← Chapters

သိမ်းပိုက်ခြင်း နောက်ဆုံးအပိုင်း

Vol. 92 Ch. 1288

သိမ်းပိုက်ခြင်း နောက်ဆုံးအပိုင်း

Vol. 92 Ch. 1288

ကျားဖျင့်နောက်မှ လိုက်လာသည့်သူက ဇွဲလုံ့လကောင်းလှသည်။ ထိုအမျိုးသားက အမှောင်ထုက လွှမ်းခြုံထားပြီး သူ့အား ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ကူးသန်းပြောင်းရွှေ့ခွင့် ပြုထားလေသည်။

 ဝမ်ဝေ့၏ စွမ်းအားက ကျားဖျင့်ကို ခေါ်ဆောင်သွားသည့်အမြန်နှုန်းဖြင့်ပင် ကျားဖျင့်က မကြာခင် ဖမ်းဆီးခံရနိုင်ချေရှိ၏။

အရိပ်တာအိုလား…

ဝမ်ဝေ့က တွေးလိုက်သည်။

အဲဒါတင် မကသေးဘူး။ သူက အရိပ်မျိုးနွယ်ဝင်တစ်ယောက်ပဲ…

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို သဘောပေါက်သွားသည်။ အရိပ်မျိုးနွယ်က ဆိုးရွားသည့် သမိုင်းကြောင်းရှိသည့် မျိုးနွယ်တစ်ခု ဖြစ်ပေသည်။ သူတို့၏ မျိုးနွယ်က အရိပ်မှ မွေးဖွားလာသည့်အတွက် သူတို့ကို စိတ်ဝိညာဉ်အဖြစ် သတ်မှတ်နိုင်သည်။ သူတို့သည် အသိစိတ်နှင့် ပုံသဏ္ဌာန်ဖြစ်တည်လာသည့် အရိပ်မျှသာ ဖြစ်၏။ သူတို့က စိတ်ဝိညာဉ်မျိုးနွယ်နှင့် မတူဘဲ အရိပ်မျိုးနွယ်တွင်မူ သူတို့ကို မွေးဖွားပေးသည့် ထူးကဲသည့် ကမ္ဘာတစ်ခု ရှိလေသည်။

သူတို့ အရိပ်တာအိုအပေါ် ထူးကဲသည့် ပြိုင်ဘက်ကင်းထိန်းချုပ်နိုင်စွမ်းအပြင် မျိုးနွယ်က အကြွင်းမဲ့ သစ္စာခံခြင်းဟု ခေါ်သည့် ထူးကဲသည့် ဂုဏ်သတ္တိတစ်ခုကို ပိုင်ဆိုင်ထားကြသည်။ အရိပ်အဖွဲ့ဝင်တစ်ယောက်က တစ်စုံတစ်ယောက်ဆီ အညံ့ခံလိုက်သည်နှင့် သူတို့က သေသည်အထိ သစ္စာရှိသွားလိမ့်မည်။ ပို၍အရေးကြီးသည်က သခင်တစ်ယောက်ရှိသည့် အရိပ်အဖွဲ့ဝင်သည် သူတို့သခင်ကို သစ္စာဖောက်ဖို့ ဖိအားပေးနိုင်သည့် နည်းလမ်း ၉၉ ရာခိုင်နှုန်းကို ခံနိုင်ရည် ရှိကြသည်။

ထာဝရကောင်းကင်ဘုံအဆင့်၏ ကိုယ်ပွားက သူတို့ကို သစ္စာဖောက်ဖို့ရာ ရှားပါးသော်လည်း ထိုသို့လုပ်ဆောင်နိုင်သည့် နည်းလမ်းက အနည်းငယ် တည်ရှိနေသေးသည်။ သို့သော်လည်း အရိပ်အဖွဲ့ဝင်ကို ထိုသို့လုပ်နိုင်သည့် နည်းလမ်းကမူ ပို၍ရှားပါးပေသည်။ ထိုစွမ်းရည်က အရိပ်အဖွဲ့ဝင်များအား အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်လျှောက် အောင်မြင်ကျော်ကြားလာစေပြီး ပျက်သုန်းလုနီးပါးအထိ ဖြစ်စေခဲ့သည်။

အရိပ်အဖွဲ့ဝင်များက အမဲလိုက်ခံရပြီး သစ္စာအရှိဆုံး လက်အောက်ငယ်သားများအဖြစ် လေ့ကျင့်ပေးခံထားရသည်။ အမဲလိုက်မှုက ပြင်းထန်လွန်းသည့်အတွက် မျိုးနွယ်ပျက်သုဉ်းမှုအထိပင် ဖြစ်သွားစေသည်။ ကံကောင်းစွာဖြင့် ကံကြမ္မာက အရိပ်မျိုးနွယ်ကို လျစ်လျူရှုမထားခဲ့ပေ။ ရွှေရောင်ခေတ်ကာလအလယ်တွင် သူတို့မျိုးနွယ်က အရိပ်အုပ်စိုးသူဟု ခေါ်ဆိုသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို မွေးဖွားပေးလာသည်။

သူက မှတ်တမ်းတင်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ထိပ်တန်းအဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်လာပြီး သူ့မျိုးနွယ်ကို ကာကွယ်ပေးခဲ့သည်။ ထိုအမျိုးသားက သူ့အဖွဲ့ဝင်များအား ကာကွယ်ပေးပြီး ကယ်တင်ဖို့ ဘာမဆို လုပ်လေ့ရှိ၏။ ထိုသူများက မည်မျှပင်ဖြစ်စေကာမူ သူတို့သာ သူ့မျိုးနွယ်ဝင်များကို ဖမ်းဆီးသည်နှင့် တိုက်ခိုက်လိမ့်မည်။ ဤသည်က အာဏာရှင် ၁၃ယောက်လည်း အပါအဝင် ဖြစ်၏။

နောက်ဆုံးအနေဖြင့် ကမ္ဘာကြီးက အရိပ်မျိုးနွယ်ကို လွတ်ထားလိုက်ရသည်။ ထိုထိပ်တန်းမျိုးနွယ်ဝင်များက အရိပ်အုပ်စိုးသူ၏ တိုက်ခိုက်စွမ်းရည်ကို ဂရုမစိုက်ပေ။ သို့သော် သူ့ပုန်းအောင်းရေးစွမ်းရည်ကို ကြောက်ရွံ့ကြ၏။ ထိုအမျိုးသားက ရှေးဦးစံပြများ၏ လက်ထဲမှ မကြာခဏ လွတ်မြောက်လေ့ရှိသလို သုံးယောက်ပေါင်း တိုက်ကွက်အောက်မှလည်း အသက်ရှင်နိုင်ခဲ့သည်။

မျိုးနွယ်များက အရိပ်အုပ်စိုးသူသည် သူတို့၏ ထိပ်တန်းပါရမီရှင်များကို လုပ်ကြံသတ်ဖြတ်မည်ကို စိုးရိမ်နေကြ၏။ ထို့ကြောင့် သူတို့က အရိပ်မျိုးနွယ်များကို ထပ်မထိကြတော့ပေ။ သို့သော်လည်း အရိပ်အုပ်စိုးသူက အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် မပြီးမပြတ်အခြေအနေသို့ ဝင်ရောက်သွားခဲ့၍ သူတို့မျိုးနွယ်အား လာထိကြခြင်း ဖြစ်၏။

ကပ်ပါးများက သူတို့ကို တိုက်ခိုက်ပြီး အဖွဲ့ခွဲများကို ဖမ်းဆီးခဲ့သည်။ ကံကောင်းစွာဖြင့် ပင်မအဖွဲ့ခွဲကမူ အရိပ်အုပ်စိုးသူချန်ထားခဲ့သည့် နည်းလမ်းများဖြင့် ကမ္ဘာမှာ ပုန်းအောင်းနေခဲ့ကြသည်။

ဒီလိုပါရမီမျိုးနဲ့ဆိုရင် သူက နောက်ထပ် အရိပ်အုပ်စိုးသူတစ်ယောက် ဖြစ်လာနိုင်တယ်…

ဝမ်ဝေ့က သက်ပြင်းချကာ တွေးလိုက်သည်။

ကျစ် အဲဒီလူတွေက ဘယ်လောက်တောင် တုံးအနေတာလဲ။ သူတို့က ရေရှည်ကို မတွေးမိကြဘူးလား…

အာဏာရှင်များက အရိပ်မျိုးနွယ်ကို ချန်ထားဖို့ ဆုံးဖြတ်ခဲ့သော်လည်း သူတို့က သူတို့မျိုးနွယ်အတွက် ဤသို့ လုပ်ရဲကြလေသည်။ သူတို့က အရိပ်အုပ်စိုးသူနှင့် ဖြေရှင်းဖို့ မည်သို့များ တွေးထားသနည်း။

နေမင်းနှစ်စင်းက သူတို့ကို ကာကွယ်လိမ့်မည်ဟု ယုံကြည်နေကြသလား

ဦးနှောက်ရှိသည့်သူတိုင်းက အရိပ်အုပ်စိုးသူ ပြန်ရောက်လာမည်ကို မသိဘဲ နေကြမည် မဟုတ်ပေ။ ထိုအခါ ပြန်လည်လက်စားချေလိမ့်မည်။ လက်စားမချေလျှင်ပင် အရိပ်အုပ်စိုးသူက သူ့ဩဇာအာဏာကို ပြသဖို့ ထိုသူများအား သတ်ပစ်လိမ့်မည်။ မဟုတ်ပါက တခြားသူများသည် သူသာ အားနည်းချက် ပြလိုက်ပါက သူ့မျိုးနွယ်နောက် ထပ်မံ အမဲလိုက်နိုင်ချေရှိ၏။

ဝမ်ဝေ့က ခေါင်းယမ်းလိုက်ပြီး အချိန်ကိုယ်ပွားတစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။

သူက ချက်ချင်းဆိုသလို မတိုက်ခိုက်သေးဘဲ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ အခွင့်ကောင်းကို စောင့်ဆိုင်း၏။ သူ့အလိုလိုသိစိတ်က ထိုသူသာ ပုန်းအောင်းလိုပါက သူသည် လက်ရှိအခြေအနေဖြင့် ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သတိပေးနေသည်။

ဝမ်ဝေ့က ကျားဖျင့်ကို ကာကွယ်ပေးထားသည့် စွမ်းအားကို ထိန်းချုပ်လိုက်ပြီး အရိပ်အား အားကုန်လုနီးပါး ခံစားချက်ကို ပေးလိုက်သည်။ ထိုသူက အခွင့်အရေးကို အမိအရဖမ်းကာ ကျားဖျင့်ဆီ ခုန်အုပ်လိုက်၏။

ဒါက ငါ့အခွင့်အရေးပဲ…

အရိပ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် လှုပ်ရှားလာသည်။ ကိုယ်ပွားလေးယောက်က အရိပ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး သူတို့၏ တုတ်ချောင်းများဖြင့် လည်ပင်းကို ဝိုင်းရိုက်ကာ စည်းတံဆိပ်ဖြင့် ပိတ်ဆို့လိုက်ကြသည်။

“အရှင်” ကျားဖျင့်က စိတ်သက်သာရာရစွာ ပြောလိုက်သည်။

“မင်း တာဝန်ကို သွားပြီး အဆုံးသတ်ခဲ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးပါ”

ကျားဖျင့်က ထွက်ခွာသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က အရိပ်ကို ကြည့်လိုက်သည်။

“သူ့ကိုသာ ငါ့နောက်လိုက်အဖြစ် ပြောင်းလဲပစ်နိုင်မယ်ဆိုရင်…” ဝမ်ဝေ့က ညည်းတွားလိုက်သည်။ ဤသည်က မဖြစ်နိုင်ပေ။ သူ့နည်းလမ်းက မည်မျှပင်ဖြစ်စေကာမူ ထိုသူအတွက် အသုံးဝင်မည် မဟုတ်ပေ။ ထိုအရိပ်က သွေးနဂါး၏ တာအိုအမှတ်အသားကို အာရုံခံမိသေးသည့်အတွက် ကိုယ့်ကိုယ်ကို သတ်မသေခြင်း ဖြစ်၏။ ထိုအရာ ပျောက်ဆုံးသွားသည်နှင့် သံသရာမှ ထွက်ခွာကာ သူ့သခင်နောက်လိုက်သွားလိမ့်မည်။

ဝမ်ဝေ့က ထိုအရိပ်၏ တာအိုသစ်ပင်ကို မြင်လိုက်ရ၏။ ထိုသစ်ပင်တွင် ရွှေရောင်အလင်း ၁၂ ခုရှိပြီး တစ်ခုချင်းစီက ကောင်းကင်အလိုဆန္ဒနှင့် တူညီသည့် အရှိန်အဝါတို့ ထုတ်လွှတ်နေလျက် ရှိသည်။ ထိုသစ်ပင်တွင် ဖြည့်ဖို့ ကောင်းကင်အလိုဆန္ဒ ၁၂ ခုမျှသာ ရှိဟန်ထင်ရသော်လည်း အမှန်တကယ်တော့ မဟုတ်ပေ။ ပထမကောင်းကင်အလိုဆန္ဒက နေရာ ကိုးခုရှိပြီး ဆယ်ခုမြောက် နေရာက အနည်းငယ် အဝါရောင်သန်းနေသည်။ အစိမ်းရောင် နေရာက နောက်ထပ် အမြောက်အများ စုပ်ယူပြီးသည့်နောက်တွင် ရွှေရောင် ပြောင်းလဲသွားမည် ဖြစ်၏။ ထို့နောက် ကျင့်ကြံသူက ၁၁ဆင့်နှင့် ၁၂ ဆင့်နေရာနေရာများအတွက် ထိုသို့လုပ်ဆောင်ရလိမ့်မည်။

ဝမ်ဝေ့က တာအိုသစ်ပင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့ရဲ့ သုံးသပ်ချက်က မှန်နေတာပဲ။ ဒီအရာက ထူးကဲသာလွန်မှုလမ်းစဉ် ဖြစ်နိုင်တယ်”

လူများစွာက ကောင်းကင်အလိုဆန္ဒလမ်းစဉ်ကို မကြိုက်ကြပေ။ သို့သော်လည်း သူတို့က ထိုလမ်းစဉ်၏ ထူးကဲမှုကို မြင်တွေ့ဖို့ ကျရှုံးခဲ့ကြလေသည်။

ကောင်းကင်အလိုဆန္ဒဆိုတာဘာလဲ။ ဒါက မဟာတာအိုအရင်းအမြစ်ကို ရယူနိုင်တဲ့ တိုက်ရိုက်သော့တစ်ချောင်းပဲ။ အဆင့်၉ကျင့်ကြံသူတွေကို ကျင့်ကြံဆင့် ရာကျော်ကို ခုန်တက်ပြီးတော့ မဟာတာအိုအရင်းအမြစ်ကို ရယူနိုင်တယ်။ ဒီလိုမျိုး စွမ်းအားမျိုးက မဟာတာအိုရဲ့ တိုက်ရိုက်အာဏာကို ချီးမြှင့်ပေးထားတာနဲ့ အတူတူပဲ…

ဝမ်ဝေ့က ဝူဟုန်အား စံပြများသည် ကောင်းကင်အလိုဆန္ဒကို ဖန်တီးနိုင်သည်လားဟု မေးခဲ့ဖူးရာ သူမက မဖြစ်နိုင်ကြောင်း ပြောခဲ့ဖူးသည်။ အများစုက ကြိုးစားခဲ့ဖူးကြသော်လည်း မည်သူကမှ မအောင်မြင်ခဲ့ပေ။ သူမပင် အပါအဝင် ဖြစ်၏။ ထို့နောက် သူမက စံပြများသည် ကျင့်ကြံသူများအား မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ထောက်ပံ့ပေးနိုင်လားဟု မေးခဲ့သည်။

ဝူဟုန်က ပင်မနေရာ ၃၈၀၀ ကို ကိုင်ဆောင်ထားသည့် စံပြများကသာ ထိုသို့လုပ်ပိုင်ခွင့်ရှိပြီး သူတို့ကျင့်ကြံသည့်တာအိုအမျိုးအစားကို ရယူနိုင်စွမ်းရှိကြောင်း ပြောခဲ့သည်။ တစ်နည်းဖြင့် ပြောရလျှင် ဝူဟုန်က စည်းပိတ်ရေးမဟာတာအိုအရင်းအမြစ်ကိုသာ ထောက်ပံ့ပေးနိုင်စွမ်း ရှိ၏။

ထိုသို့သောနည်းလမ်းမျိုးဖြင့် ကျင့်ကြံထားသည့် မဟာဧကရာဇ်များကို အခွံဧကရာဇ်ဟု ခေါ်ဆိုသည်။ ပြောရမည်ဆိုလျှင် သူတို့က စံပြများအတွက် ကျွန်သဖွယ် ဖြစ်နေလေ၏။

သူတို့ကျင့်ကြံသည့်တာအိုက စံပြ၏ တာအိုဖြစ်ပြီး သူတို့၏ အောင်မြင်မှုကို ကန့်သတ်ထားသည်။ အခွံဧကရာဇ်များက ဟွင်သွမ်းကမ္ဘာများတစ်လျှောက် နာမည်မကြီးလှပေ။ အကြောင်းအရင်းကမူ ဖြစ်နိုင်ချေရှိသည့် သစ္စာမဲ့မှုကြောင့် ဖြစ်၏။ သူတို့၏ လေ့ကျင့်မှုက ပုံမှန်ဧကရာဇ်များလိုသာ ရှည်လျားသည်။ သူတို့အပေါ် အချိန်ဖြုန်းတီးမည့်အစား စံပြများက သူတို့၏ မဟာမြူစက်ဝန်းကို အသုံးပြုကာ ဖန်ဆင်းမှုသက်ရှိများကိုသာ ဖန်ဆင်းကြလေ့ရှိသည်။

ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် သူက တာအိုကို သေချာလေ့လာကြည့်လိုက်သည်။

နည်းလမ်းကို ဖန်တီးထားတယ်ဆိုတော့ ကောင်းကင်အလိုဆန္ဒအပေါ်မှာ အတော်လေး နက်နက်နဲနဲ နားလည်နေတဲ့သူပဲ…

ဝမ်ဝေ့က ကောင်းကင်အလိုဆန္ဒ နည်းလမ်းကို ဖန်တီးထားသည့်သူနှင့် ပတ်သက်ပြီး ကောက်ချက်ချမှုတစ်ခု ရှိလာသည်။

ပထမတစ်ခုက ထိုနည်းလမ်းကို ဖန်တီးထားသည့် ဧကရာဇ် သို့မဟုတ် ကောင်းကင်ဘုံအဆင့်သည် သူတို့၏ ပါရမီလစ်ဟာမှုကို ကျော်ဖြတ်ပြီး မြင့်မားသည့်အဆင့်ကို ရောက်ဖို့ နည်းလမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ နောက်တစ်ခုကမူ အထွတ်အထိပ်စံပြ တစ်ယောက်က ထူးကဲသာလွန်မှုလမ်းစဉ်အတွက် ထိုနည်းလမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးအခေါ်ကမူ ကောင်းကင်အလိုဆန္ဒသည် သော့ချက်ဖြစ်နေ၍ ဖြစ်၏။ သူတို့က ထိုအရာကို လုံလုံလောက်လောက် စုပ်ယူပြီးသည့်နောက်တွင် မဟာတာအိုအရင်းအမြစ်၏ ဗဟိုချက်ကို ရယူနိုင်၍ ဖြစ်သည်။

တကယ်လို့ တစ်စုံတစ်ယောက်ကသာ မဟာတာအိုအရင်းအမြစ်ရဲ့ ဗဟိုချက်ကို ရောက်နိုင်မယ်ဆိုရင် သူတို့က မဟာတာအိုနဲ့ လုပ်ပိုင်ခွင့်အတူတူရှိသွားတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုသို့သော လုပ်ပိုင်ခွင့်မျိုးက ထူးကဲသာလွန်မှုလမ်းစဉ်ကို ဝင်ရောက်ဖို့အတွက် လုံလောက်သင့်ပေ၏။

တကယ်လို့ ဒီလိုမဟုတ်ခဲ့ဘူးဆိုရင် ဖန်တီးရှင်က သူတို့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို အားဖြည့်ဖို့ ဗဟိုချက်က စွမ်းအားကိုတော့ စုပ်ယူနိုင်လိမ့်မယ်။ ပြီးတော့ စွမ်းအားကိုလည်း နောက်တစ်ဆင့်မြင့်အောင် ထပ်လုပ်နိုင်လိမ့်မယ်။ ဒါက ပြောင်မြောက်တဲ့ နည်းလမ်းတစ်ခုပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒီနည်းလမ်းက ဖြစ်နိုင်မလားဆိုတာ မသိရပေမဲ့ လေ့လာကြည့်ဖို့တော့ ထိုက်တန်တယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ ဤကဲ့သို့သော ထူးကဲသာလွန်မှုမျိုးက သူသာ ကန့်သတ်ချက် ရောက်ရှိသွားသည်နှင့် လေ့လာကြည့်ဖို့ ထိုက်တန်ပေသည်။ အကယ်၍ မဖြစ်နိုင်ဘူးဆိုလျှင်ပင် ထိုအတွေးအခေါ်က တန်ဖိုးရှိလှ၏။

ဝမ်ဝေ့က စံပြ တစ်ယောက်အနေဖြင့် မဟာတာအိုအရင်းအမြစ်၏ ဗဟိုချက်ထဲ ဝင်ရောက်နိုင်မည် မဟုတ်သော်လည်း ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်သွားသည့်အခါ မဟာတာအိုနဲ့ တိုက်ရိုက်ရင်ဆိုင်နိုင်မည့် နည်းလမ်းများ ရှိလာနိုင်ချေရှိသည်။

ငါက ဒီတာအိုသစ်ပင်နည်းလမ်းနဲ့ အစစ်အမှန်လှည့်စားရေးတာအိုကို သုံးပြီးတော့ ဗဟိုချက်ဆီ တိတ်တဆိတ်ဝင်ရောက်ပြီးတော့ မဟာတာအိုအရင်းအမြစ် စွမ်းအားတချို့ကို ခိုးယူနိုင်လိမ့်မယ်…

ထိုအတွေးက သူ့အနာဂတ်အတွက် ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က စိတ်လှုပ်ရှားလာမိသည်။ ကုရွှမ်၏ လှည့်ဖျားရေးတာအိုက ကောင်းကင်တာအိုနှင့် မဟာတာအိုရှေ့တွင် ဟာသပြက်လုံးတစ်ခု ဖြစ်နေခဲ့သော်လည်း ထူးကဲသာလွန်မှုတစ်ပိုင်းဖြစ်လာပြီး နယ်ရုပ်မှ ကစားသမားဖြစ်လာပြီးသည့်နောက်တွင် ထိုတာအိုက အင်မတန် အသုံးဝင်လာလိမ့်မည်။

ငါ လှည့်ဖျားရေးတာအိုကို ကြိုတင်ပြင်ဆင်ထားသင့်ပြီ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အစီအစဉ်က ဤတာအိုအပေါ် ရာနှုန်းပြည့်နားလည်ဖို့ရာအတွက် ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ဖြည်းဖြည်းချင်း ကျင့်ကြံရင်းဖြင့် အချိန်မဖြုန်းလိုပေ။ သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သည် မဟာတာအိုဇစ်မြစ်ကို အလွယ်တကူ နားလည်နိုင်ကြောင်း တွေးထားသည့်အတွက် အလျင်လိုဖို့ မလိုအပ်ပေ။ သို့သော်လည်း သူ့အနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည့် အရာမျိုး ရှိနေလေ၏။

ဝမ်ဝေ့က ထိုပြဿနာနှင့် ပတ်သက်ပြီး အစီအစဉ်နှစ်ခု ရှိလေသည်။ ထိုအရာနှစ်ခုက နောက်ထပ် မျက်ဆံနှစ်ခုကို ရှာပြီး သူ့ကိုယ်သူ အသုံးပြုကာ လှည့်ဖျားရေးတာအိုကို ကူးယူဖို့ ဖြစ်၏။ သို့သော်လည်း ထိုနည်းလမ်းက အတားအဆီးများစွာ ရှိလွန်းလှသည်။ အထူးသဖြင့် မျက်ဆံနှစ်ခုကို နိုးထလာဖို့ရာ မည်မျှစိန်ခေါ်မှုဖြစ်မလဲ မသိရပေ။

ထို့ကြောင့် သူက ဒုတိယအစီအစဉ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ ထိုအစီအစဉ်ကို တာအိုမျိုးစေ့ စိုက်ပျိုးရေးဟု ခေါ်ဆို၏။ သူက ပါရမီရှင်တစ်ယောက်ကိုရှာကာ သူအလိုရှိသည့် တာအိုကို ကျင့်ကြံနိုင်သည့် ပါရမီရှင်တစ်ယောက်အဖြစ် ပုံပြောင်းပေးလိုက်မည်။ ထို့နောက် အချိန်ကြာသည့်အခါ သူက သူတို့၏ အောင်မြင်ထားသော တာအိုသစ်သီးကို ယူကာ မဟာတာအိုအရင်းအမြစ် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိမည် ဖြစ်၏။ သူ့အစီအစဉ်က ကျွမ်းကျင်အတတ်ပညာတာအိုနှင့် ဖျက်ဆီးခြင်းနှင့် ဝိညာဉ်ကဲ့သို့ အရံတာအိုများကို ကျင့်ကြံဖို့ အစီအစဉ် ဖြစ်ပေသည်။ သို့သော် ယခုတွင် သူက လှည့်ဖျားရေးတာအိုကိုပါ ထည့်ပေါင်းလိုက်၏။

ဟမ်…

ဝမ်ဝေ့က သတင်းစကားကို ခံစားမိ၍ စစ်ဆေးကြည့်လိုက်သည်။

အနီရောင်မျက်နှာဖုံးက အလယ်ပိုင်းအစီအရင်ဗဟိုချက်ကို ထိန်းချုပ်နိုင်သွားပြီလား။ ကောင်းတယ်…

All Chapters