#ယဲ့ချိုးပိုင် စွမ်းအားကိုပြသခြင်း#
Vol. 26 Ch. 378
တပ်မှူးအဆင့်မျက်နှာစိမ်းမိစ္ဆာ!
သူတို့၏နယ်ပယ်က သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်တွင် တည်ရှိပြီး ခွန်အားက အတော်လေးအစွမ်းထက်သည်။
သိုင်းဧကရာဇ်နယ်ပယ်ရှိ သာမန်အလယ်အလတ်အဆင့်စွမ်းအားရှင်များပင်လျှင် သူတို့လက်ထဲ၌ အခွင့်သာမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာများ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက အတော်လေးအားကောင်းသည်။
ဝိဉာဉ်စွမ်းအားအစား မိစ္ဆာစွမ်းအားကရှိနေပြီး ဤမိစ္ဆာစွမ်းအားက မရီဒျန်များ၏ စီးဆင်းမှုနှင့် ပတ်ပတ်လည်က ကျင့်ကြံသူများ၏ ဝိဉာဉ်စွမ်းအင်ကို သက်ရောက်ကာ ရင်ဆိုင်ကြသူများအား စွမ်းအား အပြည့်အ၀မသုံးနိုင်အောင် ဖြစ်သွားစေသည်။
ဤသည်က လူတိုင်းက ယဲ့ချိုးပိုင်းတို့အပေါ် အထင်သေးရသည့်အကြောင်းရင်းတခုလည်းဖြစ်သည်။
သူတို့မျက်လုံးထဲတွင် သူတို့ကသာ ဤမိစ္ဆာများအားတိုက်ခိုက်ရန်လိုအပ်ပြီး အများဆုံးမသေနိုင်သည်အထိ အာမခံနိုင်သည်။
သို့သော် ယခုတွင်မူ ယဲ့ချိုးပိုင်တို့က တချိနါတည်းမှာပင် တပ်မှူးအဆင့်မိစ္ဆာသုံးဦးထံ ပြေး၀င်သွားခဲ့လေသည်။
ဘယ်လိုတောင်ရဲတင်းလိုက်လေသနည်း။
မုချင်းချင်းပင်လျှင် အနည်းငယ်မျက်မှောင်ကြုတ်ကာ ကြင်နာစွာပြောသည်။
"နင်တို့ခွန်အားက တပ်မှူးအဆင့်မိစ္ဆာတွေကို ရင်ဆိုင်နိုင်လောက်တဲ့အထိ အားမကောင်းသေးဘူး၊ နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်စုရဲ့ ခွန်အားကို နင်တို့နားမလည်တာဖြစ်နိုင်တယ်၊ ဒီတော့ မိစ္ဆာစစ်သားတွေကို အရင်ရှာသင့်တယ်"
"အရမ်းသတ္တိမရှိကြပါနဲ့"
မည်သို့ပင်ဤသုံးယောက်က သူမအစ်ကိုကြီး၏ စီနီယာအစ်ကိုများဖြစ်လေရာ တံခါးတချပ်တည်းကခရီးသွားသူများဖြစ်သည်။
ထို့ကြောင့် မုချင်းချင်းက သူတို့ကို စိတ်ခံစားချက်နှင့်အတူ ဆင်ခြင်တုံတရားပါ ပေါင်းထည့်ကာ သတိပေးနေခြင်းပင်။
သို့စေကာမူ ယဲ့ချိုးပိုင်က ဤသည်ကို သဘောကျပုံမရဘဲ ခပ်ယဲ့ယဲ့ပြုံးရင်း ပြောသည်။
"အရှင်မင်းသမီး၊ ကျုပ်တို့နဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုပါဘူး"
ဤသည်ကိုကြားပြီးနောက် သုံးယောက်သားရှေ့သို့ပြေး၀င်သွားသည်ကို မြင်ရသောအခါ မုချင်းချင်း အကူအညီမဲ့စွာသာ ခေါင်းခါယမ်းလိုက်သည်။
ငါထပ်ပြီးဂရုစိုက်မနေတော့ဘူး!
လက်ရှိအခြေအနေတွင် သူမအဖို့ အရမ်းကြီးဂရုစိုက်ရန်ဟူသည် မတတ်စွမ်းနိုင်ပေ။
မုဖူရှန်းတစ်ယောက်တည်းကသာ စိတ်ထဲက ကျိတ်ရယ်နေလေတော့သည်။
ငါ့စီနီယာအစ်ကိုတွေကိုစိုးရိမ်နေတာလား!
ဤရက်များအတွင်း မုဖူရှန်းက ယဲ့ချိုးပိုင်တို့ကို နိမ့်ချထားရန်နှင့် အရမ်းကြီးမပြသရန် နားချခဲ့သည်။ သူတို့ကို အသက်ရှင်နေရန်နှင့် တိုးတက်အောင် လုပ်ရန်ပြောခဲ့သည်။ နယ်ပယ်မြင့်လာသည်နှင့်တပြိုင်နက် ပြသရန်ဟူသည် အရမ်းကြီးနောက်မကျသေးပါ။
သို့သော် ဤသုံးယောက်၏ခွန်အားနှင့်ပတ်သက်ပြီး မုဖူရှန်းအများပြီးယုံကြည်သည်။
ဤသည်အပြင် ယခုလိုကိစ္စမျိုးတွင် စီနီယာအစ်ကိုယဲ့ချိုးပိုင်က မဆင်မခြင်လုပ်ပြီး သေရန်အတွက် ပြေး၀င်သွားမည်မဟုတ်။
မသေချာသည့်တိုက်ပွဲတခုတွင် သူက အလွယ်တကူလုပ်မည်မဟုတ်ပေ။
ထိုအချိန်တွင် ယဲ့ချိုးပိုင်လက်ထဲက ကိုးပေရှည်ကြယ်ကြွေဓားက ဓားဆန္ဒနှင့်အတူ အပြင်းအထန်လင်း၀င်းလာသည်။
စကြာ၀ဠာသခင်တ၀က်အဆင့်သို့ ချိုးဖျက်ထားသည့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ သံသယမရှိထွက်ပေါ်လာသည်။
ဓားဆန္ဒကိုခံစားမိသောအခါ လူတိုင်းက တုန်လှုပ်သွားကြသည်။
ဒီနယ်ပယ်၊ ဒီလောက်ငယ်တဲ့အရွယ်မှာ သူကဒီလို ဓားသခင်တ၀က်အဆင့်ဓားဆန္ဒကို ပိုင်ဆိုင်နေရတာလဲ!
ဒီလောက်သတ္တိရှိနေတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ!
မုချင်းချင်းကလည်း ယာယီစိတ်သက်သာရာရသွားသည်။ နယ်ပယ်ကအနည်းငယ်နိမ့်ကျသော်လည်း ယခုလိုဓားသိုင်းအဆင့်ကို အားကိုးထားမည်ဆိုပါက သေရန်ဟူသည် မဖြစ်နိုင်ပေ။
ဤရက်များတွင် ယဲ့ချိုးပိုင် နယ်နိမိတ်မဲ့နယ်မြေသို့ရောက်လာပြီးနောက် တိုက်ပွဲအတွေ့အကြုံများနှင့် သူရခဲ့သည့် အမွေအနှစ်ကို ပေါင်းစပ်ခဲ့သည်။
ဓားမယ်ပယ်က ထပ်မံတိုးတက်သွားပြန်သည်။ ဓားအပေါ်သူ့နားလည်မှုက နက်ရှိုင်းသထက်ပို၍နက်ရှိုင်းလာသည်။
တိုက်ခိုက်ရေးခွန်အားကလည်း အရှိန်အဟုန်နှင့်တိုးတက်လာခဲ့သည်။ ဤသည်က ယဲ့ချိုးပိုင်၏နယ်ပယ်က အရမ်းတည်ငြိမ်လွန်းသည့်အချက်ကြောင့်လည်း ဖြစ်သည်။ သူ့နယ်ပယ်က ကျောက်တုံးကဲ့သို့ ခိုင်ခံ့နေလေပြီ။
ထို့ကြောင့် နယ်ပယ်ခွန်အားကိုတိုးတက်အောင်လုပ်သောအခါ ဤသည်က သာမန်ကိစ္စတခုဖြစ်ပုံပေါ်နေသည်။ သူကအလွယ်တကူပင် ချိုးဖျက်တက်သွားသည်။
ဓားပိုင်နက်ထဲတွင် အကြွင်းမဲ့ဓားလေးစင်းအစီအရင်က အကြမ်းပတမ်းမြည်ဟီးနေပြီး ကြယ်ကြွေဓားနှင့်ပေါင်းစပ်လိုက်သောအခါ စွမ်းအားက အကြီးအမား တိုးတက်လာသဖြင့် ရှေ့က တပ်မှူးအဆင့် မိစ္ဆာအား ပိုင်းချလိုက်သည်။
မျက်နှာစိမ်းမိစ္ဆာကနှာခေါင်းရှုံ့သည်။
"ပုရွက်ဆိတ်လိုလူသားတွေက ဒီအဆင့်နဲ့ ငါ့ကိုတယောက်တည်း ကိုင်တွယ်ရဲတာလား"
စကားပြောပြီးနောက် ထိုမျက်နှာစိမ်းမိစ္ဆာက လက်သီးကို လက်ဖဝါးအဖြစ်ပြောင်းကု လက်ဖဝ်းကိုဆန့်ထုတ်လိုက်စဉ် မြူခိုးနက်များက လက်ဖဝါးပေါ်၌ စတင်စုစည်းလာသည်။
စုစည်းနေသည့်မြူခိုးနက်များက ကျယ်ပြောသည့်အစွယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ကြယ်ကြွေဓားရှိရာသို့ပစ်လွှတ်လိုက်သည်။
သူကဓားစက်ကွင်းကို တိုက်ရိုက်ဖျက်ဆီးချေမွပစ်ချင်သည်။
ယဲ့ချိုးပိုင်အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။
အောင်မြင်မယ်ထင်နေတာလား၊ ဟမ့်!
လက်ထဲတွင် ကြယ်ကြွေဓားကိုကိုင်ထားစဉ် ကြယ်ကြွေဓားသိုင်းက ဓားစက်ကွင်းနှင့် ပေါင်းစပ်သွားပြီး ထိုမိစ္ဆာအစွယ်ရှိရာသို့ ပိုင်းဖြတ်လိုက်သည်။
ဘန်း!
ဓားဆန္ဒကအသံတစ်ချက်မြည်ဟီးကာ မြူခိုးနက်ကို လွှမ်းမိုးပစ်သည်။
နှစ်ခုအကြား ဟန်ချက်ညီမှုအခြေအနေတစ်ခုအထိ ရောက်လာသည်။ ၎င်းတို့က ဘာမှမဖြစ်သေးသည့်တိုင် ပတ်ပတ်လည်က လူများကို ကြောက်ရွှံ့သွားစေရန် လုံလောက်နေပါပြီ။
သိုင်းဧကရာဇ်တ၀က်နယ်ပယ်ခွန်အားနှင့် သူက တပ်မှူးအဆင့်မိစ္ဆာတစ်ယောက်ဆီက တိုက်ချက်ကို နည်းနည်းလေးတောင် မယိုင်ဘဲ ခုခံနိုင်တာလား!
ဒီလိုမျိုးနယ်ပယ်ဖြတ်ကျော်တိုက်ခိုက်တဲ့ခွန်အားက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်!
မျက်နှာစိမ်းမိစ္ဆာ၏မျက်နှာက ကြည့်ရဆိုးသွားသည်။
ဤကဲ့သို့ ပုရွက်ဆိတ်နှင့်တူလှသည့်လူသားက ဤကဲ့သို့နယ်ပယ်ဖြင့် သူ့ကိုဆွဲထားနိုင်လေသည်။ မိစ္ဆာမျိုးနွယ်ကို သူမည်သို့ မျက်နှာပြရတော့မည်နည်း။
ချက်ချင်းဆိုသလို သူကဒေါသတကြီးအော်ဟစ်ကာ ရုတ်တရက်ရှေ့တလှမ်းတိုးလိုက်သည်။
သူ့နောက်က အစိမ်းရောင်တောင်ပံများကို တဖျပ်ဖျပ်ယပ်ခတ်ကာ မြူခိုးများဖြင့် ၀န်းရံစေပြီးနောက် မရေမတွက်နိုင်လောက်သော မိစ္ဆာအားလှိုင်းများက ယဲ့ချိုးပိုင်ထံ လေဆင်နှာမောင်းမုန်တိုင်းတစင်းကဲ့သို့ ၀င်ရောက်သွား၏။
ယဲ့ချိုးပိုင်က အန္တရာယ်ကို ရင်ဆိုင်နေရသည့်တိုင် အကြောက်တရားကင်းမဲ့နေသလို သူ့အမူအရာကလည်း လုံး၀ပြောင်းလဲခြင်းမရှိပေ။
သူလက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သောအခါ ဓားစက်ကွင်းထဲက ဓားဆန္ဒက ချက်ချင်းဆိုသလို မြစ်ရှည်တစ်စင်းအဖြစ် ပြောင်းလဲကာ ဓားသခင်တ၀က်အဆင့်ဓားဆန္ဒက အပြင်းအထန်မြည်ဟီးလာသည်။
ဤသည်ကအတော်လေးထက်ရှသည်ာ အကြွင်းမဲ့ဓားလေးစင်းအစီအရင်က ထိုထဲတွင် ပေါင်းစည်းသွားခဲ့သည်။ အာဒိကပ္ပဓားလေးစင်းကလည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ မဟာအကြွင်းမဲ့ဓားလေးစင်းဆန္ဒတခုဖြစ်တည်လာသည်။
လုံးဝကွဲပြားသည့်အားနှစ်ခုက အရူးအမူးစြဆုံသွားသည်။ တခဏမျှကြာ မြူခိုးနက်များက ဆူပွက်နေပုံရပြီး ဘေးဘီဝဲယာလေးဘက်သို့ ပြန့်ကြဲသွားသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်အခွင့်ကောင်းယူကာ ဒုတိယလှုပ်ရှားမှုကိုလုပ်ဆောင်လိုက်သည်။
တတိယဓားချက်!
န၀မမြောက်ဓားချက်မတိုင်ခင်အထိ ကြယ်ကြွေဓားပညာရပ်ကိုသုံးလိုက်စဉ် ဓားချက်တစ်ချက်က အရင်ကထက်ပိုမိုအားပောငါးလာသည်။
ဓားချက်တိုင်းက အရင်ဓားချက်၏စွမ်းအားများဖြင့် ပေါင်းစည်းသွား၏။
သူပို၍တိုက်ခိုက်လာလေလေ၊ မျက်နှာစိမ်းမိစ္ဆာ၏မျက်လုံးများမှအကြောက်တရားက ပို၍ပို၍ပင်ပြင်းထန်လာသည်။
ဓားစွမ်းအားကိုရရှိပြီးနောက် ၎င်းကအားကောင်းသထက်ပို၍အားကောင်းလာသည်။
ယခုဆယ်ကြိမ်မြောက်ဓားချင်က သူ့အမူအရာကို အကြီးအကျယ်ပြောင်းလဲသွားစေသည်။
သူလက်အစုံကိုဆန့်ထုတ်လိုက်စဉ် မြူခိုးနက်များကထိုးတက်လာပြီး မိစ္ဆာလက်သည်းနက်နှစ်ခုက ယဲ့ချိုးပိုင်၏ ဆယ်ခုမြောက်ဓားချက်ကို အရူးအမူးခုခံသည်။
သို့သော် ယဲ့ချိုးပိုင်က မျက်နှာစိမ်းမိစ္ဆာကို အသက်ရှုရန်အတွက်ပင် အခွင့်အရေးမပေးချင်ပေ။
လက်ချောင်းနှစ်ချောင်းကနီးကပ်သွားပြီး ဓားဖြင့်ညွှန်ပြလိုက်သည်။ ဓားဆန္ဒက မိစ္ဆာလက်သည်းများကို အဆက်မပြတ် ဖြတ်တောက်နေသည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်လှုပ်ရှားရန်အတွက် အခွင့်အလမ်းကိုအသုံးချလိုက်သည်။
ချက်ချင်းဆိုသလို သူကလက်ထဲက ကြယ်ကြွေဓားကိုမြှောက်ကာ ထပ်မံပိုင်းချလိုက်ပြန်သည်။
ဆယ့်တစ်ကြိမ်မြောက်ဓားချက်!
ဤသည်ကယဲ့ချိုးပိုင်၏အကန့်အသတ်ဖြစ်သည်။
ယခုတွင်သူကအလွယ်တကူထုတ်လွှတ်နိုင်ခဲ့လေပြီ။ ဤနေ့ရက်များတွင် ကြယ်ကြွေဓားသိုင်းအပေါ် ယဲ့ချိုးပိုင်၏နားလည်မှုက အဆင့်အသစ်တစ်ခုထိ တိုးတက်သွားခဲ့သည်။
ဤဓားပညာရပ်အပေါ် ထိန်းချုပ်နိုင်ခြင်းကလည်း ပို၍အသုံး၀င်လာသည်။ ဤဓားချက်ကျဆင်းလာသည်နှင့်တပြိုင်နက် ယခင်ဓားချက်ဆယ်ချက်နှင့် ယှဉ်ပါက ပို၍ပို၍လေးလံနေသည်။
တချိတ်တည်းမှာပင်ဓားချက်က ပို၍ထက်ရှလာသည်။
မျက်နှာစိမ်းမိစ္ဆာ၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားပြီး လက်သည်းများက ကျိူးသွားကာ သူ့ကိုယ်ခန္ဓာက အပြင်းအထန် နောက်ဆုတ်နေရသည်။
သူ့ပါးစပ်ထောင့်စွန်း၌ သွေးမည်းများက ဖြည်းညင်းစွာစီးတွေလာသည်။ သိုင်းဧကရာဇ်တ၀က်နယ်ပယ်က ယဲ့ချိုးပိုင်ကို ရင်ဆိုင်ရင်း ဤအလယ်အလတ်အဆင့်မိစ္ဆာက အမှန်တကယ်ဒဏ်ရာရသွားခဲ့သည်။
အနီးအနားကလူအားလုံးက အံ့ဩသင့်နေကြသည်။
သူကနာကျင်အောင်လုပ်သည်သာမက အရင်တိုက်ပွဲအောက်၌ ယဲ့ချိုးပိုင်က ဒီရေကို တဖြည်းဖြည်း ဖိနှိပ်မှုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ဤမြင်ကွင်းကိုကြည့်ရင်း မုချင်းချင်း စိတ်သက်သာရာရစွာ အသက်ရှုလိုက်မိသည်။
"ငါ့အစ်ကိုကြီးက သူ့ဆရာရဲ့တပည့်ဖြစ်သွားတာအံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ သူ့စီနီယာအစ်ကိုက လွယ်တဲ့လူမှမဟုတ်တာ"
နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခြင်း!
ဤစကားလုံးများကရိုးရှင်းပုံရသော်လည်း နယ်ပယ်ပိုမြင့်လေလေ တိုက်ခိုက်ရန် ပိုခက်လေလေဖြစ်ပြီး ဤသည်က ကောင်းကင်သို့ တက်နေသည်နှင့်တူသည်။
သို့စေကာမူ ယဲ့ချိုးပိုင်က သူမတို့တွေးပင်မတွေးရဲသလို သိုင်းဧကရာဇ်တ၀က်နယ်ပယ်၌ ရုတ်တရက်မလုပ်ရဲသည့် အရာမျိုးကို လုပ်ပြသွားခဲ့သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ရှေ့သို့ဆက်လက်သွားနေသည်။ သူ့လက်ထဲက ကြယ်ကြွေဓားက ထပ်တဖန်မြှောက်တက်သွားပြန်သည်။
ခေါင်းအပေါ်၌မြှောက်ကိုင်ကာ ယဲ့ချိုးပိုင် မျက်နှာစိမ်းမိစ္ဆာထံပြေး၀င်သွားပြီး ရုတ်တရက် ပိုင်းချလိုက်လေသည်။
ဆယ့်နှစ်ကြိမ်မြောက်ဓားချက်!
ဤဓားချက်က ပထမဓားချက်ဆယ့်တစ်ချက်၏ခွန်အားနှင့်ဓားဆန္ဒကို စုစည်းထားသည်။
ထိုအခိုက်အတန့်၌ မျက်နှာစိမ်းမိစ္ဆာက နောက်ဆုံး၌ အန္တရာယ်ကိုခံစားလိုက်ရပြီဖြစ်သည်။
သူ့မျက်နှာကသိသိသာသာပင် ပြောင်းလဲနေပြီး သူကထူးဆန်းစွာအော်ဟစ်လိုက်သည်။ မရေမတွက်နိုင်လောင်သော မြူခိုးနက်များက ဒိုင်းတခုအဖြစ် စုစည်းလာပြီး မျက်နှာပြာနှင့် အတောင်ပံတစုံက ရင်ဘတ်ကို ကာကွယ်ထားသည်။
ဓားက မြူခိုးနက်ပေါ်ကျလာသောအခါ ၎င်းကသေသူများကိုဖျက်ဆီးပစ်သည့်အလား မြူခိုးနက်များက သစ်သားသေတစ်ခုကဲ့သို့ ပိုင်းဖြတ်ခံရပြီး အတောင်ပံပေါ်၌ ရပ်သွားသည်။
ထိုအတောင်ပံများပေါ်၌ နက်ရှိုင်းသည့်ပါးစပ်ပေါက်တခုရှိသည်။
မျက်နှာစိမ်းမိစ္ဆာက စိတ်ပျက်စွာအော်ဟစ်ရင်း နောက်သို့ပျံသန်းသွားကာ နောက်ထပ် တိုက်ခိုက်လိုသည့်စွမ်းအားမရှိတော့သဖြင့် မြူခိုးနက်ထဲသို့ ဆုတ်သွား၏။
အပိုင်း(379) coming။