သိမ်းပိုက်ခြင်း
Vol. 92 Ch. 1284
“ခဏ” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်း ကြောက်သွားတာလား” သူက သူမ၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ မေးလိုက်၏။ ဝူဟုန်က တည်ငြိမ်နေသော်လည်း သူက သူမ၏ အကြောင်းကို သူ့လက်ဖမိုးထက်ပင် ပိုမိုသိသည့်အတွက် အရိပ်အမြွက်ကို မြင်လိုက်ရသည်။
“တာအိုကနေ ကောင်းချီးပေးခံထားရတာပဲ” ဝမ်ဝေ့က အားပါးတရ ရယ်မောပြီး ပြောလိုက်သည်။
“မာနကြီးပြီး စွမ်းအားကြီးတဲ့ ဧကရီဝူက ဒီလိုမျိုး အားနည်းတဲ့ အခိုက်အတန့်ရှိနေတာပဲ။ ဒါက ကိုယ့်ဘဝရဲ့ အကြီးမားဆုံးနေ့ရက်ပဲ”
“ရှင့်စိတ်ထဲမှာ ဘယ်လိုအတွေးတွေရှိနေတယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ကျွန်မကို ဆွဲထည့်မနေနဲ့” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
နှမြောစရာကောင်းလှသည်ကား ဝမ်ဝေ့က သူမ၏ စကားများကို လျစ်လျူရှုထားလေသည်။
“ဒီအခိုက်အတန့်က ယွမ်ခေတ်ကာလ သန်းပေါင်းများစွာ မဟုတ်သေးဘူး ထာဝရအထိ မှတ်မိနေတော့မှာ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ကိုယ်အားလုံးကို ပြန်ပြောပြမယ်။ အထူးသဖြင့် ကိုယ်တို့ကလေးတွေပေါ့။ အခုကို တွေးကြည့်လို့ရပါပြီ။ သူတို့ကို သူတို့ရဲ့ ကြောက်ဖို့ကောင်းတဲ့ အမေက အကြောက်တရားနဲ့ တုန်လှုပ်နေတဲ့အကြောင်း မပြောတဲ့အခါမှာ သူတို့က သူတို့မျက်လုံးတွေက အပြူးသားဖြစ်သွားပြီးတော့ မယုံသင်္ကာနဲ့ ကြည့်ကြလိမ့်မယ်။ သူတို့ အကြောက်တရားလို့သိတဲ့ စိတ်ခံစားချက်က သူတို့အမေနဲ့ နည်းနည်းလေးမှ သက်ဆိုင်နေပါ့မလားလို့ စဉ်းစားကြလိမ့်မယ်။ ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကြောင့် ဒါက ကိုယ့်ဘဝရဲ့ အကြီးဆုံးအခိုက်အတန့်ပဲ”
ဝမ်ဝေ့၏ ပျော်ရွှင်မှုက အမှန်တကယ် သိသာပြီး အခန်းတစ်ခုလုံးကိုပင် လင်းထိန်စေသည်။ ထိုစဉ် ဝူဟုန်ကမူ မှုန်မှိုင်းနေလေ၏။
“ရှင် စကားတစ်ခွန်းပြောရဲရင် စကားပြောလို့ မရအောင် လုပ်ပစ်မယ်” သူမက သတိပေးလိုက်သည်။
“ကိစ္စမရှိဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ့မျက်နှာက ပြိုင်ဘက်ကင်း ယုံကြည်မှုတို့ ပြသလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း ကိုယ့်ကို စမ်းသပ်ချက်တွေ စစ်ဆေးမှုတွေ ဘယ်လောက်ပဲ ကျော်ဖြတ်ခိုင်း ကျော်ဖြတ်ခိုင်း၊ အမှောင်ထုက ဘယ်လိုပဲဖြစ်ဖြစ် မင်း တစ်ခါက ကြောက်ခဲ့တယ်ဆိုတဲ့ အချက်က ကိုယ့်အတွက် အရာအားလုံးကို ကျော်ဖြတ်ဖို့ လုံလောက်နေပြီ”
“ရှင်”
ဝမ်ဝေ့က တုံ့ပြန်သည့်အနေဖြင့် ပြုံးလိုက်သည်။ ထို့နောက်ဝူဟုန်၏ မျက်ဝန်းထဲ ဉာဏ်များသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေ၏။ သူမ၏ အပြုအမူက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ဝမ်းနည်းပြီး နူးညံ့လာသည်။ ထိုသဘောထားမျိုးက မည်သည့်အမျိုးသားမဆို သူမကို ကာကွယ်ပေးချင်စိတ်ပေါက်လောက်အောင် ပြုလုပ်နေလေ၏။ သူမက ပဝါစလေး တစ်ခုကို ထုတ်ကာ စတင်ငိုကြွေးတော့သည်။
“ရှင်က ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ။ ကျွန်မက ဒီလိုဘက်အခြမ်းကို ပြဖူးတာ ပထမဦးဆုံးအကြိမ်လေ။ ဒါပေမဲ့ အခု ရှင်က ဒါကို ဆုပ်ကိုင်ထားပြီး ကျွန်မတို့ အနာဂတ်ကလေးတွေတောင် ပြောပြဦးမယ်ပေါ့။ ရှင်က ဒီလိုအရာကို လုပ်ရက်တယ်လား”
ဝမ်ဝေ့က သူမအား တအံ့တဩကြည့်လိုက်သည်။ သူ့အိပ်မက်ထဲတွင် သူမ၏ တုံ့ပြန်မှုမျိုး ဖြစ်လိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့မိပေ။ အခြေအနေ၏ ရက်စက်မှုနှင့် ဝူဟုန်၏ လက်ရှိအခြေအနေတို့က သူသည် စနောက်နေခြင်း ဖြစ်ကြောင်း ချက်ချင်းဆိုသလို ဖျောင်းဖျလိုစိတ် ပေါက်သွားစေလေ၏။ ကံကောင်းစွာဖြင့် သူက ချက်ချင်းဆိုသလို နိုးထလာကာ အဖြစ်အပျက်ကို သဘောပေါက်သွားလေသည်။
ကောင်းကောင်း ကစားခဲ့တာပဲ…
သူက စိတ်ထဲမှ ချီးကျူးလိုက်၏။ ကံဆိုးစွာဖြင့် သူက သူမ၏ ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ရသည်။
“ကောင်းပြီလေ။ မင်းရဲ့ အပြုအမူသေးသေးလေးက အလုပ်မဖြစ်ဘူး။ မင်းရဲ့ အနာဂတ်ကိုယ်က အတိတ်ကို ကိုယ်ပွားတစ်ခု ပို့ပြီးတော့ ကိုယ့်ကို မောင်းမဆောင် မဆောက်နိုင်အောင် တားဆီးခဲ့ပြီးသား။ ကိုယ်နဲ့ ဆက်ဆံရေးက အဆိပ်အတောက်နည်းနည်းရှိဖို့ ကံကြမ္မာဖန်လာခဲ့ပြီးသား။ ဒီအရာကို လက်ခံလိုက်တော့”
“ကောင်စုတ်” ဝူဟုန်က ပြောပြီးသည့်နောက်တွင် သူမ၏ နဂိုပုံစံအတိုင်း ပြန်လည်ပြောင်းလဲသွား၏။
“ဒါက မပြီးသေးဘူး” သူမက ကြေညာပြီးသည့်နောက်တွင် ပုဝါအစကို သိမ်းဆည်းလိုက်သည်။
“မပြီးသေးတာ သေချာတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။ သူတို့က ထာဝရတိုင် အချိန်ကုန်ဆုံးရမည်ဖြစ်သည့်အတွက် သူတို့၏ ဆက်တိုက် ဆက်ဆံရေးက ထူးကဲမှုရှိနေသည်က ကောင်းပေသည်။ မဟုတ်ပါက သူတို့သည် တာအိုလက်တွဲဖော် အများစုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ငြီးငွေ့ခြင်း အစရှိသည့် ကံကြမ္မာကို ရင်ဆိုင်ရနိုင်ချေ ရှိသည်။
“ဒါနဲ့ ဘာလို့ ကြောက်သွားတာလဲ။ ကိုယ်တို့ အနာဂတ်ကိုယ်တွေအကြောင်းကို ခန့်မှန်းမိပြီ မဟုတ်ဘူးလား”
“ခန့်မှန်းမိပါတယ်” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ရှင့်လိုမျိုး ကျွန်မ အနာဂတ်ကိုယ်လို့ ခေါ်တဲ့သူဆီမှာ ယုံကြည်မှုများများစားစား ပုံအောထားလောက်အောင်တော့ မရူးသွပ်သေးဘူး။ အဲဒီလူတွေက ကျွန်မတို့ရဲ့ အနာဂတ်ကိုယ်လိုမျိုး ကျွန်မတို့ကို ကာကွယ်ပေးပါ့မလားဆိုတာ စဉ်းစားဖူးလား။ တကယ်လို့ သူတို့က တခြားတစ်ယောက် ဟန်ဆောင်နေတယ်ဆိုရင်ရော။ တကယ်လို့ သူတို့က ကျွန်မတို့ကိုယ်တိုင် ဖြစ်နေတယ်ဆိုရင်တောင် ကျွန်မတို့ ဘယ်လောက်ပြောင်းလဲသွားမလဲဆိုတာ ဘယ်သူကများ သိမှာလဲ။ သူတို့အဆင့်အနေအထားမှာ အတိတ်က သူတို့အတွက် အရမ်းကြီး အရေးမကြီးတော့တာ ဖြစ်နိုင်တာပဲ”
ဝူဟုန်က သက်ပြင်းချလိုက်သည်။
“အခြေအနေတစ်ခုလုံးက အဓိပ္ပာယ်မရှိဘူး။ ပြီးတော့ အရမ်းရှုပ်ထွေးတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ထိုမေးခွန်းများ ဖြစ်နိုင်ချေများကို တွေးခဲ့ဖူး၏။
“ကိုယ်ပြောနိုင်တာကတော့ အရင်ဆုံး ဒီတိုက်ပွဲတွေကို ကိုယ်တို့က ဝင်ရောက်မစွက်ဖက်နိုင်သေးဘူး။ အဲဒါကြောင့် ယုံကြည်ရုံအပြင် ဘာမှရွေးချယ်စရာ မရှိဘူး။ ဒုတိယအနေနဲ့ဆိုရင်တော့ ပြဿနာဖြစ်ဖို့ အရိပ်အယောင်တော့ မရှိသေးဘူး။ အဲဒါကြောင့်လုပ်နိုင်တာက ယုံကြည်ချက်ထားဖို့ပဲ။ ပြီးတော့ မူမမှန်မှုကို ကောက်ချက်ချမိတာနဲ့ သတိကြီးကြီးထားဖို့ပဲပေါ့”
ဝူဟုန်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ဤရှုပ်ထွေးလှသည့် အခြေအနေမျိုးအတွင်း သူ့စိတ်အခြေအနေက အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။
ကြည့်ရတာ အလင်းမဲ့အမှန်တရားထဲ မြန်မြန်ဝင်မှဖြစ်မယ်…
သူမက အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် သူမ၏ အပြုအမူများ၌ ဝန်လေးမှုတချို့ရှိကြောင်း သဘောပေါက်ခဲ့သည်။ မဟုတ်ပါက ဤနှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူမက စွန့်စားမှုကို ယူပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ထွက်သွားသရွေ့ သူမ၏ ဒဏ်ရာများကို ကုစားပြီး ထိပ်တန်းအင်အားကိုပြန်လည် ရရှိနိုင်ဖို့ အခွင့်အရေးများစွာ ရှိလေသည်။
“ရှင် သိမ်းပိုက်ဖို့ ရှိသေးတယ်မဟုတ်ဘူးလား” ဝူဟုန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ကျစ်” ဝမ်ဝေ့က မေ့လုနီးပါးဖြစ်နေလေ၏။
“ဒီမှာ ခဏစောင့်ဦး” ဝူဟုန်က သူ့အား လူအိုကြီးထျန်းကျိဆီမှ ယူဆောင်ထားသည့် ကံကြမ္မာစွမ်းအားကို ပေးလိုက်သည်။
“ဒါက ရှုကျင်းယောင်ရဲ့ ဝေစုပဲ … သူမကို ပေးလိုက်”
ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။
ဝူဟုန်က သူ ထွက်ခွာသွားသည်ကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက ပြုံးလိုက်၏။ သူမက ထိုသူသည် သူမ၏ ဘဝထဲ ရောင်စုံအလှတရားကို ယူဆောင်ပေးလာလိမ့်မည်ဟု တွေးကာ မှန်ကန်နေကြောင်း သိလိုက်သည်။
နောက်ဆုံး ဆုံးဖြတ်ချက်မချခင်တော့ ဆက်လက် စောင့်ကြည့်ရသေးတာပေါ့…
သူမက သူ့အပေါ် မျက်နှာသာပေးမိသော်လည်း တွေ့ဆုံမှုနှစ်ခုအပြီးတွင် ချက်ချင်း ဆုံးဖြတ်နိုင်သည့်အရာမျိုး မဟုတ်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ထာဝရအချိန်ရှိသည့်အတွက် အလျင်လိုနေဖို့ မလိုအပ်ပေ။
……………………………………………….
ဝမ်ဝေ့က နဂါး၏ ပိုင်နက်ထဲ ပြောင်းရွှေ့လာခဲ့သည်။ သူက သွေးနဂါးသည် ပိုင်နက်ကို ထိန်းချုပ်ပြီးသည့်နောက်တွင် နာမည်ကို ပြောင်းခဲ့ကြောင်း သိထားလေ၏။ ဝမ်ဝေ့က စွမ်းအင်အမြောက်အများကို ခံစားမိသည့်အခါ အကြီးမားဆုံးအရာကို အာရုံစိုက်ထားလိုက်သည်။
ထို့အပြင် ကောင်းချီးတိမ်တိုက်များ၊ နဂါးများ ဝန်းရံလျက် လေဟာနယ်ထဲ မျောလွင့်နေသည့် လှပသော နန်းဆောင်တစ်ခုကို လူများစွာ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ နန်းဆောင်ဝန်းကျင်၌ အားကောင်းသည့် ဒိုင်းကာတစ်ခု ရှိနေပြီး လူမည်မျှတိုက်ခိုက်စေကာမူ အကောင်းအတိုင်းကျန်ရှိနေဆဲ ဖြစ်၏။
“နဂါးနန်းဆောင်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤသည်က သွေးနဂါး၏ ပင်မနေထိုင်ရာဖြစ်သည့်အတွက် ထိုနေရာတွင် အရင်းအမြစ် အမြောက်အများရှိကြောင်း ဆိုလိုနေလေ၏။ ဝမ်ဝေ့က သူ့လူများဆီ ပျံသန်းသွားလိုက်သည်။
“ဂိုဏ်းချုပ် နောက်ဆုံးတော့ ရောက်လာပြီပဲ” ဝမ်ချီက ပြောလိုက်သည်။ သူက ဝမ်ဝေ့သည် ရုပ်သေးရုပ်ထဲတွင် ရှိနေသော်လည်း ထိုလူ၏ အရှိန်အဝါမှ သတိထားမိခဲ့ခြင်း ဖြစ်၏။
“အခြေအနေက ဘယ်လိုလဲ”
“ကံကြမ္မာပြောင်းလဲရေးခန်းမနဲ့ ကံကြမ္မာအစောင့်တွေရဲ့ အကူအညီနဲ့ ကျွန်တော်တို့တွေ အားကောင်းတဲ့ အဖွဲ့ခွဲတွေ၊ အရာတွေနဲ့ မဟာမိတ်တွေကိုတော့ သိမ်းပိုက်ပြီးသွားပြီ” ဝမ်ချီက ရှင်းပြလိုက်သည်။ သွေးနဂါးက ကမ္ဘာသန်းပေါင်းများစွာ၊ စကြဝဠာများ၊ ပိုင်နက်နှင့် နယ်မြေပေါင်းများစွာ ရှိလေသည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုကျယ်ပြောလှသည့် ပိုင်နက်ကို ထိန်းချုပ်ဖို့ အကူအညီလိုအပ်သည့်အတွက် သူ့ပိုင်နက်ထဲတွင် တင်းကြပ်နေသည့် အဖွဲ့ခွဲများနှင့် မဟာမိတ်များစွာ ရှိလေသည်။
“အဲဒါဆိုတော့ နဂါးနန်းဆောင်ပဲ ကျန်တော့တာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ စံပြအစီအရင်နဲ့ ကျွန်တော်တို့တွေ အင်အားမဲ့နေတာ” ဝမ်ချီက ပြန်ဖြေလိုက်သည်။
“ပြီးတော့ တစ်ယောက်က အထဲဝင်သွားနှင့်ပြီ”
“အိုး”
“အဲဒါက ရှုကျင်းယောင်လို့ ထင်တယ်” ဝမ်ချီက ဆက်ပြောလိုက်သည်။
“သူမရဲ့ လူတွေက စောင့်နေတာ။ သူမရောက်လာတာနဲ့ သူမက အစီအရင်ချိုးဖောက်ရေးအဆောင်ကို သုံးပြီးတော့ ဝင်သွားတာပဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“အနီရောင်မျက်နှာဖုံးက ဘယ်မှာလဲ”
“သူမနဲ့ သူမ လူတော်တော်များများကလည်း အထဲရောက်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အဆက်အသွယ် ပျက်သွားပြီ”
“တာဝန်က ပြီးမြောက်သွားတယ်ဆိုရင် သူမက လှမ်းပြီး ဆက်သွယ်မှာ” ဝမ်ဝေ့က သူ့နောက်အဆင့်ကို တွေးရင်း ပြောလိုက်သည်။ သူက အနီရောင်မျက်နှာဖုံးအပေါ် အပြည့်အဝမှီခိုမထားနိုင်ပေ။ ရှုကျင်းယောင်က ဝင်ရောက်သွားသည်မှန်း သိသည့်အခါ အနီရောင်မျက်နှာဖုံးအပေါ် အပြည့်အဝ မမှီခိုနိုင်ပေ။ သူမက အစီအရင်ကို ထိန်းချုပ်ပြီး လမ်းကြောင်း ဖွင့်ပေးနိုင်လျှင် ရှုကျင်းယောင်က အကောင်းဆုံးအရင်းအမြစ်များကို သိမ်းပိုက်ပြီးလောက်လေပြီ။
စံပြတွေက အစီအရင်ကို ထိန်းချုပ်နိုင်နေတဲ့ လူ မရှိပေမဲ့ ငါ့အနေနဲ့ အားသုံးဝင်ရောက်ဖို့ အချိန်ကြာလိမ့်မယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ ရှုကျင်းယောင်က အစီအရင်ချိုးဖောက်ရေးအဆောင်ထဲ ဝင်သွားတယ်ဆိုတော့ အစီအရင်က အထွတ်အထိပ်မှာ မဟုတ်ဘူးပဲ။ ငါလည်း တူညီတဲ့ နည်းလမ်းကို အသုံးပြုနိုင်လောက်တယ်…
ဝမ်ဝေ့တွင် အဆင့်၁၂ အစီအရင်ချိုးဖောက်ရေးအဆောင် မရှိသော်လည်း တခြားနည်းလမ်းများဖြင့် ကြိုးစားကြည့်နိုင်သည်။
အစီအရင် အဖျက်ကောင်
သူက ချက်ချင်းဆိုသလို ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ဒိုင်မေးရှင်းအနိမ့်တွင် ထိုအစီအရင်အဖျက်ကောင်၏ အတွေးအခေါ်က ဧကရာဇ်အဆင့်ထိ အသုံးဝင်သော်လည်း စံပြအစီအရင်များအတွက် အသုံးမဝင်ပေ။ သို့သော်လည်း ဤအချိန်တိုအတွင်းလည်း မဖြစ်နိုင်ပေ။
ဒီလိုဆိုရင် ငါ့အနေနဲ့ တိုက်ရိုက်ကျတဲ့ နည်းလမ်းကိုပဲ သုံးနိုင်တော့တယ်…
ဝမ်ဝေ့က သူ့လူများကို စုစည်းလိုက်သည်။ မုန့်ခယ်၊ သူ့ဇနီး၊ ဒုတိယမင်းသားနှင့် အားလုံးက အစီအရင်တိုက်ခိုက်နေသည်ကို ရပ်ပြီး ဝမ်ဝေ့နှင့် ပြန်လည်စုစည်းလိုက်ကြ၏။
ထို့ကြောင့် သူက နဂါးနန်းဆောင်၏ ဒိုင်းကာရှိသည့် အစွန်းတစ်နေရာသို့ သွားကာ သူ့အစီအစဉ် ကျမှု၊ မကျမှုတာအိုကို အသုံးပြုခဲ့သည်။ ဝမ်ဝေ့က ဝူယွီနှင့် တိုက်ခိုက်ခဲ့သည့်အချိန်က တူညီသည့် နည်းစနစ်မျိုးကို အသုံးပြုခဲ့၏။ သူ့ပစ်မှတ်ကမူ အစီအရင်ဒိုင်းကာ ဖြစ်နေလေသည်။ သူက နေရာတစ်ခုလုံးကို ပစ်မှတ်မထားဘဲ သူတို့၏ အဖွဲ့ဝင်ရောက်နိုင်လောက်အောင် ကြီးမားသည့် အပေါက်လုပ်ဖို့ရာသာ အာရုံစိုက်ထားသည်။ ပြောင်မြောက်လှသည့်နည်းလမ်းက သူ့ရည်မှန်းချက်အား ရောက်ရှိသွားစေ၏။
“အထဲဝင်ကြစို့” ဝမ်ဝေ့က အားလုံးကို ဦးဆောင်ခေါ်သွားရင်း ပြောလိုက်သည်။ အဖွဲ့၏ အပြုအမူက တခြားသူများ၏ အာရုံကို ဖမ်းစားသွားလေ၏။ တချို့ဉာဏ်ကောင်းသည့်သူများက ဤသည်က သူတို့ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သိသည့်အတွက် အတွင်းသို့ ပြေးဝင်လာကြသည်။ သူတို့အတွက် နှမြောဖို့ကောင်းလှစွာဖြင့် ဝမ်ဝေ့၏ အဖွဲ့က ထိုမျှော့ကောင်များအား ကြင်ကြင်နာနာ ဆက်ဆံနေမည် မဟုတ်ပေ။
အဆိပ်နတ်ဆိုးက သူမလက်ကို ဝှေ့ယမ်းပြီးသည့်နောက်တွင် အဝင်ဝရှေ့၌ အဆိပ်ကို ဝှေ့ယမ်းလိုက်ပြီး တာအိုအုပ်ချုပ်သူတချို့နှင့် ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်သည်။ အဖွဲ့က ဝင်ရောက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အစီအရင်တွင်ရှိသည့် အပေါက်ကလည်း သူ့အလိုလို ပြန်လည်ကောင်းမွန်သွားလေသည်။