← Chapters

အခု ရှင့်အလှည့်ပဲ

Vol. 92 Ch. 1276

အခု ရှင့်အလှည့်ပဲ

Vol. 92 Ch. 1276

သွေးနဂါးက မျက်မှောင်ကြုတ်လိုက်သည်။ သူ့တာအိုသက်သေပြပစ္စည်းကို အသုံးပြုထားသော်လည်း ထိုလှံချက်က သူ့အမြီးတစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်သွားသေး၏။

 အချိန်စားသုံးသူက အဲဒီအမျိုးသမီးကို စွဲလမ်းပြီး ကြောက်နေတာ မဆန်းတော့ဘူး…

အကယ်၍ သူသာ အချိန်မီမတုံ့ပြန်ခဲ့ပါက ခန္ဓာကိုယ် အကောင်းအတိုင်းမပါရှိဘဲ သေဆုံးသွားနိုင်သည်။ သူက ဓားသမားအများစုကို သတ်ပစ်ပြီး ကြီးထွားဖို့ အခွင့်အရေး မပေးခဲ့သည့်အတွက် ဝမ်းသာနေမိ၏။ သူတို့၏ တိုက်ခိုက်ရေးအလားအလာက အတော်လေး ကောင်းမွန်သည်။

သွေးနဂါး၏ အသုံးအဆောင်ပစ္စည်းမှ အနီရောင်အလင်းတန်း ထုတ်လွှတ်လာပြီး ပျောက်ဆုံးသွားသည့် အမြီးကို ကုစားဖို့ ကြိုးစားနေသည်။ သို့သော်လည်း အခြေအနေကို လျှော့ချပေးရုံမျှသာ ဖြစ်၏။

ငါ အဲဒီကောင်မကို တတ်နိုင်သမျှ မြန်မြန် သတ်ပစ်ရမယ်…

စကြဝဠာ သွေး

စည်းမျဉ်းဥပဒေသ အကောင်းအတိုင်းရှိသည့် စကြဝဠာကို သက်ရှိအဖြစ် မှတ်ယူနိုင်သည်။ သက်ရှိအားလုံးက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် သွေး ရှိကြ၏။

သွေးနဂါး၏ နည်းစနစ်က သူ ရှိနေသည့်နေရာမှ သွေးကို ဆင့်ခေါ်ဖို့ ခွင့်ပြုပေးထားသည်။ လက်ရှိအခြေအနေတွင် သူက စကြဝဠာကြီး၏ သွေးကို ဝါးမျိုပြီး သူ့ခွန်အားနှင့် ပြန်လည်ကုစားနိုင်စွမ်းကို တိုးမြှင့်ခဲ့သည်။

ထို့နောက် သူက ရှုကျင်းယောင်၏ အစစ်အမှန်ဆန္ဒ ပါဝင်နေသည့် သူ့အမြီးကို ဖြတ်တောက်ကာ ပြန်လည်ကြီးထွားစေလိုက်သည်။

 ထိုစဉ် ကမ္ဘာပေါ်တွင်ရှိသည့် အလှပဆုံးအမျိုးသမီးက ကမ္ဘာပေါ်တွင်ရှိသည့် အကောင်းဆုံးဓားသမား၏ အငွေ့အသက်များ ဆက်လက်ထုတ်လွှတ်နေဆဲသာ ဖြစ်၏။ သူမက ဝါးကို ဝှေ့ယမ်းရင်း နောက်ထပ်ကြောက်မက်ဖို့ကောင်းသည့် ဓားချက်ကို ထုတ်လွှတ်လာသည်။

သွေးချပ်ဝတ်က အောင်းယို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး တိုက်ကွက်ကို တားဆီးလိုက်သည်။ ပြောရလျှင် အများစုကို ပိတ်ဆို့လိုက်လေ၏။ ထိုရိုက်ချက်က ချပ်ဝတ်ကို ကြေမွသွားစေသည်။ သို့သော်လည်း ဝတ်ဆင်သူကို ကာကွယ်ပေးထားလေသည်။ ရှုကျင်းယောင်၏ တိုက်ကွက်က သွေးချပ်ဝတ်ကို မည်သို့ပင် တိုက်ခိုက်စေကာမူ ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာလိမ့်မည်။

မိုးကြိုးတာအို ကမ္ဘာဦးစမ်းသပ်ချက်

ရှုကျင်းယောင် တွေ့ကြုံခံစားခဲ့ဖူးသည့် စိန်ခေါ်မှုတစ်ခုက အံ့ဖွယ်အပြစ်ဒဏ်ကောင်းကင်ဘုံအရှင်ဆီမှ ဖြစ်ပေသည်။ ထိုသူက ကမ္ဘာဦးစမ်းသပ်ချက်ကို ဆင့်ခေါ်သည့် မိုးကြိုးနည်းစနစ်တစ်ခုကို ဖန်တီးထားခဲ့၏။ သူမက ထိုတာအိုကို ကူးယူပြီးသည့်နောက်တွင် သူ့အား သူ့တိုက်ကွက်ဖြင့် ပြန်လည်တွေ့ကြုံခိုင်းခဲ့သည်။

သွေးနဂါးက သူ့ခေါင်းအထက် တိမ်တိုက်များကို မြင်သည့်အခါ အမူအရာ ပျက်ယွင်းသွားခဲ့သည်။ စံပြများက သူတို့၏ ဘဝ၌ မမေ့နိုင်သည့် ဖြစ်ရပ်တစ်ခု ရှိလေသည်။ ထိုအရာက ကမ္ဘာဦးစမ်းသပ်ချက် ဖြစ်၏။ ယခင်စမ်းသပ်ချက်များက မည်သို့ပင် လွယ်စေကာမူ သူတို့က ထိုအရာကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့ဆဲသာဖြစ်၏။ ကျင့်ကြံသူတစ်ယောက်က ပိုပြီးပါရမီ ရှိလေလေ စမ်းသပ်ချက်က ပိုမိုခက်ခဲပြီး စိတ်ဒဏ်ရာပိုမိုကြီးမားလေလေ ဖြစ်သည်။

သွေးနဂါး၏ အလိုလိုသိစိတ်က ထိုစမ်းသပ်ချက်မှ ထွက်ပြေးဖို့ ဖြစ်၏။ နှမြောဖို့ကောင်းလှစွာဖြင့် ထိုအရာက သူ့နောက်လိုက်နေသည်။ ရှုကျင်းယောင်ကလည်း သူ့ကို ထိုသို့လုပ်ဆောင်ဖို့ အခွင့်အရေး ပေးမလာပေ။ သူမက ပုဆိန်ကြီးကို ဆင့်ခေါ်ကာ သူ့ကို နှစ်ခြမ်းခွဲဖို့ ကြိုးစားနေလေ၏။

သွေးနဂါးက သူ့ဘောလုံးအသုံးအဆောင်ပစ္စည်းကို ထိန်းချုပ်ပြီး အပေါ်မှ မိုးကြိုးကို တားဆီးလိုက်သည်။ ထို့နောက် ပုဆိန်ကို အာရုံစိုက်ထားလိုက်၏။ သူ့ ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို သွေးကြောများစွာ ထွက်ပေါ်လာပြီး သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို တိုးမြှင့်သွားစေသည်။ သူ့နဂါးလက်သည်းက ပုဆိန်နှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး လက်နက်ကို ဖျက်ဆီးပစ်လိုက်သည်။

ရှုကျင်းယောင်က တည်တည်ငြိမ်ငြိမ်ဖြင့် ရလဒ်ကို ကြည့်နေလေ၏။ သူမ၏ စံပြအသုံးအဆောင်ပစ္စည်းကို ရယူရသည့် ရည်ရွယ်ချက်က အောင်မြင်သွားလေသည်။ ထိုအရာ မပါရှိဘဲ သူမအနေဖြင့် ထိုဝက်ကို အနိုင်ယူ သတ်ပစ်ဖို့က သိသိသာသာ တိုးမြင့်လာခဲ့၏။ ထို့နောက် သူမက ဝမ်ဝေ့နှင့် တူညီသည့် နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်သည်။

ထိုပုံရိပ်က ရုပ်ထု ၁၃ခုရှိသည့် လှပသော ရေကန်တစ်ခုကို ပြသလာခဲ့၏။ ထိုရုပ်ထုတစ်ခုက ချက်ချင်းဆိုသလို အသက်ဝင်လာကာ ရေကန်ဝန်းကျင်တွင် ကခုန်နေလေသည်။ ထိုရုပ်ထုများ၏ ပုံစံကို မဆုံးဖြတ်နိုင်ဘဲ ထိုအရာကို ကြည့်ရှုသူများက သူတို့သည် မိုးမြေကြားတွင် အလှပဆုံးအရာကို တွေ့ကြုံရသလိုမျိုး ခံစားရလိမ့်မည်။ ထို့အပြင် ရေကန်၏ လေထုက သူတို့၏ ကပြဖျော်ဖြေမှုကို ထပ်မံတိုးမြှင့်ပေးထား၏။

ပြီးပြည့်စုံမှု ကခုန်ခြင်း

နောက်ဆုံးတွင် ရှုကျင်းယောင်က နဂိုမူလဟု ပြောနိုင်သည့် နည်းစနစ်တစ်ခုကို အသုံးပြုလာသည်။ သူမက နိုးထအသက်ဝင်ခြင်းနည်းစနစ်ကို အသက်သွင်းကာ အားအကောင်းဆုံးတာအိုနှလုံးသား ရှိသည့်သူများကိုပင် မျှားခေါ်နိုင်သည့် ဆွဲဆောင်မှုမျိုးကို အသုံးပြုလာသည်။ ထိုနည်းစနစ်၏ ကြောက်မက်ဖို့အကောင်းဆုံးအရာက သူများအား သူတို့ဆန္ဒရှိသည့်အရာကို ပြသနိုင်ခြင်း ဖြစ်၏။

သူတို့၏ အလှတရားပုံစံက မည်သို့ပင်ဖြစ်စေကာမူ ထိုကခုန်မှုက သူတို့ထံ ဖြည်းဖြည်းချင်း ပြသလာလိမ့်မည်။

ရှုကျင်းယောင်က ထိုလူများ၏ အတွင်းဆုံးစိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်နှင့် သူတို့သည် ပုံရိပ်ယောင်အတွင်း ရှိနေကြောင်း သဘောပေါက်သွားလိမ့်မည်မှန်း သိထားသည်။ ထို့ကြောင့် သူမက ဆွဲဆောင်နိုင်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။

နဂါးက ပုံရိပ်ယောင်များဖြင့် အာရုံများနေစဉ် ရှုကျင်းယောင်က ကြမ္မာလှံကို ထိန်းချုပ်ပြီး နဂါးခန္ဓာကိုယ်ထက် ကြီးမားအောင် ပြောင်းလဲလိုက်သည်။ ထို့ကြောင့် သူမက သူ့ဆီ ပစ်ခတ်လိုက်၏။

နဂါးက နာကျင်စွာ အော်ညည်းလိုက်သည်။ နာကျင်မှုက သူ့အား ပုံရိပ်ယောင်မှ နိုးထလာစေ၏။

သူက အခြေအနေကို ချက်ချင်းဆိုသလို သုံးသပ်ကာ သူ့တွင် အချိန်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိသွားလေသည်။ လှံထဲတွင် ရွေးချယ်ခံ၏ ကံကြမ္မာပါဝင်နေသည့်အတွက် ထိုအရာက သူ့သဘာဝရန်သူ ဖြစ်နေလေသည်။ ထိုအရာက သူ့ကို သတ်ပစ်ဖို့ အကောင်းဆုံးလက်နက် ဖြစ်နေ၏။ ထို့ကြောင့် သူက နောက်နာနိုစက္ကန့်ပိုင်းအတွင်း မှန်ကန်သည့် ရွေးချယ်မှုမျိုးကို မလုပ်ဆောင်ခဲ့ပါက သေဆုံးသွားလိမ့်မည်။ သူ့တွင် အသက်ရှည်အရင်းအမြစ်များ မရှိတော့သည့်အတွက် အစစ်အမှန် သေဆုံးသွားလိမ့်မည်။

သေခြင်းရှင်ခြင်းအခိုက်အတန့်တွင် သွေးနဂါး၏ စိတ်က အင်မတန်တည်ငြိမ်ပြီး တွက်ချက်နေလေ၏။ သူက လက်ရှိခန္ဓာကိုယ်ကို စွန့်ပယ်ကာ သွေးပြန်လည်မွေးဖွားခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။ သူက နဂါးဘောလုံးက အရေးပေါ်အနေအထားအတွက် သွေးအဆီအနှစ်အမြောက်အများတချို့ကို သိုလှောင်ထားလေ၏။ ထိုသွေးဖြင့် အောင်းယို့က အသက်ရှင်ကာ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာနိုင်သည်။

အောင်းယို့က နဂါးဘောလုံးကို နောက်ထပ်နဂါးခန္ဓာကိုယ်အသစ်ဆီ ချန်ထားလိုက်သည်။ သူ့အရှိန်အဝါက ပြင်းထန်ပြီး စွမ်းအားက ယခင်ထက် ပိုမိုကြီးမားနေ၏။ သူက ထိုလှောင်ပြောင်သည့် စကားများကို မကြားခင်အထိ အတော်လေး အဆင်ပြေနေခဲ့သည်။

“ရှင်က အရူးပဲ” ရှုကျင်းယောင်က လှောင်ပြောင်လိုက်သည်။

ကျိန်စာပဲ

နဂါးက အမူအရာ ပျက်ယွင်းကာ တွေးလိုက်မိသည်။

သူ သိုလှောင်ထားသည့် သွေးအဆီအနှစ်က နဂိုခန္ဓာကိုယ်မှ ဖြစ်သည့်အတွက် ကျိန်စာပါဝင်နေလေ၏။ သူက သူ့ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့သည်ကို ခံစားမိလိုက်ပြီး အံကြိတ်လိုက်မိသည်။ သူက ပိုမိုရက်စက်ကာ ဒုတိယအကြိမ် သွေးမျိုးဆက်ကို ဖျက်ဆီးပစ်ခဲ့သည်။

တန်ပြန်သက်ရောက်မှုက အင်မတန် ပြင်းထန်လွန်းလှ၏။

အောင်းယို့၏ အရှိန်အဝါက သိသိသာသာ လျော့ကျသွားလေသည်။ သူ့ရွေးချယ်မှုက မှန်ကန်သည်ဟုဆိုရသော်လည်း လက်ရှိအခြေအနေကို နည်းနည်းလေးမှ မတိုးတက်သွားစေပေ။ အနှစ်ချုပ်အားဖြင့် ကိစ္စများက ပိုမိုဆိုးရွားသွားစေ၏။

သူမက ကြမ္မာလှံကို ဆင့်ခေါ်ပြီး ဖျက်ဆီးခြင်းတာအိုဖြင့် ကောင်းချီးပေးလိုက်သည်။ သူမက တိုက်ပွဲကို တစ်ခါတည်းဖြင့် အဆုံးသတ်လိုသကဲ့သို့ ဖြစ်၏။

ဒီလိုဆိုရင် ငါ လုပ်နိုင်တာ တစ်ခုပဲရှိတော့တယ်…

အောင်းယို့က တွေးလိုက်သည်။ အခြေအနေက မျှော်လင့်ချက်ကုန်ခမ်းဖွယ် အနေအထားသို့ ကျရောက်နေကြောင်း သိလိုက်သည်။ သူ့အတွက် ကျန်ရှိနေသည့် တစ်ခုတည်းသော အခွင့်အလမ်းက အချိန်ဆွဲထားဖို့ရာသာ ဖြစ်၏။

သူက ပထမဦးစွာ လောကကာကွယ်မှုဟု ခေါ်ဆိုသည့် နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်သည်။ သူတို့က မည်သို့ပင် အောင်မြင်မှု ရရှိစေကာမူ လမင်း ၈စင်းနှင့် နေမင်းနှစ်စင်းတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကြမ္မာဗဟိုချက် ဖြစ်၏။ ကမ္ဘာ၏ ကံကောင်းမှုအများစုက သူတို့ထံ ပိုင်ဆိုင်သည့်အတွက် အောင်းယို့က ထိုကံကောင်းမှုကိုဆင့်ခေါ်ကာ သူ့ဝန်းကျင်တွင် အကြွင်းမဲ့ခုခံမှုတစ်ခုကို ထားရှိလိုက်သည်။

သွေးနဂါးက မတုံးအပေ။ အနည်းဆုံးတော့ အကျိုးအကြောင်းမသင့်သည့် အနေအထားသို့ မရောက်ရှိသေးပေ။ သူက ထိုကြမ္မာလှံသည် သူ့ကံကောင်းမှုတာအို အခြေပြုသည့် နည်းစနစ်များအတွက် တားမြစ်ချက်သဖွယ် ဖြစ်နေကြောင်း သိထားလေ၏။ ထို့ကြောင့် မန္တန်က အောင်မြင်ပြီး ကာကွယ်ရေးတစ်ခု ဝန်းရံလာသည်။

အောင်းယို့က သူ့သွေးတာအိုကို အသုံးပြုကာ ထိုနည်းစနစ်အား ကံကောင်းမှုတာအိုမှ သွေးတာအိုအဖြစ် ပြောင်းလဲလိုက်သည်။

သွေးခေါင်းတလား

သူက လူသားအသွင်ပြောင်းပြီး အနီရောင်ခေါင်းတလားထဲ လဲလျောင်းလိုက်သည်။

ရှုကျင်းယောင်သည် လှံတံက ခေါင်းတလားကို ထိမှန်လာသော်လည်း အကောင်းအတိုင်းရှိနေဆဲသာ ဖြစ်၏။ သူမက အကြိမ်အနည်းငယ်ကြိုးစားကြည့်သော်လည်း အသုံးမဝင်ပေ။

ကျစ် ဒါက ငါ မဖြစ်ချင်တဲ့ ပုံစံမျိုးပဲ…

သူမက တွေးလိုက်သည်။ သူမက သူမ၏ တာအိုသက်သေများ ဖြစ်သည့် သူမ၏ ကောင်းကင်အလှတရားနန်းဆောင် ပုံစံငယ်ကို ဆင့်ခေါ်လိုက်သည်။ ထိုပုံစံဖြင့် သူမက ထူးကဲသည့် နည်းစနစ်များကို ပိုမိုပုံတူပွားနိုင်သလို အချိန်၊ ကံကြမ္မာ၊ ဖျက်ဆီးခြင်း အစရှိသည့် တားမြစ်ခံတာအိုများကိုလည်း ကူးယူနိုင်သည်။ ထိုကောင်းချီးဖြင့် ရှုကျင်းယောင်က ခေါင်းတလားကို စတင်ဖျက်ဆီးလိုက်သည်။ သူမက တိုးတက်မှုတချို့ရှိလာသော်လည်း သူမအတွက် အင်မတန် နှေးကွေးနေသေး၏။

…

“ကြည့်ရတာ နှမြောစရာပဲ” ဝမ်ဝေ့က သွေးနဂါးသည် ကျိန်စာအကြောင်း မေ့ပြီး သွေးအဆီအနှစ်မှ အသက်ပြန်ရှင်လာသည့်အကြောင်းကို မြင်တွေ့ပြီးသည့်နောက်တွင် မှတ်ချက်ပေးလိုက်သည်။

“ဒါက သက်ရှိတွေအားလုံးအထက်မှာ ရပ်နေပြီးတော့ ဘာမှမလုပ်တာကြာရင် အဲ့လိုဖြစ်သွားမှာပဲ” ဝူဟုန်က ရှင်းပြလိုက်သည်။

“အချိန်စားသုံးသူလိုမျိုး တိုးတက်တဲ့ အခွင့်အရေးကို ရှာနေတဲ့သူတွေအတွက်ဆိုရင်တော့ မဆိုးဘူးပေါ့။ အဲဒီအပြင် သူတို့ကတော့ အားလုံးကို ဖိနှိပ်ထားပြီး သူတို့ရဲ့ အနေအထားမရောက်အောင် တားဆီးဖို့ တွေးနေခဲ့ကြတာ”

“အဆိုးဆုံးအနေအထားက ဒီအခြေအနေထက် ပိုပြီးဆိုးရွားသွားစေမယ်လို့ ထင်တယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ရှင် ပြောတာ မှန်တယ်။ တကယ်လို့ နယ်ခြားကျူးကျော်မှုကြောင့်သာ မဟုတ်ရင် သူတို့တွေက ဒီထက်ပိုပြီးဆိုးရွားနေလိမ့်မယ်” ဝူဟုန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ရုတ်ချည်းဆိုသလို အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

“အခု ရှင့်အလှည့်ပဲ”

“ … ”

“အဲဒီလူတွေက ဆိုးသလောက် သူတို့က သွေးနဂါးက သေဆုံးလုနီးပါးဖြစ်နေတာကို သတိမထားမိလောက်အောင်ထိတော့ လုပ်ရည်ကိုင်ရည် မရှိတာမဟုတ်ဘူးလေ”

“အဲဒါဆိုတော့ တစ်စုံတစ်ယောက်က သူ့ကို လာပြီး ကယ်နေပြီပေါ့”

“ဟုတ်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။

“ရှင့်အတွက် ကံကောင်းသွားတာက ကျင့်ကြံရေး ၉၀ ရာခိုင်နှုန်းပဲရှိတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ ရှင် ဖြေရှင်းနိုင်မှာပါ”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။

“မင်းက ဘာမှမလုပ်ဘူးလား”

“ကျွန်မ လုပ်တာ လုံလောက်ပြီ။ ဒါက ရှင့်ကြမ္မာပဲလေ”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက မျက်လုံးကိုမှိတ်ပြီးလက်ကိုမြှောက်ကာ ကြမ္မာလှံကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက ဂိုဏ်းက သူ့တာအိုကာကွယ်သူအနေဖြင့် ရထားသည့် ရုပ်သေးရုပ်ကို ဆင့်ခေါ်လိုက်၏။ ဝမ်ဝေ့၏ ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာကာ ရုပ်သေးရုပ်ထဲ ဝင်ရောက်သွားပြီး အနက်ရောင်နဂါးချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။

ရုပ်သေးရုပ်က ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို အမှတ်ရသွားလေ၏။

“စံပြအသုံးအဆောင် ပစ္စည်းတချို့ ငှားလို့ရမလား။ အစီအရင်အဖြစ် သုံးလို့ရတဲ့ အတွဲလို ပုံလိုမျိုးပေါ့”

“ကိစ္စမရှိဘူး” ဝူဟုန်က အက်ကြောင်းတစ်ခုကို ဖွင့်ဟကာ တုတ်ချောင်းတစ်စုံကို ထုတ်ပေးလာသည်။

“ဓားလိုအရာမျိုး မရှိဘူးလား”

“ရှင်ကလည်း လာငှားသေးတယ်။ ဒီလောက်တောင် ချေးများနေရလား” ဝူဟုန်က ပြန်လည်ပြောလိုက်သည်။

“ကောင်းပြီ” ဝမ်ဝေ့က ပြောလိုက်သည်။ လှံက ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူက သူ့ဝိညာဉ်မှ အတားအဆီးများကို ယာယီဖယ်ရှားပြီး သူ့အား လေဟာနယ်ထဲ ရပ်တန့်ကာ နန်းဆောင်အား သံသယဖြင့် ကြည့်လိုက်သည်။

All Chapters