← Chapters

မိုးမြေအောင်ပွဲခံခြင်း

Vol. 92 Ch. 1280

မိုးမြေအောင်ပွဲခံခြင်း

Vol. 92 Ch. 1280

ဓာတ်ငါးပါး အံ့ဖွယ်မျက်လုံး

ဓာတ်ငါးပါးက အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က စကြဝဠာကြီး၏ အမှန်တရားကို ထုတ်ဖော်ပြသလာ၏။

ဝူယွီက ထိုအာရုံခံစွမ်းရည်ကို ထိုသဘောတရားဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရာက ဓာတ်ငါးပါးအပေါ် မူတည်နေသည့်အတွက် ထိုနည်းလမ်းက သူမ  ထင်ထားသလို အလုပ်မဖြစ်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမက တစ်စုံတစ်ခုကို သတိထားမိသွား၏။ သူမ၏ နည်းစနစ်ကို အသုံးပြုဖို့ ကြိုးစားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ဝိညာဉ်အပေါ် အပိုဖိအားတစ်ခု ရှိသွားဟန်ပေါ်သည်။

ငါ သိပြီ။ သတင်းအချက်အလက်တွေက သူက အစီအစဉ်ကျမှု၊ မကျမှုတာအိုကို ကျင့်ကြံတယ်လို့ပြောတာ။ ဒီလိုလုပ်ခဲ့တာပဲ…

ဒါပေမဲ့ သူက ဓာတ်ငါးပါးနဲ့ ပတ်သက်တဲ့ စွမ်းရည်အားလုံးကို ဖယ်ရှားဖို့ ပြင်းထန်တဲ့ တန်ကြေးတစ်ခုတော့ ပေးဆပ်ရလောက်တယ်…

ဝူယွီက သုံးသပ်လိုက်သည်။

ဒီလိုဆိုရင် ငါ့ရဲ့ စွမ်းရည်ကို သုံးပြီးတော့ သူ တောင့်မခံနိုင်လောက်အောင် ဖိအားပေးလိုက်ရမလား။ အဲဒီအချိန်ကျရင် တိုက်ခိုက်ဖို့ တခြားနည်းလမ်းကို ရှာလို့ရတယ်…

ဝုန်း

ဝမ်ဝေ့၏ တုတ်ချောင်းက ဝူယွီအား နောက်ထပ် အထိအခိုက်ပြင်း ရိုက်ချက်ဖြင့် တိုက်ခိုက်လာသည်။ ထိုရိုက်ချက်က ယခင်တစ်ကြိမ်လောက် ပြင်းထန်ခြင်း မရှိပေ။ ဆိုလိုသည်မှာ သူ့ခန္ဓာကိုယ်ပေါ် ဝန်ထုပ်ဝန်ပိုးကြောင့်နှင့် တွက်ချက်ဖို့ အချိန်နည်းပါးသည့်အတွက် စိတ်ကို အားလျော့သွားစေသည်။

 သို့သော်လည်း ဝူယွီက လက်ကိုဝှေ့ကာ စကြဝဠာမြောက်များစွာကို ဒိုင်းကာအဖြစ် ဖန်တီးလိုက်သည်။ သူမ၏ မဟာမြူစက်ဝန်းဖြင့် ထိုအရာက အသေးအဖွဲကိစ္စမျှသာ ဖြစ်၏။ သူမက ပင်မခန္ဓာကိုယ်မှ ဖန်ဆင်းခြင်းသက်ရှိများကို မဆင့်ခေါ်နိုင်သော်လည်း မဟာမြူချီကိုမူ အသုံးပြုနိုင်လေသည်။

ဝမ်ဝေ့၏ တိုက်ကွက်က ထိုစကြဝဠာများကို အလွယ်တကူ ချေမွပစ်ခဲ့သော်လည်း ဝူယွီ ရှောင်ရှားဖို့ အချိန်လုံလောက်စေသည်။

ငါ့ရဲ့ အရန်တာအိုကို သုံးလို့ရတယ်ဆိုပေမဲ့ သူတို့က ကောင်းကင်ဘုံအဆင့်ပဲ ရှိနေသေးတယ်…

ဝူယွီက တွေးလိုက်သည်။ သူမက သူမကိုယ်ပိုင်တာအိုဖြင့်ပင် ရုန်းကန်နေရပြီဖြစ်သည့်အတွက် ထိုအရန်တာအိုများက အသုံးမဝင်တော့ပေ။ သူမက ဝိညာဉ်ကို အသုံးပြု၍ သူတို့အား စံပြအဆင့်ရောက်အောင် မြှင့်တင်နိုင်သော်လည်း သူတို့က သက်ရောက်မှုရှိမည် မဟုတ်ပေ။

ဒီလိုဆိုရင် ဒါက ဒီတိုက်ပွဲကို ဆက်တိုက်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းပဲ…

ဝူယွီက တွေးရင်း သူမက စံပြအသုံးအဆောင်ပစ္စည်းတချို့ကို ယူဆောင်လာမိဖို့ရာ ဆုတောင်းနေမိသည်။ သူမ၏ တာအိုသက်သေပြပစ္စည်း မရှိဘဲ သူမက အစီအစဉ်ကျမှု တာအိုမန္တန်ကို အတင်းအကြပ် ချိုးဖောက်နိုင်သည်။

ထိုတိုက်ကွက်များကို ရှောင်ရှားရင်းဖြင့် သူမက လက်ကိုမြှောက်လိုက်သည့်အချိန် သူမ၏ နောက်၌ ကမ္ဘာ၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထို့နောက် လက် အောက်ကျဆင်းလာသည့် လှုပ်ရှားမှုဖြင့် အနက်ရောင်တိမ်တိုက်များက ကောင်းကင်အထက် စုဝေးလာကာ တစ်ဖက်သူအပေါ် မိုးကြိုးများ ထုတ်လွှတ်လာလေ၏။

ဝမ်ဝေ့က ထိုပုံရိပ်ကို မြင်သည့်အခါ ရှုံ့မဲ့သွားသည်။ သူက စံပြများနှင့် တိုက်ခိုက်သည်မှာ တခြားတစ်ခုဖြစ်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထိုသူများက နည်းလမ်းများစွာရှိသည့်အတွက် တိုက်ပွဲအဆင့်အား ပိုမိုရှုပ်ထွေးသွားစေသည်။ ထိုအရာများထဲမှ နည်းလမ်းတစ်ခုက ချီ သို့မဟုတ် စွမ်းရည် ဖြစ်၏။

စံပြတစ်ယောက်၏ ဝိညာဉ်က အားကောင်းလွန်းသည့်အတွက် သူတို့ ထိန်းချုပ်နိုင်သည့် အရင်းအမြစ်ချီနေရာလွတ်မှ စွမ်းအင်ပမာဏကို စိတ်ကူးကြည့်ဖို့ မခက်ခဲပေ။ စံပြအများစုက အရင်းအမြစ်ချီ နေရာလွတ်ထဲတွင် သူတို့ချန်ထားခဲ့သည့် ထူးကဲသောအမှတ်အသားကို သန့်စင်ကာ ထိုနေရာမှ စွမ်းအားကို အလွယ်တကူ ထုတ်ယူပြီး အသုံးပြုနိုင်ကြသည်။ ထို့အပြင် ထာဝရဘုရင်များ၏ မသေမျိုးနန်းဆောင်ကို အတုခိုးထားသည့် နည်းစနစ်များပင် ရှိလေသည်။ ထိုအရာက စံပြများအား နောက်ပိုင်းတွင် အသုံးပြုဖို့အတွက် စွမ်းအင်ပမာဏ အမြောက်အများကို သိုလှောင်ထားနိုင်စေသည်။

ဝမ်ဝေ့က စံပြဝိညာဉ် ရှိသည့်အတွက် ထိုကပ်ပါးများနှင့် ရင်မဆိုင်ခင် အရင်းအမြစ်ချီအမှတ်အသားကို သန့်စင်ဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူ အပြည့်အဝ မပြင်ဆင်နိုင်ခင် ဤအရှုပ်အထွေးကြောင့် တွန်းပို့ခံလိုက်ရသည်။ သူက အစီအစဉ်ကို စဉ်းစားရင်းဖြင့် တည်ငြိမ်နေလေ၏။

သူက ရောက်လာသည့် လျှပ်စီးကို ရိုက်ချလိုက်သော်လည်း ပြန့်ကျဲသွားသည့်စွမ်းအားက ချက်ချင်းဆိုသလို ထက်ရှသည့် ဓားများအသွင် ပြောင်းလဲသွားလေသည်။ ဝမ်ဝေ့က အလျင်အမြန်တုံ့ပြန်ခဲ့သော်လည်း ဓားချက် နှစ်ချက်က သူ့ပုခုံးနှင့် ညာဖက်ပေါင်ကို ထိမှန်သွားလေသည်။

သူက အစစ်အမှန်ဆန္ဒကို အသုံးပြုပြီး သူ့ဝိညာဉ်ကို ကာကွယ်လိုက်၏။

သူမက မသေမျိုးမန္တန်တွေကို လေ့လာဖို့ အချိန်တစ်ခု ယူထားတာပဲ ဖြစ်ရမယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ချီအသုံးပြုမှုက ဝူယွီ၏ အောင်မြင်မှုကို သက်သေပြနေလေ၏။ သို့သော်လည်း သူမက လွှမ်းမိုးအုပ်ချုပ်စဉ်ကတည်းက ကမ္ဘာ၏ အရင်းအမြစ်များကို ရရှိထားသည့်အတွက် အံ့အားသင့်စရာတော့ မဟုတ်ပေ။ ထိုအချက်ကို ထည့်သွင်းစဉ်းစားပါက သူမ၏ အောင်မြင်မှုများက အထင်ကြီးဖို့ မကောင်းတော့ပေ။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ထိုချီမန္တန်များကို ဆက်တိုက်ဖြေရှင်းနေရသည်။

ထိုတိုက်ပွဲ ကြာမြင့်လာသည်က စံပြတစ်ယောက် သက်တမ်းပိုရင့်လာလေလေ သူတို့ကို ကိုင်တွယ်ဖို့ ပိုမိုခက်ခဲကြောင်း ပြသလာလေသည်။

နမူနာအနေဖြင့် ဝူဟုန်နှင့် ချီယွမ်တို့က သူတို့၏ ကိုယ်ပိုင်အရင်းအမြစ်ချီ အမှတ်အသားနှင့် သင်္ကေတစွမ်းရည်များ ရှိလိမ့်မည်။ သို့သော် သူတို့က စံပြအဆင့်ကို ရောက်ရှိထားသည့် အနေအထားအရ ချီယွမ်ထိန်းသိမ်းထားသည့် စွမ်းအင်ပမာဏက မည်မျှပင် များပြားမည်ကို မည်သူကများ သိမည်နည်း။ ဝူဟုန်ကလည်း ထိုဟာကွက်ကို ဖြည့်တင်းဖို့ နည်းလမ်းတစ်ခု ရှိလိမ့်မည်။ ထိုနည်းလမ်းကလည်း ရိုးရှင်းမည် မဟုတ်ပေ။ ထို့နောက် ချီယွမ်က ချီပမာဏအမြောက်အများကို သိမ်းဆည်းဖို့ ထူးကဲသည့် နည်းလမ်းများလည်း ရှိနေနိုင်၏။

အဲဒီလူအိုကြီးတွေက လူသစ်တွေကို မြင့်တက်ဖို့ အခွင့်အရေးမပေးကြဘူးပဲ

ဝမ်ဝေ့က တိုက်ပွဲကို အာရုံစိုက်ပြီးသည့်နောက်တွင် ညည်းတွားလိုက်သည်။

ငါ့ရဲ့ ချီပန်းပွင့်က အရင်းအမြစ်ချီနေရာလွတ်နဲ့ သဟဇာတဖြစ်မှု မြင့်မားတယ်ဆိုတော့ အသုံးပြုနိုင်တယ်။ ငါ မြန်မြန်ဆန်ဆန် စွမ်းအင်တွေကို စုစည်းနိုင်လိမ့်မယ်…

ဝမ်ဝေ့က ထိုစွမ်းရည်ကို ကျင့်ကြံသူအဟောင်းများနှင့် ဟာကွက်ကို ဖြည့်မိစေရန် ရည်ရွယ်ထားလေသည်။ အထူးသဖြင့် သူ စံပြဖြစ်လာပြီးသည့်နောက်တွင် သူ့စွမ်းရည်က ဆင့်ကဲပြောင်းလဲမည် ဖြစ်၏။

ပန်းပွင့်ကို ကြားခံနယ်အနေနဲ့ ထားရင် ငါက ချီထိန်းချုပ်မှုမှာ သိပ်ပြီး နိမ့်ကျမှာ မဟုတ်ဘူး။ ငါ့တာအိုနည်းစနစ်တွေရဲ့ ချီမန္တန်တောင် ဖန်တီးနိုင်လောက်တယ်…

ထိုအရာက စံပြများသည် သူတို့၏ တိုက်ခိုက်ရေးအင်အား မြှင့်တင်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ထိုစွမ်းရည်က ထာဝရလမ်းစဉ်သည် သိသိသာသာလျော့ကျလာသည့် အဓိကအကြောင်းအရင်းတစ် ခုဖြစ်၏။ ချီက သူတို့အရာ ဖြစ်သင့်သော်လည်း စံပြများက ထိုအရာကို ယူကာ သူတို့ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။

ဝမ်ဝေ့က စိတ်ထဲမှ ခေါင်းယမ်းလိုက်သည်။ သူက ထိုသို့မလုပ်လိုပေ။ တစ်စုံတစ်ခုကို သတိထားမိသွား၏။ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ခြင်းက သူ့အင်အားနှင့် ဝှက်ဖဲများကို ထုတ်ဖော်ပြသသလို ဖြစ်သွားလိမ့်မည်။ နောက်ဆုံးသော ရလဒ်အနေဖြင့် သူက ကပ်ပါးများ၏ ပုံရိပ်ယောင်တစ်ခုကိုသာ ဖျက်ဆီးနိုင်မည် ဖြစ်၏။ ထိုအရာက ဝူယွီ၏ ပင်မခန္ဓာကိုယ်ကို သက်ရောက်စေသော်လည်း ဒဏ်ရာက မပြောပလောက်ပေ။ သူမလက်ထဲတွင်ရှိထားသည့် အရင်းအမြစ်များဖြင့် ကောင်းမွန်ဖို့ သိပ်ကြာမြင့်မည် မဟုတ်ပေ။

တကယ်လို့ ငါ ဝှက်ဖဲထုတ်ပြချင်တယ်ဆိုရင်တောင် ပြင်းထန်တဲ့ ဒဏ်ရာမျိုး ဖြစ်ရမယ်…

သူက တိုက်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ်ကို ချမှတ်လိုက်သည်။ ထိုအရာမတိုင်ခင် သူက တခြားအချိန်ကိုယ်ပွားဖြင့် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ စီစဉ်ထားလေ၏။ သို့သော် သူက စိတ်ပြောင်းလဲလိုက်သည်။

ထို့နောက် ဝမ်ဝေ့က တိုက်ပွဲအတွင်း ခုခံရေးဖက်မှ ရောက်ရှိလာပြီး ဆက်တိုက် ရှောင်ရှားနေရသည်။ ထို့အပြင် သူ့မျက်နှာက ပိုမိုဖြူဖျော့လာလေ၏။ ထိုစဉ် ဝမ်ဝေ့က သူ့အချိန်ကိုယ်ပွားကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက ဝူယွီကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော်လည်း သူမ၏ ပုခုံးကသာ ကျိုးသွားပြီး သူမက ကိုယ်ပွားအား နှင်ထုတ်လိုက်သည်။

ဝူယွီက စံပြအသုံးအဆောင်ရှိသည့် ကိုယ်ပွားတစ်ယောက်ကို မြင်တွေ့ပြီးသည့်နောက်တွင် အံ့အားသင့်သွားလေ၏။ သို့သော် သူမက ဤစိုးရိမ်မှုများက ဘာမှမဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဝမ်ဝေ့၏ လက်ရှိအနေအထားဖြင့် ဒုတိယစံပြအသုံးအဆောင်ကို ထိန်းချုပ်ခြင်းက သူ့စိတ်ကို ပိုမို ဖိအားဖြစ်စေကြောင်း သိထားသည်။ သူမက ဓာတ်ငါးပါးတာအိုကို ဆက်တိုက်အသုံးပြုပြီး အစီအစဉ်ကျမှု မန္တန် တန်ပြန်သက်ရောက်မှုကို ဖိအားပေးဖို့ လုပ်ဆောင်လိုက်သည်။

ဝုန်း

ဝူယွီက ကြောက်မက်ဖွယ် အလင်းမန္တန်ကို သုံးပြီး သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲကို အဆုံးသတ်ပစ်တော့မည်ဖြစ်၏။ မိုးမြေကြားတွင် ရုတ်ချည်းဆိုသလို အပြောင်းအလဲတစ်ခု ဖြစ်သွားသည်။ အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာအနှံ့ အမြင်ရုပ်လွှာတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအရာက ရွှေရောင်ကြာပွင့်များ၊ တာအိုအသံများနှင့် အထွတ်အမြတ်သားရဲများ ပျံသန်းနေပြီး ဝိဇ္ဇာများကလည်း ကျမ်းများကို ရွတ်ဖတ်နေသည်။ မသေမျိုးများကလည်း သူတို့၏ မြင့်မြတ်ကြော့ရှင်းမှုကို ပြသနေလေ၏။

ဝူယွီက အမူအရာ ပျက်ယွင်းသွားလေသည်။ ထိုအမြင်ရုပ်လွှာကို မြင်တွေ့သည့်သူတိုင်းက အဖြစ်အပျက်ကို နားလည်ကြလိမ့်မည်။

ဝမ်ဝေ့က ရုတ်ချည်း ရယ်မောလိုက်မိ၏။ သူ့အသံက တိုးသော်လည်း ဝူယွီက အလွယ်တကူ ကြားလိုက်သည်။

“စံပြတွေက တာအိုရဲ့ ပြယုဂ်ဆိုတော့ မြင့်မြတ်တဲ့ သက်ရှိတွေလို့ ဆိုကြတယ်။ သူတို့ထဲက အားအနည်းဆုံးသူရဲ့ သေဆုံးမှုကတောင် မိုးမြေကို အများကြီး ဝမ်းနည်းပူဆွေးစေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ လူတွေက ဒီလိုတွေအများကြီး လုပ်ခဲ့တော့ သေသွားတာတောင် ပျော်ပွဲရွှင်ပွဲ ကျင်းပနေရပြီလေ”

ဝူယွီက အံကြိတ်ကာ လက်သီးဆုပ်ထားလိုက်သည်။ ထိုမြင်ကွင်းက သူမ၏ အနာဂတ်ကို သတိပေးနေလေ၏။ သူမ သေဆုံးသွားသည်နှင့် မိုးမြေက သူမအတွက် ဝမ်းနည်းပူဆွေးမည် မဟုတ်ဘဲ အောင်ပွဲခံကြလိမ့်မည်။ လူများစွာက သူမ၏ တည်ရှိမှုကို ကျိန်ဆဲပြီး သူမ၏ အုတ်ဂူအပေါ်ပင် ကခုန်လိမ့်မည်။ သူမ၏ နာမည်ဆိုးကိုလည်း သမိုင်းကြောင်းတစ်လျှောက်၌ ပြန်လည်ရေးသားခံရမည် ဖြစ်၏။

“အဲဒါက ဘာတုံ့ပြန်မှုမျိုးလဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီရလဒ်ကို မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား။ ခင်ဗျားတို့တွေက ဒီလိုဟာတွေ အကုန်လုပ်ပြီးတာတောင် သေဆုံးပြီးရင် ဂုဏ်သိက္ခာကျန်ဦးမယ်လို့ မျှော်လင့်နေတာလား”

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့” ဝူယွီက လှောင်ပြောင်ကာ ပြောလိုက်သည်။

“ငါ မသေဖို့ပဲ လိုတာ”

“မသေဖို့တဲ့လား” ဝမ်ဝေ့က သူမအား ကြည့်လိုက်သည်။

“ခင်ဗျားရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီဆိုတာ နားမလည်ဘူးလား။ ဒီလောက်နှစ်တွေအကြာကြီး လေ့ကျင့်ပြီးတော့ စွမ်းအားကို အထွတ်အထိပ်အဆင့်ထိ ရောက်ရှိပြီးတဲ့နောက်မှာ ခင်ဗျားက ထွက်ပြေးပြီးတော့ အသက်ရှင်နိုင်တယ်။ ဒါပေမဲ့ အခုကရော” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ ကျုပ်ဆီမှာ ခင်ဗျားတို့အားလုံးကို သုတ်သင်ပစ်ဖို့ ကံကြမ္မာမျိုး မရှိဘူးဆိုရင်တောင် မပြီးမပြတ်အခြေအနေမှာရှိတဲ့ စံပြတွေပြန်ရောက်လာတာနဲ့ ခင်ဗျားတို့ ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ပြန်မလာဘူးဆိုရင်တောင် နေမင်းနှစ်စင်းက ခင်ဗျားတို့ကို မလိုအပ်တော့ရင် အသက်ရှင်လျက် ထားဦးမယ်များ ထင်နေတာလား”

“မင်း ဘာတွေပြောနေတယ်ဆိုတာကို မသိပါဘူး” ဝူယွီက ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ဖြင့် ပြောလိုက်သည်။

“ဒီလိုလား” ဝမ်ဝေ့က ပြုံးလိုက်၏။ သို့သော်လည်း ထိုအရာက ဆွဲဆောင်မှုရှိသည့် အမျိုးအစားမျိုး မဟုတ်ဘဲ လူများအား သူ့ကို ရိုက်နှက်ချင်စိတ်ပေါက်စေသည့် အပြုံးမျိုး ဖြစ်၏။

“မေတ္တယျက ခင်ဗျားတို့တွေကို မလိုအပ်တော့ဘူး။ အဲဒါကြောင့် သူမဆီမှာ အခွင့်အရေး ရလာတာနဲ့ ခင်ဗျားတို့အားလုံးကို ရှင်းထုတ်ပစ်မှာပဲ။ သဟဇာတက ပိုပြီးတော့တောင် အေးစက်သေးတယ်။ ခင်ဗျားတို့တွေကို သူ့အကျိုးအမြတ်အတွက် စတေးပစ်ဖို့ အချိန်တစ်ခုပဲ လိုတယ်။ အဲဒါကြောင့် ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားတို့တွေက ကမ္ဘာရဲ့ အုပ်ချုပ်သူဖြစ်လာဖို့ သူတို့ရဲ့ အပေးအယူကို လက်ခံလိုက်တဲ့ အခိုက်အတန့်ကတည်းက ခင်ဗျားတို့ရဲ့ ကံကြမ္မာကို သတ်မှတ်ထားပြီးသားလို့”

All Chapters