← Chapters

သိမ်းပိုက်ခြင်း အပိုင်း(၄)

Vol. 92 Ch. 1287

သိမ်းပိုက်ခြင်း အပိုင်း(၄)

Vol. 92 Ch. 1287

ဝမ်ဝေ့က နတ်ဆိုးနှင့် သားရဲအငွေ့အသက်များ ရှိနေသည့် လူလတ်အရွယ်အမျိုးသားကို ကြည့်နေလိုက်သည်။ သူက သူ့စွမ်းဆောင်ရည်တွင် ယုံကြည်ချက်ရှိနေသကဲ့သို့ တည်ငြိမ်နေလေ၏။

ဒီလို အသုံးအဆောင်ပစ္စည်း ဆန့်ကျင်ကျင့်ကြံသူက မကြာခဏ နှိမ့်ချခံရလေ့ရှိတော့ ထူးတော့ ထူးဆန်းသားပဲ…

ထို့ကြောင့် ဝမ်ဝေ့က ထိုအမျိုးသား၏ ယုံကြည်ချက်ဇစ်မြစ်ကို သေချာစဉ်းစားလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်၏။

“သေလူတစ်ယောက်က ငါ့နာမည်ကို သိစရာမလိုဘူး”

“အော် အဲဒါဆိုတော့ ရှင်းထန်းထျန်ကိုး” ဝမ်ဝေ့က ပြောလိုက်ပြီး သတင်းအချက်အလက်ကို ကောက်ချက်ချလိုက်နိုင်သည်။ သို့သော်လည်း သူ့အပြုအမူက ထိုအစောင့်အား မျက်မှောင်ကြုတ်သွားစေသည်။ ဝမ်ဝေ့က စကားဝိုင်းစည်းချက်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် ကျွမ်းကျင်သူဖြစ်သည့်အတွက် ထိုသို့ ရိုးရှင်းသည့် အပြုအမူမျိုးဖြင့် အရေးသာချက်က သူ့ဖက်သို့ ရောက်ရှိသွားလေသည်။

“အဲဒါဆိုတော့ ရှင်းထန်းထျန် ဘာလို့ သစ္စာရှိနေရတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“မင်းရဲ့ ဖိနှိပ်သူက သေသွားပြီ။ ဒါပေမဲ့ ဒီအခွင့်အရေးကိုယူပြီး ထွက်ပြေးရမဲ့အစား မင်းက သူ့စိတ်တိုင်းကျ လိုက်လုပ်ပေးနေတယ်။ ဘာကြောင့်များလဲ”

“မင်းတို့လူတွေက ဘာသိမှာလဲ။ ဒါက ယာယီပဲ။ သခင် ပြန်ရောက်လာတာနဲ့ မင်းတို့တွေက သူ့ဒေါသကနေ အသက်ရှင်လိုက်ရမှာ မဟုတ်ဘူး” ရှင်းထန်းထျန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“သူက မင်းတို့အားလုံးကို ကမ္ဘာမြေအဆုံးထိ အမဲလိုက်လိမ့်မယ်”

ဝမ်ဝေ့က ထိုအမျိုးသားကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“မင်းရဲ့ စကားက ထင်ထားသလို မခြိမ်းခြောက်နိုင်ဘူး။ အဲဒီသူတွေက စည်းမျဉ်းမဲ့ဇုန်ထဲမှာ ပုန်းအောင်းနေသရွေ့ အဆင်ပြေလိမ့်မယ်။ သွေးနဂါး ပြန်ရောက်လာတယ်ဆိုရင်တောင် သူက ဘာများ တတ်နိုင်မှာလဲ။ သူ့ရဲ့ ဆိုးရွားတဲ့ တိုက်ခိုက်စွမ်းရည်နဲ့ စည်းမျဉ်းမဲ့ဇုန်ရဲ့ စည်းမျဉ်းတွေနဲ့ဆိုရင် သူက သူ့တပ်ဖွဲ့အားလုံး ခေါ်လာရင်တောင် အသုံးမဝင်ဘူး။”

ရှင်းထန်းထျန်က ဆွံ့အမိသွားသည်။ ထိုစကားများက အမှန်တရားတချို့ ကိန်းအောင်းနေလေ၏။ စည်းမျဉ်းမဲ့ဇုန်က ပြင်ပလောကမှ ကျူးကျော်မှုများကို ငြင်းဆန်သည့်အတွက် ထိုသူများက ထိုနေရာတွင် ပုန်းအောင်းနေပါက လွတ်မြောက်နိုင်ချေ ရှိ၏။

“ပြီးတော့ သူ အသက်ပြန်ရှင်လာတဲ့အချိန်ကျရင် ဒီကမ္ဘာမှာ စံပြတွေ နောက်ထပ်အများကြီး ရှိနေနိုင်တာပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ ထန်းထျန်၏ အမူအရာက ပျက်ယွင်းသွားလေ၏။ သိမ်းပိုက်ထားသည့် အရင်းအမြစ်များဖြင့် ထိပ်တန်းကောင်းကင်ဘုံအဆင့် တချို့သည် စံပြအဆင့်သို့ ဝင်ရောက်နိုင်ချေရှိကြောင်း သိထားလေ၏။

လက်ရှိအာဏာပိုင်းဆိုင်ရာ အနေအထားအရ စံပြတစ်ယောက်သည် အခြေအနေကို နှောင့်ယှက်ဖို့ လုံလောက်နေပြီ ဖြစ်၏။ ပို၍ဆိုးရွားသည်က အဆုံးစွန်မဲ့ စံပြတစ်ယောက်ပင် ဖြစ်လာနိုင်သည်။ ထိုသူများက ရှင်းထန်းထျန်၏ စိတ်ထဲမှ အလျင်လိုမှုကို ဖန်တီးပေးလိုက်သည်။

“မေးခွန်းကို မဖြေရသေးဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်းက ဘာလို့ ဒီလောက်သစ္စာရှိနေရတာလဲ။ သွေးနဂါးက မင်းကို ထိန်းချုပ်ထားတဲ့ နည်းလမ်းက သူ သေဆုံးပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားလောက်ပြီ။ သူက တာအိုအမှတ်အသားကို နည်းစနစ်ရဲ့ အခြေခံအနေနဲ့ သုံးထားတာ မဟုတ်သရွေ့ပေါ့။ ဒါပေမဲ့ အဲ့လိုလုပ်ခဲ့တယ်ဆိုရင်တောင် သူ့ရဲ့ အားနည်းနေတဲ့ အခြေအနေမျိုးမှာဆိုတော့ မင်းကိုယ်တိုင် ဖယ်ရှားနိုင်မှာပဲ”

“ဘာတွေလာ ဂရုစိုက်နေတာလဲ” ရှင်းထန်းထျန်က သူ့စံပြအသုံးအဆောင်ပစ္စည်းဖြစ်သည့် လက်ကောက်တစ်ကွင်းကို ဆင့်ခေါ်လိုက်သည်။ သူက ထိုအရာကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် အနက်ရောင်ချပ်ဝတ်၊ လက်အိတ်များ ဝတ်ဆင်ထားသည့် ရွှေရောင်လူဝံကြီးတစ်ကောင်အသွင် ပြောင်းလဲသွားလေ၏။ ရှင်းထန်းထျန်က သူတော်စင်တိုက်ပွဲဝင်လူဝံအသွင် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ထိုအရာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ အားအကောင်းဆုံး နတ်ဆိုးမျိုးနွယ်ထဲမှ တစ်ခု ဖြစ်၏။

သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်ဝေ့ကို လက်သီးဖြင့် ထိုးလိုက်သည်။ ထိုအရာက ရိုးရှင်းသည့် လက်သီးချက် ဖြစ်သော်လည်း ပတ်ဝန်းကျင် ကာလံဒေသံကို တွန့်လိမ်သွားနိုင်သည့် စွမ်းရည်မျိုး ကိန်းအောင်းနေလေသည်။ တိုက်ပွဲ၏ ရည်ရွယ်ချက်က မိုးမြေကြားတွင်ရှိသမျှ အရာအားလုံးကို တိုက်ခိုက်ဖို့ ဖြစ်နေဟန်ပေါ်သည်။

“ မင်းရဲ့ အပြုအမူတွေက ငါ့အတွက် အဓိပ္ပာယ်မရှိဘူး” ဝမ်ဝေ့က လက်သီးချက်ကို ရှောင်ရှားရင်း တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။

“သွေးနဂါးက မင်းကို အဆင့်(၁၂) ကျင့်ကြံသူတစ်ယောက် ဖြစ်ခွင့်ပေးထားတဲ့ အချက်ကြောင့် မင်းရဲ့ အတွေးအခေါ်သဘောတရားတွေက ပြောင်းပြန်ဖြစ်သွားတာလား။ မင်းကိုယ်မင်း ထူးခြားတယ်လို့ ထင်တာပေါ့။ ဒါပေမဲ့ အဲဒါက သစ္စာရှိဖို့ လုံလောက်ရဲ့လား။ ငါတော့ မထင်ဘူး”

ဝမ်ဝေ့က လက်သီးချက်များစွာကို ရှောင်ရှားလိုက်သည်။ သူ့အကြည့်က ရှင်းထန်းထျန်အပေါ်မှ ရှောင်ဖယ်သွားခြင်း မရှိပေ။ ထိုသူက ဒေါသတကြီးအော်ဟစ်ပြီးသည့်နောက်တွင် သူတော်စင်တိုက်ပွဲဝင် လူဝံမျိုးနွယ်မှ တိုက်ခိုက်ရေးနည်းလမ်းများကို ထုတ်သုံးလာလေ၏။ သို့သော်လည်း ရလဒ်ကမူ အတူတူ ဖြစ်လေသည်။

“အာ ငါ သိပြီ။ မင်းရဲ့ သစ္စာရှိမှုက အကြောက်တရားကြောင့် ဖြစ်လာတာပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ သွေးနဂါးက ဘာလို့ အဲ့လောက် ကြောက်ဖို့ကောင်းနေရတာလဲ”

ရှင်းထန်းထျန်က ထိုစကားကို ကြားပြီးသည့်နောက်တွင် အတက်အကျလှိုင်းတစ်ခု ထုတ်လွှတ်လာသည်။ ဝမ်ဝေ့က ထိုအခွင့်အရေးကိုယူကာ ထိုသူ၏ ကံကြမ္မာကို ဖတ်ရှုလိုက်၏။

“ဒီလိုဖြစ်ခဲ့တာကို။ သူက တစ်ခါက သေချင်ယောင်ဆောင်ပြီးတော့ သူ့ကို သစ္စာဖောက်ချင်တဲ့သူတွေအားလုံးကို ဖမ်းဆီးခဲ့တာ။ အဲဒါကြောင့် အကြောက်တရားက မင်းတို့ရဲ့ စိတ်နှလုံးသားထဲမှာ ကျန်နေတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက နဂါးသည် သူ့သေချင်ယောင်ဆောင်ပြီးသည့်နောက်တွင် သူ့လက်အောက်ငယ်သားများထဲ အကြောက်တရားကို မည်သို့ထည့်သွင်းခဲ့ကြောင်း မြင်ပြီးသည့်နောက်တွင် အမြင်ပြောင်းလဲသွားသည်ဟု ဝန်ခံရပေမည်။

“ ပါးစပ်ပိတ်ထား”

ရှင်းထန်းထျန်က အော်ဟစ်ပြီးသည့်နောက်တွင် သူ့လက်သီးချက်က ရွှေရောင်ပြောင်းလဲသွားပြီး ဝမ်ဝေ့အား ထိုးနှက်လိုက်သည်။ ဝမ်ဝေ့က သူ့တုတ်ဖြင့် တည်တည်ငြိမ်ငြိမ် ရှောင်ရှားပြီး ပိတ်ဆို့လိုက်၏။ ထိုအရာက စွမ်းအားကြီးလွန်းသည့်အတွက် သူ့အနေဖြင့် ကီလိုမီတာအနည်းငယ် လွင့်စင်သွားခဲ့သည်။ သို့သော်လည်း သူ့မျက်ဝန်းအထက် လှောင်ပြုံးတချို့ပေါ်ထွက်လာလေ၏။

ပြီးသွားပြီ…

သူက ရတနာသိုက်ကို ကာကွယ်နေသည့် စံပြအစီအရင်ဆီ ပစ်ခွင်းသွားသည့် သင်္ကေတများစွာကို တွေးလိုက်သည်။

“မဖြစ်ဘူး” အစီအရင်၏ နေရာမှ အမျိုးသမီး၏ အသံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပြင်းထန်သည့် စွမ်းအားလှိုင်း အတက်အကျလှိုင်းမှ ထွက်ပေါ်လာသည်။ ကံဆိုးစွာဖြင့် သင်္ကေတများက နေရာတစ်ဝိုက်ကို စည်းပိတ်ခဲ့သည့်အတွက် အကျိုးမရှိပေ။

“ဘာလုပ်လိုက်တာလဲ” ရှင်းထန်းထျန်က အော်ပြောလိုက်သည်။

ဝမ်ဝေ့က သူ့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ ယခု သူမ၏ ရည်ရွယ်ချက်က ပြီးမြောက်သွားပြီဖြစ်သည့်အတွက် သူနှင့် အချိန်ဖြုန်းနေစရာ မလိုအပ်တော့ပေ။ သူက ရုတ်ချည်းဆိုသလို လူဝံရှေ့ပေါ်ထွက်လာပြီး ဗိုက်ကို ထိုးချလိုက်သည်။ ရှင်းထန်းထျန်က နာကျင်စွာ ညည်းညူလိုက်ပြီးသည့်နောက်တွင် သူက လူသားအသွင် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ဝမ်ဝေ့က သူ့ဆီမှ လက်ကောက်ကို ယူကာ လေ့လာကြည့်လိုက်၏။

ဆင့်ခေါ်ရေးနဲ့ နတ်ဆိုးထိန်းချုပ်ရေးပစ္စည်းတွေ ပါတဲ့ အသုံးအဆောင်ပစ္စည်းလား။ စိတ်ဝင်စားစရာပဲ…

သူက ထိုအသုံးအဆောင်ပစ္စည်း၏ ပင်မရည်ရွယ်ချက်သည် အားကောင်းသည့် သက်ရှိများကို စုဆောင်းပြီး တိုက်ခိုက်ရေး၌ ဆင့်ခေါ်ဖို့ရာအတွက် ဖြစ်ကြောင်း သိလိုက်သည်။ ထိုအရာက သူတို့၏ သွေးမျိုးဆက်စွမ်းရည်များကိုပင် ထုတ်သုံးခွင့်ပြုထားလိမ့်မည်။ သို့သော်လည်း ရှင်းထန်းထျန်က အထဲတွင် လူဝံတစ်ကောင်သာ ရှိသည့်အတွက် သွေးနဂါးက သူ့အပေါ် မည်မျှယုံကြည်ကြောင်း ပြသနေသည်။

“ဒီလိုအဖိုးတန်ပစ္စည်းက မင်းအပေါ်မှာ ဖြုန်းတီးနေတာပဲ” ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

ဝမ်ဝေ့က အထဲတွင် သက်ရှိတစ်ကောင်တည်းရှိ၍ ပြောခြင်း မဟုတ်ပေ။ သူတော်စင်တိုက်ပွဲလူဝံက ကမ္ဘာထဲတွင် အားအကောင်းဆုံးနတ်ဆိုး ဖြစ်လေသည်။ အထူးသဖြင့် မျိုးနွယ်အထွတ်အမြတ်တောင်ထိပ်မှ ရှေးဦးစံပြနှစ်ယောက်သည် ထိုမျိုးနွယ်မှ ဖြစ်ကြလေသည်။

ယွမ်ထီမူလဘုံကျောင်းနှင့် ပဋိပက္ခဖြစ်လာသည့်အခါ ထိုမျိုးနွယ်က ရှေ့တန်းတွင်ရှိပြီး ရန်သူကို အစိတ်စိတ်အမြွာမြွာ စုတ်ဖြဲခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးအပေါ်အောင်မြင်မှုများက ကမ္ဘာတွင် ထိပ်တန်းတွင် ရှိ၏။

ရှင်းထန်းထျန်က သူ့ကမ္ဘာ၌ တိုက်ပွဲတစ်သောင်းကိုပင် တွေ့ကြုံမခံစားဖူးလောက်ပေ။ ထို့ကြောင့် သူက သူတော်စင်တိုက်ပွဲလူဝံ၏ စွမ်းအားကို မည်သို့ ထုတ်သုံးနိုင်မည်နည်း။

ဝမ်ဝေ့က လက်ကောက်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ရတနာသိုက်အဝင်ဝကို ကြည့်လိုက်သည်။ သူ့အကြည့်က တံခါးကို ကြည့်နေခြင်းမဟုတ်ဘဲ သင်္ကေတများဖြင့် ဝန်းရံထားသည့် အမျိုးသမီးကို ကြည့်နေခြင်း ဖြစ်၏။ သူ ရောက်ရှိလာသည့်အခါ သူက တည်ရှိမှုနှစ်ခုကို ခံစားမိလိုက်သည်။ ရှင်းထန်းထျန်နှင့် ဤရတနာသိုက်၏ အစီအရင်စိတ်ဝိညာဉ်တို့ ဖြစ်၏။

ဒိုင်မေးရှင်းအနိမ့်တွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် သဘာဝနှင့် ကိုယ့်ကိုယ်ကို မှီခိုအားထားရသည့် သဘာဝတို့ကြောင့် ကမ္ဘာအများစု၏ ကျင့်ကြံရေးနည်းစနစ်များက အစီအရင် သို့မဟုတ် အသုံးအဆောင်ပစ္စည်း စိတ်ဝိညာဉ်ကဲ့သို့ အရာမျိုးကို အသုံးမပြုကြပေ။ ထိုအစား ထိုအသုံးအဆောင်ပစ္စည်းများကို အကန့်အသတ် အသိဉာဏ်သာ ပေးထားကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့သာ အာရုံစိုက်ထားကြသည်။

သို့သော်လည်း ဒိုင်မေးရှင်းအမြင့်ကမူ တိုးတက်နိုင်ချေများစွာ ရှိသည့်အတွက် ထိုသို့သော နည်းလမ်းများက ပုံမှန်အတိုင်း မြင်ရလေ့ရှိသည်။ ဝမ်ဝေ့က ဤကာကွယ်ရေးအစီအရင်တွင် ထိန်းချုပ်နေသည့် စိတ်ဝိညာဉ် ရှိနေသည့်အချက်ကို မအံ့ဩမိပေ။ သို့သော်လည်း ထိုစိတ်ဝိညာဉ်၏ အန္တရာယ်ကို သဘောပေါက်သွားခဲ့၏။

 သူ့အနေဖြင့် ထိုစိတ်ဝိညာဉ်သာ အစီအရင်ကို ထိန်းချုပ်နေပါက ချိုးဖောက်ဖို့ရာ စိမ်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မည်။ ပို၍အရေးကြီးသည်က သူ ထိုသို့လုပ်ဆောင်နိုင်လျှင်ပင် ထိုသူက အထဲတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။

ထို့ကြောင့် ဝမ်ဝေ့က ရှင်းထန်းထျန်နှင့် တိုက်ခိုက်ရင်း သူမကို သတိလက်လွတ်ဖြစ်စေကာ အားနည်းချက်ကို ရှာဖွေပြီး စည်းပိတ်ခဲ့ခြင်း ဖြစ်သည်။

သူမရဲ့ ခုခံမှုက အတော်လေးကို ပြင်းထန်တာပဲ…

ဝမ်ဝေ့က ခေါင်းခါရင်း တွေးလိုက်သည်။

ငါ တခြားသူတွေကိုလည်း သတိပေးရမယ်…

ဝမ်ဝေ့က တခြားသူများအား သတိလက်လွတ်ဖြစ်သွားစေပြီး ထိုသို့အရင်းအမြစ်ပမာဏ အမြောက်အများကို မဆုံးရှုံးစေလိုပေ။

ဝမ်ဝေ့က သတင်းစကားကို ပို့ဆောင်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို ခံစားမိခဲ့၏။ သူ့လူတစ်ယောက်ပေါ်တွင် ချန်ထားခဲ့သည့် ကာကွယ်ရေးနည်းလမ်းတစ်ခုက အသက်ဝင်လာခဲ့သည်။ သူ့အကြည့်က ဒိုင်မေးရှင်းများစွာကို ထိုးဖောက်သွားပြီး တစ်စုံတစ်ယောက်က ဒုတိယမင်းသားနောက် လိုက်ဖမ်းနေသည်ကို မြင်လိုက်ရ၏။ ဝမ်ဝေ့က ထိုသူကို မြင်သည့်အခါ အံ့ဩမှုနှင့် ဒေါသတို့ ထွက်ပေါ်လာသည်။

သူက မဖြစ်နိုင်ဘူးဟု ထင်ထားသည့်အရာတစ်ခုကို မြင်လိုက်ရခြင်း ဖြစ်သည်။ သူက ကောင်းကင်အလိုဆန္ဒစံပြကို မြင်လိုက်ရခြင်း ဖြစ်၏။ ကောင်းကင်အလိုဆန္ဒ စံပြဆိုသည်မှာ ကောင်းကင်အလိုဆန္ဒကို ဆက်တိုက်စုပ်ယူထားသည့် မဟာဧကရာဇ်များက သူတို့၏ လမ်းစဉ်ကို ဆက်လက်ကျင့်ကြံကြသည့်သူများ ဖြစ်သည်။ သို့သော် ၉၉ ရာခိုင်နှုန်းက ကောင်းကင်ဘုံအဆင့် ကမ္ဘာဦးစမ်းသပ်ချက်တွင် သေဆုံးကြလေ့ရှိ၏။

ထိုသို့ဖြစ်နိုင်ချေ နည်းပါးသော်လည်း လူများစွာကမူ အောင်မြင်ကာ ကောင်းကင်အလိုဆန္ဒ ကောင်းကင်ဘုံအဆင့်ဖြစ်လာကြလေသည်။ ကမ္ဘာကြီးက ကျယ်ပြောလွန်းသည့်အတွက် အရင်းအမြစ်များစွာရှိသလို ကျင့်ကြံသူများစွာလည်း ရှိသည့်အတွက် ကောင်းကင်အလိုဆန္ဒ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကို မွေးဖွားဖို့ ဖြစ်နိုင်ချေရှိ၏။

သို့သော်လည်း ဤမျှအထိသာ ဖြစ်ပေသည်။ မည်သူကမှ စံပြ စမ်းသပ်ချက်ကို မကျော်လွန်နိုင်ကြပေ။

“ကျစ် အဲဒီခွေးကောင် သွေးနဂါးက သေဖို့ ထိုက်တန်တယ်” ဝမ်ဝေ့က ကျိန်ဆဲလိုက်သည်။ သူက ထိုသို့သော တည်ရှိမှုမျိုးကို ပြုစုပျိုးထောင်ပေးဖို့ မည်သို့ လုပ်ရမည်ဖြစ်ကြောင်း သိထားလေ၏။ ပထမတစ်ခုက ကောင်းကင်အလိုဆန္ဒအမြောက်အများ လိုအပ်လိမ့်မည်။ အရေအတွက်က မဟာတာအိုအရင်းအမြစ် ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ရုံမျှသာ မကပေ။ ဝမ်ဝေ့အနေဖြင့် ထိုခွေးကောင်သည် မအောင်မြင်ခင် လူများစွာကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းမိ၏။

ထို့ကြောင့် ထိုသို့သော လေ့လာရေးမျိုး၌ ဖြုန်းတီးခဲ့သည့် ကောင်းကင်အလိုဆန္ဒပမာဏသည် အမြောက်အများဖြစ်လိမ့်မည်။ ဒုတိယလိုအပ်ချက်ကမူ ပါရမီ ဖြစ်၏။ တာအိုနှလုံးသား၊ စိတ်အခြေအနေနှင့် စိတ်ဆန္ဒတို့ကသာ ထိပ်ဆုံးသို့ ရောက်ရှိနေပြီး အင်မတန်ပါရမီထူးကဲသည့်သူများကသာ စံပြစမ်းသပ်ချက်ကို အောင်မြင်နိုင်ကြသည်။

မည်သူကမှ ကောင်းကင်အလိုဆန္ဒ လမ်းစဉ်အတွက် ထိုသို့ ပါရမီမျိုးကို ဖြုန်းတီးပစ်ကြမည် မဟုတ်ပေ။ သို့သော်လည်း ထိုခွေးကောင် သွေးနဂါးက ထိုသို့လုပ်ဆောင်ခဲ့၏။

“ကျစ် ငါ အဲဒီကောင်ကို ပြန်ပြီးအသက်သွင်းပြီး သတ်ပစ်ချင်လာပြီ” ဝမ်ဝေ့က အံကြိတ်ကာ ပြောလိုက်၏။ ထိုသို့သော ပါရမီရှင်မျိုးက မည်သည့်အင်အားစု၌မဆို အဆုံးစွန်မဲ့စံပြ မျိုးစေ့အဖြစ် မှတ်ယူနိုင်လေသည်။ သို့သော်လည်း ထိုနဂါးက ဖျက်ဆီးပစ်ခဲ့၏။

ပါရမီကို အလေးထားမြတ်နိုးသူ တစ်ယောက်အနေဖြင့် ဝမ်ဝေ့က နာကျင်မှုကို ခံစားလိုက်မိသည်။

All Chapters