အလင်းအိမ်တော်
Vol. 3 Ch. 34
တိုင်ချင်ကျွန်းပေါ်ရှိ အကျဥ်းထောင်ထဲတွင်တော့..တိုင်ချင် ဂိုဏ်းသား တစ်ချို့သည် မေ့လဲနေခဲ့ကြသည်..။
မာရှန်း ၊ တန် နှင့် တစ်ခြား တပည့် ကိုးယောက်တို့ကအကျဥ်းထောင်မှ လွတ်မြောက်လာခဲ့ကြ၏..။သူတို့က အကျဥ်းထောင်၏ အပြင်ဖက်တွင် မတ်တတ်ရပ်နေကြပြီး..ရွာသွန်းနေသည့် မိုးရေများကို ကြည့်ကာ တစ်ခုခုကို စောင့်ဆိုင်းနေခဲ့ကြသည်..။
"စီနီယာ အစ်ကို မာရှန်း , ချန်းရန်က ကျိုးယွန်ဂျီ ကျွန်းမှာ မရှိတုန်း ဒီတပည့်တွေကို သတိလစ် အောင်လုပ်ပြီး ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့တွေက ရန်သူ နယ်မြေထဲမှာ ရှိနေတုန်းပဲလေ..။မထင်မှတ်ထားတာတွေ မဖြစ်လာခင်မှာ ကျွန်တော်တို့ ထွက်သွားကြတာ ပိုကောင်းလိမ့်မယ်.."
တန် သတိပေးလိုက်၏..။
"အိုး..မင်းသာ မဖော်ထုတ်ဘူးဆိုရင် ငါတို့က ဒီအခြေအနေကိုတောင် ရောက်နေမှာမဟုတ်ဘူး.."
မာရှန်း မကျေမနပ်နှင့် ပြန်ဖြေလိုက်၏..။
"ကျွန်တော် ရှင်းပြပြီးပြီလေ..။အစ်ကိုတို့ကို ဖော်ထုတ်ခဲ့တာက ချန်းဟိုင်ပဲ..။ကျွန်တော် ဘာတစ်ခုမှ ထုတ်မပြောခဲ့ဘူး..။ဒါက ကျွန်တော်ရဲ့ အပြစ်မဟုတ်ဘူးလေ.."
တန် က ပြန်ဖြေလိုက်သည်..။
"ချန်းဟိုင်က သေပြီးနေပြီ..။မင်းပြောနေတာတွေကို ဘယ်သူက အတည်ပြုပေးနိုင်မှာလဲ.."
မာရှန်း မေးလိုက်၏..။
"ကျွန်တော် ဘယ်သူ့ကိုမှ သစ္စာမဖောက်ခဲ့ဘူး..။ကျေးဇူးပြုပြီး ယုံကြည်ပေးပါ..။ထပ်ပြောရရင် ကျွန်တော်တို့က အခု တိုင်ချင်ကျွန်းကနေ ထွက်သွားရမှာ မဟုတ်ဘူးလား..။ဘာကို စောင့်နေကြတာလဲ.."
တန်က နောက်တစ်ကြိမ် ဆော်ဩ လိုက်၏..။
"ငါတို့ဒီလို တွေ ဖြစ်အောင် နန်ဖန်း ဆိုတဲ့ကောင်က လုပ်ခဲ့တာပဲ..။သူ့ကြောင့်ပဲ ချန်းဟိုင်က သေခဲ့ရတာ..။ငါတို့ ဒီတိုင်းထားလိုက်လိူ့ မရဘူး..။ငါတို့ ချန်းဟိုင် အတွက် လက်စားပြန်ချေရမယ်.."
မာရှန်း လသ်သီးကို ကျစ်နေအောင် ဆုပ်ပြီး ပြန်ဖြေလိုက်သည်..။
"အမှန်ပဲ..ကျွန်တော်တို့ ဒီတိုင်းထားလိုက်လို့ မဖြစ်ဘူး.."
ကျန်တဲ့တပည့် များကလည်း ပြောလိုက်ကြ၏..။
"ဒါပေမဲ့ ဒါက တိုင်ချင်ကျွန်းနော်..။ကျွန်တော်တို့က ရန်သူ နယ်မြေထဲမှာ ရှိနေတုန်းပဲ.."
တန်က သူ၏ လူများက ထွက်သွားရန် ဖြောင်းဖြနေခဲ့သည်..။
"ကိစ္စမရှိဘူး..။ငါတို့က ကမ်းခြေနားမှာ ရှိနေကြတာ..။ချန်းရန်က နန်ဖန်းကို ခေါ်လာနိုင်တာနဲ့ ငါတို့ သူ့ကို သတ်ပြီး ချက်ချင်းထွက်သွားကြမယ်.."
မာရှန်း ပြန်ပြောလိုက်၏..။
"ဒါပေမဲ့ ချန်းရန်က သူ့ကို လှည့်စားနိုင်ပါ့မလား..။နန်ဖန်းက အရမ်းကို ပါးနပ် ပြီး ရက်စက်တော့..သိပ်ပြီး မလွယ်ကူလှဘူး.."
"ချန်းရန်းက ဟန်ဆောင်တာ အရမ်းကို တော်တယ်..။နန်ဖန်း ဒီကို ရောက်လာမယ် ဆိုတာ ကျိန်းသေတယ်.."
မာရှန်း ယုံကြည်မူရှိစွာ ပြန်ဖြေလိုက်သည်..။
"နန်ဖန်းက အဲလောက်မလွယ်ဘူး.."
တန်က မျက်မှောက်ကျုတ်ကာ ရေရွတ်လိုက်သည်..။
"အိုး..မင်းက သူ ချန်းရန်ကို အနိုင်တိုက်နိုင်လိမ့်မယ်လို့ ထင်တယ်ပေါ့..။ချန်းရန်ကို သူ့ကို ဘာမှ မလုပ်ပဲ ခေါ်ခဲ့ဖို့ မှာထားပြီးသား..ဒါမှ ငါတို့ရဲ့ ဒေါသတွေ စိတ်ကြိုက် ဖွင့်ထုတ်လို့ရမှာ..။မဟုတ်ရင် ချန်းရန် တစ်ယောက်တည်းနဲ့တောင် သူ့ကို ဖြေရှင်းဖို့လုံလောက်တယ်.."
မာရှန်း ထပ်ပြောလိုက်၏..။
အဲ့အချိန်မှာပဲ..နာကျင်လွန်းလှသည့် အော်သံတစ်ခုက အဝေးကနေ ထွက်ပေါ်လာခဲ့သည်..။
"ကယ်ပါဦး..တစ်ယောက်ယောက် ကယ်ပါဦး.."
အော်သံက မိုးရေထဲမှာတောင် ရှင်းလင်းစွာ ကြားနေခဲ့ရ၏..။
"အဲဒါ ချန်းရန် မဟုတ်ဘူးလား..။တစ်ခုခု ဖြစ်နေပြီ..။ကျွန်တော်တို့ သူ့ကို ထားခဲ့ပြီး ပြေးကြမှဖြစ်မယ်.."
တန် ပြောလိုက်၏..။
"ပြေးရမှလား..။ဘာကို ကြောက်စရာရှိလို့လား..။တကယ်လို့ ချန်းရန် သာ အော်နိုင်သေးတယ် ဆိုရင် ဒါက သူ့ကို တိုက်ခိုက်နေတဲ့လူက ပြတ်ပြတ်သားသား အနိုင်မယူနိုင်လို့ပဲ..။ငါတို့ လူအရေအတွက်နဲ့ ဘာမှ ပြေးနေစရာ မလိုဘူး..။လာ သွားကြည့်ကြရအောင်.."
မာရှန်း အမြန်ပြောလိုက်သည်..။
သူတို့ အဖွဲ့ဟာ တောင်ကုန်း အသေးလေးကို တက်ပြီးတဲ့ အချိန်မှာတော့ တပည့်နှစ်ယောက် တိုက်ခိုက်နေတာကို မြင်လိုက်ကြရ၏..။မဟုတ်ဘူး...ဒါက တိုက်ခိုက်နေသည် နှင့်တောင် မတူတော့ပေ..။ဒါက တစ်ဖက်တည်းက အနိုင်ကျင့်နေသည်နှင့်ပင် တူနေခဲ့၏..။
ရှောင်နန်ဖန်း၏ လက်သီးချက်တွေက ပုံရိုက်ယောင် များ အဖြစ် ဆက်တိုက်ကျနေခဲ့ပြီး..ချန်းရန်က အော်ဟစ်နေခဲ့ရသည်..။
"ဘာ..နန်ဖန်းက ဘယ်လိုလုပ် ချန်းရန်ကို အနိုင်ယူနိုင်သွားတာလဲ..။ချန်းရန် လား..။ဒါက မဖြစ်နိုင်တာ.."
မာရှန်း မယုံကြည်နိုင်စွာ မေးလိုက်သည်..။
"ကျွန်တော် ပြောသားပဲ..နန်ဖန်းက ကိုင်တွယ်ရ လွယ်ကူတာ မဟုတ်ဘူး..။သူက အခြေတည်အဆင့် အထွတ်အထိပ်ကိုတောင် အနိုင်ယူနိုင်စွမ်းရှိတယ်..။လာပါ ကျွန်တော်တို့ ပြန်ကြရအောင်.."
တန်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်..။
ရှောင်နန်ဖန်း သည် ချန်းရန်ကို အဆုံးသတ်ဖို့ လုပ်ခါနီးမှာပဲ..တစ်ခုခုကို သတိထားမိသွားခဲ့၏..။သူ ခေါင်းကို မော့ပြီး ကြည့်လိုက်သည့် အချိန်တွင်..တောင်ကုန်းပေါ်က ပုံရိပ်တစ်ချို့ကို တွေ့လိုက်ရသည်..။ပုံရိပ်တွေကြားထဲမှာတော့ မာရှန်း နှင့် တန်ကို မြင်နေခဲ့ရ၏..။
"ဟင်..မာရှန်း နှင့် တန် တို့က အကျဥ်းထောင်ကနေ လွတ်လာကြတာလား.."
ရှောင်နန်ဖန်း ရေရွတ်ပြီး နောက်ကို လှည့်ကာ ထွက်ပြေးတော့၏..။
"သူ့ကို လိုက်ဖမ်းကြ.."
မာရှန်း အမိန့်ပေးလိုက်သည်..။
ကျန်သည့် တပည့် ဆယ်ယောက်ဟာလည်း ရှောင်နန်ဖန်း ရှိရာကို ပြေးထွက်သွားခဲ့ကြ၏..။
တန် ကတော့ သူ့လူတွေ ပြေးထွက်သွားတာကို ကြည့်ပြီး စိတ်ထဲမှာ မသက်မသာ ခံစားနေခဲ့ရသည်..။
"မင်းတို့ အကုန် ရူးနေကြတာလား..။ငါကတော့ မင်းတို့နဲ့အတူ ထပ်ပြီး အဖမ်းမခံနိုင်ဘူး.."
သူက ပြောပြီးတာနဲ့ နောက်ပြန်လှည့်ပြီး ကမ်းခြေကို ပြေးသွားခဲ့သည်..။
"အနားမှာ တိုင်ချင်ဂိုဏ်းသားတွေရှိလား..။ရန်သူရဲ့ သူလျိုတွေက လိုက်သတ်နေလို့ ကယ်ကြပါဦး.."
ရှောင်နန်ဖန်း အော်ဟစ်လိုက်သည်..။
သို့ပေမယ့် သည်းထန်စွာ ရွာနေသည့် မိုးရေတွေကြောင့် ရှောင်နန်ဖန်း၏ အသံကို ဘယ်သူမှ ကြားဟန် မတူကြပေ..။သူ့ နောက်က လူတွေက သူ့အနားကို နီးကပ်လာတာကို ခံစားနေခဲ့ရ၏..။
"မိအောင် ဖမ်း..."
ရန်သူ တပည့်တွေက ပိုပိုပြီး နီးကပ်ခဲ့သည်..။ရ
သူ ရွေးချယ်စရာ မရှိပဲ တောထဲကို သာ ဝင်သွားဖို့ ဆုံးဖြတ်ခဲ့ရ၏..။
နောက်က သူလျိုများကလည်း အလျင်အမြန် လိုက်လာခဲ့ကြပြီး..သူ ခြေသံများကို ကြားနေခဲ့ရသည်..။သူ အတော်ဝေးဝေးအထိ ပြေးပြီးသည့် နောက်မှာတော့ ..သူ့ကို မြူများက ဝန်းရံနေသည်ကို တွေ့လိုက်ရသည်..။
.
"ငါ ဘာလို့ ဒီနားမှာပဲ လည်နေသလို ခံစားနေရတာလဲ..။ဝင်္ကပါ ထဲမှာ ပိတ်မိနေတာလား.."
ရှောင်နန်ဖန်း ဘေးပတ်လည်ကို စိုးရိမ်စွာကြည့်လိုက်၏..။
မာရှန်း နဲ့ တစ်ခြားလူတွေဟာလည်း မြူများကို မြင်ပြီး နောက်ကို ဆုတ်လိုက်ကြသည်..။သို့ပေမယ့် ရှောင်နန်ဖန်း ရဲ့ ခြေသံများကို ကြားနေရတာကြောင့် ဒီတိုင်းတော့ နောက်ပြန် မဆုတ်ချင်ကြပေ..။သူတို့က အံကို ကြိတ်လိုက်ပြီး ဆက်လိုက်သွားခဲ့ကြ၏..။
သူ တစ်နာရီ လောက် မြူများကြားတွင် ဆက်တိုက်ပြေးနေခဲ့သည်..။သူ အခြေအနေ သိပ်မကောင်းတော့တဲ့ အချိန်မှာပဲ ရုတ်တရက် ရှေ့က တောင်ကြားတစ်ခုကို အိမ်တော်တစ်ခုကို တွေ့လိုက်ရသည်..။အိမ်တော်ကို မြူများဖြင့် ဝန်းရံနေပြီး ဂိီတသံစဥ် တစ်ခုကလည်း အထဲကနေ ထွက်ပေါ်နေခဲ့သည်..။
"တစ်ယောက်ယောက် ရှိနေလား..။အံ့ဩစရာပဲ.."
ရှောင်နန်ဖန်း ..သံစဥ်လာရာ နေရာကို အမြန်လျောက်သွားခဲ့သည်..။
ဒီနေရာက တိုင်ချင်ဂိုဏ်းက ဖြစ်နေသ၍ အဆောက်အဦးထဲမှာ ဘယ်သူပဲ ရှိနေရှိနေ သူက ဘေးကင်းနိုင်ပေလိမ့်မည်..။
ရှောင်နန်ဖန်း တွင် တံခါးခေါက်ရန်ပင် အချိန်မရှိခဲ့ပေ..။သူ ခွန်အားကုန်သုံးပြီး နံရံပေါ်ကနေ ကျော်တက်သွားခဲ့၏..။
"သူ အထဲမှာပဲ..နံရံကို ကျော်ဝင်သွားတယ်.."
မာရှန်း အော်ပြောလိုက်သည်..။
သို့ပေမယ့် အိမ်တော်ကို ..မြင်ပြီး မာရှန်းတို့ အဖွဲ့ဟာ အထဲကို မဝင်ရဲကြတော့ပေ..။
"အလင်း အိမ်တော်လား..။ချီးပဲ ငါတို့ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ.."
ရှောင်နန်ဖန်း အထဲကို ရောက်သွားတာနဲ့ မြူများ မရှိတော့တာကို တွေ့လိုက်ရသည်..။
"တစ်ယောကိယောက် ဒီမှာရှိလား..။တစ်ယောက်လောက် ကူညီပေးကြပါ.."
ရှောင်နန်ဖန်း အော်ဟစ်လိုက်သည်..။
ဒီလိုဆိုရင်တောင် အိမ်ထဲကနေ တုန့်ပြန်မူ မရှိခဲ့ပေ..။ရှောင်နန်ဖန်း လှည့်ပတ်ကြည့်နေပေမယ့်လည်း ဘယ်သူမှ မတွေ့ခဲ့ရပေ..။
"ဘယ်သူမ မရှိဘူးလား..။ဒါဆို ဂီတသံစဥ်က ဘယ်ကနေ လာနေတာလဲ..!
ရှောင်နန်ဖန်း အသံလာရာကို ရှာဖွေနေပေမယ့် ဘယ်သူမှ မတွေ့ရသေးပေ..။သို့ပေမယ့် သူ နောက်ဆုံးတော့ အသံထွက်ပေါ်နေသည့် အိမ်တော်၏ အတွင်းပိုင်းကို ရောက်လာခဲ့သည်..။
"တစ်ယောက်ယောက် ရှိလား..။တပည့် နန်ဖန်း တွေ့ခွင့်တောင်းပါတယ်.."
နန်ဖန်း အော်ပြောလိုက်၏...
သို့ပေမယ့် ဂီတသံစဥ် သံက ရပ်တန့်မသွားခဲ့ပေ..။
နောက်ဆုံးတော့ ရှောင်နန်ဖန်း အသက်ကို ပြင်းပြင်းရူပြီး အိမ်တော် အတွင်းကို ဝင်သွားခဲ့၏..။နောက်ဆုံးတော့ ဂီတသံစဥ် ဘယ်ကနေ ထွက်လာနေလဲ ဆိုတာကို သူ မြင်လိုက်ရသည်..။
အမျိုးသမီးတစ်ယောက်က မျက်လုံးကို ပိတ်ထားပြီး ကုချင်းကို တီးခတ်နေခဲ့သည်..။လှပ လှသည့် သံစဥ်များက သူမ၏ ကုချင်းမှ ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်..။သူမရဲ့ အသားအရည်က အတော်လေးကို ဖြူပြီး ..မျက်နှာကတော့ နူညံ့လှပနေခဲ့၏..။သူမက မျက်လုံးပိတ်ထားသော်လည်း ထည်ဝါပြီး ကျတ်သရေ ရှိမူကို ခံစားနေခဲ့ရသည်..။သူမက အပြာရောင် တော်ဝင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်..။ခြံဝန်းထဲတွင် ရှိနေသည့် ..ပန်းပင် များနှင့် ပေါင်းစပ်လိုက်လျင် သူမ ၏ ပုံစံက သဘာဝရဲ့ အလှမင်းသမီး တစ်ပါးနှင့်တောင် တူနေခဲ့၏..။ရှောင်နန်ဖန်း မိန်းမလှလေးတွေ အများကြီး မြင်ခဲ့ဖူးပေမယ့် ..ဒီတစ်ယောက်နှင့်တော့ လုံးဝ မတူညီခဲ့ပေ..။
"အိမ်တော် အကြီးအကဲ..ကျွန်တော်က တိုင်ချင် ဂိုဏ်းရဲ့ တပည့်အသစ် နန်ဖန်းပါ..။နောက်ယှက်မိလို့ တောင်းပန်ပါတယ်..။ဒါပေမဲ့ အပြင်မှာက နတ်ဆိုးဂိုဏ်းက သူလျိုတွေက ရောက်နေကြတာလေ..။သူတို့ကို ကူညီဖြေရှင်းပေးနိုင်မလား.."
ရှောင်နန်ဖန်း ရိုသေစွာ အရိုအသေပေးပြီး ပြောလိုက်သည်..။
သို့ပေမယ့် အမျိုးသမီးကတော့ မလှုပ်ခဲ့ပေ..။သူမက ရှောင်နန်ဖန်းကို မကြားသလို ကုချင်းကိုသာ ဆက်ပြီး
နားထောင်နေခဲ့၏..။
"အကြီးအကဲ ကြားရလား ခင်ဗျ.."
ရှောင်နန်ဖန်း အသံကို မြှင့်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။
သို့ပေမယ့် အမျိုးသမီးကတော့ မတုန်ပြန်ခဲ့ပေ..။နန်ဖန်း သူမ အနားကို လျောက်သွားသည့် အချိန်တွင်တောင် သူမက နန်ဖန်း ရှိနေသည့်ပုံစံ မပြခဲ့ပေ..။
ရှောင်နန်ဖန်း သူမကို ကြည့်လိုက်ပြီး နောက်ဆုံးတစ်ကြိမ် မေးလိုက်၏..။
"အကြီးအကဲက နားမကြာတာတောငိ ကုချင်းကို တီးခတ်နိုင်တာလား.."
အမျိုးသမီး၏ အမူအရာက မပြောင်းလဲတာကြောင့် ရှောင်နန်ဖန်း၏ အတွေးက ပိူ၍ သေချာသွားခဲ့သည်..။
"အာ...ငါက ကယ်တင်ရှင်တွေ့ပြီလို့ထင်နေတာ..။ဒါပေမဲ့ မင်းက နားလေးနေတာပဲ..။နားမကြားပဲ ကုချင်းသင်ဖို့ဆိုတာ မင်းအတွက်အတော်ခက်ခဲမှာပဲ..။ဒါတောင် သံစဥ်က နားထောင်ကောင်းနေသေးတယ်.."
ရှောင်နန်ဖန်းသည် အမျိူးသမီး၏ မျက်နှာ အနည်းငယ် ပြောင်းသွားတာကို သတိမထားမိပဲ ဆကိတိုက် ရေရွတ်နေခဲ့သည်..။
"အကြီးအကဲ ..မဟုတ်ဘူး..သူမက ငါရောက်နေတာတောင် မသိဘူးဆိုတော့ ကျင့်စဥ် အဆင့် သိပ်မမြင့်လောက်ဘူး..။ငါ့ရဲ့ ဂျူနီယာ တောင်ဖြစ်နေနိုင်တယ်.."
ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။
"မင်းရဲ့ အိမ်တော်ကို ဝင်လာခဲ့မိလို့တောင်းပန်ပါတယ်..။စိတ်မပူနဲ့ အစ်ကိုတော်က ဒီသူလျိုတွေကို ပြန်ခေါ်သွားမှာပါ..။အနည်းဆုံးတော့ မင်းရဲ့ အေးချမ်းမူကို အနှောက်ယှပ် မဖြစ်တော့ဘူးပေါ့.."
ရှောင်နန်ဖန်း သက်ပြင်းချလိုက်သည်..။
ဒီ အမျိုးသမီးက သူ့ကို မကူညီနိုင်တာကြောင့် သူ သူမကို ထည့်အတွက်နိုင်တော့ပေ..။
သူ မထွက်သွားခင်မှာပဲ ရေနွေးအိုးကို မြင်လိုက်၏..။
"မိုးကလည်း အရမ်းရွာနေတော့ တစ်ခွက်လောက် သောက်ပါရစေ.."
ရှောင်နန်ဖန်း ယဥ်ကျေးစွာမေးလိုက်သည်..။
ရှောင်နန်ဖန်း ရှေ့ကို တက်သွားပြီး ရေနွေးတစ်ခွက် ငှဲ့ကာ သောကိလိုက်၏..။
ပြီးတာနဲ့ နောက်ထပ် နောက်ထပ် ဆက်ပြီးသောက်လိုက်သည့် အချိန်တွင်..ဗိုက်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်..။သူ ခွက်ကို ပြန်ချကာ နီးမှာပဲ..ခွက်မှာပေနေတဲ့ အနီရောင် အမှတ်တစ်ခုကို တွေ့လိုက်ရ၏..။
သူ အပြာရောင်ဝတ် အမျိုးသမီး၏ နီရဲနေသည့် နှုတ်ခမ်းတွေကို ကြည့်လိုက်သည်..။ဒီ ခွက်က သူမ သုံးတဲ့ ခွက်လား..။
"မေ့လိုက်တော့..ငါ သိပ်ပြီး ဂရုမစိုက်တော့ဘူး..။ပြန်ပြီး သန့်ရှင်းရေးလူပ်ပေးမယ်.."
သူ မိုးရေစက် အနည်းငယ်နဲ့ အတူ ပြန်ပြီး သန့်ရှင်းပေးလိုက်သည်..။အမျိုးသမီး၏ မျက်နှာက နီရဲလာတာကိုတော့ ရှောင်နန်ဖန်း သတိမထားမိခဲ့ပေ..။သူမက အတော်လေး ဒေါသထွက်နေခဲ့ပြီဖြစ်၏..။
"ဂျူနီယာ ညီမလေး..အစ်ကိုတော်က နတ်ဆိုးဂိုဏ်းက သူလျိုတွေကို ခေါ်သွားပေးမယ်..။ဂရုစိုက်ပါ.."
သူ ခြံဝန်း အတွင်းအပြင်ဘက်ကို ထွက်သွားပြီး ဂိတ်တံခါးကို ပြန်ပိတ်လိုက်သည်..။
သူ ထွက်သွားတာနဲ့..အပြာရောင်ဝတ်စုံနဲ့ အမျိုးသမီး၏ ဝိုင်းစက်သည့် မျက်လုံးများက ပွင့်လာခဲ့၏..။သူမ၏ လှပသည့် မျက်လုံးများတွင်ဒေါသကြောင့် မီးတောက်များပင် ထွက်ပေါ်နေခဲ့သည်..။
ရှောင်နန်ဖနိး အစောက သောက်နေခဲ့သည့် ခွက်ကလည်း တစ်စစီ ဖြစ်သွားခဲ့၏..။
သူမက ရှောင်နန်ဖန်းကြောင့် ဒေါသထွက်နေသည်မှာ သိသာလှပေသည်..။