← Chapters

စွေ့ရန်ဓားနန်းတော်၏ အဆုံးသတ်

Vol. 011 Ch. 1033

စွေ့ရန်ဓားနန်းတော်၏ အဆုံးသတ်

Vol. 011 Ch. 1033

စွေ့ရန်နန်းတော်၏ အပေါ်ဆုံး တစ်နေရာ၌ ဓားအသိများသည် ခန်းမကြီး တစ်ခုလုံးသို့ စီးဆင်း နေခဲ့သည်။ စွေ့ရန်ရှန့်ထို ဓားသည် ငြိမ်သက်စွာဖြင့် ကျင့်ကြံနေ၏။

သည်အဆင့်အထိ လေ့ကျင့်ခဲ့ပြီးမှတော့ သူ့အတွက် ရှေ့ဆက်ရန် အလွန် ခက်ခဲပေသည်။ ထိုအရာက ကြီးမားသော ဇွဲလုံ့လနှင့် ခိုင်မာသော စိတ်နှလုံးတို့ လိုအပ်ပေ၏။

သည်ရက်ပိုင်းတွင် ပေ့ချိန်ရန်ကြောင့် သူ့စိတ်မှာ များစွာ အနှောင့်အယှက် ဖြစ်ခဲ့ရရာ ထိုအရာက သူ၏ ကျင့်ကြံခြင်းကို အနည်းနှင့်အများ သက်ရောက် စေသည်။

ယခုသူက ထိုစိတ်ရှုပ်ဖွယ်ရာ အတွေးများအား ရှင်းလင်းရန် လိုပေသည်။ ရီဖူရှင်းနှင့် လီဟန်ဓားနန်းတော် အကြား ပဋိပက္ခတို့မှာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင် သူက သိပ်အားမစိုက်ရဘဲ သူတို့အား ရှင်းလင်း နိုင်ပေမည်။

ထိုအခိုက်တွင် သူ၏ မျက်တောင်များ ကွေးညွတ် သွားသည်။ သူက ရုတ်တရက် မသက်မသာ ခံစားရ၏။ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု သူခံစားရသည်။

“ဘာတွေ ဖြစ်နေတာလဲ…” သူက တီးတိုး ဆိုသည်။ ရှန့်ထိုတစ်ပါး ဖြစ်သည့် သူ့အတွက် မကောင်းသော ကိစ္စတစ်ခုခု ဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် မသက်မသာ ခံစားရသည်မှာ သဘာဝဖြစ်သည်။

သူက မျက်လုံးကို ဖွင့်လိုက်လျှင် သူ့စိတ်အသိသည် ခန်းမအပြင်ဘက် အရပ်မျက်နှာ မျိုးစုံသို့ ထွက်ပေါ် သွားခဲ့သည်။ ထိုအခိုက်တွင် သူက အလွန် ကြီးမားသော အန္တရာယ် အငွေ့အသက်အား ခံစားရ၏။

အဝေးမှ တစ်စုံတစ်ခုကို ခံစားမိလျှင် သူ့စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါသည်။ သူ့စိတ်အသိက အရပ်မျက်နှာ မျိုးစုံသို့ မြန်ဆန်စွာ ဆက်လက် ဖြန့်ကြက်သည်။

ထိုအခိုက်တွင် ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ဓားအသိများ စုစည်းလာကာ ဓားဝင်္ကပါတစ်ခု ဖွဲ့စည်း ဖြစ်ပေါ်လာသည်ကို သူခံစားရ၏။ မမြင်ရသော စွမ်အားသည် အရာခပ်သိမ်းကို ဖျက်ဆီးနိုင်စွမ်း ရှိဟန်ရသည်။

“မကောင်းတော့ဘူး…” စွေ့ရန်ရှန့်ထိုဓားသည် လျှပ်တစ်ပြက် ကောင်းကင်ထက်သို့ ပျံတက်သည်။ ထိုအခိုက်တွင် ဓားဝင်္ကပါ အလယ်၌ အလင်းတန်း တစ်ခု ဖြစ်ပေါ်လာခဲ့ကာ သူ့နေရာအား ပြစ်မှတ်အဖြစ် ရွေးချယ်သည်။

“ဒီက မြန်မြန် ထွက်သွားကြစမ်း…” စွေ့ရန်ရှန့်ထိုဓားက ဒေါသတကြီး အော်ဟစ်သည်။ စွေ့ရန်နန်းတော်မှ လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့က စဉ်းစားနေရန်ပင် အချိန်မရဘဲ ကောင်းကင်ထက်ကို မော့ကြည့် ကြသည်။ စွေ့ရန်ရှန့်ထိုဓားက သူ၏ဓားအသိများ အားလုံးကို နတ်ဘုရားဓား တစ်လက်အဖြစ်‌ ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ် သည်လည်း ထောင်ပေါင်း များစွာသော ဓားပုံရိပ်များ အဖြစ် ပြောင်းလဲ လာခဲ့သည်။

လင်းလက်သော ရောင်စဉ်များ တောက်ပ ထွန်းလင်းသည်။ ကောင်းကင်ကို ဖုံးအုပ်လျက် နောက်ထပ် ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ အဆုံးအစမဲ့သော ဓားအသိများ စုစည်း လာခဲ့ကာ လေထုကို အလင်းတန်း အသွင်ဖြင့် ထိုးခွင်း လာခဲ့သည်။ ဓားအလင်းတန်း ကျဆင်း လာခဲ့လျှင် ကောင်းကင်ကပါ လိုက်ပါ ပြိုဆင်းသည်ဟု ထင်မှတ်ကြရ၏။

ထိုအခိုက်တွင် သေမင်းသည် သူတို့ထံသို့ ဆင်းသက် လာသည်ဟု ခံစားကြရ၏။ ထိုဓားအသိအောက်တွင် သူတို့၏ အသက်များမှာ သေးငယ်လွန်း လှသည်။

လင်းလက်သော ရောင်စဉ်များသည် သူတို့၏ မျက်လုံးများအား ကျိန်းစပ်စေပြီး ပြင်းထန်စွာ နာကျင်စေ၏။ သူတို့က မျက်လုံးများကိုပင် ဖွင့်မရ ဖြစ်သွားကာ လက်များကို မြှောက်လျက် အလင်းတန်းများအား ကာကွယ် ကြရ၏။

ထောင်ပေါင်း များစွာသော ဓားပုံရိပ်များသည် တစ်ခုတည်း အဖြစ် ပြောင်းလဲ သွားကြသည်။ စွေ့ရန်ရှန့်ထိုဓား အော်ဟစ်သည်ကို အာလုံးက ကြားလိုက် ကြရကာ တစ်ချိန်တည်း၌ ပျက်စီး ပြိုလဲသံနှင့်အတူ စွေ့ရန်နန်းတော်သည် အစိတ်စိတ် အပိုင်းပိုင်း ကျိုးကြေပျက်စီး ကြရတော့သည်။

စွေ့ရန်နန်းတော်မှ လူတိုင်းသည် အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ကြ၏။

သူတို့က စွေ့ရန်ရှန့်ထို ဓားထံသို့ ကြည့်ကြသည်။ သူကား လေထဲတွင် ရပ်နေဆဲ ဖြစ်သော်လည်း သူ့ပါးစပ်မှ သွေးများ စီးကျနေ၏။ သူ့ကိုယ်ရောင် ကိုယ်ဝါမှာ အားနည်းနေခဲ့ကာ သိပ်အခြေအနေဟန်ပုံ မရပေ။ သူကား အမှန်တကယ်ပင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသည်။ သူ့အောက်တွင် ခန်းမဆောင်သည် အမှုန်အမွှားများ အဖြစ် ပြောင်းလဲ နေခဲ့ပြီဖြစ်သည်။ ထိုမျှသာမဟုတ်… ကျန်သော နန်းဆောင်များ အားလုံးမှာလည်း ပျက်စီးနေခဲ့ပြီဖြစ်သည်။

အားလုံးမှာ ကောင်းကင်ကို မှင်တက် ငေးမောကာ ကြည့်နေကြ၏။ ထိုနေရာတွင် ငယ်ရွယ်သော မိန်းကလေး တစ်ယောက် ရှိနေ၏။ အဝေးတွင် တန်ခိုးရှင်တစ်စု လေထဲ၌ ပေါ်လာသည်။

ရှေ့မှ ဦးဆောင် လာသူကား အဖြူရောင် ဆံပင်ဖြင့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးများက စွေ့ရန်ရှန့်ထို ဓားထံသို့ ရောက်လာသည်။

စွေ့ရန်ရှန့်ထိုဓားက သူ့အား သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်သည်။

ကောင်းကင်ထက်မှ ကျဆင်းလာသော ဓားကို မြင်သည်နှင့် သည်လူများကို သူ့အား လာရောက် သတ်ဖြတ်ကြခြင်း ဖြစ်ကြောင်း သိသည်။ သူတို့က သနားငဲ့ညှာကြမည် မဟုတ်ပေ။

“ရီဖူရှင်း…” တစ်ဖက်လူများက သူ့အပေါ် ဤမျှ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် လာရောက် တိုက်ခိုက်မည်ဟု သူ မထင်ထားခဲ့ပေ။

ပေ့ချိန်ရန်က ဆံပင်ဖြူလူငယ်အား ကြည့်ကာ ဒေါသစွက်ခြင်း၊ လက်စားချေလိုခြင်း တို့ဖြင့် ကြည့်သည်။ မှန်သည်… လက်ရှိတွင် အကြောက်တရား များက ပိုသည်။

ရီဖူရှင်းက သူ့တန်ခိုးရှင်များနှင့်အတူ အဘယ်ကြောင့် ရောက်လာ ရသနည်း။

သူက ရီဖူရှင်းအား ဖြစ်သည့်နည်းဖြင့် သတ်ဖြတ်လိုသည်။ သို့သော် သူ့ဆရာရှေ့တွင် ဒူးထောက် တောင်းဆိုစဉ်က ရီဖူရှင်းသည် သူ့ထံသို့ ရောက်လာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ကျေးရွာ ခေါင်းဆောင်နှင့် မှန်နန်းတော် သခင်မတို့သည် စွေ့ရန်ရှန့်ထိုဓား ထွက်ပြေးနိုင်မည့် လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့ထားကြပြီး ဖြစ်သည်။ သူကား စွေ့ရန်နန်းတော်၏ တစ်ဦးတည်းသော ရှန့်ထိုဖြစ်ရာ သူတို့အနေဖြင့် သူ့အား လွတ်မြောက်ခွင့် ပေးမည် မဟုတ်ပေ။

“အတိတ်က ပေ့ချိန်ရန်နဲ့ စွေ့ရန်ရှန့်ထိုဓားတို့က ကျုပ် သွေးသောက် အစ်ကိုရဲ့ သက်စောင့်ဝိညာဉ်ကို ထုတ်နုတ်ယူဆောင် သွားခဲ့ကြတယ်။ သူတို့က ကျူးထန်နန်းတော်မှာ ရူးသွပ်တဲ့ စကားတွေနဲ့ စိန်ခေါ်ခဲ့ကြတယ်။ သူတို့က အရှုံးကို လက်မခံနိုင်ဘဲ ကျုပ်တို့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး လီဟန်ဓား နန်းတော်ကို ပါဝင်တိုက်ခိုက်ဖို့ သွေးဆောင် ခဲ့ကြတယ်။ ပြီးတော့ ဟောင်ကျူဂီနဲ့ ရီဝူချင်းတို့နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကိုလည်း တမင် ဖြန့်ခဲ့ပြီးတော့ ကျုပ်တို့ ဒုက္ခရောက်အောင် ကြံစည်ခဲ့ကြတယ်။ ဒါက အပြစ်ပေးသင့်တဲ့ ကိစ္စပဲ။ ဒီနေ့ကစပြီး စွေ့ရန်နန်းတော် ဆိုတာ မရှိတော့ဘူး။ ကျုပ်က မဆိုင်တဲ့သူတွေကို မသတ်ဘူး။ ခင်ဗျားတို့က ကျုပ်တို့ကို ဘာမှ မလုပ်ဘူးဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ကို ဘာမှ မလုပ်ဘူး” ရီဖူရှင်း၏ မျက်လုံးများက အလွန်တရာ အေးစက်နေသည်။ သူ့အသံက စွေ့ရန်နန်းတော် တစ်ခုလုံးမှ လူများအား ကြားသိစေသည်။

လူအများအပြားမှာ စွေ့ရန်ဓားနန်းတော် အပြင်ဘက်သို့ ရောက်ရှိ လာခဲ့ကြသည်။ သူတို့ရှေ့မှ မြင်ကွင်းမှာ အားလုံးကို ထိတ်လန့်စေ၏။

နန်းတော်၏ ဗဟိုမှာအား အစအန မကျန်အောင် ပျက်စီးနေပြီ ဖြစ်သည်။ မိုင်တစ်ရာ အတွင်းမှ တန်ခိုးရှင်များမှာ တိုက်ပွဲ အငွေ့အသက်များကို ခံစားမိသည်နှင့်  အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်း၏ စကားကို ကြားသည်နှင့် စွေ့ရန်ရှန့်ထိုဓားသည် ယနေ့တွင် အဆုံးသတ်ပြီကို သိလိုက်ကြ၏။

စွေ့ရန်ရှန့်ထိုဓားသည် ရီဖူရှင်းအား နောက်ကွယ်မှ ကြံစည်ခဲ့၏။ ယခု သူ့ရန်သူများသည် သူ့အိမ်ရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်၏။

“သွားရအောင်…” နန်းတော် အတွင်းမှ လူအများအပြား အပြင်ဘက်သို့ ထွက်ပြေး လာခဲ့ကြသည်။ ရီဖူရှင်းက သူတို့ မလှုပ်ရှားလျှင် မသတ်ဟု ပြောခဲ့သည်။

ဝှီး… ဝှီး…

ကြောက်မက်ဖွယ် ဓားအသိများ စုစည်းလာခဲ့ကာ ရီဖူရှင်းထံသို့ တစ်စုံ တစ်ယောက်က မြန်ဆန်စွာ ပြေးဝင် လာခဲ့သည်။ ထိုသူကား စွေ့ရန်ရှန့်ထိုဓား ဖြစ်၏။ ရာရာက ရီဖူရှင်းရှေ့တွင် ရပ်လျှင် ကြောက်မက်ဖွယ် ဓားအရံအတား တစ်ခုဖြစ်လာသည်။

မှန်နန်းတော် သခင်မသည်လည်း တစ်ချိန်တည်းတွင် လှုပ်ရှား၏။ သူမက စွေ့ရန်ရှန့်ထိုဓားထံသို့ လှမ်းသွားလိုက်၏။

စွေ့ရန်ရှန့်ထိုဓားက သူ၏ဓားအား ကောင်းကင်သို့ ညွှန်လိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်၌ မရေမတွက်နိုင်သော ဓားပုံရိပ်များ ဖြစ်လာခဲ့၏။ ထိုဓားများသည် လေထုကို ခွင်းကာ မှန်နန်းတော် သခင်မထံသို့ တိုးဝင် သွားကြသည်။

သို့သော်လည်း သူမက ထိုဓားများအား ဂရုပြုမိဟန်မရပေ။ လေထဲတွင် ကြောက်မက်ဖွယ် အငွေ့အသက်များ ဖြစ်ပေါ်လာနေခဲ့ကာ အားလုံးမှာ အလိုအလျောက် ကျောချမ်း လာခဲ့ကြ၏။ သူမ၏ဓားအသိ စီးဆင်းသွားလျှင် ကောင်းကင်မှ ကျဆင်းလာသော ဓားများ တစ်လက်ပြီး တစ်လက် ပျက်စီးသွားခဲ့သည်။ မှန်နန်းတော်သခင်မက ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့၏။

စွေ့ရန်ရှန့်ထိုဓား၏ မျက်နှာက ပြာနှမ်းသွားသည်။ မှန်နန်းတော် သခင်မသည် သူနှင့် အဆင့်တူဖြစ်၏။ လက်ရှိတွင် သူ့ဒဏ်ရာမှာ ပြင်းထန်စွာ သူမ၏ပြိုင်ဘက် မဟုတ်ပေ။

မှန်နန်းတော် သခင်မ၏ ကိုယ်ရောင်ကိုယ်ဝါ နီးကပ်လာသည်ကို ခံစားမိလျှင် သူက ရုတ်တရက် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ နောက်ဆုတ် ထွက်ပြေးသည်။

ကျေးရွာ ခေါင်းဆောင် ရိပ်ခနဲ လှုပ်ရှားလျှင် လေဟာနယ်သည် အေးခဲ၏။ အဆုံးမဲ့သော ဓားအသိများ ဆင်းသက်လာခဲ့ကာ စွေ့ရန်ရှန့်ထိုဓား၏ ပြေးလမ်းကို ပိတ်သည်။

ဟူး…

စွေ့ရန် ရှန့်ထိုဓားသည် နှေးကွေးသွားခဲ့ခြင်း မရှိပေ။ သူ၏ ထောင်ပေါင်း များစွာသော ဓားပုံရိပ်များသည် တစ်ခုတည်းအဖြစ် ပြောင်းလဲသွားကာ သူ့ပြေးလမ်းမှ အရာခပ်သိမ်းအား ဖျက်ဆီးသည်။

လက်ထဲမှ ဓားဖြင့်ပင် ကျေးရွာ ခေါင်းဆောင်က ဓားဝင်္ကပါအား အသက် သွင်းလိုက်သည်။ ရုတ်တရက် သူ့အပေါ်တွင် ဓားရောင်ခြည် စက်ကွင်းများ ဖြစ်ပေါ်လာသည်။ စွေ့ရန်ရှန့်ထိုဓားက ထိုဓားစက်ကွင်းများအား တိုက်ခိုက် ဖျက်ဆီးရန် ကြိုးစားသည်။

ထိုအခိုက်တွင် စွေ့ရန်ရှန့်ထို ဓားသည် တစ်ကိုယ်လုံး အေးစက်မှုအား ခံစားရ၏။ သူ့ဝိညာဉ်ကပင် တုန်ယင်သည်။

ထိုအခိုက်တွင် တစ်လောကလုံး အရိုးကွဲမတတ် အေးခဲဟန်ရ၏။

သူက နောက်လှည့်ကာ ရုတ်တရက် သူ့လက်မှ ဓားဖြင့် ခုတ်လိုက်သည်။ သူ့ဓားမှ အလင်းသည် မိုင်ရာချီတိုင်အောင် ရိုက်ခတ် သွားခဲ့သော်လည်း သူမြင်သည်ကား အလွန်တရာ အေးစက်ကာ လှပလွန်းသော မျက်နှာနှင့် သူမ၏သံယောစဉ်မဲ့ဓား…။

ဓားသည် သူ့ထံသို့ ဦးတည် ဝင်လာခဲ့ကာ ထိုအခိုက်တွင် သူ၏ ဓားစွမ်းအားများ အားလုံး ကွယ်ပျောက် သွားရသည်။ နောက်ဆုံး ကျန်ရစ်သည်ကား သူ့ခန္ဓာကိုယ်သို့ ပိုင်းဖြတ် လာသော ဓား။

ဓားသည် သူ့ထံသို့ ရောက်လာခဲ့လျှင် သူကိုယ်တိုင်မှာ အေးခဲသွား၏။ သူကား တစ်ခါမှ မကြုံဖူးသော အကြောက်တရားကို ခံစားရသည်။ ထိုအရာက သူ၏ စိတ်ဆန္ဒများအား ဖြတ်တောက်ကာ မဟာလမ်းစဉ်၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးသည်။ ပြိုပျက်လာသော အသံများသည် သူ့အား အဆုံးစွန်သော အကြောက်တရားကို ပေး၏။

သူကား စွေ့ရန်ရှန့်ထိုဓား အဖြစ် နှစ်များစွာ ကျော်ကြားခဲ့သည်။ သူက စွေ့ရန်နန်းတော်ကို တည်ဆောင်ခဲ့၏။ ယခု ဂျူနီယာတန်ခိုးရှင် တစ်ဦး၏ လက်ထဲတွင် အမှန်တကယ် သေဆုံးရတော့မည်လား။

သူ့တွင် တွေးတောနေရန် အချိန်မရှိပေ။ ကျေးရွာခေါင်းဆောင်၏ ဓားသည် သူ့အား ဖြတ်တောက် လာခဲ့ပြန်၏။ ဓားက လေဟာနယ်ကို ဖြတ်တောက်ကာ ရောက်လာခြင်း ဖြစ်၏။ သူ့ခန္ဓာကိုယ်သည် အလင်းတန်း အသွင်သို့ ပြောင်းလဲ လာခဲ့သည်။ သူကား အကြောက်တရာများ အောက်တွင်ပင် အဆုံးအစမဲ့သော ဓားအသိများ အဖြစ် ကွယ်ပျောက် ပျက်စီး လာခဲ့တော့သည်။

“မဟုတ်ဘူး…” သူကျဆုံးသည်ကို ကြည့်ကာ စွေ့ရန် နန်းတော်မှ လူတိုင်းက ထိတ်လန့်တကြား အော်ဟစ်ကြ၏။ သူတို့အားလုံး အကြီးအကျယ် ကြောက်လန့်ကြ၏။

ရှန့်ထိုတစ်ပါးမှာ အမှန်တကယ် ထိုသို့ တစ်နေရာတည်း၌ သတ်ဖြတ်ခံရ နိုင်သည်လား။

ထိုအခိုက်တွင် အားလုံးမှာ ကြောက်လန့် လွန်းသောကြောင့် တိတ်ဆိတ် နေကြသည်။ မည်သူမှ မလှုပ်ရှားရဲကြတော့ပေ။

ရီဖူရှင်းက ပေ့ချိန်ရန်ထံသို့ လှမ်းလာခဲ့သည်။ မည်သူမှ သူ့အား မတားဆီးကြပေ။

ပေ့ချိန်ရန်သည် ရီဖူရှင်း လှမ်းလာသည်ကို မြင်ကာ တုန်ယင်သည်။ သူကား မြေပေါ်တွင်ပင် မြဲမြံစွာ မရပ်နိုင်တော့။

အမုန်းတရား၊ နာကျင်မှုနှင့် နောင်တရားများမှာ သူ့နှလုံးအိပ်၌ ရောပွမ်း နေခဲ့သည်။

ထူးမခြားနားသော အမူအရာဖြင့် ရီဖူရှင်းက ဆိုသည်… “ဝူချင်း…”

ရီဝူချင်းက သူ ဘာကို ဆိုလိုသည်ကို နားလည်သည်။ သူက ရှေ့သို့ တက်လာခဲ့လျှင် အလွန် ပြင်းထန်သော ဓားအသိသည် ပေချိန်ရန်ထံသို့ တိုးဝင်လာခဲ့၏။

အတိတ်တွင် ပေ့ချိန်ရန်သည် သူ့သက်စောင့် ဝိညာဉ်အား ထုတ်နုတ်သွားခဲ့သည်။ သူကား အလွန်တရာ မောက်မာကာ ကျူးထန်နန်းတော်၌ လာရောက် စိန်ခေါ်ကာ သက်စောင့်ဝိညာဉ်ကို ပြန်လာယူ နိုင်သည်ဟု ပြောခဲ့၏။

ရီဝူချင်းက တိုက်ခိုက်လျှင် ပေ့ချိန်ရန်သည် ကြီးစွာ ထိတ်လန့်၏။

ပေ့ချိန်ရန်က သူ့လက်ထဲမှ ဓားဖြင့် အပြင်းအထန် ခုခံသည်။ သို့သော်လည်း သူက မည်သို့ ရီဝူချင်းအား တားဆီး နိုင်မည်နည်း။ ဓားသည် ပေ့ချိန်ရန်၏ လည်ပင်းကို ဖြတ်တောက် သွားခဲ့၏။ ပေ့ချိန်ရန်က လည်ပင်းမှ အလွန်တရာ အေးစက်မှုကို ခံစာလိုက်ရကာ ထိုနေရာအား လက်ဖြင့် လှမ်း၍ ကိုင်သည်။

သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူ့တွင် ရှိခဲ့ဖူးသော ကောင်းမွန်သော အချိန်အခါများအား ပြန်အမှတ် ရသည်။

ကျူးထန်နန်းတော် အဆင့်ဝင်၊ လီဟန်ဓားနန်းတော်၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသော မိမိ၏ အဆုံးသတ်က အမှန်တကယ် ဤသို့သော ပုံစံလား။

သူ့ခန္ဓာသည် မြေပေါ်သို့ ပြိုလဲကျ၏။ သူ့မျက်လုံးများထဲ၌ ကြီးမားသော နောင်တတရားများ ရှိနေခဲ့၏။ သူက ထိုနှစ်များအကြာက အဘယ်ကြောင့် ရီဝူချင်း၏ သက်စောင့်ဝိညာဉ်ကို ယူခဲ့မိသနည်း။

***

All Chapters