← Chapters

မဒမ် အလှလေး

Vol. 3 Ch. 31

မဒမ် အလှလေး

Vol. 3 Ch. 31

ဘာသာပြန် = စမင်းသိုက်

အကြီးအကဲ ကု ၏ ခန်းမအထဲတွငိ..ဆရာ နှင့် တပည့်နှစ်ယောက်သည် တံခါးတွေကို သေချာပိတ်ပြီး ကျိန်စာသင့် အရိုးစု အကြောင်းကို ဆွေးနွေးနေခဲ့ကြသည်..။

"မာစတာ..ကျိန်စာသင့် အရိုးစုက တပည့်ရဲ့ အိပ်မက်ထဲကို ဝင်ရောက်လုနီးနီးဖြစ်ခဲ့ပါတယ်..။ဒါက ဘယ်လိုဖြစ်တာပါလဲ..!

ရှောင်နန်ဖန်း စိုးရိမ်စွာပြောလိုက်ခြင်းဖြစ်သည်..။

အကြီးအကဲ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်၏..။

"ဒါက ပိုပြီး သန်မာလာပြီ.."

"ပိုသန်မာလာပြီလား.."

"မဟုတ်ရင် သူက ငါ့ရဲ့ အတားအဆီးတွေထဲကနေ ပြီးခဲ့တဲ့ အခေါက်က လွတ်မြောက်နိုင်မှာမဟုတ်ဘူး.."

အကြီးအကဲ ကု စိုးရိမ်နေတဲ့လေသံနဲ့ ပြန်ဖြေလိုက်၏..။

"သူက တစ်ခြားလူတွေကို သတ်ရင်းနဲ့ ကိုသန်မာလာတာလား..!

ရှောင်နန်ဖန်း မေးလိုက်သည်..။

"အမှန်ပဲ..။တပည့်မြင်တဲ့ ပုံရိပ်ယောင် ကမ္ဘာထဲမှာ သတ်ခံရတဲ့လူတိုင်းက..အငွေ့တွေ အဖြစ် စုပ်ယူခံရလိမ့်မယ်..။အဲဒီအငွေ့က လူတစ်ယောက်ရဲ့ စိတ်ဝိဥာဥ်ကို ကိုယ်စားပြုနေတာပဲ..။သူက လူတွေကို စုပ်ယူရင်းနဲ့ ပိုပိုပြီး သန်မာလာနေတာ.."

"ဒီ ကျိန်စာသင့် အရိုးစုက ဘာလဲ..။ဘာလို့ တပည့်ကို ပစ်မှတ်ထားနေရတာလဲ..။ကျမ်းစာတိုက်မှာ တစ်ခြားတပည့်တွေ အများကြီး ရှိနေတယ်လေ.."

ရှောင်နန်ဖန်း သိချင်စွာ မေးလိုက်သည်..။

"ဒါက ငါ့ရဲ့အမှားပဲ..။အဲတာက ဆရာ့ကို ပစ်မှတိထားနေတာ..!

အကြီးအကဲ ကု ဝန်ခံလိုက်သည်..။

"ဘယ်လို မာစတာ..."

ရှောင်နန်ဖန်း ရှုပ်ထွေးနေခဲ့၏..။

"သူ့ရဲ့ အရင်းမြစ်ကို သေချာမသိပေမယ့်..လျိုဝှက်နယ်မြေထဲမှာ ဒီလို ဖြစ်တည်မူတွေအများကြီး တာကို တော့ သိထားတယ်..။သူတို့က အသတ်ခံရရင်တောင် ဆင့်ကဲဖြစ်တည်လာပြီး ပြန်လည်ရှင်သန်လာကြဦးမှာလေ..။ဆရာ ဒီလို အရာမျိုးနဲ့ ..ကြုံဖူးတယ်..။အဲတာက မဒမ် အလှလေး ဆိုတဲ့ နာမည်နဲ့ပဲ.."

"မဒမ် အလှလေးလား.."

ရှောင်နန်ဖန်း မျက်မှောင်ကျုတ်လိုက်သည်..။ဘယ်လို အရိုးစုမှာ ဒီလို မိန်းကလေး နာမည်မျိုးရှိနေရတာလဲ..။

"အမှန်ပဲ..။ဆရာက နယ်မြေတစ်ခုကို စွန့်စားသွားလာရင်းနဲ့တွေ့လာခဲ့တာ..။သူ့ရဲ့ အုတ်ဂူမှာ နာမည်အစစ်အမှန်ဖြစ်တဲ့ မဒမ် အလှလေး ဆိုပြီး ရေးထားခဲ့တယ်လေ..။ဆရာက ပထမဆုံးပစ်မှတ်ထားခံရတဲ့လူမဟုတ်ပေမယ့် တစ်ခြားပစ်မှတ်ထားခံရတဲ့လူတိုင်းက သေဆုံးခဲ့ကြတယ်လေ..။ဆရာက သူ့ကို သတ်ပစ်ဖို့ နည်းလမ်းတွေ အများကြီးကို ရှာဖွေခဲ့တယ်..။ဒါပေမဲ့ သူက သေပြီးရင်တောင် အချိန်တစ်ခု ကြာတာနဲ့ ပြန်ပေါ်လာတာပဲ..။ဒါက ပျောက်သွားတာ နှစ်အနည်းငယ် ကြာနေပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့လကနေ စပြီး ပြန်ပေါိလာခဲ့တယိလေ.."

"မဒမ် အလှလေး က.. တပည့်ကို မျက်စိကျနေတာများလား.."

ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။

"တပည့်ရဲ့ လက်မောင်းကို ကြည့်ရအောင်.."

အကြီးအကဲ ကု၏ မျက်နှာက လေးနက်နေခဲ့သည်..။

ရှောင်နန်ဖန်း အင်္ကျီကို မတင်ပြီး လရောက်ကျနေသည့် နေရာနားကို ရွေ့လိုက်သည်..။သူ၏ ညာဘက် လက်မောင်းမှာတော့..အရိုးစု ၏ အပေါ်ပိုင်း ခန္တာကိူယ် တစ်ဝက်ပုံ ရှိနေခဲ့၏..။

"အာ..ဒါက ဘာကြီးလဲ.."

ရှောင်နန်ဖန်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်..။

သူ အမှတ်အသားကို သေချာကြည့်ဖို့ ကြိုးစားလိုက်ပေမယ့် ခနအကြာမှာပဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏..။

"မာစတာ ကျွန်တော်ရဲ့ လက်မောင်းမှာ အမှတ်တစ်ခု ရှိနေတယ်..။အရိုးစုရဲ့ အပေါ်ပိုင်းပဲ..။ဒါပေမဲ့ မျက်တောင်ခတ်ပြီးတာနဲ့ ဒါက ပျောက်သွားတယ်.."

အမှန်တကယ်ပဲ အကြီးအကဲ ကု သည် လေးနက်နေခဲ့၏..။

"တပည့်က ပစ်မှတ်ထားခံနေရပြီ..။လတ်တလောမှာ ဆရာ့ရဲ့ စိတ်တွေ ဘာလို့ လွတ်လပ်သွားတာလဲ လို့ ခံစားနေရတာ..။သူက ပစ်မှတ်အဖြစ် တပည့်ကို ပြောင်းလိုက်တာပဲ.."

"ဟင်..မဟုတ်ဘူးလေ..ဘာဖြစ်လို့လဲ.."

ရှောင်နန်ဖန်း အော်ဟစ်လိုက်၏..။

"ခန့်မှန်းကြည့်ရတော့ တပည့်က သူ့ရဲ့ အစီစဥ်တွေ ကို နှောက်ယှက်ခဲ့လို့ဖြစ်မယ်..။သူတို့က လက်စားချေရတာကို သဘောကျပြီး..မသေမချင်း နောက်နေ လိုက်နေတတိတယ်လေ.."

အကြီးအကဲ ကု သုံးသပ်ပြလိုက်၏..။

"သူ့ကို အပြစ်ပြုမိတာလား.."

ရှောင်နန်ဖန်း အတွေးနက်သွားခဲ့သည်..။သူ အမှန်ပဲ ဒီလို လုပ်ခဲ့ပုံပေါ်၏..။သူက ပထမဆုံးတွေ့ဆုံမူမှာတင် သူ၏ လည်ပင်းကို ချိုးပစ်ခဲ့သည်..။ဒုတိယ အကြိမ်မှာတော့ အကြီးအကဲ ကု ဖမ်းလို့ရအောင် မြှားခေါ်ခဲ့၏..။တတိယ အကြိမ်တွင် သူ၏ ပုံရိပ်ယောင်ကို လျစ်လျူရူထားခဲ့သည်..။

"မာစတာ ..တပည့်က ဒီညမှာတောင် ကံကောင်းပြီး လွတ်လာတာလေ..။အနာဂတ်မှာ ဘယ်လိုလုပ် လုပ်တော့မှာလဲ..။ဘာလုပ်သင့်လဲ မာစတာ.."

ရှောင်နန်ဖန်း အကြီးအကဲ ကု ကို ကြည့်လိုက်သည်..။

အကြီးအကဲ ကု တွေဝေနေခဲ့၏..။

"ဖြစ်နိုင်တာက သူက ခနတာ စိတ်ဝင်စားနေတာဖြစ်မှာပါ..။အရမ်းမစိုးရိမ်ပါနဲ့..မကြာခင် အာရုံပြောင်းသွားလိမ့်မယ်.."

ရှောင်နန်ဖန်း ဆွံ့အသွားသည်..။မာစတာ ကျွန်တော့်ကို လာနှစ်သိမ့်ပေးနေတာလား..။ဒါက ပိုပြီးတောင် ကြောက်လန့်စေတယ်လေ..။

"တပည့် ရက်အနည်းငယ်တော့ မအိပ်ပဲ နေလို့ရတယ်..။ဒါပေမဲ့ သူက ဆက်ပြီး တိုက်ခိုက်နေရင် တပည့် တောင့်ခံနိုင်မှာမဟုတ်ဘူးလေ..။ဘာပဲဖြစ်ဖြစ် လူဆိုတာက အိပ်ဖို့ လိုအပ်တယ်မလား..။သူက အိပ်တာနဲ့ တန်းပြီး တိုကိခိုက်တာတောင်ဖြစ်နိုင်တယ်.."

"ဒါက စတင်ပြီး အိပ်စက်တဲ့ အချိန်မှာပဲ အိပ်မက်ထဲကို ဝင်လာနိုင်တာ..။အိပ်မောကျသွားတဲ့ အချိန်ဆိုရင် အိပ်မက်ထဲကို ဝင်မလာနိုင်ဘူး..။ဒါကြောင့် မြန်မြန်အိပ်ပျော်အောင်ကြိုးစားရမယ်..။ကျမ်းစာဆောင်ထဲမှာ မြန်မြန် အိပ်ပျော်စေတဲ့ ကျမ်းစာတွေရှိတယ်..။တပည့်အတွက် ဆရာ ရှာပေးမယ်.."

"မလိုတော့အပါဘူး မာစတာ..။တပည့် ဒီလို ကျမ်းစာ သုံးမျိုးလောက် ဖတ်ထားပြီးပါပြီ.."

ရှောင်နန်ဖန်း ပြုံးပြီး ပြန်ဖြေလိုက်သည်..။

အကြီးအကဲ ကု ခေါင်းညိမ့်ပြီး ထပ်ပြောလိုက်၏..။

"ထပ်ပြောရရင် တပည့်ရဲ့ စိတ်ဝိဥာဥ်က သန်မာနေသ၍ ဿူက အိပ်မက်ကမ္ဘာထဲမှာ သတ်လို့ ရမှာမဟုတ်ဘူး..။ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး ပိုသန်မာလာအောင် လုပ်..ဘယ်ရန်သူကမှ အလွယ်တကူ ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး.."

"သိပါပြီ မာစတာ.."

ရှောင်နနိဖန်း ပြန်ဖြေလိုက်သည်..။

အပြင်ဘက်မှာတော့ ရီဒါဖူနဲ့ နောက်လိုက်များကို လုံခြုံရေး တပည့်များက ဖမ်းဆီးထားကြ၏..။သူတို့က အကြီးအကဲ ကု၏ ခန်းမ အပြင်ဘက်တွင် စောင့်နေခဲ့ကြသည်..။

"ဒီလောက်ထိ လိုအပ်လို့လား..။ငါတို့က ကျောက်ခဲလေးနဲ့ပဲ စနောက်လိုက်တာလေ..။သူ့ကို ဒဏ်ရာရတာလည်း မဟုတ်ပဲနဲ့.."

ရီဒါဖူ ပြောလိုက်သည်..။

"ဟုတ်တယ် ငါတို့က ဒဏ်ရာရဖို့ ရည်ရွယ်တာမဟုတ်ဘူး.."

"ဒီကောင်က ဒီလိုအသေးအဖွဲလေးကိုတောင် အကြီးအကဲ ကု ဆီကို သွားတိုင်သေးတယ်.."

အသံတစ်ခုနှင့်အတူပဲ ခန်းမ တံခါးဟာ ပွင့်လာခဲ့သည်..။

အကြီးအကဲ နှင့် ရှောင်နန်ဖန်းတို့သည် အမူအရာ သုန်မုန်စွာ ထွက်လာခဲ့ကြ၏..။

!"သူတို့ပဲ မာစတာ .."

ရှောင်နန်ဖန်း ညွှန်ပြလိုက်သည်..။

"ကျွန်တော်တို့က နောက်ပြောင်လိုက်တာ အကြီးအကဲ ကု..သူ့ကို ထိခိုက်ဖို့ မရည်ရွယ်ပါဘူး.."

ရီဒါဖူ အော်ပြောလိုက်သည်..။

"ဟုတ်ပါတယ် အကြီးအကဲ..ကျွန်တော်တို့က စနောက်လိုက်တာပါ.."

အကြီးအကဲ ကု သူတို့ကို လျစ်လျူရူကာ ရှောင်နန်ဖန်း ဖက်ကို လှည့်လိုက်ပြီး..

"သူတို့ကို ဘယ်လိုလုပ်ချင်လဲ.."

"မာစတာ..သူတို့ရဲ့ ကျင့်စဥ်နဲ့ လိုက်တဲ့ ကျမ်းစာကို ရွတ်ခိုင်းပြီး အပြစ်ပေးသင့်တယ်ထင်ပါတယ်..။ဒီလိုဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းက အခြေခံခိုင်မာလာမှာပါ.."

"ဘာ..ကျမ်းစာကို ကျတ်မှတ်ရမှာလား.."

ရီဒါဖူ ထိပ်လန့်သွားခဲ့သည်..။ငါတို့က အခုမှ ကျမ်းစာ ကျတ်ပြီး ပြန်ထွက်လာကြတာလေ..။မင်းက ငါတို့ကို ငရဲလို နေရာကို ပြန်ပို့ချင်နေတာလား..။

"ဒါက မင်းတို့ကောင်းဖို့ အတွက်ပဲ.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

ရီဒါဖူတို့က သူ့ကို လက်စားချေခဲ့ပေမယ့်လည်း အိပ်မက်ဆိုးထဲကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ကြသူများဖြစ်သည်..။ဒါကြောင့် သူကလည်း ဒီကျေးဇူးကြွေးကို ကျမ်းစာဖြင့် ပြန်ဆပ်ရမည်ဖြစ်၏..။

"မင်းနောက်နေတာလား..ဒါကို ဘယ်လိုလုပ် ငါတို့ အတွက်ကောင်းမှာလဲ.."

ရီဲဒါဖူသည် မီးတောက်မတတ်အကြည့်တွေနဲ့ ကြည့်နေခဲ့၏..။

"သခင်လေး ကျွန်တော်တို့ အိပ်မက်ဆိုးလို နေရာကို ထပ်သွားရတော့မယ်ထင်တယ်..။တကယ် မသွားချင်ဘူး.."

နောက်လိုက်များက ညဥ်းတွားလိုက်ကြသည်..။

ရီဒါဖူ ရှေ့ကို တက်သွားပြီး..

"အကြီးအကဲ ဒီကိစ္စကို ကျွန်တော် တာဝန်ယူပါရစေ..။ဒီအရာကို ကျွန်တော် စီစဥ်ခဲ့တာပါ..။သူတို့က ကျွန်တော်ခိုင်းတာကိုပဲ လုပ်ခဲ့ရပါတယ်..။ကျေးဇူးပြုပြီး ကျွန်တော်ကိုပဲ အပြစ်ပေးပါ.."

"သခင်လေး.."

နောက်လိုက်များဟာ ဒါကိုကြားပြီး စိတ်ခံစားချက်ဖြစ်သွားခဲ့ကြသည်..။

"ဒါက မင်းရဲ့ အစီစဥ် ဆိုမှတော့ မင်းက ကျမ်းစာ နှစ်လိပ်ကို ရွေးပြီး ကျန်တဲ့လူတွေက တစ်လိပ်စီ ရွေးကြ.."

အကြီးအကဲ ကု ပြန်ပြောလိုက်၏..။

ရီဒါဖူ ဆွံ့အသွားခဲ့သည်..။

မ...မဟုတ်ဘူးလေ..။ငါက ဘာလို့ ပိုပြီး ကျတ်ရမှာလဲ...။

"ကျေးဇူးပါ မာစတာ.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

နောက်တစ်ရက် မနက်မှာတော့..ရီဒါဖူ နှင့် သူ၏ နောက်လိုက်များသည်..ရှောင်နန်ဖန်းကို ကျိန်ဆဲရင်း ကျမ်းစာ ကျတ်မှတ်နေကြသည်..။

ရှောင်နန်ဖန်းကတော့ ပါးစပ်ထဲမှ လေအပြည့်ထုတ်ပြီး မျက်လုံးကို ဖွင့်လိုက်၏..။

"လွှမ်းလက်သီးကို သရုပ်ဖော်ပြ..။တပည့်ရဲ့ နားလည်မူကို ကြည့်ပြီး ဆရာ ထောက်ပြပေးမယ်.."

အကြီးအကဲ ကု ညွှန်ကြားလိုက်သည်..။

"သိပါပြီ မာစတာ.."

ရှောင်နန်ဖန်း ကိုယ်နေဟန်ထားပြင်ပြီး လက်သီးချက်တွေကို ပုံဖော်လိုက်သည်..။သူ၏ ပြင်းထန်လွန်းသည့် လက်သီးချက်များကြောင့် လေထုတွင် အသံများပင် ထွကိပေါ်လာခဲ့၏..။

"အပူလှိုင်း ...တပည့်က သန့်စင်တဲ့ ယန်ချီနဲ့ လွှမ်းမိုးလက်သီးကို ပေါင်းစပ်နိုင်နေပြီလား.."

ရှောက်နန်ဖန်း ခေါင်းညိမ့်လိုက်သည်..။

"ဟုတ်ပါတယ် မာစတာ.."

အကြီးအကဲ ကု ​ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်..။ရှောင်နန်ဖန်း၏ စာပေဖတ်သားနိုင်စွမ်းက အတော်လေးကို ထူးချွန်နေခဲ့၏..။

သိပ်မဝေးသည့် နေရာမှာတော့..ရီဒါဖူ တို့သည် ရှောင်နန်ဖန်းကို အထင်သေးစွာကြည့်နေကြသည်..။ခွေးသားလေး..မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား..။တကယ် အရှက်မရှိတဲ့ကောင်ပဲ..။

"ဟုတ်သားပဲ..မာစတာ တကယ်လို့ အချိန်ရှိရင် ..ရီဒါဖူ တို့ကို တစ်ချက် ဂရုစိုက်ပေးစေချင်ပါတယ်..။မာစတာ ရဲ့ ..ညွှန်ကြားမူနဲ့ ဆိုရင် သူတို့က ကျမ်းစာတွေကို ပိုမြန်မြန် နားလည်နိုင်မှာပါ.."

ရှောင်နန်ဖန်း သည် ရီဒါဖူ တို့အဖွဲ့ကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်..။

ရီဒါဖူ နှင် နောက်လိုက်များက ဒါကို ကြားပြီး ထိပ်လန့်သွားခဲ့ကြ၏..။ဟင်..မင်းက ငါတို့ကို ဒုက္ခပေးရတာ မလုံလောက်သေးဘူးလား..။မင်းဒီလောက် အထိ ရက်စက်ဖို့ လိုအပ်လို့လား..။

All Chapters