ထူးကဲသာလွန်သည့် နည်းလမ်း
Vol. 92 Ch. 1282
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ အကဲခတ်လိုက်သည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင်ပင် ဘာမှဖြစ်ပျက်မလာခဲ့ပေ။
ဒါပဲလား…
သူက တွေးလိုက်မိ၏။
သူက သူမ၏ ကံကောင်းမှုကို ကယ်ဖို့ပဲ လှုပ်ရှားခဲ့တာလား။ သူက မသေစေချင်တာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူက ဘာလို့ သွေးနဂါးကို မကယ်ရတာလဲ…
ဝမ်ဝေ့၏ စိတ်ထဲတွင် အသင်္ချေအတွေးများစွာ ဖြတ်ပြေးသွားလေ၏။
သွေးနဂါးက သေပြီးလို့ သူ လှုပ်ရှားတာလည်း ဖြစ်နေနိုင်တယ်။ ထောက်ပံ့ပေးနိုင်တဲ့ အားကောင်းကောင်း ကံကောင်းမှု မရှိဘဲနဲ့ ဒီအမျိုးသမီးက ကြာရှည်တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ တခြားကပ်ပါးတွေကြားမှာ သူမက ထူးကဲနေတဲ့ အချက်လည်း ဖြစ်နိုင်ချေရှိတယ်။ အဲဒါဆိုတော့ အန္တိမသဟဇာတက သူမကို အသက်ရှင်လျက်လိုချင်တာပဲ…
ထိုသုံးသပ်မှုက အဓိပ္ပာယ်ရှိသော်လည်း ဝူယွီက ထူးကဲနေလိမ့်မည့် အချက်ကို မစဉ်းစားမိပေ။ သူမ၏ ဇာမဏီမျိုးနွယ်က ရှားပါးသော်လည်း ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်မှ တန်ဖိုးထားလောက်အောင်အထိ မဟုတ်ပေ။
အဲဒါဆိုတော့ ငါ တစ်ခုခုကို မလွဲချော်သရွေ့ သူက သူမရဲ့ သေဆုံးမှုကို ကာကွယ်ဖို့ လှုပ်ရှားတာလည်း ဖြစ်နေနိုင်တယ်။ ဒီလူတွေက အသုံးဝင်သေးလို့ပေါ့…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ ဝူယွီက ထူးကဲနေတဲ့ အနေအထားကိုတော့ ထပ်ပြီး စဉ်းစားဖို့လိုတယ်။ ငါ ဘာမှမသိရသေးဘူး…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ဝူယွီ၏ ကံကောင်းမှုက အပြီးတိုင်ပြိုလဲမသွားသည်မှာ ကိစ္စမရှိပေ။ သူ့ကံကောင်းမှုတာအို ကျွမ်းကျင်မှုဖြင့် ထိုသို့သော အားနည်းသည့် ချီကံကောင်းမှုနဂါးက ပြိုလဲသွားသည့်အရာနှင့် မကွဲပြားပေ။ သူမကို ဖြေရှင်းပြီးသည့်နောက်တွင် သူက ထိုအရာကို သူ့ဘက်၌ အသုံးချနိုင်လိမ့်မည်။
သူက လှည့်ကာ ထွက်သွားတော့မည့်ဆဲဆဲတွင် သူ့ဝန်းကျင်တွင်ရှိသည့် အပျက်အစီးများကို သတိထားမိလိုက်၏။ သူတို့က ရေပူစမ်းကမ္ဘာတစ်ဝက်ကျော်ကို ဖျက်ဆီးထားလေသည်။ အရာအားလုံးက ဗလာကျင်းပြီး ဖရိုဖရဲအနေအထားသို့ ကျရောက်နေလေ၏။ ဝမ်ဝေ့က သေမျိုးနှင့် ကျင့်ကြံသူများအပါအဝင် လူပေါင်းများစွာ သေဆုံးနေသည်ကို မြင်လိုက်ရသည်။
ထို့အပြင် တာအိုလမ်းစဉ်ကျင့်ကြံသူများ၏ ကမ္ဘာအကြွင်းအကျန်များကိုပင် မြင်တွေ့လိုက်ရသည်။ ထို့အပြင် အင်မော်တယ်ချီ သို့မဟုတ် ထာဝရလမ်းစဉ် ကျင့်ကြံသူများကိုလည်း သတိထားမိလိုက်သည်။ ဧကရာဇ်လမ်းစဉ် ကျင့်ကြံသူများ၏ တာအိုစည်းချက် အကြွင်းအကျန်များကိုပင် သတိထားမိလိုက်၏။ သူတို့က ကိုယ့်ကိုယ်ကို အသက်ပြန်သွင်းနိုင်သည့်အတွက် ကပ်ဘေးတွင် ရှင်ကျန်ခဲ့သည့်သူများ ဖြစ်ပေသည်။
ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ သူက ဝူယွီအား ကောင်းကင်အလှတရားနန်းဆောင်နှင့် တတ်နိုင်သမျှ ဝေးဝေးခေါ်သွားဖို့ ကြိုးစားခဲ့သော်လည်း စံပြများ၏ အဖျက်စွမ်းအားက ကြီးမားလွန်းလှသည်။ တစ်ကမ္ဘာလုံးဖျက်ဆီးခြင်း မခံရသည်ကပင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ဖြစ်နေပြီ ဖြစ်၏။ ဝမ်ဝေ့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ စံပြများအတွက် သီးသန့်ဖန်တီးထားသော လေဟာနယ်တိုက်ပွဲကွင်းပြင်ဖြစ်သည့် ကောင်းကင်ကိုးဘုံနယ်မြေထဲ တိုက်ခိုက်ဖို့က အကောင်းဆုံးမှန်း သိထားသည်။
သို့သော်လည်း ဝူယွီအား သူ့နောက်လိုက်လာဖို့ ဖျောင်းဖျနိုင်လိမ့်မည်ဟု မထင်ပေ။ ထို့အပြင် သူမကို ထိုနေရာဆီ အတင်းအကြပ်ပို့ဆောင်ဖို့ စွမ်းအားလည်း မရှိပေ။ အကယ်၍ သူမကို ထိုနေရာတွင် တိုက်ခိုက်ဖို့ တောင်းဆိုခဲ့ပါက စိတ်ဆတ်သည့် အမျိုးသမီးသည် သူက သာမန်သူများ၏ အသက်ကို ဂရုစိုက်သည်ဟု ထင်ကာ အပျက်အစီးများစွာ ဖြစ်စေလိမ့်မည်။
အခု ပြန်လည်ကောင်းနေပြီလား…
ဝမ်ဝေ့က အံ့မခန်းအလျင်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည့် ဖရိုဖရဲလေဟာနယ်နှင့် အချိန်မူမမှန်မှုများကို သတိထားမိလိုက်သည်။ ထို့အပြင် ရေပူစမ်းကမ္ဘာ၏ ထူးကဲသော စည်းမျဉ်းများက အံ့မခန်းအမြန်နှုန်းဖြင့် ပြန်လည်ပြုပြင်နိုင်လောက်သည့် ရေပူစမ်းများကို ဆက်တိုက်မွေးဖွားပေနေသည်။
ကြည့်ရတာ ရေပူစမ်းကမ္ဘာက ကာကွယ်ထားတဲ့ နယ်မြေတစ်ခုပဲ ဖြစ်လောက်တယ်…
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို သဘောပေါက်သွားလေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ထူးကဲသည့်အာကာပြင်များစွာရှိသော်လည်း ကျင့်ကြံသူများက မည်မျှပင် ဖျက်ဆီးစေကာမူ ထိုအရာများက အချိန်စတင်ကတည်းက ရှင်ကျန်နေသည်မှာ ထူးဆန်းလှသည်။ အဖြေကမူ သူတို့က ကာကွယ်ခံထားရသည့် နေရာများဖြစ်ပြီး ကောင်းကင်တာအိုက သူတို့အား သေချာဂရုစိုက်ကာ ဖျက်ဆီးပြီးသည့်နောက်တွင် ပြန်လည်ပြုပြင်လိမ့်မည်။
အဲဒါဆိုတော့ နေရာတစ်ခုလုံး ဖျက်ဆီးမခံရတာ အဓိပ္ပာယ်တော့ရှိသွားပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူတို့တိုက်ပွဲ၏ ပြင်းထန်မှုက နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်သော်လည်း နေရာတစ်ဝက်သာ ပျက်စီးသွားလေသည်။ ကာကွယ်ထားသူများအနေဖြင့် ရေပူစမ်းနေရာသည် ကောင်းကင်တာအိုဆီမှ ထူးကဲသည့် ဆက်စပ်မှုမျိုး ရရှိထားသည်မှာ သိသာလှ၏။
ရှုကျင်းယောင်က ဒါကို သိပြီးတော့ ဒီနေရာမှာ ပွဲအခမ်းအနားကျင်းပဖို့ ရွေးချယ်ခဲ့တာလား…
ဝမ်ဝေ့က သူမသည် ထိုသို့လုပ်လိမ့်မည်ဟု ယုံကြည်နေလေ၏။ သူမက သွေးနဂါးလွတ်မြောက်နိုင်သည့် ဖြစ်ရပ် သို့မဟုတ် တခြားတစ်ယောက် လာရောက်ကယ်တင်သည့် ဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းသာဖြစ်ရမည်။
သူမ၏ အစီအစဉ်က နောက်ဆုံး မရှင်းထုတ်ခင်အထိတော့ ပြီးပြည့်စုံနေခဲ့တာ။ သူမက သူမကိုယ်သူမ မထိန်းချုပ်နိုင်ပဲနဲ့ သူမရဲ့ အစီအစဉ်တွေနဲ့ ရည်ရွယ်ချက် နောက်ခံကို ပြောပြပြီးတော့ ဗီလိန်တစ်ယောက်လိုမျိုး ပြုမူနေတာ။ သွေးနဂါးကို ကယ်ဖို့ လူတစ်ယောက်ရောက်လာစေတာပေါ့…
ဝမ်ဝေ့က ခေါင်းယမ်းရင်း တွေးလိုက်သည်။
သူမရဲ့ ဉာဏ်ရည်က တာအိုနယ်ရှင်နဲ့ ယှဉ်နိုင်ပေမဲ့ သူမက စိတ်ခံစားချက်အပေါ်မှာ ထိန်းချုပ်မှုကင်းလွတ်နေသေးတော့ ဟာကွက်ဖြစ်နေတာပဲ…
ရှုကျင်းယောင်ကို လေ့လာအကဲခတ်ပြီးသည့်နောက်တွင် သူမ၏ စိတ်အခြေအနေက ဟာကွက်ရှိနေကြောင်း ပြောနိုင်လေ၏။ အဆိုးဆုံးအနေအထားက သူမသည် ထိုအရာကို သိထားသော်လည်း တခြားသူများ သူမကို ပြန်လည်ရင်ဆိုင်ခြင်းမှ ကာကွယ်ရမည့်အချက်ကို မသိထားပေ။ ထိုတစ်ခုတည်းဖြင့် သူမအား တာအိုနယ်ရှင် သို့မဟုတ် တာအိုအရှင်တစ်ယောက်အနေဖြင့် အရည်အချင်းမပြည့်မီသလို ဖြစ်သွားစေသည်။
ဝမ်ဝေ့က ခေါင်းယမ်းပြီး ရှုကျင်းယောင်ကို အာရုံမစိုက်တော့ပေ။ သူက ဤကမ္ဘာ၏ ပြန်လည်ကုစားနှုန်းကို အရှိန်မြှင့်တင်နိုင်လျှင် ကုသိုလ်ရရှိနိုင်လားဟု တွက်ချက်နေမိသည်။ အဖြေကမူ အဆိုးဖက်မှ ဖြစ်နေသည်။ အကြောင်းအရင်းကမူ သူက အပျက်အစီးကို ဖြစ်စေခဲ့သည့်သူ ဖြစ်နေသည်။ ထို့ကြောင့် သူက ထွက်ခွာလာပြီး ကောင်းကင်အလှတရားနန်းဆောင်ဆီ ပြန်လည်ရောက်ရှိလာ၏။
………….
“မဆိုးဘူးပဲ” ဝူဟုန်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
“ရှင့်ကို ဆယ်မှတ်မှာ ရှစ်မှတ် ပေးမယ်”
“ဘာလို့ အမှတ်ပြည့် မဟုတ်ရတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ရှင့်ရဲ့ ပြိုင်ဖက်က အားနည်းလွန်းတယ်။ အဲဒါအပြင် ရှင်က အရမ်းကို ကြာလွန်းတယ်လေ။ အဲဒါကြောင့် တစ်မှတ် နှုတ်ရတာ။ နောက်ဆုံးအနေနဲ့ ရှင်က စံပြအဆင့်တိုက်ပွဲအတွက် လုံလုံလောက်လောက် ပြင်ဆင်ထားမှု မရှိဘူး”
“ဟုတ်တာပေါ့။ အဆင်သင့် မဖြစ်သေးဘူးလေ” ဝမ်ဝေ့က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။ သူက ကပ်ပါးများကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိသေးသော်လည်း ထိုအမျိုးသမီးက လုပ်ခဲ့ခိုင်းခြင်း ဖြစ်၏။ ဝူဟုန်၏ အပြုအမူများက ကလေးများအား ရေကူးတတ်ဖို့ မြစ်ထဲတွန်းချသည့် မိဘများကို ပြန်လည်အမှတ်ရသွားစေသည်။
“ဘဝဆိုတာက အတက်အကျ အနိမ့်အမြင့်နဲ့ ပြည့်နှက်နေတာ။ အရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကို ရှင်လည်းသိမှာပါ” ဝူဟုန်က ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က သူမကို စိုက်ကြည့်ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်၏။
“မင်းဆီမှာ စိတ်ဝိညာဉ်ကုစားရေးဆေးလုံးများ မရှိဘူးလား။ တန်ပြန်သက်ရောက်မှုက အတော်လေးဆိုးတယ်”
“ကျွန်မကို ဘဏ်လို လာပြီး ဆက်ဆံနေတာလား” ဝူဟုန်က အစိမ်းရောင်ဆေးလုံးတစ်ခုကို ယူပြီး ပြောလိုက်သည်။
“မင်းရဲ့ ချစ်ခြင်းမေတ္တာဖော်ပြပုံက လက်ဆောင်ပေးတာ မဟုတ်ဘူးလား။ မင်းကိုယ်မင်း ဖော်ပြလို့ရအောင် ကူညီပေးလိုက်တာလေ” ဝမ်ဝေ့က ပြုံးရင်း ပြောလိုက်သည်။
သူက ထိုအရာသည် အထွတ်အထိပ် ဟွင်သွမ်းဆေးလုံးဖြစ်ကြောင်း သတိထားမိခဲ့သည်။ သို့သော်လည်း ထိုဆေးလုံးက စံပြတစ်ယောက်က ဖန်တီးထားခြင်း ဖြစ်ပေသည်။ အကြောင်းအရင်းကမူ ဒိုင်မေးရှင်းအနိမ့်နှင့် မတူဘဲ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ ပင်ကိုဆေးလုံးများကို ဖန်တီးနိုင်သည့် နည်းလမ်းများစွာရှိနေ၍ ဖြစ်သည်။
“ရှင်က အတော်လေးကို သက်တောင့်သက်သာဖြစ်လွန်းနေတာပဲ ဟုတ်တယ်မလား”
“မဟုတ်ပါဘူး။ ကိုယ်တို့ကြားက သဘာဝလေထုလေးကို ချိုးဖောက်ဖို့ ငြင်းဆန်ရုံပါ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ကျွန်မ ဘာမှ ငြင်းဆန်မနေဘူး” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ကျွန်မက အကျိုးအကြောင်းသင့်သင့်ပဲ တွေးတာ”
“ဟုတ်ပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ဆေးလုံးကို မသောက်သုံးဘဲ နဖူးအထက် တင်လိုက်သည်။ ဆေးလုံးက သူ့အသိစိတ်ပင်လယ်ထဲ ချက်ချင်းဝင်ရောက်သွားပြီး အပြာရောင်အလင်းတန်း ထုတ်လွှတ်လိုက်ပြီး သူ့ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို လွှမ်းခြုံသွားလေသည်။
“အခု ပိုကောင်းသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဘာလို့ ဒီရောက်နေတာလဲ။ ရှင် တစ်နေရာရာမှာ ရောက်နေသင့်တာ မဟုတ်ဘူးလား”
“ဒီနေရာမှာ ထူးကဲတဲ့ အခွင့်အရေးတစ်ခုကို ခံစားမိလို့ ပြန်လာတာ”
“အိုး” ဝူဟုန်က ကောင်းကင်အလှတရားနန်းဆောင်ကို စစ်ဆေးကြည့်လိုက်သည်။
“ဒါလား”
သူမက အခန်းတစ်ခု၏ ပုံရိပ်ကို ပြလိုက်သည်။ ဝမ်ဝေ့၏ ပုံရိပ်က မျက်မှောင်ကြုတ်လိုက်၏။ ထိုနေရာတွင် လူအိုကြီးထျန်းကျိက တင်ပျဉ်ခွေထိုင်ပြီး သူ့ခေါင်းအထက် ကံကြမ္မာမြစ်ကြောင်း ပုံပေါ်လာသည်ကို ကြည့်လိုက်ရသည်။ ထိုနေရာမှ အမည်မသိ စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နေလေ၏။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်ပျက်လာလေသည်။ လူအိုကြီးထျန်းကျိ၏ ကျင့်ကြံနှုန်းက အင်မတန် မြန်ဆန်လာလေ၏။ စက္ကန့်ပိုင်းလေးအတွင်း သူ့ကောင်းကင်ဘုံဝိညာဉ်က စံပြဝိညာဉ်အဆင့် ပြောင်းလဲသွားလေသည်။ နောက်ထပ်စက္ကန့်ပိုင်းအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူ့ဝိညာဉ်အား စံပြအဆင့် အရည်အသွေးသို့ ရောက်ရှိသွားလေ၏။
သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ သူ့ကျင့်ကြံဆင့်က အတားအဆီးကို ချက်ချင်းဆိုသလို ချိုးဖောက်ပြီး မဟာတာအိုအရင်းအမြစ် ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေသည်။ သို့သော်လည်း ထိုအရာက အဆုံးမသတ်သေးပေ။ ထိုအရာက ဆက်တိုက်ဆိုသလို မြင့်တက်နေပြီး ၉၁၊ ၉၂ ရာခိုင်နှုန်းအထိ ရောက်ရှိလာလေ၏။
“ခဏ ဒီစွမ်းအားထဲက တချို့တစ်ဝက်က ကိုယ့်အပိုင်တွေလို့ ဘာလို့ ခံစားမိနေပါလိမ့်” ဝမ်ဝေ့က သူ့အလိုလိုသိစိတ်ကို သံသယမဖြစ်ဘဲ သူ့ ပါရှန်းလိပ်ခွံကို ဆင့်ခေါ်ကာ သူ့အပိုင်ဖြစ်သည့်စွမ်းအားကိုယူဖို့ ကြားခံနယ်အဖြစ် အသုံးပြုလိုက်သည်။ သို့သော်လည်း ထိုအရာက သူ့ဆီ ရောက်ရှိလာသည့်အခါ စွမ်းအင်က သိသိသာသာ လျော့ကျသွားသည့်အတွက် မျက်မှောင်ကြုတ်မိလိုက်၏။
“ကျန်ရှိနေတဲ့စွမ်းအားက ရှုကျင်းယောင်အပိုင် ဖြစ်မယ် တူတယ်” ဝူဟုန်က မှတ်ချက်ပေးလိုက်ပြီး လက်တစ်ချက်အဝှေ့တွင် သူမကလည်း ယူဆောင်လိုက်သည်။
လူအိုကြီးထျန်းကျိက မျက်လုံးကို ဖွင့်ပြီး သက်ပြင်းချလိုက်၏။ ထိုစွမ်းအားဖြင့် သူက ၉၄ ရာခိုင်နှုန်းအထိ ရောက်ရှိသင့်သော်လည်း ထိုသူများက လှုပ်ရှားလိုက်သည့်အတွက် သူက ၉၂ ရာခိုင်နှုန်းအထိသာ ရောက်ရှိခဲ့သည်။
သို့သော်လည်း သူက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် ကိစ္စမရှိပေ။ သူက ထိုအရာကို မဖြစ်ဖို့ရာ မျှော်လင့်ထားသော်လည်း ဝမ်ဝေ့၏ ကံကြမ္မာတာအိုဖြင့် ကြောက်မက်ဖွယ်ရင်းနှီးမှုဖြင့် အခွင့်အရေး နည်းပါးကြောင်း သိထားလေ၏။
“ဒီစွမ်းအားကို သိတယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“ဒါက ဒိုင်မေးရှင်းအနိမ့်ရဲ့ ကံကြမ္မာကို ပြောင်းလဲပြီးတော့ ကျင့်ကြံရေးကို အားဖြည့်တုန်းကနဲ့ အတူတူပဲ။ ဒီဟာတစ်ခုကတော့ ပိုပြီးအလားအလာကောင်းတာပေါ့”
“ဒါက ထူးကဲသာလွန်နေတဲ့ နည်းစနစ်တစ်ခုပဲလေ” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကမ္ဘာ့အပြောင်းအလဲ ဖြစ်ရပ်တွေမှာ ပါဝင်ဆင်နွှဲတာမျိုးနဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် ကံကြမ္မာကို ပြောင်းလဲတာမျိုးက သက်ရောက်မှုမျိုးစုံရှိတဲ့ သန့်စင်တဲ့ ကံကြမ္မာစွမ်းအားကို စုစည်းနိုင်တယ်”
“ ကမ္ဘာရဲ့ ကံကောင်းမှု ဆယ်ပုံတစ်ပုံကို ထိန်းချုပ်ထားတဲ့ စံပြတစ်ယောက်ရဲ့ သေဆုံးမှုဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ဆင်နွှဲတာက သူ့ကျင့်ကြံနှုန်းကို ကြောက်မက်ဖွယ် အနေအထားထိ ရောက်ရှိသွားစေတာပဲ”
အခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေ၏။ ဝူဟုန်နှင့် ဝမ်ဝေ့တို့က ထိုနည်းစနစ်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားလေသည်။ သူ့စွမ်းအားဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းမိုးဖို့ မည်မျှပင်လွယ်ကူလိုက်မည်နည်း။
စံပြတစ်ယောက်ကို သတ်ဖို့အတွက်ပင် မည်သို့ဖြစ်မည်နည်း။ ထိုနည်းစနစ်ဖြင့် နောက်ကွယ်တွင်ရှိသည့် ကြောက်မက်ဖွယ်စွမ်းအားကို စိတ်ကူးကြည့်ဖို့ ရပေသည်။
စံပြအရေအတွက်က အမြောက်အများ ဖြစ်လာလိမ့်မည်။
“အဲ့နှစ်ယောက်က အရမ်းကို အားကောင်းတာလား” ဝမ်ဝေ့က မေးလိုက်သည်။
“မဟုတ်ဘူး။” ဝူဟုန်က အကြွင်းမဲ့ ပြန်ဖြေလိုက်၏။
“ဒီဖြစ်ရပ်က သူတို့အဆင့်ကြားကရှိတဲ့ လူတွေကြားမှာတောင် ကွာဟချက်ရှိတယ်ဆိုတာကို သက်သေပြနေခဲ့တယ်။ ကွာဟချက်က ထိပ်တန်းအဆုံးစွန်မဲ့ စံပြတစ်ယောက်နဲ့ သေမျိုးတစ်ယောက်ကြားက ကွာဟချက်ထက်တောင် ပိုပြီး ကြီးမားသေးတယ်။ ကျွန်မတို့တွေက ဒီမပြီးပြည့်စုံတဲ့ နည်းလမ်းတွေကို မဖြေရှင်းဖို့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တာပဲ”