← Chapters

တပည့်သစ် ယွဲ့အာ

Vol. 3 Ch. 32

တပည့်သစ် ယွဲ့အာ

Vol. 3 Ch. 32

တစ်လကြာပြီးနောက်..။

နေဝင်ခါနီး အချိန်..တရားထိုင်ခြင်း ချောက်ကမ်းပါးတွင်..။

ရီဒါဖူ နှင့် သူ၏ နောက်လိုက်များက နောက်ဆုံးမှာ ကျမ်းစာများကို ..မှတ်သားနိုင်ခဲ့ကြပြီး ပြန်ထွက်လာနိုင်ခဲ့ကြ၏..။

"သခင်လေး..တကယ်ကို အံ့ဩစရာပဲ..။ကျွန်တော်တို့က ကျမ်းစာ နှစ်လိပ်ကို ပဲ မှတ်သားနိုင်ခဲ့ပေမယ့် သခင်လေးက လေးလိပ် တောင် မှတ်သားနိုင်ခဲ့တယ်.."

နောက်လိုက်တစ်ယောက်က အံ့ဩစွာ ပြောလိုက်ခြင်းဖြစ်၏..။

"ဒါပေါ့..မဟုတ်ရင် ငါ ဒီမှာနေနေရပြီး ဟိုစိတ်ရှုတ်စရာ ခွေးသားကို နေ့တိုင်း မြင်နေနေရမှာ.."

ရီဒါဖူ သူ၏ နောက်လိုက်ကို ကြည့်ပြီး ပြောလိုက်၏..။

"အခု ကျွန်တော်တို့ ပြီးသွားပြီ ဆိုတော့ သွားလို့ရပြီ..။ကျွန်တော်တို့ ဟို ခွေးသားလေးကို သင်ခန်းစာ ပေးကြဦးမလား.."

နောက်လိုက်တစ်ယောက်က မေးလိုက်၏..။

လူတိုင်းက လူငယ်လေးကို စိူက်ကြည့်လိုက်ကြသည်..။

"ဘာလဲ...မင်းက ကျမ်းစာ ကျတ်ရတာကို နည်းတယိလို့ ထင်နေတာလား..။ငါတို့ ဒီမှာ ထပ်နေလိူ့ မဖြစ်တော့ဘူး.."

ရီဒါဖူ ဆူ လိုက်၏..။

"ဟုတ်တယ်..ကျွန်တော်တို့လည်း နောက်ထပ် မကျတ်ချင်တော့ဘူး.."

တစ်ခြားလူတွေက ပြောလိုက်ကြသည်..။

လူငယ်လေးဟာ..ပြီးခဲ့တဲ့ လက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသွားပြီး မခံချင်သလို ဖြစ်သွားခဲ့သည်..။

"စိတ်မပူနဲ့...အနာဂတ်မှာ ဒါကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ.."

ရီဒါဖူ အံကို ကျိတ်ပြီး ကတိပေးလိုက်သည်..။

"သခင်လေး ပြောတာ မှန်တယ်..။နောက်ကျရင် အခွင့်အရေးတွေ ရလာဦးမှာပါ.."

နောက်လိုက်များက အော်ပြောလိုက်သည်..။

ရုတ်တရက်..သူတို့ တစ်ခုခုကို အာရုံခံမိသွားပြီး လူတိုင်းက အနောက်ကို လှည့်ကြည့်လိုက်ကြ၏..။စည်းကမ်း ထိန်းသိမ်းရေး တပည့်သုံးယောက်သည် သူတို့၏ အနောက်မှ နေပြီး သူတို့ ပြောသည်များကို နားထောင် နေခဲ့ကြခြင်းဖြစ်သည်..။

"မင်း...မင်းတို့ ဘယ်ချိန်တည်းက ရောက်နေတာလဲ.."

ရီဲဒါဖူ ထိပ်လန့်တကြား အော်ဟစ်လိုက်၏...။

သူ၏ နောက်လိုက် များကတော့ အသက်တောင် မရူနိုင်ကြပေ..။ဒီ စည်းကမ်းထိန်းသိမ်းရေးတွေက အတော်လေး ခိုးကြောင်ခိုးဝှကိနိုင်နေတာ မဟုတ်ဘူးလား..။

"မင်းတို့က ကျမ်းစာကျတ်ပြီးသွားပြီပေါ့..။အခူရော ဘာတွေ ကြံစည်နေပြန်ပြီလဲ..။အချိန်တွေ ရှိနေပါသေးတယ် ဆိုတာကရော ဘာသဘောလဲ..."

နောက်ထပ် စည်းကမ်းထိန်းသိမ်းရေး တပည့်တစ်ယောက်က မေးလိုက်သည်..။

ရီဒါဖူ နဲ့ နောက်လိုက်များက ထိပ်လန့်ပြီး မျက်လုံးပြူးကျယ်သွားခဲ့၏..။

"မဟုတ်ဘူး မင်းတို့ နားကြားလွဲနေကြတာပဲ..။ငါတို့က အခုပဲ ပြန်ကြတော့်လို့ပြောနေတာ.."

"ငါတို့ ဘာမှမလုပ်ဘူးနော်..။ငါတို့က နန်ဖန်းကို တိုက်ခိုက်ဖို့ ပြောနေတာ မဟုတ်ဘူး..."

နောက်လိုက်တစ်ယောက်က ကြောက်လန့်တကြား ထပြောလိုက်၏..။

"မင်း ပါးစပ်ကို ပိတ်ထားလိုက်.."

ရီဒါဖူ အော်ပြောလိုက်သည်..။ပြီးမှ စည်းကမ်းထိန်းသိမ်းရေး တပည့်တွေ ဘက်ကို လှည့်ပြီး..

"စီနီယာ အစ်ကိုတို့...ကျွန်တော်တို့ နောကိကျနေတော့မယ်..။နောက်မှတွေ့ကြတာပေါ့..မဟုတ်ဘူး..ဘယ်တော့မှ ပြန်မတွေ့ရင် အကောင်းဆုံးပဲ.."

ရီဒါဖူ အလျင်အမြန် ထွက်သွားခဲ့ပြီး သူ၏ နောက်လိုက်များကလည်း လိုက်သွားခဲ့ကြ၏..။

"သူတို့ ဂျူနီယာ နန်ဖန်းကို ထပ်ပြီး တိုက်ခိုက်ချင်နေကြတာလား.."

တပည့်တစ်ယောက်က ပြောလိုက်သည်..။

သူတို့ အားလုံးက နန်ဖန်း ရှိနေသည့် အခန်းကို တစ်ပြိုင်နက် တည်းကြည့်လိုက်ကြ၏..။

ရှောင်နန်ဖန်း ကတော့ အိပ်မောကျနေခဲ့သည်..။အိပ်ခန်းထဲမှာတော့ အနက်ရောင် အငွေ့တွေနှင့်ပြည့်နေခဲ့ပြီး အရိုးစု သည် အိပ်ယာဘေးနားတွင် ရှိနေကာ တစ်ခုခုကို စောင့်ဆိုင်းနေခဲ့သည်..။

ရှောင်နန်ဖန်း အိပ်ယာက နိုးလာပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည်နှင့်..အရိုးစု၏ ဘာမှ မရှိသည့် မျက်လုံးများနှင့် အကြည့်ချင်းဆုံးသွားခဲ့သည်..။

.

သူ မအော်ခဲ့ပေ..။သူက ဒီမြင်ကွင်းနှင့် အသားကျနေပြီဖြစ်၏..။သူ၏ မျက်နှာက အနည်းငယ်သာ..တွန့်သွားခဲ့သည်..။

"မဒမ် အလှလေးလား..။ဒါက တစ်လတောင် ရှိနေပြီလေ..။ခင်ဗျားက ကျုပ်အခန်းထဲမှာ အမြဲတမ်း ဒီလို ကြီးရှိနေရင် ကျုပ် နှလုံးက တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး..။အရင်တုန်းက ကျုပ်နိုးလာပြီ ဆိုရင် ခင်ဗျားနဲ့ဒီအငွေ့တွေက အမြန် ပျောက်ကွယ်သွားတာလေ..။အခုက ဘာသဘောလဲ..။ခင်ဗျားက ကျုပ်ရှေ့မှာတောင် လာပြီး ရပ်နေသေးတယ်..။ကျုပ် တစ်ခြားတပည့်တွေကို ခေါ်လိုက်မှာ ခင်ဗျား မစိုးရိမ်ဘူးလား.."

နန်ဖန်းသည် စိတ်ပျက်လက်ပျက်နှင့် အရိုးစုကို စကားပြောနေခဲ့သညိ..။

အရိုးစုကတော့ ရှောင်နန်ဖန်းကိုသာ စိုက်ကြည့်နေခဲ့၏..။

"အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ကျုပ် တကယ်ပဲ တောင်းပန်တယ်...ဒါပေမဲ့ ဒါကလည်း ကျုပ် အပြစ်တွေချည်းပဲ မဟုတ်ဘူးလေ..။ခင်ဗျားက ကျုပ်ကို သတ်ဖို့ကြိုးစားနေလို့ ကျူပ်က ကာကွယ်နေရတာပဲ..။ခင်ဗျားကျုပ်ကို အနှောက်ယှက်ပေးနေတာလည်း တစ်လလောက် ရှိပြီ..။ဒီတိုင်း မတော်မဆ ဖြစ်ခဲ့တာလို့ သဘောထားလို့ မရဘူးလား.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

အရိုးစုကတော့ မလှုပ်မရှားပဲသာ ရှိနေခဲ့သည်...။သူက ရှောင်နန်ဖန်းကို သာ စိုက်ကြည့်နေခဲ့ပြီး စိတ်ထဲက တစ်ခုခု ပြောနေခဲ့၏..။

'စိတ်အနှောကိယှက် ဖြစ်တယ်တဲ့လား...မင်းက တစ်လလုံး ဝက်လိုအိပ်နေတာလေ..'

ယင်းနောက် ရှောင်နန်ဖန်းသည် မဒမ်အလှလေးကို လျစ်လျူရူလိုက်ကာ အခန်းထဲကနေ ထွက်သွားခဲ့သည်..။

မျက်နှာသစ်ပြီးနောက် သူ မနက်ခင်း ချီကို စုပ်ယူပြီး လက်သီးသိုင်းကို လေ့ကျင့်ခဲ့သည်..။

ယွဲ့အာ အဝေးကနေ လျောက်လာခဲ့ပြီး...

"နင်ငါ့ကို ရှာနေတယ်ဆို..."

"ဟုတ်တယ်...အာ...ဒီပုံစံ အခြေအနေထိ ရောက်အောင် ဘယ်ကနေ ပြန်လာတာလဲ..."

ရှောင်နန်ဖန်း သိချင်စွာ မေးလိုက်၏..။

"ငါ တစ်ခြား နတ်ဆိုးနယ်မြေတစ်ခုက ပြန်လာတာ..။အတော်လေး အကျိုးအမြတ်ရခဲ့တယ်..။နင်ငါ့ကို ရှာနေတယ်ဆိုတာ ပြန်ရောက်ရောက်ချင်း သိရတာပဲ..။ဘာကိစ္စလဲ...ငါ့ဆီက ပိုက်ဆံချေးမလို့လား.."

ယွဲ့အာ စနောက်လိုက်၏..။

"အရင်ပြန်ပြီး ကိုယ်လက်သန့်စင် အဝတ်စားလဲလိုက်ဦး.."

ရှောင်နန်ဖန်း ခေါင်းခါယမ်းပြီး အကြံဥာဥ်ပေးလိုက်သည်..။

"အိုး..နင်က တကယ်ကို ဥာဏ်ကြီးရှင်ပဲ..။နင်ရှာနေတယ်ဆိုလို့ လာတာကို ငါ့ရဲ့ အဝတ်အစားကို ဝေဖန်နေတာလား..။နင့်ကိစ္စက ဘာမို့လို့လဲ.."

ယွဲ့အာ လက်ကို ပိုက်ထားပြီး ဒေါသထွက်သည့် အမူအရာ နှင့်ကြည့်နေခဲ့၏..။

"ကျုပ်က ဒီလောက် သေးသိမ်လိမ့်မယ်လ်ု့ ထင်လ်ို့လား..။ကိုယ်လက်သန့်စင်ခိုင်းတယ် ဆိုတာက ကျုပ်ရဲ့ ကြိုးစားအားထုတ်မူ တွေ အချည်းနှီးဖြစ်မှာကြောင့်ပဲ...!"

ရှောင်နန်ဖန်း ပြန်ပြောလိုက်၏..။

ယွဲ့အာ မျက်တောင်ခတ်လိုက်သည်..။ယင်းနောက် သူမ အံ့ဩသွားခဲ့ပြီး..

"နင် တကယ် အောင်မြင်ခဲ့တာလား.."

ရှောင်နန်ဖန်း ပြုံးလိုက်ပြီး..

"အကြီးအကဲ ကု..က တကယ်ကို ခံစားချက်ကောင်းနေတာဖြစ်ရမယ်..။ပြီးတော့ ကျွန်တော်ကလည်း ဒီကိစ္စကို ဆက်တိုက်မေးနေခဲ့တာ..။သူ နောက်ဆုံးတော့ သဘောတူခဲ့တယ်လေ.."

"အကြီးအကဲ ကုက ငါ့ကို တပည့်အဖြစ်လက်ခံတော့မှာလား..။ဟားဟား နန်ဖန်း ..နင်လုပ်နိုင်မယ် ဆိုတာကို ငါသိသားပဲ.."

ယွဲ့အာ သည် ဝမ်းသာ သွားခဲ့ပြီး ရှောင်နန်ဖန်းကို တင်းကြပ်စွာ ဖက်လိုက်သည်..။ပြီးတဲ့နောက်မှ သူမ ထွက်ပြေးသွားခဲ့၏..။

သူက သူမရဲ့ နောက်ကျောကို ထူးဆန်းစွာကြည့်လိုက်မိသည်..။သူမ၏ ခန္တာကိုယ်က အတော်လေးကို လှပနေခဲ့၏..။

ယွဲ့ အာကတော့ အလျင်အမြန်ပဲ လှပသည့် ဝတ်စုံတစ်ခုနှင့် ပျော်ရွှင်စွာ ပြန်ရောက်လာခဲ့သည်..။

အကြီးအကဲ ကုက ရှောင်နန်ဖန်း ဘေးနားတွင် ထိုင်ပြီး လက်သီးသိုင်းတွင် လိုအပ်သည်များကို ထောက်ပြနေခဲ့သည်..။

"တပည့် ယွဲ့အာ မာစတာကို နှုတ်ဆက်ပါတယ်.."

ယွဲ့အာ ရှေ့ကို တိုးပြီးပြောလိုက်သည်..။

"ယွဲ့အာ..ဆရာ အရင်က တပည့်ကို ကုချင်း မသင်ပေးခဲ့တာက ကျိန်စာသင့် အရိုးစုက ဆရာနဲ့ ရှိနေပြီး တပည့်ကိုပါ ထိခိုက်မှာကြောင့်ပဲ.."

အကြီးအကဲ ကု ရှင်းပြလိုက်သည်..။

"ကျိန်စာသင့် အရိုးစုလား.."

ယွဲ့အာ အံ့ဩသင့်သွား၏..။

"အမှန်ပဲ..ဒါပေမယ့် အခု သူက ဆရာ့ကို ပစ်မှတ်မထားတော့တာက ကောင်းမွန်တဲ့အရာပဲ.."

အကြီးအကဲ ကု ပြုံးပြီး ပြောလိုက်သည်..။

သူ့ဘေးနားမှာ ရှိနေတဲ့ နန်ဖန်းကတော့ မျက်မှောင်ကျုတ်လိုက်၏..။ကောင်းမွန်တဲ့ အရာတဲ့လား..ကျုပ်ကိုလည်း အားနာပါဦး..။သူက နေ့ရော ညရော ကျုပ်ကို အနှောက်ယှက်ပေးနေတာလေ..။

"သူက ငါ့ဆီကို ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူးဆိုတာတော့ မပြောနိုင်ဘူး..။ဒီတော့ မင်းက ဆရာ့ဆီက ကုချင်း သင်ဖို့ဆိုရင် အန္တရာယ်များနေတုန်းပဲ..။မင်း တကယ်ပဲ သင်ချင်တာ သေချာရဲ့လား.."

"သေချာပါတယ်..အကြီးအကဲ ကု..."

"သိပ်ကောင်းတယ် နန်ဖန်းလိုပဲ...။မင်းကို ယာယီ တပည့်အဖြစ် လက်ခံပေးမယ်..။ကျိန်စာသင့် အရိုးစု ဆီက လုံးဝ လွတ်မြောက်သွားရင်တော့ တပည့်က တရားဝင်ဖြစ်လာမှာပေါ့.."

"သိပါပြီ ဆရာ..။တပည့် ယွဲ့အာ ..ဆရာ့ကို နှုတ်ဆက်ပါတယ်..."

ယွဲ့အာ..စိတ်လှုပ်ရှားစွာ ပြောလိုက်သည်..။

ယင်းနောကိ ရှောငိနန်ဖန်းကို ကြည့်လိုက်ပြီး..

"ကျေးဇူးပါ ဂိုဏ်းတူ မောင်လေး.."

"ဟင်..ငါက နင့်ထက်အရင် မာစတာ ရဲ့ တပည့်ဖြစ်တာလေ..။ငါက ဆရာတူ အစ်ကို ဖြစ်သွားပြီ.."

ရှောင်နန်ဖန်း ခေါင်းခါယမ်းပြီး ပြင်ဆင်ပေးလိုက်၏..။

"အိပ်မက်မက်နေလိုက်..တိုင်ချင်ဂိုဏ်းမှာက အတွင်းစည်း ဂိုဏ်းသားတွေရဲ့ အစဥ်အလာက ကျင့်ကြံခြင်း အဆင့် နဲ့ ခွဲခြားထားတာ..။နင်က အခုမှ အခြေတည် အဆင့်ဆိုတော့ အခုထိ ဆရာတူ မောင်လေး ဖြစ်နေတုန်းပဲ...ဟားဟား..."

"ယွဲ့အာ..တပည့် အရင်က ကုချင်း သင်ဖူးလား.."

အကြီးအကဲ ကု မေးလိုက်သည်..။

"အခြေခံ လောက်တော့ သင်ဖူးပါတယ် မာစတာ.."

ယွဲ့အာ ပြုံးပြီး ပြန်ဖြေလိုက်သည်..။

"ဒါဆိုရင်တော့ အချိန်တွေ အများကြီး သက်သာသွားလိမ့်မယ်..။မနက်ဖြန်ကနေ စပြီး..ကုချင်းတစ်ခု ပြင်ဆင်ထားပေတော့..။ဆရာတို့ နေ့တိုင်းလေ့ကျင့်မယ်.."

အကြီးအကဲ ကု ညွှန်ကြားလိုက်သည်..။

"ကျေးဇူးပါ မာစနာ.."

အကြီးအကဲ ကု သည် သူတို့ကို အကြံဥာဏ်တစ်ချို့ ပေးပြီးနောက်တွင် ကျမ်းစာတိုက်ထဲကို ဦးတည်ပြီး ထွက်သွားခဲ့သည်..။

"ဂိုဏ်းတူ မောင်လေး..နင်က ငါ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပဲ..။ငါ ကျောက်ယွန်ဂျီ ကို မရေမတွက်နိုင်အောင် အကူညီတောင်းခဲ့ပေမယ့် သးက ဘယ်တော့မှ လက်မခံခဲ့ဘူး..။အမြဲတမ်း အကြောင်းပြပြီး ငြင်းဆန်ခဲ့တယ်..။နင်က သူ့ကို အများကြိီး ပိုကောင်းမွန်တာပဲ.."

ယွဲ့အာ ပြောလိုက်သည်..။

"ကူညီရတာ ဝမ်းသာပါတယ်.."

ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။

"ငါ ဒီတစ်ခေါက် နတ်ဆိုး သားကောင်အချို့ ကို ဖမ်းဆီးနိုင်ခဲ့တယ်..။နင့်အတွက် တစ်ဝက်ခွဲပေးမယ်..။ကောင်းပြီ အခုက ကုချင်း ကောင်းကောင်းသွားဝယ် ရမယ့်အချိန်ပဲ..!

ယွဲ့အာ မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်၏..။

"ဂိုဏ်းတူအစ်မက အခြေခံကို တတ်ထားပြီးပြီ မဟုတ်ဘူးလား..။ကုချင်း မရှိဘူးလား.."

နန်ဖန်း သိချင်သွားခဲ့၏..။

"ငါ အခြေခံကို တတ်ထားပြီးပေမယ့် ကုချင်းနဲ့တတ်တာ မဟုတ်ဘူး..။သံစဥ်ကနေ တဆင့် တတ်သွားတာ..။ကောင်းပြီ အခွင့်အရေးရမှ ဒီအကြောင်းရှင်းပြမယ်..."

ရှောင်နန်ဖန်း.: ......

ယွဲ့အာ ကုချင်း ဝယ်ရန် ထွက်သွားသည့် အချိန်မှာတော့ ရှောင်နန်ဖန်းသည် လက်သီးသိုင်းကိုသာ ဆက်ပြီး လေ့ကျင့်နေခဲ့သည်..။

All Chapters