← Chapters

ထိပ်လန့်ဖွယ်ရာ ကျူးကျော်မူ

Vol. 3 Ch. 35

ထိပ်လန့်ဖွယ်ရာ ကျူးကျော်မူ

Vol. 3 Ch. 35

ရှောင်နန်ဖန်း အပြင်ကိုလျောက်သွားပြီး..အိမ်တော်ရဲ့ အပြင်ဘက်ကို ထွက်လာခဲ့တယ်..။သို့ပေမယ့် ချကိချင်းပဲ မြူတွေ ဖုံးလွှမ်းနေတာကို မြင်လိုက်ရပါတယ်..။သူ လမ်းပျောက်မလိုဖြစ်သွားခဲ့ပေမယ့်လည်း..ပထမဆုံးဝင်လာခဲ့တဲ့ ဂိတ်ပေါက်ကို ရောက်လာခဲ့ပါသေးတယ်..။

နံရံ ရဲ့ အပြင်ဘက်မှာ ဘာမှ မရှိဘူးဆိုတာကို သူ စစ်ဆေးကြည့်လ်ိုက်သည်..။ကံဆိုးချင်တော့ အခုချိန်မှာ မြူတွေ ပတ်လည်နဲ့ ဝန်းရံနေပြီး သူမြင်ရတာ ဘာမှ မရှိပေ..။

အံကို ကြိတိလိုက်ပြီး..သူ နံရံပေါ်ကနေ ဆင်းလိုက်သည်..။သို့ပေမယ့် သူဆင်းလိုက်သည်နှင့်..ချက်ချင်းပဲ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းတွေ မြည်သွားခဲ့၏..။

"တစ်ခုခု မှားနေပြီ.."

သူ့ဘေးနားမှာရှိနေတဲ့ မြူတွေက ပျောက်ကွယ်သွားပြီး အပြာရောင်အလင်းရောင်တစ်ခု ပေါ်လာခဲ့သညိ..။

"ဒါပေါ့..တစိခုခု မှားနေတာပေါ့..။ငါက မင်းအတွက် ပုံရိပ်ယောင် အဆောင်ကို သုံးပြီးတောငိ ထောင်ချောက်ဆင်ထားရတာလေ..။ဒါက တိုင်ချင်ရဲ့ ရတနာတစ်ခုဖြစ်ပြီး ငွေပေးဝယ်လို့ ရတာမဟုတ်ဘူး..။မင်းက ငါ့ကို ဆုံးရှုံးအောင် လုပ်လိုက်တာပဲ.."

အေးစက်တဲ့ အသံတစ်ခုက ထွက်လာခဲ့သည်..။

ရှောင်နန်ဖန်း အသံလာရာကို လှည့်ကြည့်လိုင်၏..။

"မာရှန်းလား...ငါ ဒီကနေ ပြန်ထွက်လာမယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ.."

ရှောင်နန်ဖန်း မျက်နှာပျက်သွားခဲ့၏..။

"အလင်းအိမ်တော်ရဲ့ ပတ်ဝန်းကျင်မှာ မင်းကို လမ်းမှားစေနိုင်တဲ့ ဝင်္ကပါ ရှိတယ်လေ..။လူအများစူက ဝင်ပေါက်မှာပဲ..တဝဲလည်လည်ဖြစ်နေတတ်တယ်..။ငါလိုတာ ဆိုလို့ မင်းကို ဒီကနေ စောင့်နေဖို့ပဲ..။နန်ဖန်း မင်းက ငါတို့ အချိန်ကို အတော်ဖြုန်းတဲ့ ကောင်ပဲ..။ဒါပေမဲ့ ဒီ ပုံရိုပ်ယောင် ကမ္ဘာကနေ မင်းလွတ်မြောက်နိုင်မှာမဟုတ်ဘူး.."

မာရှန်း ရယ်မောလိုက်ပြီး အေးစက်စွာ သတိပေးလိုက်သည်..။

"ဒါက ပုံရိပ်ယောင်ကမ္ဘာလား.."

ပုံရိပ်ယောင် ကမ္ဘာနှင့်..အိပ်မက်မက်ခြင်း များက စိတ်ပိုင်းဆိုင်ရာ ကမ္ဘာများဖြစ်ကြသည်..။သူက မဒမ်အလှလေးကို ကြောက်ရွံ့​တာကြောင့် အိပ်မက်မက်တဲ့ အထိ မအိပ်ရတာတောငိ ကြာပြီဖြစ်၏..။အခုတော့ အခြေအနေက ဒီလိုဖြစ်လာပြီတဲ့လား..။

ရှောင်နန်ဖန်း ဒေါသတကြီးကြည့်လိုက်ပြီး ဒီနေရာကနေ လွတ်အောင် ရုန်းကြည့်လိုက်သည်..။

"ကြိုးစားမနေနဲ့.. အတောင်ကို အသက်သွင်းလိုက်တာနဲ့ ဒီကမ္ဘာကို ပိတ်ထားပြီးပြီ....။ဘယ်သူမှ အပြင်ကို ထွက်နိုင်မှာမဟုတ်ဘူး.."

မာရှန်း ​က ရှောင်နန်ဖန်း ရုန်းကန်နေတာကို မြင်ပြီး ပြောလိုက်သည်..။

"မင်း အပြင်ဘက်မှာချလို့ ရရဲ့သားနဲ့ ဘာလို့ ပုံရိပ်ယောင် ကမ္ဘာကို အသုံးပြုရတာလဲ.."

ရှောင်နနိဖန်း အော်ဟစ်လိုက်၏..။

"ဒါက အလင်းအိမ်တော် လေ..။အလင်း မိန်းကလေး က ဂိုဏိးနှစ်ခု ကြားထဲက ပြိုင်ဆိုင်မူတွေကို ဂရုမစိုက်ဘူးဆိုပေမယ့် သူမရဲ့ ဒေါသက သိတဲ့အတိုင်းပဲ..။တကယ်လို့ သူမ တံခါးပိတ်ကျင့်ကြံတာတို့ တရားထိုင်တာတို့ကို နှောကိယှက်မိရင် ..ကံဆိူးတဲ့ တပည့်က ခြေလက်တွေ အကုန် ရိုက်ချိုးခံရလိမ့်မယ်..။ဘယ်တော့မှ ချွတ်ယွင်းချက်ဆိုတာ မရှိဘူး..။မင်းက ဘာမှ မဖြစ်ပဲ ပြန်ထွက်လာတာ ဆိုတော့ အတော်ကံကောင်းတဲ့ ကောင်ပဲ..။အလင်း အိမ်တော်နားမှာ တိုက်ခိုက်မူတွေကိုလည်း တားမြစ်ထားတယ်..။အလင်း မိန်းကလေးကို အနှောက်မယှက်ဖြစ်စေနိုင်တဲ့ အရာကို ဘယ်သူမှ မလုပ်ရဲကြဘူး..။မဟုတ်ရင် ငါတို့က ဒီလိုအဆောင်ကို ဘာလိူ့ဖြုန်းတီးရမှာလဲ.."

မာရှနိး ပြောဆိုလိုက်သည်..။

"အလင်း မိန်းကလေးလား..!

ရှောင်နန်ဖန်း ခနလောက် တွေဝေသွားပြီး ချွေးစေးတွေ ထွကိပေါ်လာခဲ့၏..။

အဲ့အမျိူးသမီးက အလင်းမိန်းကလေး ဖြစ်နေတာလား..။သူမက တစ်ကိုယ်တော်ကျင့်ကြံရင်းနဲ့ တရားထိုင်နေတာလား..။သူမက စကားမပြောတာ နားလေးနေလို့မဟုတ်ပဲ အဆင့်တက်ခါနီးနေလို့လား..။ငါ သူမကို ယဥ်ယဥိကျေးကျေးရော ဆက်ဆံခဲ့ရဲ့လား..။

"သူ့ကို သတ် ..။ပြီးရင် ငါတို့သွားမယ်..။အလင်း မိန်းကလေးကို အနှောကိယှက်မဖြစ်အောင် ဂရုစိုက်ကြ.."

မာရှန်း ညွှန်ကြားလိုက်သည်..။

"သိပါပြီ.."

ရန်သူတွေဟာ ရှောင်နန်ဖန်းကို ဝန်းရံလိုက်ကြ၏..။

"အရူးတွေ..ငါ့ကို ဒီီကို ခေါ်လာတာ ဘယ်လောက် အန္တရာယ် များလဲ သိကြလား..။အခု အဆောင်ကို ရုတ်သိမ်းလိုက်..မဟုတ်ရင် ဘယ်သူမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး.."

ရှောင်နန်ဖန်း အော်လိုက်၏..။

"ဟားဟား ငါတို့ကို လှည့်စားဖို့ကြိုးချင်နေတာလား..။ငါတို့က မင်းကို ယုံကြည်မယ်လို့ ထင်နေတာလား.."

တပည့်တစ်ယောက်က သူ့ကို ကြည့်ပြီး ပြောလိုက်၏..။

ရှောင်နန်ဖန်း ၏ မျက်လုံးက အေးစက်သွားခဲ့သည်..။သူက ရှေ့ကို တက်လိုက်ပြီး..လက်သီးတစ်လုံး ပစ်သွင်းလိုက်၏..။အစောက လူဟာ ရင်ဘတ်ကို ထိမှန်သွားပြီးနောက်ကို လွင့်သွားခဲ့သည်..။

"ဟင်.."

တပည့်များ အံ့ဩသင့်သွားခဲ့ကြ၏..။

အစောက ဘာဖြစ်သွားတာလဲ..။ဒီလောက် မြန်မြန်ကြီး နန်ဖန်းက အနိုင်ရသွားတာလား..။

"ဒါက စိတ်ဝိဥာဥ်စွမ်းအင်ပဲ..။မင်းမှာ စိတ်ဝိဥာဥ်စွမ်းအင် ရှိနေတာလား..။မင်းက အခြေတည် အဆင့်မှာ မဟုတ်ဘူးလား.."

မာရှန်း အံ့ဩသင့်စွာရေရွတ်လိုက်သည်..။

ပုံရိပ်ယောင်ကမ္ဘာတွင်က..ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အဓိကမဟုတ်ပဲ စိတ်ဝိဥာဥ်စွမ်းအင်ကသာ အဓိက ဖြစ်၏..။

ရှောင်နန်ဖန်းကျန်တဲ့လူတွေ ဆီကိုပါ ပြေးတက်သွားခဲ့၏..။

လက်သီးတစ်ချက်နှင့်တင်ပဲ..စိတ်ဝိဥာဥ် စွမ်းအင်ကို သုံးကာ လူတစ်ယောက်၏ လက်မောင်းကို ကျိုးကြေအောင် လူပ်လိုက်သည်..။လူကြီးဟာ လေပေါ်မှာ မြောက်သွားရင်းနဲ့..အော်ဟစ်လိုက်၏..။

"သူက အခြေတည်အဆင့် ကျင့်ကြံသူတောင် ဟုတ်သေးရဲ့လား.."

မာရှန်း အော်ဟစ်လိုက်သည်..။

လူတစ်ယောက်က ရှောင်နန်ဖန်း၏ နောကိကျောကို လက်သီးဖြင့် ဝင်ထိုးလိုက်သည်..။သို့ပေမယ့် ရှောင်နန်ဖန်းက လွယ်ကူစွာပဲ..သူ့ကိုယ်သူ စိတ်ဝိဥာဥ် စွမ်းအင်ဖြင့် ကာကွယ်လိုက်၏..။ပြီးတာနဲ့ သူ၏ ညာခြေကို ထုတ်ကာ ညာဘက် မေးရိုးကို ကန်လိုက်သည်..။

ကြီးမားသည့် အက်ကွဲသံနဲ့အတူပဲ..ရန်သူဟာ နောက်ကို လွင့်ထွက်သွားခဲ့၏..။သွေးများက လေပေါ်တွင် ဖြာထွက်လာခဲ့ပြီး..လးကြီး၏ မေးရိုးက ကျိုးနေခဲ့ပြီဖြစ်သည်..။

ရှောင်နန်ဖန် ကျန်တဲ့လူတွေကို ရက်စက်စွာကြည့်လိုက်ပြီး..

"ငါ ပြောတာ မကြဘူးလား..။မင်းတို့ ဒီ ပုံရိပ်ယောင် ကမ္ဘာကို ပြန်မရုတ်သိမ်းဘူးဆိုရင် မင်းတို့ခေါင်းတွေကို ကွဲအောင် ကန်တော့မှာနော်.."

ပြောပြီးတာနဲ့ သူ နောက်တစ်ယောက် ဆီကို ပြေးကာ ခေါင်းကို ကန် လိူက်ပြီး..သွေးများ လေပေါ်ပျံ့ကြဲလာအောင် လုပ်လိုက်သည်..။

"အတူတူတက်ကြ..။ငါတို့ သူ့ကို သတ်နိုင်လိမ့်မယ်.."

မာရှန်း ကြောက်လန့်တကြား အော်ပြောလိုက်သည်..။

သူက ပြီးပြည့်စုံပြီးလို မျှော်လင့်ထားခဲ့ပေမယ့် ရှောင်နန်ဖန်းက ထင်ထားတာထက် ပိုပြီး သန်မာနေခဲ့၏..။အမှန်တော့ သူက ဆယ်ယောက်တစ်ယောက်ကိုတောင် အသာစီးရနေခဲ့သည်..။

ဆက်ပြီးတိုက်ခိုက်နေရင်းနဲ့..နောက်ထပ် တပည့်သုံးယောက်က နောက်ကို လွင့်စင်သွားခဲ့သည်..။

မာရှန်းက ရှောင်နန်ဖန်းရဲ့ နောကိကျောကို ပြေးဝင်ပြီး လည်ပင်းကို ညှစ်လိုက်၏..။

ရှောင်နန်ဖန်း ရဲ့ မျက်လုံးတွေ အရောင်လက်သွားပြီး နောက်ကို တံတောင်ချက်တစ်ခု ပို့လိုက်သည်..။တံတောင်ချက်ကြောင့် မာရှန်း သွေးအန်လိုက်ပြီး မြေကြီးပေါ် လဲကျသွားခဲ့၏..။

.

ကျန်သည့် တပည့်များက သူ့၏ ဘက်မဟုတ်တာကြောင့် အနည်းငယ်တိုက်ခိုက်ပြီးတာနဲ့ ပွဲသိမ်းသွားခဲ့သည်..။

"အခြေတည်အဆင့်က စိတ်ဝိဥာဥ်စွမ်းအင်ကို ကျင့်လို့ ရတယ်လား.."

"ဒီစိတ်ဝိဥာဥ် စွမ်းအား...သူက ကျိုးယွန်ဂျီ နီးပါးလောက်တောင် သန်မာတယ်..။မဖြစ်နိုင်တာ.."

တပည့်ဆယ်ယောက်ဟာ မြေပေါ်မှာ အသီးသီးလဲကျနေခဲ့သည်..။

"ပုံရိပ်ယောင်ကမ္ဘာကို ရုတ်သိမ်းလိုက်..။မဟုတ်ရင် မင်းတို့သေလိမ့်မယ်.."

ရှောင်နန်ဖန်းသည် မာရှန်း၏ နောကိကျောကိုသွားပြီး အော်ပြောလိုက်၏..။

"မင်း နိုင်ပြီးသွားပြီလေ..ဘာတွေ အလျင်လိုနေတာလဲ.။မင်းက ဘာတွေကြောက်နေတာလဲ.."

မာရှန်းက သွေးအန်နေရင်း ပြန်အော်လိုက်၏..။

ရှောင်နန်ဖန်း မာရှန်း၏ အပေါ်ကို တက်ပြီး အကြိမ်အနည်းငယ် ထပ်ရိုက်နှက်လိုက်၏..။

မာရှန်း နောက်တစ်ကြိမ်သွေးအန်လိုက်ကာ အော်ပြောလိုက်သည်..။

"ပုံရိပ်ယောင်ကို ရုတ်သိမ်းလိုက်.."

အပြာရောင် အလင်းတန်းလေးက ဖြတ်သန်းသွားခဲ့ပေမယ့် သူတို့က ပုံရိုပ်ယောင် ကမ္ဘာထဲတွင်သာ ရှိနေဆဲဖြစ်သည်..။

"ငါ မင်းကို ပုံရိပ်ယောင်ကို ရုတ်သိမ်းဖို့ပြောနေတယ်လေ..။မင်းမကြားဘူးလား"

မာရှန်း သူ၏ နောကိလိုက်ကို အော်ပြောလိုက်၏..။

"ကျွန်တော် လုပ်ပြီးပြီ.."

နောကိလိုက် တပည့်က မျက်လုံးပြူးကျယ်စွာ ပြန်ဖြေလိုက်သည်..။

"လုပ်ပြီးပြီလား..ဒါဆိုဘာလို့ ဒီထဲမှာပဲ ရှိနေသေးတာလဲ.."

မာရှန်း အော်ပြောလိုက်သည်..။

"အမှန်ပဲ ကျွန်တော်တကယ် ရုတ်သိမ်းပြီးပြီ..။ဘာတွေဖြစ်နေတာလဲမသ်ိဘူး..။ကျွန်တော်တို့ ဒီမှာ ပိတ်မိနေတာလား.."

တပည့်က ပြန်ပြောလိုက်သည်..။

"ငါတို့ ထွက်လို့ မရတော့ဘူးလား.."

မာရှန်း ရေရွတ်လိုက်သည်..။

"မင်းတို့ထွက်လို့ မရတာမဟုတ်ဘူး..။နောက်ကျသွားတာ.."

ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။

"ခွေးသားတွေ..."

မာရှန်းကတော့ ဘာတွေဖြစ်နေတာလဲ ဆိုတာကို နားမလည်ခဲ့ပေ..။ရှောင်နန်ဖန်းက နိူင်ပြီးတာတောင် ဘာလို့ ဝမ်းနည်းနေရတာလဲ..။သူ ရှောင်နန်ဖန်းကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့..အနက်ရောင် အငွေ့တွေကို တွေ့နေခဲ့ရ၏..။

"မဒမ် အလှလေးလား..။မင်းတကယ်ပဲ ရောက်လာတာလား.."

ရှောင်နန်ဖန်း နာကျင်မူ အပြည့်နှင့်ပြောလိုက်သည်..။သူ ဒီလိုအခြေအနေမျိုးကို တားဆီးရန် အမြဲကြိုးစားခဲ့သော်လည်း ဒီနေ့တော့် ကျရှုံးခဲ့ပြီဖြစ်၏..။

အရိုးစုဟာ..ရှောင်နန်ဖန်း၏ ရှေ့ကို ရုတ်တရက် ဆိုသလိုပဲ ရောက်လာခဲ့ပြီး ရင်ဘတ်ကို အရိုးနှင့်ထိူးလိုက်၏..။

"လွှမ်းမိုးမူ လက်သီး.."

ရှောင်နန်ဖန်း စိတ်ဝိဥာဥ် စွမ်းအင်ကို အပြည့်သုံးကာ ပြန်တိုက်ခိုက်လိုက်သည်..။

အရိုးစုဟာ နောက်ကို တစ်လှမ်းပြန်ဆုတ်သွားခဲ့ရ၏..။

လပေါင်း အနည်းငယ် လေ့ကျင့်ပြီးတဲ့ နောက်မှာ ငါတကယ်ပဲ မဒမ်အလှလေးကို ပြန်တိုကိခိုက် နိုင်နေပြီလား..။ရှောင်နန်ဖန်း၏ မျက်လုံးတွေက တောက်ပလာခဲ့၏..။

သူ ဒါကို နားလည်သွားတဲ့ အချိန်မှာတော့ သူရုတ်တရက် အရိုးစုက သိပ်ကြောက်ဖို့ မကောင်းသလိုတောင် ခံစားလိုက်ရတယ်..။

"ဟမ့်..ဒီတော့ မင်းမှာလည်း အကန့်သတ် ရှိနေတာပေါ့..။ဒီနေ့ မင်းနဲ့ငါ တွေ့ကြပြီပေါ့.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

လူတစ်ယောက် နှင့် အရိုးစု တို့ဟာ တစ်ယောက်ကို တစ်ယောက် အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်..။ရှောင်နန်ဖန်းက လွမ်းမိုးမူ လက်သီးနှင့်တိုက်ခိုက် နေပေမယ့်..အရိုးစုက အတော်လျင်မြန်နေခဲ့၏..။သူတို့နှစ်ယောက် အကွက်တစ်ရာလောက် တိုက်ခိုက်ပြီးပေမယ့် အနိုင်အရှုံး မပေါ်ခဲ့ပေ..။

"နောက်ထပ်.."

ရှောင်နန်ဖန်း အရိုးစုကို ထိုးလိုက်ပေမယ့်..အရိုးစုက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်..။

"မဟုတ်ဘူး ရပ်လိုက်.."

ရှောင်နန်ဖန်း အရိုးစု ပျောက်ကွယ်သွားသည့် နေရာကို ကြည့်လိုက်၏..။အရိုးစုကတော့ နောက်တစ်ရာတွင် လဲကျနေသည့် တပည့်၏ ဦးခေါငိးကို အရိုးဖြင့် ထိုးချလိုက်သည်..။

တပပည့်က သွေးအိုင်ထဲတွင် လဲကျနေပြီး နာကျင်စွာ အော်နေခဲ့သည်..။အရိုးစုက သူ၏ ခန္တာကိူယ်ကို စုပ်ယူလိုက်သည် အချိန်မှာတော့..တပည့်ဖြစ်သူဟာ အငွေ့အဖြစ်ပြောင်းလဲသွား၏..။

"ငါ့ အနားမှာ အမြန်စုကြ.."

ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။သူ အရိုးစုဆီကို ပြေးသွားလိုက်ပေမယ့် အရိုးစုက နောက်ထပ် တစ်ပည့်တစ်ယောက်ဆီကို အမြန်ရောက်သွားခဲ့၏..။

"မဟုတ်ဘူး.."

နောက်လိုက်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်..။သို့ပေမယ့် သူတို့က ရှောင်နန်ဖန်း ၏ တိုက်ခိုက်မူကိုတောင် မတားဆီးနိုင်ကြတာကြောင့်..ဒဏ်ရာရနေချိန် အရိုးစုကို တားဆီးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပေ..။သူက အသတ်ခံလိုက်ရပြီး ချက်ချင်း စုပ်ယူခံလိုက်ရ၏..။

"နောက်တစ်ယောက် သေတာလား.."

မာရှန်း အော်ဟစ်လိုက်သည်..။

"မင်းတို့ အကုန် သေချင်နေတာလား..။ငါ့ကို ကူညီပေးကြ.."

ရှောင်နန်ဖန်း ထပ်အော်လိုက်သည်..။

သူက ရန်သူကို ကာကွယ်ချင်နေတာမဟုတ်ပေ..။သို့ပေမယ့် အရိုးစု ပိုပြီး သန်မာလာခဲ့လျင် ပိုပြီး ဆိုးဝါးသွားလိမ့်မည် ဖြစ်၏..။

အရိုးစုသည်..ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင်..ပို့ဆောင်ခြင်း စနစ်ဖြင့် လျှင်မြန်စွာ သွားနိုင်နေခဲ့သည်..။သူက ရုတ်တရက် ဆိုသလိုပဲ မာရှန်း၏ ရှေ့တွင် ပေါ်လာခဲ့၏..။

"မ..မဟုတ်ဘူး..။ကယ်ပါဦး..ဂိုဏ်းတူ ညီလေး နန်ဖန်း ..ငါ မှားသွားပါတယ်..ကယ်ပါဦး.."

မာရှန်း အသနားခံပြီး ရှောင်နန်ဖန်းထံ ပြေးသွားရန် ကြိုးစားလိုက်သည်..။

သို့ပေမယ့် ဒါက နောက်ကျသွားပြီဖြစ်၏..။အရိုးစု၏ လက်သည်းများက မာရှန်း၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့သည်..။သူ ချက်ချင်းပဲ သွေးများထွက်ပြီး သေဆုံးသွားခဲ့၏..။

All Chapters