← Chapters

နောက်ဆုံးတော့ လှုပ်ရှားပြီလား

Vol. 92 Ch. 1281

နောက်ဆုံးတော့ လှုပ်ရှားပြီလား

Vol. 92 Ch. 1281

ဘာတွေဖြစ်နေတာလဲ…

ဝမ်ဝေ့က သတိလက်လွတ် အပြုအမူဖြစ်နေသော်လည်း သူ့စိတ်ကမူ တခြားတစ်နေရာကို ရောက်ရှိနေလေ၏။

ငါ့ခံစားချက်က မမှားဘူး။ ကောင်းကင်အလှတရားနန်းဆောင်ထဲမှာ အရေးပါတာ တစ်စုံတစ်ခု ဖြစ်တော့မယ်။ ပြီးတော့ အဲဒါက ငါ မလွဲချော်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ…

ထိုအရာကို သိပြီးသည့်နောက်တွင် ဝမ်ဝေ့က ဤတိုက်ပွဲအား တတ်နိုင်သမျှမြန်မြန် အဆုံးသတ်ဖို့ လိုအပ်လာကြောင်း သိလိုက်သည်။ သွေးနဂါးက သေဆုံးသွားပြီဖြစ်သည့်အတွက် ထိုနဂါး၏ ပိုင်နက်ကို သိမ်းပိုက်ဖို့ အချိန်ကျရောက်လာလေပြီ။ သူက နန်းဆောင်မှသူများအား ပိတ်ဆို့ထားသော်လည်း တခြားသော ရဲတင်းသည့်သူများကမူ မိုးမြေ၏ အမြင်ရုပ်လွှာကို မြင်ကာ တူညီသည့် အတွေးမျိုး ရရှိလာနိုင်သည်။

ဒီလိုဆိုရင် အရင်ဆုံး အလောင်းကို ယူပြီး နန်းဆောင်ထဲမှာ ဘာတွေအရေးကြီးနေလဲဆိုတာကို အဖြေထုတ်ရတာပေါ့…

ဝမ်ဝေ့က နောက်ဆုံးတွင် သုံးသပ်လိုက်သည်။

“ကောင်စုတ် ပြောလို့ပြီးပြီလား” ဝူယွီက ပြောလိုက်သည်။ သူမက သူမ၏ အကြွင်းမဲ့အကြောက်တရားကို သတိပေးဖို့ မည်သူ့ကိုမှ မလိုအပ်ပေ။ သူမက တူညီစွာ အကြံပေးခဲ့သည့်သူများစွာရှိသော်လည်း သူတို့အားလုံးကို သတ်ပစ်ပြီးသွားပြီ ဖြစ်၏။

နတ်ဘုရား အပြစ်ဒဏ်

ဝူယွီက သူမ သိမ်းဆည်းထားသည့် ချီပမာဏအမြောက်အများကို အသုံးပြုပြီး အလင်းမန္တန်အဖြစ် ထုတ်လွှတ်လာသည်။ ကောင်းကင်က တောက်ပလာပြီး ဓားအလင်းတန်းများစွာအဖြစ် ဖွဲ့စည်းလာသည်။ သူတို့က ဝမ်ဝေ့နှင့် အချိန်ကိုယ်ပွားရှေ့မှောက် ကျရောက်လာလေ၏။ ထိုအလင်းတန်းများက ထိုသူနှစ်ဦးအား  မိုးမြေကြားတွင် တည်ရှိနေသည့် အကြီးမားဆုံးအပြစ်သမားများဖြစ်ပြီး သန့်စင်ပစ်ဖို့ လိုအပ်နေသလို ကျရောက်လာသည်။

ဝမ်ဝေ့က ထိုတိုက်ကွက်ကို မြင်သည့်အခါ ဖြူဖျော့သွားလေ၏။ သူက ချက်ချင်းဆိုသလို ကိုယ်ပွားနှင့်အတူ လှုပ်ရှားပြီး သူတို့၏ တုတ်အသုံးအဆောင်ပစ္စည်းဖြင့် အစီအရင်ကို ခင်းကျင်းလိုက်သည်။ နှစ်ဦးသားက သူတို့၏ ခေါင်းအထက် နှုတ်ဖြင့် ဝှေ့ယမ်းလိုက်ပြီး ၃၆၀ဒီဂရီ လွှမ်းခြုံထားသည့် ဒိုင်းကာတစ်ခုကို ထုတ်လွှတ်လာသည်။

အလင်းဓားများက သူတို့၏ လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို သန့်စင်ပစ်နေလေ၏။ မိုးမြေ၏ စည်းမျဉ်းဥပဒေသကပင် သူတို့ကို ခုခံနိုင်စွမ်း မရှိပေ။

ဝုန်း

မိုးမြေကြားတွင် အက်ကွဲသံကြီး ပဲ့တင်ထွက်လာပြီး … ထိုအရာက ဝမ်ဝေ့၏ ဒိုင်းကာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက အံကြိတ်လျက် တုတ်နှစ်ချောင်းကြားမှ သဟဇာတဖြစ်မှုကို တိုးမြှင့်လိုက်ပြီး ကိုယ်ပွားနှင့်အတူ အက်ကြောင်းကို ပြန်လည်ပြုပြင်ကာ ခုခံမှုကို မြှင့်တင်လိုက်ကြသည်။

သို့သော်လည်း သူ့နှာခေါင်းမှ သွေးစက်များ စီးကျလာလေ၏။ ထိုအရာက သူ့လက်ရှိအနေအထားကို ညွှန်ပြနေလေသည်။

ဝူယွီက ထိုအရာကို မြင်ပြီးသည့်နောက်တွင် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် နောက်ထပ် မန္တန်တစ်ခုကို ထုတ်သုံးလိုက်သည်။ ထို့နောက် မြေကြီးပေါ်မှ အလင်းဓားမြောက်များစွာ ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

“ကျစ်” ဝမ်ဝေ့က ကျိန်ဆဲလိုက်၏။ ထိုဓားများဖြင့် ယခု သူက ကောင်းကင်နှင့် မြေကြီးဆီမှ သူ့ကိုယ်သူ ကာကွယ်နေရလေပြီ။

ဝမ်ဝေ့က ဝိညာဉ်ကို အသုံးပြုကာ မိုးမြေကြားရှိ စွမ်းအားကို အသုံးပြုပြီး သူ့ကိုယ်သူ ထောက်ပံ့လိုက်သည်။ သူ့အပြုအမူက အလင်းနှစ်သန်းပေါင်းများစွာရှိ စွမ်းအင်လေဟာနယ်တစ်ခုကို ဖန်တီးလိုက်လေသည်။ သူ့အပြုအမူက လူများစွာ၏ ကျင့်ကြံရေးကို နှောင့်ယှက်သလို ဖြစ်သင့်သည်။ နှမြောစရာကောင်းလှစွာဖြင့် အနီးနားတွင် မည်သူကမှ ရှိမနေပေ။

“ကောင်စုတ်လေး ဆက်ပြီး ရုန်းကန်နေလိုက်စမ်း” ဝူယွီက သူမ၏ အားအကောင်းဆုံး ဓာတ်ငါးပါးတာအိုတစ်ခုကို အသုံးမပြုခင် လှောင်ပြောင်ကာ ပြောလိုက်သည်။ ထို့နောက် တန်ပြန်သက်ရောက်မှုက ဝမ်ဝေ့၏ ဒိုင်းကာအား ပျက်စီးသွားစေ၏။ သူက အံကြိတ်ကာ လက်မလျှော့သေးပေ။

သူက ထိုကိုယ်ပွားဖြင့် တွဲလုပ်ပြီး တုတ်ချောင်းဖြင့် ဆက်လက်တားဆီးနေလေ၏။ သူတို့က အစကတည်းက ဇစ်မြစ်တူသည့်အတွက် သဟဇာတ ဖြစ်နေသည်။

ထို့အပြင် ဝမ်ဝေ့က သူ့ဘိုးဘေး၏ ရှောင်ရှားရေး နည်းစနစ်ကို အသုံးပြုပြီး အသက်ရှင်ဖို့ အချိန်ဆွဲထားနိုင်ခဲ့သည်။ သို့သော်လည်း စက္ကန့်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ကိုယ်ပွားက တောင့်မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားလေ၏။ ထိုစဉ် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ထဲ အလင်းနှင့် ပုံမှန် ဓားအနည်းငယ် စိုက်ဝင်နေသည်။

ဝမ်ဝေ့က ဝူယွီအား မျက်မှောင်ကြုတ်ကာ ကြည့်ပြီး ရှောင်ရှားလိုက်၏။ ထို့နောက် သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ထွက်ပေါ်လာသည်။

ကာလံဒေသံ ပေါက်ကွဲမှု

သူ့ကာလံဒေသံတာအိုဖြင့် သူက အဆုံးမဲ့ကာလံဒေသံစွမ်းအားကို နေရာတစ်ခုတည်းအဖြစ် ဖွဲ့စည်းပြီး ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုက မိုးမြေကြားတွင်ရှိသမျှအရာအားလုံးကို ပျက်သုဉ်းသွားစေပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးအား ဖရိုဖရဲဖြစ်မှုများဖြင့် ပြည့်နှက်သွားစေသည်။ ဝမ်ဝေ့က ထိုအခွင့်အရေးကို အရယူကာ ထွက်ပြေးသွားလိုက်သည်။

“ကောင်စုတ် ဒီကနေ ထွက်ပြေးနိုင်မယ်များ ထင်နေလား” လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထို့နောက် ဝမ်ဝေ့ ထွက်မပြေးနိုင်ခင် အပြာရောင်စွမ်းအင် လှောင်ချိုင့်တစ်လုံးက သူ့ကိုပိတ်လှောင်လိုက်သည်။

ဝမ်ဝေ့၏ အရှိန်အဝါက အားအနည်းဆုံးတွင် ရှိနေသည့်အတွက် ယခုပိတ်ဆို့ခံလိုက်ရခြင်း ဖြစ်သည်။ သို့သော်လည်း သူ့မျက်ဝန်းထဲရှိ ရက်စက်မှုက ပျောက်ကွယ်သွားခြင်း မရှိပေ။ ဝူယွီက သူ့ကို မြင်သည့်အခါ အဆုံးသတ်ခါနီးတွင် ရုန်းကန်နေသည့် အားနည်းသော သတ္တဝါတစ်ကောင် မဟုတ်ကြောင်း သိလေ၏။ ပြောရမည်ဆိုလျှင် ထိုသူက တန်ကြေးမည်မျှပင် ဖြစ်စေကာမူ အသက်ရှင်ဖို့ ရုန်းကန်မည့် အရိပ်အယောင် ဖြစ်ပေသည်။

ဝူယွီက တုံ့ဆိုင်းမနေတော့ပေ။ ဤအခြေအနေမျိုး၌ ထိုကောင်စုတ်ကို သုတ်သင်ပစ်ဖို့က ဝိညာဉ်တိုက်ကွက်သည် အကောင်းဆုံး ဖြစ်ကြောင်း သိထားလေ၏။ ထို့နောက် ဝမ်ဝေ့၏ အသိစိတ်ပင်လယ်ထဲ ဇာမဏီတစ်ကောင် ဝင်လာကာ အားနည်းသည့် ဝိညာဉ်ကို မောက်မာစွာ ကြည့်လာလေ၏။

“ကျစ်” သူက အော်ပြောလိုက်သည်။ သူက အားနည်းလွန်းသည့်အတွက် သူ့အသိစိတ်ပင်လယ်ဝန်းကျင်တွင် ရှိသည့် ခုခံမှုက အလွယ်တကူ ချိုးဖောက်ခံလိုက်ရခြင်း ဖြစ်သည်။

“သေလိုက်စမ်း” ဇာမဏီက ပြောပြီးသည့်နောက်တွင် ကြောက်မက်ဖွယ် ဝိညာဉ်မီးတောက်ကို ပစ်လွှတ်လာသည်။ ဝမ်ဝေ့က မျှော်နန်းဆောင်တစ်ခုကို ဆင့်ခေါ်ခြင်းဖြင့် အလျင်အမြန် တုံ့ပြန်လေ၏။ ထိုအရာက ဝိညာဉ်ခုခံကာကွယ်ရေး နည်းစနစ် ဖြစ်ပေသည်။ သို့သော်လည်း ဇာမဏီက သူမ၏ တိုက်ကွက်ထဲတွင် ဇွဲလုံ့လရှိသည့်အတွက် ဝမ်ဝေ့အား အသိစိတ်ပင်လယ်ထဲ ပင်လယ်အနက်ပိုင်းရောက်အောင် တွန်းပို့ခံလိုက်ရသည်။ သို့သော်လည်း ဝူယွီက သူသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် အားနည်းလာကြောင်း ပြောနိုင်လေ၏။

ဝိညာဉ် ဓမ္မတေး

ဝူယွီက တုံ့ဆိုင်းမနေတော့ဘဲ သူမ၏ အားအကောင်းဆုံး ဝိညာဉ်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ ဇာမဏီက သူမ၏ ငှက်မွေးအားလုံးက ချွန်ထက်သည့်ဓားများအသွင် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို မတိုက်ခိုက်ခင် ကြောက်မက်ဖွယ် မီးတောက်ဖြင့် ထုတ်လွှတ်လိုက်သည်။ နောက်ဆုံးအနေဖြင့် ဇာမဏီက အသံတိုက်ကွက်ကို ထုတ်လွှတ်လာခြင်း ဖြစ်၏။ ဝမ်ဝေ့၏ မျက်နှာက သူ့မျှော်နန်းဆောင် ပျောက်ထွက်သွားသည်ကို ကြည့်နေရင်း အမူအရာ ပျက်ယွင်းသွားလေသည်။ သို့သော်လည်း သူက အစစ်အမှန်ဆန္ဒကို ဒိုင်းကာအဖြစ် ဖွဲ့စည်းခြင်းဖြင့် အချိန်မီ တုံ့ပြန်နိုင်ခဲ့၏။

နောက်ဆုံးတော့ ငါ ဒီကောင်စုတ်ကို ရှင်းထုတ်လို့ရပြီ။ ငါတို့ရဲ့ ခေတ်ကာလက အနည်းဆုံးတော့ ယွမ်ခေတ်ကာလ တစ်သိန်းလောက်တော့ ဆွဲဆန့်နိုင်မှာပဲ…

ဝူယွီက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ မိုးမြေ၏ စည်းမျဉ်းဥပဒေသများအရ နောက်ထပ် ခေတ်ကာလသားတော် သို့မဟုတ် ကံကြမ္မာဖန်သည့်သူကို ရွေးချယ်ဖို့ရာအတွက် အချိန်တစ်ခု ကြာမြင့်လိမ့်မည်။ ထိုအချိန်ရောက်လာသည့်အခါ ထိုလူက ဝမ်ဝေ့လောက် ပါရမီထူးကဲနိုင်မည် မဟုတ်ကြောင်း သိထားလေ၏။

တကယ်လို့ နောက်တစ်ယောက်ကိုသာ ရှင်းထုတ်နိုင်မယ်ဆိုရင်တော့…

သူမက ထိုဖြစ်နိုင်ချေကို တွေးရင်း စိတ်လှုပ်ရှားလာမိသည်။ သို့သော် သူမက စိတ်လှုပ်ရှားမှုက ဝမ်ဝေ့၏ ပါးစပ်ဖျားမှ လှောင်ပြုံးကို မြင်သည့်အခါ ရပ်တန့်သွားလေ၏။ သူ့စကားများက ဇာမဏီ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားစေသည်။

“ခင်ဗျားကို တွေ့ပြီ” ဝမ်ဝေ့က ရယ်မောလိုက်သည်။ သူ့အားနည်းနေသည့် ဝိညာဉ်က ရုတ်ချည်းဆိုသလို ကြောက်မက်ဖွယ် စွမ်းအင်ပမာဏ အများအပြားကို ရရှိလိုက်ပြီး ချက်ချင်းဆိုသလို အားကောင်းလာလေ၏။ ထို့နောက် ဝိညာဉ်က လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်စွမ်းရှိသည့် အထွတ်အထိပ် ဓားသမားတစ်ယောက် အသွင်ပြောင်းလဲသွားသည်။

အကြွင်းမဲ့ဝိညာဉ် ဖြတ်တောက်ရေး

ကြောက်မက်ဖွယ် ဓားချက်က ဝမ်ဝေ့၏ အသိစိတ်ထဲမှ ထွက်ပေါ်လာလေ၏။ ထိုတိုက်ကွက်၏ ခြိမ်းခြောက်မှုက ဇာမဏီ၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ သို့သော်လည်း ပိုမိုဆိုးရွားသည့်အရာတစ်ခု ဖြစ်ပျက်သွားလေ၏။ ထိုတိုက်ကွက်က ပုံရိပ်ယောင်ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ပင်မခန္ဓာကိုယ်ကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

ဝူယွီက တုံးအမနေပေ။ သူမက အခြေအနေကို အလျင်အမြန် သဘောပေါက်သွားခဲ့၏။ ဝမ်ဝေ့က အားနည်းယောင်ဆောင်ပြီး သူမအား သူ့အသိစိတ်ပင်လယ်ထဲ ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။ သူမက သူ့ကိုသတ်ဖို့ ကြိုးစားနေစဉ် သူကလည်း သူမ ပင်မခန္ဓာကိုယ်နှင့် ဆက်နွယ်နေသည့် မရဏအဆက်အသွယ်ကို ဖန်တီးလိမ့်မည်။

“အား” ဝမ်ဝေ့က ကံကြမ္မာကြိုးမျှင်မှ ဆိုးဆိုးရွားရွားအော်သံကို ကြားလိုက်ရပြီး ထိုအသံကို သတိထားမိသွားသည်။ ထိုအသံက သူ့နားထဲ တေးဂီတအသွင် ဖြစ်၏။ သူက ဇာမဏီကို ကြည့်ရင်း ပြုံးလိုက်သည်။

ဒါက မပြီးသေးဘူး…

ဝူယွီက တွေးလိုက်၏။

“ဘယ်ပြီးအုံးမလဲ” ဝမ်ဝေ့က သူမ၏ စိတ်ကို ဖတ်နိုင်သည့်အလား ပြောလိုက်သည်။ ဝူယွီက သူမ၏ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားကာ ဇာမဏီပုံရိပ်ကို ပယ်ဖျက်လိုက်၏။ သို့သော်လည်း သူမ၏ အဓိကအာရုံစိုက်မှုက ခန္ဓာကိုယ်ဆီ ပြန်ရောက်လာသည့်အခါ နောက်ကျလွန်းသွားခဲ့လေပြီ။

ထို့နောက် ပုံရိပ်ယောင်ကို ရစ်ပတ်ထားသည့် ကြောက်မက်ဖွယ် သံကြိုးတစ်ခု ထွက်ပေါ်လာလေ၏။ ပင်မခန္ဓာကိုယ်၏ ဒဏ်ရာက ထိုအရာကို ပျောက်ကွယ်သွားစေကာ အားနည်းသွားစေသင့်သည်။ သို့သော်လည်း သံကြိုးများက ထိုအရာကို ဖြစ်ပျက်ခွင့်ပြုမထားပေ။ ကိစ္စများစွာက ထပ်ခါထပ်ခါ ဖြစ်နေလေ၏။

“မင်း ဘာတွေလုပ်နေတာလဲ” ဝူယွီက မေးလိုက်သည်။

“ခင်ဗျားကို ပြန်လည်ပေးဆပ်ခိုင်းဖို့လေ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီဝိညာဉ်ဒဏ်ရာက ခင်ဗျားအတွက် ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် အနည်းဆုံးတော့ ယွမ်ခေတ်ကာလ ထောင်ဂဏန်းလောက်နဲ့  ပြန်လည်ကုစားနိုင်မှာပါ။ ကျုပ်က ဒါကို ရလို့ မဖြစ်ဘူးမလား”

ဝမ်ဝေ့က သူမကို လက်ညှိုးထိုးလိုက်ပြီးသည့်နောက်တွင် အဆုံးမဲ့ကမ္ဘာကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ် အဖြူရောင်နဂါးက ပုံသဏ္ဌာန်ပေါ်လာသည်။

“မလုပ်နဲ့” ဝူယွီက အော်ပြောလိုက်သည်။ သူမက ချီကံကောင်းမှုနဂါးသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားပါက အကျိုးဆက်ကို ကောင်းကောင်းသိထားလေ၏။

“ဒီကမ္ဘာရဲ့ ကံကောင်းမှုရဲ့ ကောင်းချီးကို ဖမ်းယူထားတာ ကြာလှပြီ” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။ ထို့နောက် သူ့လက်ထဲ၌ ကံကြမ္မာလှံတံ ပေါ်ထွက်လာလေ၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ခတ်လိုက်သည်။ နဂါးက အန္တရာယ်ခံစားမိသည့်အလား တုံ့ပြန်လာလေ၏။ ထိုအရာ၏ စွမ်းအားကြီး လက်သည်းများဖြင့် လှံတံကို တားဆီးခဲ့သည်။ သို့သော်လည်း ထိခိုက်ခြင်းမှ ကာကွယ်နိုင်ခဲ့လေသည်။

“လက်ရှိအခြေအနေနဲ့ဆိုရင် နဂါးကို မဖျက်ဆီးနိုင်ခင် အချိန်တစ်ခု ကြာမြင့်လိမ့်မယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ဒီလိုဆိုရင် အားဖြည့်လိုက်ရအောင်”

ထို့နောက် ပွဲအခမ်းအနားကို တက်ရောက်လာသည့် လူအားလုံး၏ ကံကြမ္မာက မလုံလောက်ကောင်း မလုံလောက်နိုင်သော်လည်း လူများစွာ ရှိနေလျှင် မည်သို့ဖြစ်သွားမည်နည်း။

ဝမ်ဝေ့က ကံကြမ္မာမြစ်ကြောင်းမှ ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်ပြီး ကျင့်ကြံသူမြောက်များစွာ၏ ကြမ္မာကို အတင်းအကြပ် ဆင့်ခေါ်လိုက်သည်။

ဘာလို့ အငြိုးအတေး နည်းပါးနေတာလဲ…

ဝမ်ဝေ့က တွေးလိုက်၏။ မိုးမြေကြားတွင်ရှိသည့် အငြိုးအတေးကို အသုံးပြုခြင်းက ထိုသူများ၏ ကံကြမ္မာကို ငှားယူဖို့ သို့မဟုတ် ယူဆောင်ရာ၌ ခုခံမှုကို လျှော့ချပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ သို့သော်လည်း ထိုလူများက ကိုယ်ပိုင်အငြိုးအတေး မြောက်များစွာရှိနေစဉ် မိုးမြေကြားမှ စွမ်းအင်အမြောက်အများ မရှိကြောင်း သဘောပေါက်သွားခဲ့၏။

ငါ ဒီကိစ္စကို စုံစမ်းကြည့်သင့်တယ်…

ဝမ်ဝေ့က ထိုကံကြမ္မာများကို စုဝေးဖို့ နည်းလမ်းကို အသုံးပြုခဲ့သည်။ သို့သော်လည်း သူ့လက်ရှိစွမ်းအားဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ရာခိုင်နှုန်းအနည်းငယ်မျှသာ ကာမိစေ၏။

ဝုန်း

အားဖြည့်ပေးပြီးသည့်နောက်တွင် လှံတံက နဂါး၏ လက်သည်းကို ထိုးဖောက်သွားပြီး ဦးခေါင်းထက် ထိုးဖောက်သွားလေသည်။ ချီကံကောင်းမှုနဂါးက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သို့သော်လည်း လှံတံက နဂါးကို ဆက်လက် တိုက်ခိုက်နေပြီး ပျောက်ကွယ်သွားစေသည်။

သို့သော်လည်း နောက်ထပ် အပြောင်းအလဲတစ်ခု ပေါ်ထွက်လာလေ၏။ ထို့နောက် နောက်ထပ် ပိုင်နက်တစ်ခုမှ ခရမ်းရောင်ချီတို့က ထွက်ပေါ်လာကာ နဂါးအသွင် ပြောင်းလဲသွားပြီး ထိုနဂါး  ပြိုလဲသွားခြင်းမှ တားဆီးထားသည်။

“တာအိုဘာသာရဲ့ မြင့်တက်ရေး နဂါး ခရမ်းရောင်ချီလား။ အန္တိမသဟဇာတက နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

All Chapters