← Chapters

သူ့နာမည်ကို ထုတ်မပြောနဲ့

Vol. 92 Ch. 1283

သူ့နာမည်ကို ထုတ်မပြောနဲ့

Vol. 92 Ch. 1283

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အရာအားလုံးက ဆက်သွယ်မှုရှိလေသည်။ ကျင့်ကြံရေးလမ်းစဉ်၌  အုတ်မြစ်က အခြေခံ ဖြစ်၏။ ကျင့်ကြံသူအများစုက တာအိုအုတ်မြစ်သည် ဧကရာဇ်အဆင့်ပြီးသည့်နောက်တွင် ရပ်တန့်သွားသည်ဟု ယုံကြည်ထားကြသည်။ သို့သော်လည်း ထိုအရာက အမှန်တရားနှင့် ကင်းဝေးနေသည်။

ဝမ်ဝေ့၏ တွက်ချက်မှုအရ တစ်စုံတစ်ယောက်က စံပြဖြစ်လာဖို့ အနည်းဆုံးလိုအပ်ချက်က ကျရှုံးထားသော နဝမအဆုံးစွန်အုတ်မြစ် ဖြစ်ပေသည်။ ထိုအရာမပါရှိဘဲ အတိုင်းအတာမဲ့ စမ်းသပ်ချက်၌ ရှင်သန်နိုင်သည့် အခွင့်အရေးက သိသိသာသာ လျော့ကျသွားလိမ့်မည်။

ထို့အပြင် ဝူဟုန်က တာအိုအုတ်မြစ်သည် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်တွင်လည်း အင်မတန် အရေးကြီးကြောင်း ပြောပြခဲ့ဖူးသည်။ တာအိုအုတ်မြစ်သာလျှင်မကဘဲ ကျင့်ကြံသူ၏ အောင်မြင်မှုများနှင့် အစရှိသည်တို့ကလည်း သူတို့၏ ခွန်အား၌ အရေးကြီးသည့် ကဏ္ဍမှ ပါဝင်နေသည်။

ယနေ့ဖြစ်ရပ်ဖြင့် သူသည် ထူးကဲသာလွန်မှုကို ရရှိထားသည့် ကျင့်ကြံသူတစ်ဦးက သူတို့၏ စွမ်းအားကို သက်ရောက်မှုရှိပြီး ပိုမိုမြင့်မားသည့်အဆင့်ကို မည်သို့ရယူနိုင်ကြောင်း သဘောပေါက်သွားလေ၏။

ကာဒီနယ်တွေကပဲ မဟာတာအိုနဲ့ အပေးအယူလုပ်ပြီး စွမ်းအားရယူထားတယ်လို့ ထင်နေတာ။ ကြည့်ရတာ သူတို့က သူတို့ရယူထားတဲ့ စွမ်းအားပုံစံကြောင့် ပိုပြီး မြင့်မားတဲ့အဆင့်ဆီ မရောက်နိုင်ကြဘူးပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့သုံးသပ်ချက်ကို မသေချာသော်လည်း ထိုအရာသာ အမှန်ဖြစ်နိုင်ချေရှိ၏။

ကံကြမ္မာကာဒီနယ်ရာထူးက တွင်းနက်ကြီးလိုပဲ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လက်မခံသင့်ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ ယခင်က သူသည် အရာအားလုံးကျရှုံးသွားပါက ထိုရာထူးကို လက်ခံဖို့ ထည့်သွင်းစဉ်းစားခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ထူးကဲသာလွန်မှုလမ်းစဉ်ဆီ ရောက်ရှိမည့် နည်းလမ်းတစ်ခုသာ ဖြစ်၏။

နောက်ဆုံးသော ဆုံးဖြတ်ချက်အနေဖြင့် ဝမ်ဝေ့က ကံကြမ္မာကာဒီနယ်အနေဖြင့် ယွမ်ခေတ်ကာလများစွာ ခစားပြီးသည့်နောက် လွတ်လပ်ခွင့်ရယူကာ ပိုမိုမြင့်မားသည့်အဆင့်ကို ရရှိဖို့ စိတ်ထဲမထားပေ။ သို့သော်လည်း ထိုရာထူးက သူ့ရှေ့ဆက်ရမည့်လမ်းစဉ်ကို ဖြတ်တောက်မည်ဆိုပါက သူသည် ထိုအရာကို လက်ခံမည့်အစား အသေခံလိုက်မည်။

“ဒါနဲ့ ဒီနည်းစနစ်ရဲ့ တာအိုစည်းချက်တွေ အားလုံးကို မှတ်ထားလား” ဝမ်ဝေ့က မေးလိုက်သည်။

“ကိုယ်က ၆၅ ရာခိုင်နှုန်းပဲ မှတ်မိတယ်”

“ကျွန်မ အားလုံး ရလိုက်တယ်” ဝူဟုန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ ထူးကဲသာလွန်သည့် နည်းစနစ်က သူတို့၏ အဆင့်၌ပင် အင်မတန် အဖိုးတန်လှသည်။ ထိုအရာက ထူးကဲသာလွန်မှုကို ရယူဖို့ လမ်းစဉ်တစ်ခု မဟုတ်ပဲ ထူးကဲသာလွန်နေသည့် စွမ်းအားကို ရယူနိုင်မည့် အသုံးပြုမှုတစ်ခု ဖြစ်ပေသည်။ ထိုအရာက စကားဖြင့် မဖော်ပြနိုင်လောက်အောင် ထိုက်တန်ပေ၏။ အထူးသဖြင့် သူမအတွက် သူမ၏ တာအိုစည်းတံဆိပ် ၃၈၀၀လုံးကို ပြီးမြောက်ဖို့ရာအတွက် ဖြစ်သည်။

“သူ့ကို ဘာလုပ်ချင်လဲ” သူမက မေးလိုက်သည်။

“တစ်ခုခု လုပ်လို့ရလို့လား။ ဒါပေမဲ့ သူ့ကို သွားထိတယ်ဆိုရင် ကိုယ်တို့အားလုံး သေသွားနိုင်တယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“အိုး ရှင် တစ်ခုခုတွေးမိလို့လား” ဝူဟုန်က မေးလိုက်၏။

“ သေချာစဉ်းစားကြည့်ရင် အဖြေရဖို့ မခက်ပါဘူး။ အဲဒီအဆင့်ကလူတွေက ဘာကို လိုက်လံရှာဖွေကြတာလဲ”

“ပိုပြီး မြင့်မားတဲ့အဆင့်ကိုပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ သူတို့ပြုစုပျိုးထောင်ပေးတဲ့ စံပြက ဘယ်လောက်ပဲ များများ သူတို့အတွက် အဓိပ္ပာယ်မရှိဘူး”

ဝူဟုန်က မျက်မှောင်ကြုတ်ပြီး ချက်ချင်းဆိုသလို သဘောပေါက်သွားလေသည်။

“သူတို့အားလုံးက သူ့နာမည် ခံယူထားကြတယ်။ ပြောရရင် သူတို့က သူ့ရဲ့ ကိုယ်ပွားပဲ”

“အတိအကျပဲ။ တကယ်လို့ သူတို့သာ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ထိ ပြုစုပျိုးထောင်နိုင်မယ်ဆိုရင် သူတို့ကို ပေါင်းစည်းတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့ စွမ်းအားကို ငှားယူပြီး ပိုမိုမြင့်မားတဲ့အဆင့်ထိ ရောက်ရှိနိုင်လောက်တယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက သူလုပ်ခဲ့သည့်အရာကြောင့် ထိုအရာကို အလျင်အမြန် အဖြေထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“လူအိုကြီးထျန်းကျိက ဘယ်လောက်ကြာကြာ စီစဉ်နေခဲ့တယ်ဆိုတာကို ကောင်းကင်ပဲ သိလိမ့်မယ်။ သူ ပြုစုပျိုးထောင်ပြီးတော့ ဝါးမျိုလိုက်တဲ့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်တွေက ဘယ်လောက်များနေလဲဆိုတာ ဘယ်သူကများ သိမှာလဲ။ အဲဒီနည်းစနစ်က ကန့်သတ်ချက်တချို့ရှိမှာတော့ သေချာတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ထူးကဲသာလွန်မှုလမ်းစဉ်ကို အတော်လေးကို လျှောက်လှမ်းပြီးလောက်ပြီလို့ ထင်တယ်”

ဝုန်း

ကမ္ဘာကြီးက ချက်ချင်းဆိုသလို တုန်ယင်သွားပြီး အရာအားလုံးက ရပ်တန့်သွားလေသည်။ ကျင့်ကြံသူများ၊ ဒြပ်ထု၊ စွမ်းအင်နှင့် မိုးမြေရှိ စည်းမျဉ်းများပင် အပါအဝင်ဖြစ်၏။ လူနှစ်ယောက်ကသာ သက်ရောက်မခံရခြင်းဖြစ်သည်။ ဝမ်ဝေ့နှင့် ဝူဟုန်တို့ဖြစ်၏။

ထို့နောက် ကောင်းကင်ယံ၌ မျက်ဝန်းတစ်စုံပေါ်ထွက်လာပြီး သူတို့ကို စိုက်ကြည့်လာလေ၏။

“ပါမွှားလေးတွေက ငါ့အစီအစဉ်ကို အဖြေထုတ်သွားတာပေါ့”

မိုးမြေကြားတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ ဝူဟုန်နှင့် ဝမ်ဝေ့တို့က ချက်ချင်းဆိုသလို ကြက်သီးဖြန်းဖြန်း ထသွားကြသည်။ ထိုအရာက သူတို့၏ အကျင့်စရိုက်ကြောင့် မဟုတ်သလို သူတို့၏ စိတ်ထဲမှ ဟာကွက်ကြောင့်လည်း မဟုတ်ပေ။ အဆင့်မြင့်သည့်သက်ရှိနှင့် တွေ့ဆုံသည့်အခါ ဖြစ်ပေါ်လာသည့် အလိုလိုတုံ့ပြန်မှုတစ်ခု ဖြစ်ပေသည်။

သို့သော်လည်း နိမ့်ကျသည့် သက်ရှိအနေဖြင့်ပင် ထိုသူနှစ်ဦးက ထူးကဲလှ၏။ သူတို့က တည်ငြိမ်စွာဖြင့် ခန္ဓာကိုယ်၏ သဘာဝတုံ့ပြန်မှုများကို ထိန်းချုပ်ပြီး ထိုမျက်ဝန်းအစုံကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ကြသည်။

“စိတ်ဝင်စားစရာပဲ” အသံက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ တိုက်ခိုက်နေသည့်သူနှစ်ဦးကလည်း ယခု သူ့ကို ကြည့်လာလေ၏။ သူက မထူးမခြားနားဖြစ်ကာ ကျန်တစ်ယောက်ကမူ သတိပေးချက် ထုတ်လွှတ်လာသည်။ သို့သော် သူက ဂရုမစိုက်ပေ။ သူတို့က တူညီသည့်အဆင့်တွင် ရှိနေသော်လည်း ထိုသူနှစ်ဦးက အင်မတန် အားနည်းလွန်းလှသည်။ ထို့ကြောင့် မျက်လုံးက ပါမွှားများကိုသာ အာရုံစိုက်ထားလိုက်၏။

“ဒီလိုအခြေအနေမျိုးမှာ တည်တည်ငြိမ်ငြိမ် နေနိုင်တာဆိုတော့ ချီးကျူးရမှာပဲ” မျက်လုံးအစုံက ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့က အများကြီး သိလွန်းတယ်”

ဧရာမလက်ကြီးက ကောင်းကင်ဘုံမှ ဆင်းသက်လာကာ ထိုသူနှစ်ဦးဆီ ဦးတည်နေလေ၏။ သူက သူ့အစီအစဉ် ပေါက်ကြားသွားစေမည်ကို မဖြစ်လိုပေ။ သူ့အဆင့်တွင်ရှိသည့်လူတချို့က သံသယရှိထားကြသော်လည်း မည်သူကမှ အသေအချာမသိကြပေ။

ထို့အပြင် ထိုသူနှစ်ဦးက အတော်လေး ပါရမီထူးကဲကြောင်း ပြောနိုင်လေ၏။ သူ့အဆင့်ကို ရောက်နိုင်သည့် ပါရမီမျိုးရှိနေသည်။ အထူးသဖြင့် ထိုအမျိုးသမီး ဖြစ်၏။

သူမကို မြင်ပြီးသည့်နောက်တွင် သူ့အနေဖြင့် သေးငယ်သည့် ခြိမ်းခြောက်မှုမျိုးကို ခံစားမိလိုက်သည်။ ထိုအရာက သူ့အတွက် ဘာမှမဟုတ်သော်လည်း သူတို့က ကျင့်ကြံဆင့် မြင့်တက်လာသည့်အခါ မည်သို့ဖြစ်မည်နည်း။ တစ်ယောက်က မြင့်မားသည့် တောင်တန်းကြီးဖြစ်ကာ တစ်ယောက်က ပါမွှားဖြစ်၏။ သို့သော်လည်း ထိုပါမွှားက တောင်တန်းကြီးကို လာရောက်ခြိမ်းခြောက်နေလေသည်။ သူမက သူမ၏ အလားအလာကို သက်သေပြမည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလေသည်။

အကယ်၍ ထိုသူနှစ်ဦးကသာ သူ့အဆင့်အနေအထားသို့ ရောက်လာပါက သူတို့သည် ထိုသတင်းအချက်အလက်ကို အသုံးပြုကာ သူ့အား ရင်ဆိုင်လာနိုင်ချေ ရှိသည်။ လူအိုကြီးထျန်းကျိက ထိုသို့ဟာကွက်မျိုးကို ချန်မထားလိုဘဲ ခြိမ်းခြောက်မှုမျိုးကို မြန်မြန် ရှင်းထုတ်ပစ်လို၏။

လက်ဆင်းသက်လာသည့်အခါ ဝမ်ဝေ့နှင့် ဝူဟုန်က စွမ်းအားကင်းမဲ့နေသည်။ သူတို့၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘဲ စိတ်ကပင် လိပ်တစ်ကောင်လို နှေးကွေးနေလေ၏။ ဝူဟုန်က သူမ၏ အသိစိတ်ပင်လယ်ထဲမှ စည်းတံဆိပ်များကိုပင် အသက်မသွင်းနိုင်တော့ပေ။ သူမက အနည်းငယ် ပျာယာခတ်သွားမိ၏။ သူမက မျှော်လင့်ချက်နှင့် အလားအလာများစွာ ရှိထားသည့်အတွက် ဤနေရာက မည်သို့သေဆုံးနိုင်မည်နည်း။

ထိုစဉ် ဝမ်ဝေ့က တည်ငြိမ်နေပြီး လွတ်လပ်ပေါ့ပါးသည်ဟု ဖော်ညွှန်း၍ရလောက်အောင် တည်ငြိမ်လွန်းလှသည်။ သူ့အနေဖြင့် ထူးကဲသာလွန်မှုအဆင့် ခေါင်းဆောင်ကြီးများကို တွေ့ဖူးသည်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ သူက နောက်ဖြစ်လာမည့်အရာကို ခန့်မှန်းနိုင်လေ၏။ ထင်ထားသည့်အတိုင်း လက်က လမ်းတစ်ဝက်၌ ရပ်တန့်သွားလေသည်။

လူအိုကြီးထျန်းကျိက ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့နှစ်ခု သူ့ဆီ ပစ်မှတ်ထားလာသည်ကို ခံစားမိသည့်အခါ ရပ်တန့်လိုက်၏။ ထိုအရာက ပြင်းထန်လွန်းသည့်အတွက် သူ့ဝိညာဉ်မှ ကြက်သီးပင်ထလာမိသည်။ သူက အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုအရာက အချိန်မြစ်ကြောင်းအပေါ်ပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူက မည်သူလဲဟု ရှာဖွေဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူသာ ဆက်လက်လုပ်ဆောင်ခဲ့ပါက ထိုသတ်ဖြတ်ငွေ့တစ်ခုသည် သူ့ကို ချက်ချင်းသတ်ဖြတ်နိုင်လောက်အောင် လုံလုံလောက်လောက် အားကောင်းကြောင်း သိလိုက်သည်။

အဲဒီလိုကိုး…

သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက အဖြစ်အပျက်ကို နားလည်သွားပြီး အချိန်မြစ်ကြောင်းတစ်လျှောက် အလျင်အမြန် တွေးတောလိုက်သည်။

“လူကြီးမင်း ကျုပ်ရဲ့ မသိတတ်မှုအတွက် ခွင့်လွှတ်ပေးပါ”

“ထွက်သွားစမ်း” လှပကာ ချိုမြိန်လှသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထိုအရာက အင်မတ န်အေးစက်လွန်းသည့်အတွက် လူအိုကြီးထျန်းကျိက ဘာမှမခံစားနိုင်သည်မှာ ဆိုးရွားလွန်းလှသည်။

“ရက်ရောက်မှုအတွက် ကျေးဇူးပါ”

သူက အလျင်အမြန် ပြောပြီးသည့်နောက်တွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်သည်။

“ငါက ဘယ်လောက်တောင် တုံးအနေတာလဲ။ ဒီကမ္ဘာကြီးက ပြဿနာအရင်းအမြစ်မှန်း သိရဲ့သားနဲ့ ငါက လက်လွတ်စပယ် ပြုမူခဲ့သေးတယ်…”

သူက အလုံးစုံသိမြင် ပကတိဘုံကျောင်း၏ အနာဂတ်ဟောပြောချက်ကို ကြားထားပြီး ရောက်ရှိလာမည့်ဖရိုဖရဲအတွက် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း လူအိုကြီးထျန်းကျိက သူသည် ရောက်ရှိလာမည့် ကပ်ဘေးအတွက် အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့၏။ သို့သော် ပို၍ကောင်းမွန်သည်က သူသည် ပိုမိုမြင့်မားသည့်အဆင့်တစ်ခုကို ရရှိဖို့ ထိုအခွင့်အရေးကို ရယူနိုင်လိမ့်မည်။

ယနေ့ဖြစ်ရပ်အပြီးတွင် သူက ယုံကြည်ချက် လွန်ကဲနေကြောင်း သဘောပေါက်သွားခဲ့၏။ အကယ်၍ သူသာ မပြင်ဆင်ထားပါက သူ့လိုလူမျိုးကပင် ရောက်ရှိလာမည့် ကပ်ဘေးအတွင်း ကျဆုံးသွားနိုင်သည်။

မဟုတ်သေးဘူး။ ငါ့ရဲ့ ပြင်ဆင်မှုတွေက မလုံလောက်သေးဘူး…

လူအိုကြီးထျန်းကျိက တွေးလိုက်သည်။ သူက အပြုအမူများကို အရှိန်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်၏။ ထိုမတိုင်ခင် သူက သူ့နာမည် ခံယူထားသည့်လူအားလုံးကို ဆင့်ခေါ်ရမည်။ ထို့ကြောင့် သူက ကောင်းကင်အလှတရားနန်းဆောင်တွင် ရှိသည့်လူတစ်ယောက်ကို အာရုံစိုက်ပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်တွင်ရှိသည့် လူတစ်ယောက်ကို အာရုံစိုက်လိုက်သည်။

ဟမ် သူက အဲဒီကောင်လေး အဲလေ အဲဒီလူကြီးမင်းနဲ့ ဆက်နွယ်မှု ရှိနေတာပဲ။ ကြည့်ရတာ သူက ဒီနေရာမှာ နေပြီးတော့ ပိုပြီးအဖိုးတန်တဲ့ နယ်ရုပ်တစ်ခု ဖြစ်လာမယ်ထင်တယ်…

ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက နန်းဆောင်မှ တစ်ယောက်ကို ခေါ်ဆောင်သွားပြီး ဒိုင်မေးရှင်းအနိမ့်မှ တစ်ယောက်ကို ချန်ထားခဲ့လေသည်။

လူအိုကြီးထျန်းကျိက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကမ္ဘာ၏ အချိန်က စတင်စီးဆင်းလာလေ၏။ ထိုလေးယောက်ကြားတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မည်သူကမှသတိမထားမိကြပေ။

“အတော်လေးကို အပြောင်းအလဲ မြန်တယ်မလား” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“ဒါက…” ဝူဟုန်က မေးလိုက်သည်။ သူက သူမ၏ မေတ္တာရေးကို ရှုပ်ထွေးစေသည့် ထိုကိုယ်ပွား၏ အမည်မသိဇစ်မြစ်အကြောင်း တွေးမိသွားလေသည်။

“ဟုတ်တယ်”

ဝူဟုန်က သက်ပြင်းချလိုက်သည်။ သူမအနေဖြင့် နောက်ဆုံးသော အင်အားကင်းမဲ့သည်ဟု ခံစားမိသည့်အချိန်က အကြွင်းမဲ့တားမြစ်ချက်အတွင်း ဖြစ်ပေသည်။ သူမက ဤသို့သော ဆိုးရွားသော ခံစားချက်ကို ထပ်မံကြုံတွေ့ရသည်ကို စဉ်းစားကြည့်မိလျှင် ဒေါသထွက်လာမိ၏။

“ဘာလို့ အမြဲတမ်း ပြဿနာမီးမွှေးရှာနေရတာလဲ။ ကျွန်မ သိထားသလောက် ရှင်က ကပ်ဘေးကြယ်စင်လို ကံကြမ္မာနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။”

“ကိုယ့်ကို ဘာလို့ လာပြီး အပြစ်တင်နေတာလဲ”

“အဲဒါက ရှင့်အမှားမဟုတ်ဘူးလား။ ရှင်က သူ့နာမည်ကို အဲ့လိုထုတ်ပြောခဲ့တာလေ။ မဟုတ်ရင် သူက ကျွန်မတို့လို ပုရွက်ဆိတ်မျိုးကို သတိထားမိမယ်လို့ ထင်နေလား”

ဝမ်ဝေ့က မလုံမလဲသာ ပြုံးလိုက်သည်။ သူက မေတ္တယျနှင့် အန္တိမသဟဇာတတို့၏ နာမည်ကို ဘာမှမဖြစ်သကဲ့သို့ ထုတ်သုံးနေသည်ကို နေသားကျသည့်အတွက် အခြေခံကျသည့် အမှန်တရားတစ်ခုကို မေ့လျော့နေခဲ့သည်။ အဆင့်မြင့်မားသည့် သက်ရှိများ၏ နာမည်ကို အလကား ထုတ်မပြောသင့်ပေ။ မဟာဧကရာဇ်များကပင် တစ်စုံတစ်ယောက်က သူတို့၏ နာမည် သို့မဟုတ် ဂုဏ်ပုဒ်ကို အသုံးပြုသည့်အခါ ခံစားမိလေသည်။ ထိုကဲ့သို့သော ထူးကဲသာလွန်သည့် မျိုးစိတ်များကိုမူ ထည့်ပြောစရာမလိုပေ။

“အဲဒါက ကိုယ့်အမှားပါ။ တောင်းပန်ပါတယ်” ဝမ်ဝေ့က ပြောလိုက်စဉ် ဝူဟုန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ကိုယ်တို့တွေ ဘယ်လောက်အားနည်းပြီး သေးငယ်တယ်ဆိုတာကို သဘောပေါက်သွားတာက ဆိုးရွားတဲ့ ခံစားချက်မှန်း သိပါတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက ကိုယ်တို့အတွက် အကောင်းဆုံး လှုံ့ဆော်မှုတစ်ခု မဟုတ်ဘူးလား။ တစ်ရက်ကျရင် ကိုယ်တို့က သူတို့အနေအထားရောက်ပြီး ကျော်တောင် ကျော်လွန်သွားဦးမှာလေ”

သူတို့က သူတို့အောင်မြင်ခဲ့ပြီးသား ဖြစ်ကြောင်း အရိပ်အမြွက်များစွာရှိနေသည့်အတွက် ယုံကြည်ချက် ရှိနေလေသည်။ ထိုအရာက ရာနှုန်းပြည့်အာမခံချက် မရှိသေးသော်လည်း ထိုအချက်ကပင် သက်ရှိအားလုံး၏ ၉၉ ရာခိုင်နှုန်းထက် ကျော်လွန်သည့် ယုံကြည်မှုမျိုးကို ရှိလာစေ၏။

All Chapters