#မြူခိုးနက်ထဲတိုး၀င်ခြင်း#
Vol. 26 Ch. 377
သွေးကြောတောင်၌ ပို၍နက်နက်သွားလေလေ မြူခိုးနက်များကပို၍ထူထဲလာလေလေဖြစ်သည်။
လက်ချောင်းများကိုပင်မည်သူမှမမြင်ရတော့။ ထိုအချိန်တွင် မုချင်းချင်းအော်ဟစ်လိုက်သည်။
"ရပ်ကြ"
လူတိုင်းနိုးကြားသွားကြသည်။
မုဖူရှန်းမေးလိုက်သည်။
"ဘာလို့လဲ၊ နင်တခုခုရှာတွေ့လို့လား"
မုချင်းချင်းညင်သာစွာခေါင်းညိတ်သည်။
ယဲ့ချိုးပိုင်ကလည်း ဓားပိုင်နက်ကို ထုတ်လွှတ်ထားလေရာ ဓားဆန္ဒက ပတ်ပတ်လည်၌ လွှမ်းမိုးနေသည်။
ဤမြူခိုးနက်က မိစ္ဆာနက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သို့သော် ၎င်းက ဓားဆန္ဒကိုတော့ တားဆီးနိုင်ပုံမရ။
သူ့ပတ်ပတ်လည်က အရာရာတိုင်းက ယဲ့ချိုးပိုင်စိတ်ထဲတွင် ရှင်းလင်းစွာပေါ်လာသည်။ ချက်ချင်းဆိုသလို သူ့မျက်နှာက လေးနက်သွား၏။
ယခုအချိန်ကညတာဖြစ်သဖြင့် ကောင်းကင်ယံတခွင်၌ ကြယ်များစွာရှိနေသည်။
ဤပတ်၀န်းကျင်၌ ရှီရှန်း၏ခွန်အားက အမြင့်ဆုံးသို့ရောက်နေသည်။
ကြယ်စွမ်းအားက ပတ်ပတ်လည်၌ စူးစမ်းသွားလာနေသည်။
မြူခိုးနက်ထဲရှိ ပတ်ပတ်လည်က အခြေအနေကိုသူမြင်သောအခါ သူ့မျက်နှာ၌ တည်ကြည်နေသည့် အကြည့်တစ်ခုပေါ်လာသည်။
ရှောင်ဟိုင်ကလည်းထိုကဲ့သို့ပင်။
မကြာမီ ပတ်၀န်းကျင်က သတ်ဖြတ်လိုသည့်အငွေ့အသက်၏ အတက်အကျကို သူခံစားလိုက်ရသည်။
သုံးယောက်စလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် တဖက်လူက သူတို့အခြေအနေကို နားလည်နေပြီဆိုတာ သူတို့အားလုံးသိလိုက်ကြသည်။
မုချင်းချင်းက ချပ်၀တ်ကို၀တ်ဆင်ထားပြီး အော်ရာဖြင့်ပြည့်နှက်နေသည်။
စစ်အင်အားကို အမိန့်ပေးသူတစ်ယောက်တဖြစ်လဲ စစ်မြေပြင်၌ သူမကအကြိမ်ရေများစွာရှိနေခဲ့လေရာ အကျပ်အတည်းကာလ၌ မုချင်းချင်းက အတော်လေးထိခိုက်လွယ်သည်။
တချိန်တည်းမှာပင် ဤအမြင်ကြောင့် သူမက မရေမတွက်နိုင်လောက်သည့်တိုက်ပွဲများကို ဆင်နွှဲနိုင်ခဲ့သည်။
ထို့ကြောင့် မုချင်းချင်းအဖို့ သူမနှင့်ရင်းနှီးသည့်လူများက သူမကိုအများကြီးယုံကြည်ကြသည်။
"အားလုံးပဲ၊ ငါတို့၀န်းရံခံလိုက်ရပြီ"
မုချင်းချင်းလေးနက်သောမျက်နှာထားဖြင့်ပြောသည်။
"လူတိုင်း ကိုယ့်ခွန်အားကိုယ်မထိန်းသိမ်းထားဘဲ ပတ်၀န်းကျင်ကို အမြဲအာရုံစိုက်ထားကြ"
ဒုဗိုလ်ချုပ်ကမေးသည်။
"အရှင်မင်းသမီး၊ အဲဒါကဘာများလဲ"
ဤဒုဗိုလ်ချုပ်က သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်စွမ်းအားရှင်ဖြစ်သည်။
သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ပင်လျှင် အထူးရှာဖွေရေးနည်းလမ်းမရှိပါက မြူခိုးနက်များကို ဖောက်ထွင်းကာ အထဲက အခြေအနေကို စုံစမ်းရန်ဟူသည် မဖြစ်နိုင်ပေ။
မုချင်းချင်း၏မျက်နှာကလေးလံနေသည်။
"ကောလဟာလတွေကမှန်တယ်"
"ဒီမြူခိုးနက်က နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်နဲ့ တကယ်ဆက်စပ်နေတယ်"
နယ်မြေပြင်ပက ဂြိုလ်သားမိစ္ဆာမျိုးနွယ်စု!
ယခုတွင်မူ အတည်ပြုလိုက်ပြီဖြစ်လေရာ လူတိုင်း၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားကြသည်။
မုချင်းချင်း၏စကားလုံးများက သူတို့က နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်များ၏ ၀န်းရံခြင်းကို ခံထားရပြီဟု ဆိုလိုနေခြင်းဖြစ်ကာ မြူခိုးများကို မြင်နိုင်ရန်အတွက် ခက်ခဲနေသည်။
မုဖူရှန်းချက်ချင်းလက်တစ်ဖက်ကို ဆန့်လိုက်ကာ စည်းတံဆိပ်ကိုညှစ်လျက် သူ့ကိုယ်ပေါ်၌ ကာကွယ်ရေးတံဆိပ်ကို အသက်သွင်းရန် အဆင်သင့်ဖြစ်နေသည်။
တချိန်တည်းမှာပင် ကျန်လက်တစ်ဖက်ကမူ လက်စွပ်ကိုထိထားပြီး သူ့လက်စွပ်ထဲတွင် မိုးကြိုးလွတ်မြောက်အဆောင်များစွာရှိနေသည်။
အခြေအနေရပ်ကမှားယွင်းနေမည်ဆိုပါက သူကလူများကိုချက်ချင်းခေါ်ထုတ်သွားမည်ဖြစ်သည်။
ယဲ့ချိုးပိုင်ကလည်း လှည့်ကြည့်ကာ သူ့အတွေးကို ဖော်ပြလိုက်သည်။
"ဒီနေ့ လူတစ်၀က်ကျော်လောက်က ပြိုင်ဘက်ရဲ့ တည်နေရာကို မစစ်ဆေးနိုင်ကြဘူး၊ ဒီတော့ ခုခံနိုင်ဖို့အတွက် ကာကွယ်ရေးအတားအဆီးကို ကျေးဇူးပြုပြီး ထုတ်လွှတ်ပေးပါ၊ မဟုတ်ရင် တိုက်ခိုက်ခံရပြီး သေကြရလိမ့်မယ်"
မည်သူကမှ ယဲ့ချိုးပိုင်တို့၏ကိုယ်ပိုင်အထောက်အထားကို မသိကြပါ။
မုဖူရှန်းက ဤလူသုံးယောက်ကို စစ်ဆေးမှုတွင်ပါ၀င်ရန်အတွက် အကြံပြုတောင်းဆိုလာသောအခါမှသာ ဤလူသုံးယောက်က မုဖူရှန်းလူများဆိုတာ သူတို့သိလာကြရသည်။
ဤသည်က မိသားစုရင်းနှီးမှုမျိုးပေတည်း။
မင်းသားလင်းလုံ၏လူဖြစ်သည့် ကျုံ့ဟီကမျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့လဲ၊ မင်းဆိုလိုချင်တာက မင်းက တဘက်လူရဲ့တည်နေရာကို စစ်ဆေးနိုင်တာပေါ့"
"အခြေအနေကို မစစ်ဆေးနိုင်တဲ့ အစွမ်းထက်သိုင်းဧကရာဇ်တွေအများကြီးပဲ၊ မင်းလိုသိုင်းဧကရာဇ်တ၀က်လေးက ဘာလုပ်နိုင်မှာလဲ"
ယဲ့ချိုးပိုင် ဤလူကိုစိုက်ကြည့်လိုက်သော်လည်း ဘာမှမပြောပါ။ သူသတိပေးတာက မသိသူများအတွက်သာဖြစ်ပြီး ဤအဆင့်က အကောင်းဆုံးကြင်နာမှုသာ။
နားထောင်သင့်၊ မထောင်သင့်က သူတို့အပေါ်တွင်သာမူတည်သည်။ နားမထောင်ပါက သေရမည်သာ။
နားထောင်ပြီးကျေးဇူးတင်စွာနှင့် လက်ခံလိုက်ပါ။ တကယ်တမ်းတွင် ဤလူများအကြားကို ယဲ့ချိုးပိုင်ဂရုမစိုက်ပါ။
မုချင်းချင်းက ယဲ့ချိုးပိုင်တို့ကို အံ့ဩသင့်တကြီးစိုက်ကြည့်လိုက်သည်။
ယဲ့ချိုးပိုင်တို့ကလည်း တခြားသူများ၏ တည်နေဂာကို စစ်ဆေးနိုင်လိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
အကယ်၍မုချင်းချင်းကသာ ဤထူးဆန်းသည့်အမြင်ကိုမပိုင်ဆိုင်ထားပါက သူမကလည်း တဖက်လူ၏ တည်နေရာကို သိနိုင်မည်မဟုတ်။
ယခုအချိန်တွင် မုချင်းချင်းသတိပေးချင်လာတော့သည်။
ထိုအချိန်တွင် တဲထဲကနေ အော်ဟစ်သံတစ်သံထွက်လာသည်။
သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်စွမ်းအားရှင်တစ်ယောက်က အထွပ်အထိပ်အခြေအနေကိုရောက်နေသည့် အပြာရောင်လက်တစ်ချောင်းဖြင့် မြူခိုးနက်ထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။
ချက်ချင်းဆိုသလို မြူခိုးနက်ထဲတွင် အော်ထပ်အော်ဟစ်သံတစ်သံထွက်လာပြီး အကိုက်ခံလိုက်ရသည့်အလား ဤအော်သံက သုံးစက္ကန့်မျှသာကြာမြင့်ကာ ရပ်သွားသည်။
ဤသုံးစက္ကန့်အတွင်း လူတိုင်း၏ စိတ်အမူအရာက ချက်ချင်းပြောင်းလဲသွား၏။
လူတိုင်းကယဲ့ချိုးပိုင်၏ စကားလုံးများကို နားထောင်ကာ သူတို့၏အော်ရာကို ထုတ်လွှတ်ရင်း ပတ်ပတ်လည်က ကာကွယ်ရေးအတားအဆီးကို ဖန်တီးလိုက်ကြသည်။
လူများက အနီရောင်မြစ်ကိုမမြင်သေးသရွေ့ မငိုတက်ကြပေ။ ဤသည်က သူပြောနေသည့်လူအမျိုးအစားပင်။
ထိုအချိန်တွင် မုချင်းချင်း ကျောက်စိမ်းဆွဲသီးဖြူတစ်ခုကို ထုတ်ယူလိုက်သည်။
ဤကျောက်စိမ်းဖြူက တာအိုစွမ်းအားဖြင့် ပြည့်နှက်နေသည်။ ဤကျောက်စိမ်းဖြူထဲတွင် ကမ္ဘာသန့်စင်အစီအရင်၏ ပုံစံငယ်ကို ထွင်းထုထားသည်။
သူမကချက်ချင်းဆိုသလို လေထုထဲပစ်လိုက်ရာ ကျောက်စိမ်းဖြူကကွဲသွားသည်။
ကမ္ဘာသန့်စင်အစီအရင်၏ အသေးစားပုံစံက စတင်အသက်၀င်လာသည်။
ကျောက်စိမ်းဖြူက ဗဟိုတွင်ရှိနေပြီး ဆယ်မီတာပတ်လည်အတွင်း မြူခိုးနက်များက လွင့်စင်ပျောက်ကွယ်သွား၏။
တချိန်တည်းမှာပင် မြူခိုးနက်က သန့်စင်သောကမ္ဘာ၏အလင်းကို အဆက်မပြတ် ခုခံနေသည်။
သန့်စင်ကမ္ဘာ၏အလင်းက မြူခိုးနက်များအတွင်း လင်း၀င်းနေပြီး "ကျီကျီ" ဟူသော အသံကိုပင်ထုတ်လွှတ်နေသည်။
ဤအလင်းထဲတွင် ထိန်းချုပ်နိုင်သည့်သက်ရောက်မှုရှိသော်လည်း မြူခိုးနက်များက အတော်လေးထူထဲသည်။
၎င်းကတစိတ်တပိုင်းပျက်စီးခံရသည်နှင့်တပြိုင်နက် ကျန်သောမြူခိုးနက်များက ထိုကွက်လပ်ကို ချက်ချင်းဆိုသလို ဖြည့်လိုက်ကြသည်။
သို့သော် ကမ္ဘာ့သန့်စင်အစီအရင်၏စွမ်းအားကို လုံး၀လျှော့ချပစ်နိုင်စွမ်းမရှိပေ။
တချိန်တည်းမှာပင် ကမ္ဘာ့သန့်စင်အစီအရင်၏ သက်ရောက်မှုက ယာယီမျှသာဖြစ်သည်။
အစီအရင်ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် မြူခိုးနက်များက ထပ်ပြီး ဖုံးလွှမ်းသွားပေလိမ့်မည်။
ယဲ့ချိုးပိုင် မုချင်းချင်းကို နောက်တကြိမ်ထပ်ကြည့်မိလိုက်သည်။ ဤအမျိုးသမီးတွင် စွမ်းရည်တချို့ရှိသည်။
သူမက နယ်မြေအပြင်ပက မိစ္ဆာလူမျိုးစုများက တခုခုပြုလုပ်လိမ့်မည်ဟု သံသယဖြစ်မိသည်နှင့်တပြိုင်နက် ၎င်းနှင့်ကိုက်ညီသည့် မှော်လက်နက်ကို ပြင်ဆင်ပြီးသွားလေပြီ။
ကြီးမြတ်သောနာမည်အောက်တွင် တန်ဖိုးမရှိသည့်လူများရှိနေခြင်းမဟုတ်ပေ။
မုဖူရှန်းက မုချင်းချင်းက အလွန်ကျွမ်းကျင်အားကောင်းသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟု သူတို့ကိုပြောခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤဆယ်မီတာအတွင်း နယ်မြေပြင်ပက မိစ္ဆာလူမျိုးသုံးဆယ်ကျော်ပေါ်လာသည်။
သူတို့ထဲတွင် မျက်နှာစိမ်းမိစ္ဆာလူမျိုးဆယ်ယောက်ရှိသည်။ ထိုလူများက ခေါင်းဆောင်အဆင့်မိစ္ဆာများပင်။
သူတို့ခွန်အားက သိုင်းဧကရာဇ်အဆင့်တွင်ရှိကြပြီး သူတို့နှင့်အရမ်းကြီးမကွာပေ။
အဝေးတနေရာ၌ ပျက်စီးမှုအကြွင်းအကျန်များရှိသည်။ ၎င်းက ယခုလေးတင် မြူခိုးနက်ထဲသို့ ဆွဲသွင်းခံလိုက်ရသည့် အစွမ်းထက်လူသားကျင့်ကြံသူဖြစ်ပြီး အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရသည်။
မုချင်းချင်း ဤမြင်ကွင်းကိုတည်ငြိမ်နေသည့်အမူအရာဖြင့်ကြည့်နေပြီး ကမ္ဘာသန့်စင်အစီအရင်က မြူခိုးနက်များကို ဖယ်ရှားပစ်သည့်အချက်တခုတည်းကြောင့် သူမဒါကို ပေါ့ပေါ့တန်တန်မမှတ်ယူရဲပါ။
မည်သို့ပင်ဆိုစေကာမူ ပတ်ပတ်လည်ဆယ်မီတာကိုသာ သူမရှင်းလင်းစွာမြင်ရသည်။
မြူခိုးနက်ထဲတွင် ပုန်းနေသည့်မိစ္ဆာလူမျိုးများရှိနေသေးသည်။
"ကိုယ့်ကိုကိုယ် နယ်နိမိတ်သတ်မှတ်ပြီး ပတ်ပတ်လည်က မိစ္ဆာတွေကိုအရင်သတ်"
"ကာကွယ်ရေးအတားအဆီးထဲက မထွက်သွားကြနဲ့၊ မြူခိုးနက်တွေအနားကိုမကပ်ကြနဲ့"
သူမကတည်ငြိမ်သည့်အမူအရာဖြင့် ညွှန်ကြားချက်များထုတ်ပြန်ကာ ချက်ချင်းဆိုသလို လှံကိုဆွဲထုတ်ရင်း ရှေ့သို့ ပြေး၀င်သွား၏။
မုရှင်းရှင်း၏ပစ်မှတ်က တပ်မှူးအဆင့်မျက်နှာစိမ်းမိစ္ဆာများထဲက တစ်ယောက်ဖြစ်သည်။
လူတိုင်းကဒါကိုမြင်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် လက်နက်များကို ဆွဲထုတ်ကာ ကာကွယ်ရေးအတားအဆီးအတွင်း သူတို့၏ခွန်အားများကိုသုံးလိုက်ကြပြီး ဤမိစ္ဆာများအား ရင်ဆိုင်လိုက်ကြသည်။
လူတိုင်းကဒါကိုပေါ့ပေါ့တန်တန် မမှတ်ယူရဲကြဘဲ အကောင်းဆုံးကြိုးစားနေကြ၏။
ယဲ့ချိုးပိုင်တို့ကလည်း အချင်းချင်းကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
ရှီရှန်းက အင်ပါယာမင်ရွှမ်ပုဆိန်ကို ထုတ်ယူကာ မျက်နှာစိမ်းမိစ္ဆာတစ်ဦးထံ ၀င်ရောက်သွား၏။
ရှောင်ဟိုင်ကဟိန်းလိုက်စဉ် လိုင်းသုံးကြောင်းက ရှောင်ဟိုင်ကိုယ်ကိုဖုံးလွှမ်းသွားပြီး ထာ၀ရနတ်ဆိုးကိုယ်ထည်ကို အပြည့်အ၀ဖွင့်လှစ်ကာ မျက်နှာစိမ်းမိစ္ဆာတစ်ဦးထံ ပြေး၀င်သွားသည်။
ယဲ့ချိုးပိုင်က ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်လျက် ဓားစက်ကွင်းကို ထိန်းချုပ်ကာ ဓားကို မြစ်တစ်စင်းအဖြစ် ပြောင်းလဲရင်း လှိုင်းများကို ဖန်တီးလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း မုဖူရှန်းတစ်ယောက် မျက်နှာကိုဖုံးကာ ခေါင်းခါယမ်းနေသည်။
ငါ့အစ်ကိုသုံးယောက်က ပြောင်ပြောင်တင်းတင်းပါလားဟ!
ကျန်သောသူများကလည်း ယဲ့ချိုးပိုင်တို့၏ လုပ်ရပ်များကိုတွေ့ရသောအခါ ဆွံအသွားကြသည်။
လခွမ်း!ဒီကောင်တွေက ခေါင်းဆောင်အဆင့်မိစ္ဆာတွေကို ရင်ဆိုင်နေကြတာလား၊ သူတို့သေခြင်းတရားကို ရှာဖွေနေကြတာလား!
အပိုင်း(378) coming။
ငါ့တပည့်တွေက ဘုရင်တွေ