← Chapters

ရူးသွပ်သည့်သူ

Vol. 011 Ch. 1036

ရူးသွပ်သည့်သူ

Vol. 011 Ch. 1036

ယောင်းချီ၏ ညှို့ငင်နိုင်စွမ်းသော မျက်လုံးများသည် ရီဖူရှင်းထံတွင် ကြာကြာ မနေခဲ့ပါ။ အကြည့် တစ်ချက်က သင့်တော်သော အချိန်မျှသာ ရှိခဲ့ကာ သူ့အပေါ် ထူးထူးခြားခြား သက်ရောက်စေခြင်း မရှိခဲ့။

သူမက ရှောင်ရှမ်းအား ကြည့်ကာ တစ်ချက် ရယ်သည် … “သခင်လေးရှောင်က တကယ်ပဲ ချီးမြှောက်လွန်းပါပြီ။ လီဟန်ဓား နန်းတော်က နတ်မိမယ် ဖန်းရှောင်လည်း ဒီမှာ ရှိနေတယ်။ ကျွန်မ ရောက်လာတာကြောင့် ပတ်ဝန်းကျင် အသက်ဝင်ခြင်း မဝင်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ပြီးတော့ နတ်ဘုရား တိမ်တိုက် တောင်ကြားက မိန်းကလေး ကုန်စွန်းလည်း ဒီကို ရောက်နေတာပဲ …”

ယောင်းချီက မည်သူတို့ကို ပြောသည်ကို အားလုံးက သိကြသည်။ ကုန်စွန်းမိသားစုမှ ညီအစ်မများသည် အမှန်တကယ်ပင် လှပချောမော ကြပေ၏။

“ဒီကိစ္စကိုတော့ အစ်ကို ကုန်စွန်းဆီမှာပဲ မေးရတော့မှာပဲ…” ရှောင်ရှမ်းက ကုန်စွန်းကျောင်းကို ကြည့်သည်။

“သူတို့ ဒီကို ရောက်လာ လောက်ပြီ…” ကုန်စွန်းကျောင်းက ထပ်ပြောသည်… “ဒါပေမဲ့ ဒီနေ့က ဆရာသခင်ရှောင်ရဲ့ မွေးနေ့ပဲ။ ဒါကြောင့် ဧကရီဘုရင်မနဲ့ မင်းသမီးတို့သာ ရောက်လာရင် ကျုပ်တို့အားလုံး မှေးမှိန် သွားမှာပဲ။ ဘယ်သူမှ ဘုရင်မနဲ့ မင်းသမီးတို့ရဲ့  ထည်ဝါမှုကို မယှဉ်နိုင်ပါဘူး”

အားလုံးက သဘောတူဟန်ဖြင့် ခေါင်းညိတ် ကြသည်။

ဘုရင်မရှောင်သည် အင်ပါယာရှားဘုံ အတွင်း၌ နံပါတ်၁ မိန်းမလှ ဖြစ်ပေသည်။

မင်းသမီးသည် ယောကျ်ား အဝတ်အစားကိုသာ ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်ကာ သူမ မိန်းမလို ဝတ်သည်ကို မည်သူမှ မမြင်ဖူးကြပေ။ သို့သော် သူမ၏ မှင်တက်ငေးမောဖွယ် ရုပ်သွင်မှာ သိသာ ထင်ရှားပေ၏။ သူမ၏ မင်းသမီး အဆင့်အတန်းဖြင့် ဆိုပါက သူမသည်လည်း အင်ပါယာရှားဘုံ အတွင်းမှ လူတိုင်း၏ အိပ်မက်နတ်သမီး ဖြစ်ပေသည်။

ထန်ကျိနန်းဆောင်မှ မိုဝမ်သည် လူများ စကားပြော နေကြသည်တို့အား ငြိမ်သက်စွာ နားထောင်နေ၏။ ဆိတ်ဆိတ်နေသူသည် များများ နားထောင်နိုင်ကာ ပိုမိုသော သတင်း အချက်အလက်များအား မှတ်သား နိုင်ပေ၏။

ထန်ကျိနန်းတော်ကား အင်ပါယာရှားဘုံ အတွင်း၌ အရာအားလုံးကို သိသည်ဟူ၍ နာမည် ကျော်ကြားသည်။ အင်ပါယာရှားဘုံနှင့် ပတ်သက်၍ သည်နေရာမှ လူများထဲ မည်သူကမှ မိုဝမ်ကဲ့သို့ နားမလည်ကြပါ။

သည်ဘုံနှင့် ပတ်သက်၍ သူ့အသိပညာ ဗဟုသုတမှာ နက်ရှိုင်းလွန်းရကား အင်ပါယာရှား ကိုယ်တိုင်၏ အတိတ်မှ ချစ်မှုရေးရာများကိုပင် သိထား၏။

နတ်မိမယ် ယောင်းထိုင်သည် အတိတ်တွင် ဧကရီရှောင်အား ရှုံးနိမ့်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ယောင်းချီ အတွက်လည်း ရှားရှင်းယွန်ကို အနိုင်ရရန် မလွယ်ကူပေ။

ထို့အပြင် ဤမတိုင်မီ ကုန်းစွန်းရီ ပြောခဲ့သည်မှာ မသင့်တော်ပေ။ ယောင်းချီကား သူမကိုယ်တိုင် အလွန်တရာ ချောမော လှပသောသူ ဖြစ်၏။ သူမအား ချီးကျူးခြင်း မပြုလျှင်ပင် အဆင်ပြေ၏။ သို့သော် ဧကရီရှောင်နှင့် မင်းသမီးရှားရှင်းယွန်၏ နာမည်တို့အား တပ်ကာ သူမတို့ကြောင့် ယောင်းချီ၏ အလှမှာ မှေးမှိန်ရတော့မည်ဟု ပြောသည်မှာ လုံးဝ မသင့်တော်ပေ။

“ကျေးဇူးပြုလို့ထိုင်ပါ … နတ်မိမယ် ယောင်းချီ… ” ရှောင်ရှမ်းက ပြုံးလျက်ပြောသည်။

ယောင်းချီက ခေါင်းညိတ်၏။ သူမက ပတ်ဝန်းကျင်အား တစ်ချက် အကဲခတ်ကာ တစ်နေရာသို့ ဦးတည်သွားခဲ့၏။ သူမထိုင်လိုက်သော နေရာကို မြင်လျှင် အားလုံးမှာ နားမလည်စွာ ကြည့်ကြ၏။

ထိုနေရာတွင် ထိုင်ခုံများ အများအပြား ရှိသော်လည်း ယောင်းချီသည် ရီဖူရှင်း၏ ဘေးတွင်ရှိသော နေရာလွတ်တွင် ဝင်ထိုင်၏။ အမှန်တကယ်အားဖြင့် တခြား ပိုမိုကောင်းမွန်သော နေရာများ ရှိပေသည်။

ထိုလှုပ်ရှားမှုက သိပ်အရေးပါဟန် မတူသော်လည်း သူမက တမင် ထိုသို့ ဝင်ထိုင်ခြင်း ဖြစ်သလော၊ တခြား ရည်ရွယ်ချက်များ ရှိသလား အတွေးများ သွားကြ၏။

“ယောင်းထိုင်နန်းတော်က ယောင်းချီပါ … ဆရာရီ ... ဆရာရီရဲ့ သတင်းတွေကို ကြားဖူးခဲ့တာ ကြာပါပြီ။ ဒီနေ့ တွေ့ရတော့ တကယ်ပဲ ထူးခြား ချောမောပါပေတယ်။ ”သူမက ရီဖူရှင်းအား ယဉ်ကျေးစွာ ခေါင်းညိတ်ပြကာ ပြောသည်။ သူမ၏အသံသည် ရေအလျင်ကဲ့သို့ ညင်သာစွာဖြင့် လူတိုင်း၏ နားထဲသို့ အေးမြ ကြည်လင်စွာ ရိုက်ခတ်လာခဲ့၏။ သူမ၏ လှုပ်ရှားမှုတိုင်း သည်လည်း သူတို့အား နှလုံးခုန် မြန်စေ၏။

ရီဖူရှင်းက ယောင်းချီအား အနည်းငယ် အံ့အားသင့်စွာ ကြည့်သည်။ ယောင်းချီက သူ့အပေါ် အဘယ်ကြောင့် ဤသို့ ပြုမူနေရသည်ကို နားမလည်ပေ။

သူက မိမိ၏ရုပ်ရည်နှင် ပါရမီအပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိသော်လည်း ယောင်းချီကဲ့သို့ မိန်းကလေးက သူ့အပေါ်တွင် မြင်မြင်ချင်း သဘောကျ နှစ်သက်သွားမည်ဟုတော့ လုံးဝ မထင်။

မည်သို့သော အကြောင်းပြချက်ဖြင့် ဖြစ်စေ ယောင်းချီသည် သူ့အပေါ်တွင် ကောင်းမွန်သော အပြုအမူများဖြင့် ချဉ်းကပ်ခြင်းသာဖြစ်ရာ သူ့အနေဖြင့် သိပ်အများကြီးတော့ စဉ်းစားရန်မလို။

“ခင်ဗျားက အရမ်း မြှောက်လွန်းပါပြီ … နတ်မိမယ်။ ဒါပေမဲ့ ကျုပ်က သာမန်လူ တစ်ယောက်ပါပဲ။ ကျုပ်က နတ်မိမယ်ရဲ့ ဂုဏ်သတင်းနဲ့ ဘယ်လို ယှဉ်လို့ ရပါ့မလဲ။ ကျုပ်က နတ်မိမယ်ကို ပထမဆုံး မြင်တွေ့တာ ဆိုပေမဲ့ ကျုပ်တစ်သက်မှာ တွေ့တဲ့ မိန်းမတွေထဲ နတ်မိမယ်ရဲ့ ရုပ်ရည်ကို ယှဉ်နိုင်ကာ လက်ချိုးရေလို့ ရလောက်ပါတယ်” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ဆိုလိုတာက ကျွန်မကို ယှဉ်နိုင်လောက်တဲ့ မိန်းမလှ ရှိတယ်လို့ ဆိုလိုတာပေါ့။ အဲဒါ ဘယ်သူများ ဖြစ်မလဲ” ယောင်းချီ၏ အသံက ချိုသာကာ ဆွဲဆောင်မှု ရှိသည်။ သူမ၏အကြည့်မှာ သာမန်ယောကျ်ားများ ခံနိုင်ရန်ပင် မလွယ်ကူ။

“ကျုပ် ဇနီးပါ...” ရီဖူရှင်းက ရိုးရိုးရှင်းရှင်း ဖြေသည်။ ယောင်းချီကား အနည်းငယ် အံ့အားသင့်သွား ရုံမက ခဏမျှ မိန်းမောကာ ကြက်သေသေ သွားခဲ့သည်။ အဖြေကား အံ့အားသင့်စရာ။

ရီဖူရှင်းက မင်းသမီး၏ ကိုယ်ရံတော် ဖြစ်သည့်အလျောက် မင်းသမီး ရှားရှင်းယွန်ဟုသာ ပြန်ဖြေမည်ဟု သူမ ထင်ထားခဲ့၏။

အဖြေက သူမအား အငိုက်မိ သွားစေ၏။ အထူးသဖြင့် ထိုမျှ လှပ ချောမောသော မိန်းကလေးများကို ကျော်လွန်ကာ နောက်တစ်ယောက်အား ရည်ညွှန်းခြင်းက သူမအတွက် လုံးဝ မထင်ထားမိသော အရာဖြစ်၏။ အဖြေက ဘာကို ဆိုလိုသည်ကို သူမ နားလည်လိုက်ကာ အနည်းငယ် ရှုံးနိမ့်သော ခံစားချက်အား ရ၏။

သို့သော်လည်း သူမက ထိုအတွေးများအား မြန်ဆန်စွာပင် ရှင်းလင်းလိုက်သလို သူမ၏ မျက်နှာတွင်လည်း နွေးထွေးသော အပြုံးတစ်ခုက ဆက်လက်၍ ပွင့်လန်းနေဆဲ ဖြစ်၏။

“ရှင်က မိတ်ဆွေ တစ်ယောက်အတွက် ကျူးထန် နန်းတော်သို့ ရောက်လာခဲ့ပြီးတော့ ပေ့ချိန်ရန်ရဲ့ သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်။ ဆရာရီက အောက်ဘုံမှာလည်း ပြိုင်ဘက်ကင်း အဖြစ် နာမည် ကျော်ကြားတယ်။ ယူချင်းကလည်း လီဟန်ဓား နန်းတော်က လုချွန်ကို အနိုင်ယူခဲ့တယ်။ အင်ပါယာရှားဘုံက လူတွေကတော့ လက်ရှိမှာ လီဟန်ဓား နန်းတော်က ဝမ်ချွန်းကသာ သူ့လေ့ကျင့်မှုကနေ ထွက်လာခဲ့ရင် ရှန့်ထိုအဆင့် အောက်မှာ သူ့ကို ယှဉ်နိုင်သူ မရှိလောက်တော့ဘူးလို့ ပြောကြတယ်။ ဆရာရီက ဘယ်လို ထင်ပါသလဲ”

“ဝမ်ချွန်း ဘယ်သူလဲဆိုတာ ကျုပ်မသိဘူး။ ဒါပေမဲ့ တောင်ပေါ်က ဆင်းလာတာ မဆင်းလာတာက ကွဲပြားခြားနားမှာ မဟုတ်ဘူး” ရီဖူရှင်းက ပြုံးလျက် တည်ငြိမ်စွာ ပြောသည်။ သူဆိုလိုသည်ကား လီဟန်ဓား နန်းတော်မှ ဝမ်ချွန်းဖြစ်စေ၊ တခြားလူများဖြစ်စေ မည်သူမဆို သူနှင့် လာတိုက်ခိုက်ပါက တူညီသော အရှုံးရလဒ်ဖြင့်သာ ကြုံတွေ့ရပေမည်။

“လေကြီးတယ်...”

“နောက်ထပ် မောက်မာပြီး စည်းမရှိတဲ့ တစ်ကောင်ပဲ …”

ရီဖူရှင်း၏ စကားဆုံးသည်နှင့် ဒေါသစွက်သော အသံများ ဟိုမှ ဒီမှ ထွက်ပေါ်လာ၏။ ထိုလူများ အားလုံးမှာ လီဟန်ဓားနန်းတော်မှ ဖြစ်ကြ၏။ ဖန်းရှောင်နှင့် မိုလီတို့ပင် ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။

သူတို့၏အစ်ကို ဝမ်ချွန်းကား အားလုံး အသိအမှတ် ပြုထားသော ရှန့်ထိုအဆင့် အောက်နှင့် ထိကပ်နေသော အမြင့်ဆုံး ရှီတန်ခိုးရှင် ဖြစ်သည်။

လီဟန်ဓားနန်းတော်မှ အကြီးအကဲ တချို့ကဆိုလျှင် ရှန့်ထိုအဆင့် အောက်၌ နှစ်ဆင့် ရှိသေးကြောင်း ဆိုကြ၏။ တစ်ဆင့်မှာ ဝမ်ချွန်း တစ်ယောက်တည်းနှင့် သက်ဆိုင်ပြီး​ နောက်တစ်ဆင့်မှာ တခြားလူများ ရှိနေသော အဆင့်ဖြစ်သည်။ သူတို့က ဝမ်ချွန်းအား ရည်မှန်းချက် ကြီးကြီး ထားခြင်းမှာ လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ပေ။ လုချွန်ကဲ့သို့သော သူပင်လျှင် ဝမ်ချွန်းထံ၌ နည်းနာခံယူ ရပေသည်။

လီဟန်ဓား နန်းတော်မျှသာ မဟုတ်၊ အင်ပါယာရှားဘုံ အတွင်း၌ပင် ဝမ်ချွန်းနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း သူများမှာ အလွန် နည်းပါး ပေလိမ့်မည်။

ဝမ်ချွန်း ထွက်ပေါ်လာခြင်း မပေါ်လာခြင်းက ထူးခြားခြင်း မရှိကြောင်း ရီဖူရှင်းက အမှန်တကယ် ကြွားဝါခဲ့သည်။ သူ့လေသံကား မောက်မာလွန်းရကား သူက ဝမ်ချွန်းကို လုံးဝ အလေးအနက် ထားခြင်း မရှိကြောင်း သိသာစေသည်။ လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များ၏ စိတ်ထဲတွင် မည်သို့ ဖြစ်နေမည်ကို အားလုံးက တွေးကြည့်၍ ရသည်။

ယောင်းချီ အပါအဝင် ထိုနေရာမှ လူများအားလုံး သည်လည်း ရီဖူရှင်း၏ စကားတွင် အံ့အားသင့်ကြရ၏။ သူတို့အားလုံးက ဤသို့သော အဖြေကို မထင်မှတ် ထားခဲ့ကြပေ။ သူ့လေသံတွင် လီဟန်ဓားနန်းတော်မှ လူများသည် သူ့အဆင့်အောက်တွင်သာ ရှိသည့်ပုံစံမျိုး။

ရီဖူရှင်းကား သည်နေရာကို ရောက်ကတည်းက ကောင်းမွန်စွာ ပြုမူ ပြောဆိုပေသည်။ ယောင်းချီက သူ့အား စကား လာပြောသည့်တိုင် ရီဖူရှင်းက အနည်းငယ်မျှသာ ခွန်းတုံ့ပြန်ခဲ့၏။

သို့သော် စကား လမ်းကြောင်းမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်လာသော အခါ၌ လီဟန်ဓား နန်းတော်မှ လူများကား သူတို့၏ဓားများကို ဆွဲမထုတ်ရုံတမယ် သည်းခံ ထားကြရ၏။

ထိုစကားသံများကို ရီဖူရှင်းက အနည်းငယ်မျှပင် အလေးထားဟန် မတူ။ သူက အရေးမပါသည့် ကိစ္စတစ်ခုအား ပြောဆိုလိုက်သည့် အလား …။

သူ့စကားများက မည်သို့သော သက်ရောက်မှုများအား ဖြစ်ပေါ်စေမည်ကို သူကောင်းကောင်း သိ၏။ ပုံမှန်အားဖြင့် သူ ဂရုမစိုက်ပေ။ လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များက ဝူချင်းတို့အား အုပ်စုဖွဲ့ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကာ ရှုံးနိမ့်သော အခါလည်း ရှန့်ထိုကိုယ်တိုင် ပါဝင် တိုက်ခိုက်ခဲ့၏။ ထိုအရာများ အားလုံးက သူပြန်တုံ့ပြန်ရန် မှတ်သားထားသော ကိစ္စများ ဖြစ်၏။

ထို့ကြောင့် လီဟန်ဓား နန်းတော်မှ ဝမ်ချွန်းဆိုသူ အမှန်တကယ် ဆင်းလာကာ တိုက်ခိုက်မည်ကို သူသည်လည်း စိတ်အားထက်သန်စွာ စောင့်စားနေခဲ့ခြင်း ဖြစ်၏။

လီဟန်ဓား နန်းတော်ကား အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်၏။ သူ့အနေဖြင့် စွေ့ရန်ဓား နန်းတော်ကိုသာ ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သူ့အနေဖြင့် လီဟန်ဓား နန်းတော်ကို တုန်ခါစေအောင် မတတ်နိုင်ပေ။ သို့သော်လည်း လီဟန်ဓား နန်းတော်မှ တပည့်များက သူ့ထံသို့ လာရောက် စိန်ခေါ်ခြင်းမူကား ကွဲပြားခြားနားသော ကိစ္စဖြစ်သည်။

“မင်းတို့ထဲက ဘယ်သူမှ မတိုက်ခိုက်ချင်ဘူးဆိုရင် ပါးစပ် ပိတ်ထားကြ...” ရီဖူရှင်းက လီဟန်ဓား နန်းတော်မှ တပည့်များအား တည်ငြိမ်စွာ ပြောသည်...“ တိုက်ခိုက်ချင်တယ် ဆိုရင်လည်း အချိန်မရွေး နေရာမရွေးပဲ။ ဒါပေမဲ့ နောက်တစ်ခါ တပည့်တွေ မနိုင်လို့ ဆရာတွေ ဝင်ပါရတာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ ဒါက ရှက်စရာ ကောင်းတယ်”

သူက လီရန်ရှန့်ထိုဓားက ဝင်ရောက် စွက်ဖက်ခဲ့သော ကိစ္စအား ပြောနေခြင်း ဖြစ်သည်။

ထင်မှတ်ထားသည့် အတိုင်း သူ့စကားများက လီဟန်ဓား နန်းတော်မှ လူများ အားလုံးကို တိတ်ဆိတ် စေခဲ့၏။ သူတို့က ရီဖူရှင်းအား အေးစက်စွာ ကြည့်နေကြ သော်လည်း မည်သို့ ပြန်ပြောရမည် မသိကြပေ။ ထိုကိစ္စက အမှန်တကယ်ပင် လီဟန်ဓား နန်းတော်၏ ဂုဏ်သိက္ခာအား ညစ်ထေး စေခဲ့သည်။

ယောင်းချီသည် ဘေးမှ ချောမောသော လူငယ်အား ကြည့်ကာ အနည်းငယ် အံ့အားသင့်ရ၏။ သည်ချောမောကာ သိမ်မွေ့ဟန်ရသော ဆံပင်ဖြူလူငယ်သည် စကားအရာတွင်လည်း ဓားသွားတမျှ ထက်ရှလွန်းပေ၏။ သူ၏ စကား တစ်လုံးချင်းစီက လီဟန်ဓား နန်းတော်မှ လူတိုင်းကို ဒေါသထွက် စေသည်။

“ဦးလေးလီရန်က လုချွန်ရဲ့အသက်ကို ကယ်တင်ဖို့ ဝင်ပါခဲ့တာပဲ ရှိတာ။ သူက ယူချင်းကို သတ်ဖို့ ဆန္ဒမရှိဘူး။ မင်းက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက် ကင်းတယ်ဆိုပြီး ပြောတယ်။ မင်းပါရမီက တကယ်ပဲ ကောင်းတယ် ဆိုပေမဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးတော့ အထက်ဘုံက လူတွေကို လေးစားမှု မရှိဘူး” မိုလီက မှတ်ချက်ချသည်။

“ဆိုလိုတာက မင်းတို့ လီဟန်နန်းတော်က တပည့်တွေ တခြားလူတွေကို သတ်လို့ရတယ်။ တခြားလူတွေက မင်းတို့ လီဟန်ဓား နန်းတော်က လူတွေကို သတ်မယ်ဆိုရင် ရှန့်ထိုတွေ ဝင်ပါမယ်။ အဲဒီလိုလား...။ တကယ်ပဲ နံပါတ်တစ် ဓားတော်ဝင်မြေ ပီသပါပေတယ်” စုချွဲက မဲ့ပြုံးပြုံးသည်။

“ကျုပ်က ပြိုင်ဘက်ကင်းတယ် လို့တော့ မဆိုလိုဘူး။ ဒါပေမဲ့ ကျုပ်က လီဟန်ဓား နန်းတော်က ရှန့်ထိုအဆင့် အောက်မှာ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်။ မင်း စမ်းကြည့်ချင်လား” ရီဖူရှင်းက မိုလီကို ပြောသည်။

လီဟန်ဓား နန်းတော်မှ လူများ၏ ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ် လာတော့သည်။ အချို့ဆိုလျှင် ထရပ်ကာ ဓားများကိုပင် ဆွဲထုတ်မည်ပြုကြ၏။

ရီဖူရှင်းကား သေချာပေါက် အင်ပါယာရှားဘုံမှ နံပါတ်တစ် ဓားပညာ တော်ဝင်မြေကို ဂုဏ်သိက္ခာ ပျက်ပြားအောင် ပြောဆိုနေခြင်း ဖြစ်၏။

ရှန့်ထို မဟုတ်သော သူတိုင်းအား အနိုင်ယူမည်တဲ့လား …။

တခြားလူများ အားလုံးကလည်း ရီဖူရှင်းအား ဘာမှ မပြောဘဲ ကြည့်နေကြသည်။ သည်နေရာတွင် ရှိနေသော သူများ အားလုံးကလည်း ရီဖူရှင်း၏ စကားများကို နားထောင်ကာ ကိုယ်စီ အတွေးများ ရှိကြ၏။

“လုချွန်က ကျူးထန်အဆင့်မှာ ပါဝင်တယ် ဆိုပေမဲ့ သူက အကောင်းဆုံးတော့ မဟုတ်ဘူး။ ကျုပ် သိသလောက် လုချွန်က ဝမ်ချွန်းနဲ့ ယှဉ်ဖို့ အများကြီး လိုသေးတယ်။ ပြီးတော့ ဝမ်ချွန်းက အရင် နှစ်နှစ်ကတည်းက လီဟန်ဓား နန်းတော်ရဲ့ အဆင့်မြင့်ကွန်းရှီတွေ အကုန်လုံးကို အနိုင်ယူခဲ့တယ်။ သူက အခု ရှန့်ထိုတစ်ဝက် ဖြစ်နေလောက်ပြီလို့ ထင်ရတယ်။ မင်းက သူ့ကို အနိုင်ရမယ် ဆိုတာ သေချာလို့လား … ”

***

All Chapters