအရမ်းကြီးပြောဖို့မလိုဘူးထင်တယ်၊ ပြောရမယ်ထင်လား"
ထိုလူ၏မျက်နှာကရှုံ့တွသွားပြီး လက်နှစ်ဖက်ဆုပ်လိုက်သည်။
"နားလည်ပါပြီ"
အခြေအနေကအရေးကြီးနေပြီဖြစ်လေရာ လူနှင့်မြင်းများကို အလျင်အမြန်ပင် နေရညချလိုက်ကြသည်။
ယခုတကြိမ်တွင်မူ မင်းသမီးမုချင်းချင်းက အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်သည်။ အားလုံးက သိုင်းဧကရာဇ်နယ်ပယ်က လူများဖြစ်ကြသည်။
တချိန်တည်းမှာပင် အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်လေးယောက်လည်းရှိသည်။
စုစုပေါင်းလူလေးဆယ်က သွေးကြောတောင်၏မြောက်ဘက်သို့ ဦးတည်လိုက်ကြ၏။
သွေးကြောတောင်ထဲသို့ ၀င်လိုက်သည်နှင့်တပြိုင်နက် ယဲ့ချိုးပိုင်တို့က ချက်ချင်းဆိုသလို မိစ္ဆာအင်အားကိုခံစားလိုက်ကြရသည်။
ဤစွမ်းအားက မိစ္ဆာကျင့်ကြံသူများနှင့် အတော်လေးဆင်တူသည်။
သို့စေကာမူ ဤသည်က မိစ္ဆာကျင့်ကြံသူများ၏စွမ်းအားထက် အများကြီးပို၍ သန့်စင်သည်။
ယဲ့ချိုးပိုင် ရှောင်ဟိုင်ကိုကြည့်ကာ မေးလိုက်သည်။
"မင်းပြောတဲ့ မင်းနဲ့မူလဇစ်မြစ်တူညီတဲ့ အော်ရာဆိုတာကဘယ်မှာလဲ"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ပျောက်သွားပြီ၊ ကျွန်တော်ခံစားလို့မရတော့ဘူး"
ဤသည်ကရှောင်ဟိုင်နှင့်တူညီသည့်ဇစ်မြစ်တွင်ရှိပါက ရှောင်ဟိုင်မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် အရာတခုခုကို ရှာဖွေကောင်းရှာဖွေနိုင်သည်။
ဤကဲ့သို့အရာမျိုးက ယခုအချိန်တွင် ရှောင်ဟိုင်အတွက် အလိုအပ်ဆုံးဖြစ်သည်။
"သူတို့နောက်ကအရင်လိုက်ကြမယ်၊ ပြီးတော့ သဲလွန်စတွေရှိလားဆိုတာ သေချာကြည့်"
....
တခြားတဘက်တွင် နယ်နိမိတ်မဲ့နယ်မြေ နန်းတော်ထဲ၌ မုကျန်းထင်က သူ့ရှေ့က အဖိုးအိုကိုကြည့်နေသည်။
"မကြာသေးခင်က အင်ပါယာမင်းဆက်က ငြိမ်းချမ်းမှုထပ်မရှိတော့ဘူး"
ဤအဖိုးအိုက လက်ရှိမင်းဆက်၏ ဧကရာဇ်မင်းဆရာဖြစ်သည့် မင်စုပေတည်း။
မင်စုခေါင်းညိတ်သည်။
"ဒီအဖိုးကြီးကလည်း ဒီအကြောင်းကို ကြားခဲ့ပါတယ်၊ အဲဒီအချိန်တုန်းက လျှို့ဝှက်စွာ စုံစမ်းနေခဲ့တာပါ၊ မြှားထိပ်အားလုံးက မင်းသားလင်းလုံကို ပြသနေပေမယ့် အဲဒီမြှားထိပ်တွေအတွက် အထောက်အထားမရှိဘူး"
မုကျန်းထင်ညင်သာစွာခေါင်းညိတ်ရင်း သူ့မျက်နှာကမည်းမှောင်သွားသည်။
"ဒါပေမယ့်ဒီအတွက်ကြောင့် သူကသံသယဖြစ်ဖွယ်အကောင်းဆုံးလူပဲ"
မြှားထိပ်အများစုက မင်းသားလင်းလုံကို ပြသနေသည်။ တစ်ယောက်ယောက်က သက်သေအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။
လူတစ်ချို့က သူတို့ကို မင်းသားလင်းလုံ၏တည်ရှိမှုကို ရှာတွေ့သွားစေရန် မလိုလားသည်မှာ သိသာထင်ရှားနေသည်။
ဤလူကိုယ်တိုင်က မင်းသားလင်းလုံကိုယ်တိုင်ပင် ဖြစ်နိုင်သည်။
"ဒီလိုထူးခြားတဲ့အချိန်မျိုးမှာ မင်းဆက်အတွင်းမှာ ဒီလိုအရာမျိုးဖြစ်ပျက်ခဲ့တယ်၊ ဒီအဖိုးကြီးကနည်းနည်းတော့ စိတ်ထင့်နေမိတယ်"
နယ်မြေအပြင်ပက မိစ္ဆာလူမျိုးစု၏ လှုပ်ရှားမှုရှိလာစဉ်မှာပင် ဤကဲ့သို့အရာမျိုးဖြစ်ပျက်ခဲ့သည်။
ဘယ်လိုတိုက်ဆိုင်မှုလဲ!
မုကျန်းထင်ခေါင်းညိတ်သည်။
"ဒီအင်ပါယာကလည်း အဲလိုထင်တယ်၊ ကျုပ်တို့ထင်သလိုမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်"
"မင်းဆရာ၊ ကျေးဇူးပြုပြီး ဆက်လက်စုံစမ်းနေပါ"
"ပြီးတော့ အမှားအယွင်းမရှိစေနဲ့"
မင်စုကခေါင်းညိတ်သည်။
သူ့ကိုယ်ခန္ဓာကထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
မုကျန်းထင်လေးနက်သည့်မျက်နှာ၊ တည်ငြိမ်သောအသံဖြင့် အပြင်ပသို့ စိုက်ကြည့်လိုက်သည်။
"မင်းတုံးအမိုက်မဲတာတခုခုမလုပ်ဖို့ ငါမျှော်လင့်ပါတယ်... မဟုတ်ဘူးဆိုရင် မင်းဆက်ကို မင်းဘယ်လောက်ပဲ ထောက်ပံ့ခဲ့ပါစေ ဒီအင်ပါယာက ဒါကိုဘယ်တော့မှ သည်းခံမှာမဟုတ်ဘူး"
.....
ကန္တာရနယ်မြေ၌ လုချန်ရှန်းက စံအိမ်တော်သို့ပြန်ရောက်လာသည်။
ထိုအချိန်လည်း လျိုကျိယုကလည်း ထိုနေရာသို့ရောက်လာသည်။
ရက်အနည်းငယ်အကြာက လျိုကျိယု သူဘယ်နေရာကိုသွားခဲ့သလဲဆိုတာကို မသိသော်လည်း လုချန်ရှန်းကို မမေးခဲ့ပေ။
"ဒီကြယ်နယ်မြေက ပြောင်းလဲတော့မယ်"
လုချန်ရှန်းခပ်ပေါ့ပေါ့မေးလိုက်သည်။
"အို၊ ဘာများလဲ"
ရာသီဥတုပြောင်းလဲသွားတာများလား!
ငါနဲ့ဒါကဘာဆိုင်လို့လဲ!
လျိုကျိယုပြုံးလိုက်သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် အမှောင်နယ်မြေကိုပြန်သွားခဲ့တယ်၊ လမ်းမှာ သတင်းတစ်စ ကျွန်တော်ကြားခဲ့တယ်"
"အလယ်အလတ်ကြယ်နယ်မြေကနေ အဆင့်နိမ့်ကြယ်မြေကို ဆက်သွယ်ထားတဲ့အာကာသအတားအဆီးက လျော့လာနေပြီ"
"ဒီတော့ မိစ္ဆာမျိုးနွယ်စုက အဆင့်နိမ့်ကြယ်နယ်မြေကို ပိုပြီးအစွမ်းထက်တဲ့လူတွေ ပို့လွှတ်လိုက်မယ်"
"ကြည့်ရတာ အလယ်အလတ်ကြယ်နယ်မြေမှာလည်း အင်အားစုတချို့က ဒီနေရာကို စိတ်၀င်စားနေကြတယ်"
မိစ္ဆာမျိုးနွယ်စုလား!
ဒါကငါမကြာသေးခင်က အမြစ်ဖြတ်ဖို့သွားခဲ့တဲ့မိစ္ဆာမျိုးနွယ်စုမလား!
"နယ်နိမိတ်မဲ့နယ်မြေက ဒီအတွက် ၀န်ထုပ်၀န်ပိုးကို ထမ်းဆောင်ထားရလိမ့်မယ်၊ ဒီနယ်မြေက အာကာသအတားအဆီးနဲ့ အနီးကပ်ဆုံးနေရာလေ"
လုချန်ရှန်း "...."
နယ်နိမိတ်မဲ့နယ်မြေလား!
လုချန်ရှန်း ရုတ်တရက် သူ့ကိုယ်ထဲကနေပင် အေးစက်မှုကိုခံစားလိုက်ရသည်။
ငါ့တပည့်တွေကအဲမှာလေကွာ!
ဘာလို့ဒီလိုတွေဖြစ်ပျက်လာရတာတုန်း!
"ဒီသတင်းကိုမင်းဘယ်ကရလာတာလဲ"
လျိုကျိယုဂုဏ်ယူစွာပြောသည်။
"ကျွန်တော်ပြောခဲ့တယ်လေ၊ အမှောင်နယ်မြေရဲ့သတင်းဌာနက အရမ်းအားကောင်းတယ်၊ ဒါကြောင့် စီနီယာ အမှောင်နယ်မြေကို၀င်တာနဲ့ ဘယ်သတင်းကိုမဆို ကြိုတင်သိနိုင်တယ်"
လုချန်ရှန်းအကူအညီမဲ့သလိုခံစားလိုက်ရပြီး မျက်လုံးလိမ့်ကာ အဖြေမပေးပေ။
သူက အာကာသအတားဆီးပြေလျော့လာသည်ကို တွေးတောနေမိသည်။
ဒါကိုအားဖြည့်ရမှာလား!
.....
မုချင်းချင်းနှင့် ကျန်သောသူများက သွေးကြောတောင်အလယ်သို့ ၀င်သွားခဲ့ကြလေပြီ။
အနက်သို့ပိုရောက်လာလေလေ၊ မြူနက်များက ပို၍ပင် ထူထဲလာသည်။
ထိုနေရာသို့ရောက်သောအခါ လက်အစုံကို ဆန့်တန့်လိုက်သော်လည်း လက်ကိုမမြင်ရပေ။
မြူနက်များထံတွင် မိစ္ဆာအားလှိုင်းများက အဆက်မပြတ်စီးဆင်းနေသည်။
ဤအားများက ကျင့်ကြံသူများ၏ကိုယ်ထဲက မရီဒျန်စီးဆင်းမှုကို ဝိုးတဝါးသက်ရောက်စေသည်။
ထိုအချိန်တွင် မုချင်းချင်းလက်ဝှေ့ယမ်းလိုက်သည်။
"ရပ်ကြတော့"
အပိုင်း(377) coming။
ငါ့တပည့်တွေက ဘုရင်တွေ